အလ်-အန်ကာဘူတ် · 29/69
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ကာဘူတ်
أَئِنَّكُمْ لَتَأْتُونَ الرِّجَالَ وَتَقْطَعُونَ السَّبِيلَ وَتَأْتُونَ فِي نَادِيكُمُ الْمُنكَرَ ۖ فَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَن قَالُوا ائْتِنَا بِعَذَابِ اللَّهِ إِن كُنتَ مِنَ الصَّادِقِينَ ۝٢٩
A`innakum lataatoonar rijaala wa taqta`oonas sabeela wa taatoona fee naadekumul munkara famaa kaana jawaaba qawmiheee illaaa an qaalu` tinaaa bi`azaabil laahi in kunta minas saadiqeen
📖 မြန်မာဘာသာ
အသင်တို့သည် ယောက်ျားများထံသို့(ကာမဂုဏ်ခံစားရန်) လာကြလေသလော။ ၎င်းပြင် အသင်တို့သည် လမ်းကို ဖြတ်တောက်ကြလေသလော။ (တစ်နည်း) အသင်တို့သည်လမ်း(တွင်) လုယက်တိုက်ခိုက်ကြလေသလော။ ထိုမှတစ်ပါးအသင်တို့သည် မိမိတို့၏စုဝေးရာ၌ စက်ဆုပ်ရွံရှာဖွယ် ကိစ္စများကို ကျူးလွန်ကြလေသလော။ ထိုအခါ လူ(တ်)၏အမျိုးသားတို့က ‘[အို-လူ(တ်)]၊ အကယ်၍ အသင်သည် သစ္စာဝါဒီတစ်ဦးဖြစ်ခဲ့ပါမူ ကျွန်ုပ်တို့ထံ အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ကို ဆောင်ယူခဲ့လော့’ဟု ပြောဆိုခဲ့ကြခြင်းမှတစ်ပါး အခြားမည်သည့်အဖြေမျှပင် ပေးနိုင်ခဲ့ကြသည်မရှိချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 27-31 — စူရာ အလ်-အန်ကာဘူတ်

27وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ وَجَعَلْنَا فِي ذُرِّيَّتِهِ النُّبُوَّةَ وَالْكِتَابَ وَآتَيْنَاهُ أَجْرَهُ فِي الدُّنْيَا ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ
ထို့ပြင် ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား ‘အစ်ဟာက်’ ကိုလည်းကောင်း၊ ‘ဟအ်ကူဗ်’ကို လည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် နဗီတမန်တော်ဖြစ်ခြင်းကိုလည်းကောင်း၊ ကျမ်းဂန်ကိုလည်းကောင်း၊ ထိုအိဗ်ရာဟီမ် ၏သားမြေးတို့၌တည်စေတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား ၎င်း၏အကျိုးကို ဤပစ္စက္ခဘဝတွင် (လည်း)ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး တမလွန်ဘဝ၌လည်း ထိုအိဗ်ရာဟီမ်သည် သူမွန်သူမြတ်တို့အနက်မှပင် ဖြစ်ပေအံ့သတည်း။
28وَلُوطًا إِذْ قَالَ لِقَوْمِهِ إِنَّكُمْ لَتَأْتُونَ الْفَاحِشَةَ مَا سَبَقَكُم بِهَا مِنْ أَحَدٍ مِّنَ الْعَالَمِينَ
ထိုနည်းတူစွာ(ငါအရှင်မြတ်သည်)’လူ(တ်)’အား (လည်း နဗီတမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏။) တစ်ရံရောအခါဝယ် ထို ‘လူ(တ်)’ က မိမိအမျိုးသားတို့အား (ဤသို့)ပြောကြားခဲ့လေ၏။ ဧကန်စင်စစ် အသင်တို့သည် ကမ္ဘာသူကမ္ဘာသားခပ်သိမ်းအနက် မည်သူတစ်ဦးတစ်ယောက်မျှပင် အသင်တို့အလျင် ကျူးလွန်ခဲ့ခြင်းမရှိသော အလွန့်အလွန် ဆိုးယုတ်လှစွာသောအမှုကို ကျူးလွန်ကြကုန်၏။
29أَئِنَّكُمْ لَتَأْتُونَ الرِّجَالَ وَتَقْطَعُونَ السَّبِيلَ وَتَأْتُونَ فِي نَادِيكُمُ الْمُنكَرَ ۖ فَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَن قَالُوا ائْتِنَا بِعَذَابِ اللَّهِ إِن كُنتَ مِنَ الصَّادِقِينَ
အသင်တို့သည် ယောက်ျားများထံသို့(ကာမဂုဏ်ခံစားရန်) လာကြလေသလော။ ၎င်းပြင် အသင်တို့သည် လမ်းကို ဖြတ်တောက်ကြလေသလော။ (တစ်နည်း) အသင်တို့သည်လမ်း(တွင်) လုယက်တိုက်ခိုက်ကြလေသလော။ ထိုမှတစ်ပါးအသင်တို့သည် မိမိတို့၏စုဝေးရာ၌ စက်ဆုပ်ရွံရှာဖွယ် ကိစ္စများကို ကျူးလွန်ကြလေသလော။ ထိုအခါ လူ(တ်)၏အမျိုးသားတို့က ‘[အို-လူ(တ်)]၊ အကယ်၍ အသင်သည် သစ္စာဝါဒီတစ်ဦးဖြစ်ခဲ့ပါမူ ကျွန်ုပ်တို့ထံ အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ကို ဆောင်ယူခဲ့လော့’ဟု ပြောဆိုခဲ့ကြခြင်းမှတစ်ပါး အခြားမည်သည့်အဖြေမျှပင် ပေးနိုင်ခဲ့ကြသည်မရှိချေ။
30قَالَ رَبِّ انصُرْنِي عَلَى الْقَوْمِ الْمُفْسِدِينَ
ထိုရောအခါဝယ် ထို ‘လူ(တ်)’ က ‘အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ဖျက်ဆီးမှုကို ကျူးလွန်ပြုလုပ်ကြကုန်သော အမျိုးသားတို့အပေါ်၌ အောင်နိုင်မှုကို ပေးသနားတော်မူပါ’ဟု လျှောက်ထား ပန်ကြားခဲ့လေသတည်း။
31وَلَمَّا جَاءَتْ رُسُلُنَا إِبْرَاهِيمَ بِالْبُشْرَىٰ قَالُوا إِنَّا مُهْلِكُو أَهْلِ هَٰذِهِ الْقَرْيَةِ ۖ إِنَّ أَهْلَهَا كَانُوا ظَالِمِينَ
၎င်းပြင် ငါအရှင်မြတ်၏ စေတမန်များသည် ဝမ်းမြောက်ဖွယ်သတင်းကို အိဗ်ရာဟီမ်၏ထံသို့ ဆောင်ကြဉ်းခဲ့ကြလေသောအခါ၊ ၎င်းတို့က ‘ဧကန် မလွဲ ကျွန်ုပ်တို့သည် ဤမြို့ရွာသားတို့အား ဖျက်ဆီးမည့်သူများပင် ဖြစ်ကြပေသည်။ဧကန်စင်စစ် ယင်းမြို့ရွာ၌ နေထိုင်သောသူတို့မှာ အလွန်တရာပြစ်မှု ကျူးလွန်သူများပင် ဖြစ်ကြကုန်သည်’ ဟု ပြောဆိုခဲ့ကြလေ၏။
အလ်-အန်ကာဘူတ်ကုရ်အာန် ညွှန်းကိန်း
69အာယာသ်
MeccanRevelation
29အာယာသ်

ဘာသာပြန် — အလ်-အန်ကာဘူတ် 29

စူရာ အလ်-အန်ကာဘူတ် အာယာသ် 29 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင်တို့သည် ယောက်ျားများထံသို့(ကာမဂုဏ်ခံစားရန်) လာကြလေသလော။ ၎င်းပြင် အသင်တို့သည် လမ်းကို ဖြတ်တောက်ကြလေသလော။ (တစ်နည်း) အသင်တို့သည်လမ်း(တွင်) လုယက်တိုက်ခိုက်ကြလေသလော။…

စူရာ အာယာသ် 29/69 — စူရာ အလ်-အန်ကာဘူတ် العنكبوت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ကာဘူတ် နားထောင်, စူရာ အလ်-အန်ကာဘူတ် ဘာသာပြန်, စူရာ အလ်-အန်ကာဘူတ် mp3, စူရာ အလ်-အန်ကာဘူတ် pdf. အာယာသ် 27–31. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers