အလ်-အန်ကာဘူတ် · 13/69
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ကာဘူတ်
وَلَيَحْمِلُنَّ أَثْقَالَهُمْ وَأَثْقَالًا مَّعَ أَثْقَالِهِمْ ۖ وَلَيُسْأَلُنَّ يَوْمَ الْقِيَامَةِ عَمَّا كَانُوا يَفْتَرُونَ ۝١٣
Wa la yahmilunna asqaa lahum wa asqaalam ma`a asqaalihim wa la yus`alunna Yawmal Qiyaamati `ammaa kaanoo yaftaroon
📖 မြန်မာဘာသာ
သို့ရာတွင် မုချစင်စစ် ၎င်းတို့သည် မိမိတို့၏ဝန်များကို လည်းကောင်း၊ မိမိတို့၏ဝန်များနှင့်အတူ အခြားသောဝန်များကို လည်းကောင်း၊ ထမ်းဆောင်ကြပေမည်။ ထိုမှတစ်ပါး မချွတ်ဧကန် ၎င်းတို့သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင် မိမိတို့ လီဆယ်ဖန်တီးခဲ့ကြကုန်သော အရာများနှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်းကိုလည်း ခံကြရကုန်အံ့သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 11-15 — စူရာ အလ်-အန်ကာဘူတ်

11وَلَيَعْلَمَنَّ اللَّهُ الَّذِينَ آمَنُوا وَلَيَعْلَمَنَّ الْمُنَافِقِينَ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့အား ခွဲခြားသိမြင်အောင် ပြုလုပ်တော်မူမည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ‘မုနာဖစ်က်’ အယောင်ဆောင်တို့အားလည်း ခွဲခြားသိမြင်အောင် ပြုလုပ်တော်မူအံ့သတည်း။
12وَقَالَ الَّذِينَ كَفَرُوا لِلَّذِينَ آمَنُوا اتَّبِعُوا سَبِيلَنَا وَلْنَحْمِلْ خَطَايَاكُمْ وَمَا هُم بِحَامِلِينَ مِنْ خَطَايَاهُم مِّن شَيْءٍ ۖ إِنَّهُمْ لَكَاذِبُونَ
စင်စစ် ‘ကာဖိရ်’သွေဖည်ငြင်းပယ်သော သူတို့က’မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့အား ‘အသင်တို့သည် ကျွန်ုပ်တို့၏ လမ်းစဉ်လိုက်နာကြလေကုန်၊ ကျွန်ုပ်တို့သည် အသင်တို့၏ ပြစ်မှုများကို ထမ်းရွက်ကြမည်’ ဟု ဆိုကြကုန်၏။စင်စစ်သော်ကား ၎င်းတို့သည် ထိုမုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ ပြစ်မှုများအနက်မှ အနည်းငယ်(သောပြစ်မှု) ကိုမျှပင် ထမ်းရွက်နိုင်ကြမည့်သူများ မဟုတ်ပေ။ စင်စစ်ဧကန် ၎င်းတို့သည် မုသာဝါဒီများပင် ဖြစ်ကြကုန်၏။
13وَلَيَحْمِلُنَّ أَثْقَالَهُمْ وَأَثْقَالًا مَّعَ أَثْقَالِهِمْ ۖ وَلَيُسْأَلُنَّ يَوْمَ الْقِيَامَةِ عَمَّا كَانُوا يَفْتَرُونَ
သို့ရာတွင် မုချစင်စစ် ၎င်းတို့သည် မိမိတို့၏ဝန်များကို လည်းကောင်း၊ မိမိတို့၏ဝန်များနှင့်အတူ အခြားသောဝန်များကို လည်းကောင်း၊ ထမ်းဆောင်ကြပေမည်။ ထိုမှတစ်ပါး မချွတ်ဧကန် ၎င်းတို့သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင် မိမိတို့ လီဆယ်ဖန်တီးခဲ့ကြကုန်သော အရာများနှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်းကိုလည်း ခံကြရကုန်အံ့သတည်း။
14وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ فَلَبِثَ فِيهِمْ أَلْفَ سَنَةٍ إِلَّا خَمْسِينَ عَامًا فَأَخَذَهُمُ الطُّوفَانُ وَهُمْ ظَالِمُونَ
ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည် ‘နူဟ်’အား ၎င်း၏အမျိုးသားတို့ထံ(ရစူလ်တမန်တော်အဖြစ်)စေလွှတ်တော်မူခဲ့ရာ ထိုနူဟ်သည် ၎င်းတို့တွင် နှစ်ပေါင်းကိုးရာငါးဆယ်တိုင်တိုင် နေထိုင်ခဲ့လေ၏။ ထို့နောက် ရေလွှမ်းမိုးခြင်း(ပြစ်ဒဏ်)သည် ၎င်းအမျိုးသားတို့အား ဖမ်းဆီးကွပ်မျက်ခဲ့လေ၏။ အမှန်သော်ကား ထိုအမျိုးသားတို့မှာ မတရားသောသူများပင် ဖြစ်ခဲ့ကြကုန်၏။
15فَأَنجَيْنَاهُ وَأَصْحَابَ السَّفِينَةِ وَجَعَلْنَاهَا آيَةً لِّلْعَالَمِينَ
ထို့နောက် ငါအရှင်မြတ်သည် ထို’နူဟ်’ အားလည်းကောင်း၊ သင်္ဘော၌ပါရှိခဲ့သောသူတို့အား လည်းကောင်း၊ ကယ်တင်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသင်္ဘောကို ကမ္ဘာသူကမ္ဘာသား ခပ်သိမ်းတို့အဖို့ သက်သေလက္ခဏာတစ်ရပ် ပြုလုပ်တော်မူခဲ့ပေသတည်း။
အလ်-အန်ကာဘူတ်ကုရ်အာန် ညွှန်းကိန်း
69အာယာသ်
MeccanRevelation
13အာယာသ်

ဘာသာပြန် — အလ်-အန်ကာဘူတ် 13

စူရာ အလ်-အန်ကာဘူတ် အာယာသ် 13 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် မုချစင်စစ် ၎င်းတို့သည် မိမိတို့၏ဝန်များကို လည်းကောင်း၊ မိမိတို့၏ဝန်များနှင့်အတူ အခြားသောဝန်များကို လည်းကောင်း၊ ထမ်းဆောင်ကြပေမည်။ ထိုမှတစ်ပါး…

စူရာ အာယာသ် 13/69 — စူရာ အလ်-အန်ကာဘူတ် العنكبوت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ကာဘူတ် နားထောင်, စူရာ အလ်-အန်ကာဘူတ် ဘာသာပြန်, စူရာ အလ်-အန်ကာဘူတ် mp3, စူရာ အလ်-အန်ကာဘူတ် pdf. အာယာသ် 11–15. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers