အလ်-အန်ကာဘူတ် · 20/69
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ကာဘူတ်
قُلْ سِيرُوا فِي الْأَرْضِ فَانظُرُوا كَيْفَ بَدَأَ الْخَلْقَ ۚ ثُمَّ اللَّهُ يُنشِئُ النَّشْأَةَ الْآخِرَةَ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ۝٢٠
Qul seeroo fil ardi fanzuroo kaifa baa al khalqa summal laahu yunshi``un nash atal Aakhirah; innal laaha `alaa kulli shai`in Qadeer
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာ၍ ထိုအရှင်မြတ်သည် အဖန်ဆင်းခံတို့ကို မည်သို့စတင် ဖန်ဆင်းတော်မူသည်ကို ကြည့်ရှုလေ့လာကြလေကုန်။ထို့နောက် တစ်ဖန် အလ္လာဟ်အရှင်မြတ်သည် (ထိုအဖန်ဆင်းခံတို့အား) နောက်တစ်ကြိမ် ထပ်မံ၍ပင် ဖန်ဆင်းတော်မူမည်။စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာမြေပေါ်တွင် လှည့်လည်သွားလာကြပါ၊ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခြင်းကို မည်သို့စတင်ခဲ့သည်ကို ကြည့်ရှုဆင်ခြင်ကြပါ။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် နောက်ဆုံးသောဖန်ဆင်းခြင်း (ရှင်ပြန်ထမြောက်ခြင်း) ကို ဖန်ဆင်းတော်မူမည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်တော်မူသည်။
  2. အို—တမန်တော်မုဟမ္မဒ်၊ သေပြီးနောက် ရှင်ပြန်ထမြောက်ခြင်းကို ငြင်းပယ်ကြသောသူတို့အား ပြောကြားလိုက်ပါ—သင်တို့သည် ကမ္ဘာမြေပေါ်တွင် လှည့်လည်သွားလာကြပြီး အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခြင်းကို မည်သို့စတင်ဖန်ဆင်းခဲ့သည်ကို စူးစမ်းလေ့လာကြပါ။ အလ္လာဟ်အရှင်မြတ်သည် ပထမအကြိမ် ဖန်ဆင်းရာတွင် မည်သည့်စံပြပုံစံမျှမရှိဘဲ ဖန်ဆင်းနိုင်တော်မူခဲ့သည်ဆိုလျှင်၊ သေပြီးနောက် ဒုတိယအကြိမ် ရှင်ပြန်ထမြောက်စေခြင်းကိုလည်း ဖန်ဆင်းနိုင်တော်မူသည်မှာ ပို၍ပင် လွယ်ကူပေသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား သေပြီးနောက် ဒုတိယဘဝအဖြစ် ရှင်ပြန်ထမြောက်စေတော်မူမည်။ ထိုအခါ စစ်ဆေးမေးမြန်းခြင်းနှင့် အစားပေးခြင်းတို့ ဖြစ်ပေါ်မည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်တော်မူသည်။ အရှင်မြတ် ရည်ရွယ်တော်မူသော မည်သည့်အရာမျှ အရှင်မြတ်ကို မစွမ်းဆောင်နိုင်စေနိုင်ပါ။ ပထမအကြိမ် ဖန်ဆင်းရာတွင် မစွမ်းဆောင်နိုင်ခဲ့သည်မဟုတ်သကဲ့သို့၊ လူသားတို့အား ရှင်ပြန်ထမြောက်စေရာတွင်လည်း မစွမ်းဆောင်နိုင်သည်မဟုတ်ပေ။
  3. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ—
  • အလ္လာဟ်အရှင်မြတ်သည် ပထမအကြိမ် ဖန်ဆင်းခြင်းကို စတင်ပြုလုပ်တော်မူခဲ့သည်ကို ကမ္ဘာမြေပေါ်ရှိ ရှေးဟောင်းအဆောက်အအုံများ၊ လူမျိုးများ၏ အကြွင်းအကျန်များကို လေ့လာဆင်ခြင်ခြင်းဖြင့် လူသားတို့သည် အလ္လာဟ်အရှင်မြတ်၏ စွမ်းအားတော်ကို သိမြင်နိုင်ကြသည်။
  • ပထမအကြိမ် ဖန်ဆင်းနိုင်တော်မူသောအရှင်သည် ဒုတိယအကြိမ် ရှင်ပြန်ထမြောက်စေရန်လည်း အလွန်လွယ်ကူစွာ စွမ်းဆောင်နိုင်တော်မူသည်ကို သိရှိခြင်းဖြင့် ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်စိတ်ချစေသည်။
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်တော


