أَوَلَمْ يَرَوْا كَيْفَ يُبْدِئُ اللَّهُ الْخَلْقَ ثُمَّ يُعِيدُهُ ۚ إِنَّ ذَٰلِكَ عَلَى اللَّهِ يَسِيرٌ ١٩
🔤 Transliteration
Awa lam yaraw kaifa yubdi`ul laahul khalqa summa yu`eeduh; inna zaalika `alal laahi yaseer
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံတို့ကိုမည်သို့ စတင်ဖန်ဆင်းတော်မူသည်ကို ၎င်းတို့သည် မတွေ့မမြင် မဆင်ခြင်ခဲ့ကြလေသလော။ ထို့နောက် တစ်ဖန် ထိုအရှင်မြတ်သည်ပင် ထိုအဖန်ဆင်းခံတို့ကို ထပ်မံ၍ ဖန်ဆင်းတော်မူမည်။ ဧကန်အမှန် ဤသည် အလ္လာဟ်အရှင်မြတ်အဖို့ လွန်စွာ လွယ်ကူလှပေသည်။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
أَوَلَمْ يَرَوْا (အ၀လမ် ယရ၀်) — “သူတို့သည် မတွေ့မမြင်ခဲ့ကြသလော” ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် မျက်စိဖြင့် မြင်ရုံသာမက ဉာဏ်ပညာဖြင့် စဉ်းစားဆင်ခြင်ခြင်း၊ သက်သေအထောက်အထားများကို ရှုမြင်သုံးသပ်ခြင်းကို ဆိုလိုသည်။ يُبْدِئُ (ယွဗ်ဒိအု) — “အစပြုဖန်ဆင်းသည်” ဟု အဓိပ္ပာယ်ရသည်။ ပထမဆုံးအကြိမ် ဖန်ဆင်းခြင်းကို ဆိုလိုသည်။ الْخَلْقَ (အလ်ခလ်က်) — “ဖန်ဆင်းခံသတ္တဝါများ” သို့မဟုတ် “ဖန်ဆင်းခြင်း” ဟု အဓိပ္ပာယ်ရသည်။ يُعِيدُهُ (ယုအီဒုဟု) — “ထိုဖန်ဆင်းခြင်းကို ပြန်လည်ဖြစ်ပေါ်စေသည်” ဟု အဓိပ္ပာယ်ရသည်။ သေဆုံးပြီးနောက် ပြန်လည်ရှင်သန်စေခြင်း (ကီယာမသ်) ကို ဆိုလိုသည်။ يَسِيرٌ (ယစီးရ်) — “အလွန်လွယ်ကူသော” ဟု အဓိပ္ပာယ်ရသည်။ အလ္လာဟ်အရှင်မြတ်အတွက် မည်သည့်အရာမျှ ခက်ခဲခြင်းမရှိကြောင်း ဖော်ပြသည်။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်ကို ငြင်းပယ်သော သူများအား မေးခွန်းထုတ်ကာ သတိပေးနှိုးဆော်ထားခြင်း ဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းခံသတ္တဝါများကို မည်သို့ အစပြုဖန်ဆင်းခဲ့သည်ကို မတွေ့မမြင်ခဲ့ကြသလော။ လူသားတစ်ဦးကို ပထမဆုံး မည်သည့်အရာမှမရှိဘဲ ဖန်ဆင်းခဲ့သည်။ ထို့နောက် သန္တာစက်မှ သွေးခဲ၊ ထိုမှ အသားစ၊ ထိုမှ ကိုယ်လက်အင်္ဂါပြည့်စုံသော လူသားတစ်ဦးအဖြစ် အဆင့်ဆင့် ဖန်ဆင်းခဲ့သည်။ ထို့နောက် သူ့အား သေဆုံးစေခဲ့သည်။ ထိုသို့ ဖန်ဆင်းနိုင်သော အလ္လာဟ်အရှင်မြတ်သည် သေဆုံးပြီးနောက် ပြန်လည်ရှင်သန်စေရန် အဘယ်ကြောင့် မတတ်နိုင်မည်နည်း။ ဧကန်စင်စစ် ထိုသို့ ပြန်လည်ရှင်သန်စေခြင်းသည် အလ္လာဟ်အရှင်မြတ်အတွက် အလွန်လွယ်ကူသော အရာဖြစ်သည်။ အရှင်မြတ်သည် တစ်စုံတစ်ရာကို ဖန်ဆင်းရာတွင် မည်သည့်အရာကိုမျှ မလိုအပ်ဘဲ၊ မည်သည့်အရာကမျှ အရှင်မြတ်အား မတားဆီးနိုင်ပေ။ အရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခြင်း၏ အစကို စတင်ခဲ့သကဲ့သို့ပင် အဆုံးတွင် ပြန်လည်ရှင်သန်စေခြင်းကိုလည်း အလွယ်တကူ
أَوَلَمۡ يَرَوۡاْ كَيۡفَ يُبۡدِئُ ٱللَّهُ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥٓۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٌ ١٩
အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံတို့ကိုမည်သို့ စတင်ဖန်ဆင်းတော်မူသည်ကို ၎င်းတို့သည် မတွေ့မမြင် မဆင်ခြင်ခဲ့ကြလေသလော။ ထို့နောက် တစ်ဖန် ထိုအရှင်မြတ်သည်ပင် ထိုအဖန်ဆင်းခံတို့ကို ထပ်မံ၍ ဖန်ဆင်းတော်မူမည်။ ဧကန်အမှန် ဤသည် အလ္လာဟ်အရှင်မြတ်အဖို့ လွန်စွာ လွယ်ကူလှပေသည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 17-21 — စူရာ အလ်-အန်ကာဘူတ်
17 إِنَّمَا تَعْبُدُونَ مِن دُونِ اللَّهِ أَوْثَانًا وَتَخْلُقُونَ إِفْكًا ۚ إِنَّ الَّذِينَ تَعْبُدُونَ مِن دُونِ اللَّهِ لَا يَمْلِكُونَ لَكُمْ رِزْقًا فَابْتَغُوا عِندَ اللَّهِ الرِّزْقَ وَاعْبُدُوهُ وَاشْكُرُوا لَهُ ۖ إِلَيْهِ تُرْجَعُونَ
အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်၍ ရုပ်တုများကိုသာလျှင် ဆည်းကပ်ကိုးကွယ်ကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် မုသား(အယူဝါဒ)ကို လီဆယ်ဖန်တီးကြကုန်၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့သည် ဆည်းကပ်ကိုးကွယ်လျက် ရှိကြသည်တို့မှာ အသင်တို့၏ စားနပ်ရိက္ခာကို လုံးဝပိုင်ဆိုင်ကြသည် မဟုတ်ပေ။သို့ဖြစ်ပေရာ အသင်တို့သည် (မိမိတု့ိအဖို့) စားနပ်ရိက္ခာကို အလ္လာဟ်အရှင်မြတ်အထံတော်၌ ရှာဖွေကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ် အားသာလျှင် ခဝပ်ကိုးကွယ်ဆည်းကပ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်၏ ကျေးဇူးတော်ကို သိတတ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့အားလုံးတို့သည် ထိုအရှင်မြတ်အထံတော် သို့သာလျှင် ပြန်သွားကြရပေမည်။
18 وَإِن تُكَذِّبُوا فَقَدْ كَذَّبَ أُمَمٌ مِّن قَبْلِكُمْ ۖ وَمَا عَلَى الرَّسُولِ إِلَّا الْبَلَاغُ الْمُبِينُ
သို့ရာတွင် အကယ်၍ အသင်တို့သည် (ငါ့အား)မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြလျှင် အသင်တို့အလျင်ရှိခဲ့ကြလေသော အုပ်စုများကလည်း (မိမိတို့၏ နဗီတမန်တော်များအား)မဟုတ်မမှန်ဟူ၍ပင် စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ စင်စစ်မှာမူကား ရစူလ်တမန်တော်များအပေါ်၌ (အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်တော်များကို လူသားတို့ထံ) ရှင်းလင်းထင်ရှားစွာ ပို့ဆောင်ရန်သာလျှင် တာဝန်ရှိပေသတည်း။
19 أَوَلَمْ يَرَوْا كَيْفَ يُبْدِئُ اللَّهُ الْخَلْقَ ثُمَّ يُعِيدُهُ ۚ إِنَّ ذَٰلِكَ عَلَى اللَّهِ يَسِيرٌ
အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံတို့ကိုမည်သို့ စတင်ဖန်ဆင်းတော်မူသည်ကို ၎င်းတို့သည် မတွေ့မမြင် မဆင်ခြင်ခဲ့ကြလေသလော။ ထို့နောက် တစ်ဖန် ထိုအရှင်မြတ်သည်ပင် ထိုအဖန်ဆင်းခံတို့ကို ထပ်မံ၍ ဖန်ဆင်းတော်မူမည်။ ဧကန်အမှန် ဤသည် အလ္လာဟ်အရှင်မြတ်အဖို့ လွန်စွာ လွယ်ကူလှပေသည်။
20 قُلْ سِيرُوا فِي الْأَرْضِ فَانظُرُوا كَيْفَ بَدَأَ الْخَلْقَ ۚ ثُمَّ اللَّهُ يُنشِئُ النَّشْأَةَ الْآخِرَةَ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
(အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာ၍ ထိုအရှင်မြတ်သည် အဖန်ဆင်းခံတို့ကို မည်သို့စတင် ဖန်ဆင်းတော်မူသည်ကို ကြည့်ရှုလေ့လာကြလေကုန်။ထို့နောက် တစ်ဖန် အလ္လာဟ်အရှင်မြတ်သည် (ထိုအဖန်ဆင်းခံတို့အား) နောက်တစ်ကြိမ် ထပ်မံ၍ပင် ဖန်ဆင်းတော်မူမည်။စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
21 يُعَذِّبُ مَن يَشَاءُ وَيَرْحَمُ مَن يَشَاءُ ۖ وَإِلَيْهِ تُقْلَبُونَ
ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူအား ပြစ်ဒဏ်ပေးတော်မူမည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူအား သနားကြင်နာတော်မူပေမည်။ ၎င်းပြင် အသင်တို့အားလုံးသည် ထိုအရှင်မြတ်အထံတော်သို့ပင် ပြန်သွားကြရပေမည်။
ဘာသာပြန် — အလ်-အန်ကာဘူတ် 19 စူရာ အလ်-အန်ကာဘူတ် အာယာသ် 19 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံတို့ကိုမည်သို့ စတင်ဖန်ဆင်းတော်မူသည်ကို ၎င်းတို့သည် မတွေ့မမြင် မဆင်ခြင်ခဲ့ကြလေသလော။ ထို့နောက် တစ်ဖန် ထိုအရှင်မြတ်သည်ပင် ထိုအဖန်ဆင်းခံတို့ကို…
စူရာ အာယာသ် 19/69 — စူရာ အလ်-အန်ကာဘူတ် العنكبوت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ကာဘူတ် နားထောင်, စူရာ အလ်-အန်ကာဘူတ် ဘာသာပြန်, စူရာ အလ်-အန်ကာဘူတ် mp3, စူရာ အလ်-အန်ကာဘူတ် pdf. အာယာသ် 17–21. မြန်မာဘာသာ: ภาษาไทย.