📜 အာယာသ် 18-22 — စူရာ အလ်-အန်ကာဘူတ်

18وَإِن تُكَذِّبُوا فَقَدْ كَذَّبَ أُمَمٌ مِّن قَبْلِكُمْ ۖ وَمَا عَلَى الرَّسُولِ إِلَّا الْبَلَاغُ الْمُبِينُ
သို့ရာတွင် အကယ်၍ အသင်တို့သည် (ငါ့အား)မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြလျှင် အသင်တို့အလျင်ရှိခဲ့ကြလေသော အုပ်စုများကလည်း (မိမိတို့၏ နဗီတမန်တော်များအား)မဟုတ်မမှန်ဟူ၍ပင် စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ စင်စစ်မှာမူကား ရစူလ်တမန်တော်များအပေါ်၌ (အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်တော်များကို လူသားတို့ထံ) ရှင်းလင်းထင်ရှားစွာ ပို့ဆောင်ရန်သာလျှင် တာဝန်ရှိပေသတည်း။
19أَوَلَمْ يَرَوْا كَيْفَ يُبْدِئُ اللَّهُ الْخَلْقَ ثُمَّ يُعِيدُهُ ۚ إِنَّ ذَٰلِكَ عَلَى اللَّهِ يَسِيرٌ
အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံတို့ကိုမည်သို့ စတင်ဖန်ဆင်းတော်မူသည်ကို ၎င်းတို့သည် မတွေ့မမြင် မဆင်ခြင်ခဲ့ကြလေသလော။ ထို့နောက် တစ်ဖန် ထိုအရှင်မြတ်သည်ပင် ထိုအဖန်ဆင်းခံတို့ကို ထပ်မံ၍ ဖန်ဆင်းတော်မူမည်။ ဧကန်အမှန် ဤသည် အလ္လာဟ်အရှင်မြတ်အဖို့ လွန်စွာ လွယ်ကူလှပေသည်။
20قُلْ سِيرُوا فِي الْأَرْضِ فَانظُرُوا كَيْفَ بَدَأَ الْخَلْقَ ۚ ثُمَّ اللَّهُ يُنشِئُ النَّشْأَةَ الْآخِرَةَ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
(အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာ၍ ထိုအရှင်မြတ်သည် အဖန်ဆင်းခံတို့ကို မည်သို့စတင် ဖန်ဆင်းတော်မူသည်ကို ကြည့်ရှုလေ့လာကြလေကုန်။ထို့နောက် တစ်ဖန် အလ္လာဟ်အရှင်မြတ်သည် (ထိုအဖန်ဆင်းခံတို့အား) နောက်တစ်ကြိမ် ထပ်မံ၍ပင် ဖန်ဆင်းတော်မူမည်။စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
21يُعَذِّبُ مَن يَشَاءُ وَيَرْحَمُ مَن يَشَاءُ ۖ وَإِلَيْهِ تُقْلَبُونَ
ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူအား ပြစ်ဒဏ်ပေးတော်မူမည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူအား သနားကြင်နာတော်မူပေမည်။ ၎င်းပြင် အသင်တို့အားလုံးသည် ထိုအရှင်မြတ်အထံတော်သို့ပင် ပြန်သွားကြရပေမည်။
22وَمَا أَنتُم بِمُعْجِزِينَ فِي الْأَرْضِ وَلَا فِي السَّمَاءِ ۖ وَمَا لَكُم مِّن دُونِ اللَّهِ مِن وَلِيٍّ وَلَا نَصِيرٍ
စင်စစ်သော်ကား အသင်တို့သည် ကမ္ဘာမြေ၌လည်း (အလ္လာဟ်အရှင်မြတ်က မိမိတို့အား ပြစ်ဒဏ် ပေးတော်မူခြင်းကို) မစွမ်းဆောင်နိုင်လေအောင် ပြုနိုင်ကြသည် မဟုတ်ပေ။ မိုးကောင်းကင်၌လည်း ပြုနိုင်ကြသည်မဟုတ်ပေ။ ထိုမှတစ်ပါး အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်အပြင် ကိစ္စအဝဝကို ပြီးစီးအောင် ပြုလုပ်ပေးမည့်သူဟူ၍လည်းကောင်း၊ ကူညီစောင်မ မည့်သူဟူ၍လည်းကောင်း၊ တစ်ဦးတစ်ယောက်မျှပင်မရှိချေ။
အလ်-အန်ကာဘူတ်ကုရ်အာန် ညွှန်းကိန်း
69အာယာသ်
MeccanRevelation
20အာယာသ်

ဘာသာပြန် — အလ်-အန်ကာဘူတ် 20

စူရာ အလ်-အန်ကာဘူတ် အာယာသ် 20 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာ၍ ထိုအရှင်မြတ်သည် အဖန်ဆင်းခံတို့ကို မည်သို့စတင်…

စူရာ အာယာသ် 20/69 — စူရာ အလ်-အန်ကာဘူတ် العنكبوت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ကာဘူတ် နားထောင်, စူရာ အလ်-အန်ကာဘူတ် ဘာသာပြန်, စူရာ အလ်-အန်ကာဘူတ် mp3, စူရာ အလ်-အန်ကာဘူတ် pdf. အာယာသ် 18–22. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers