قَالَ رَبِّ انصُرْنِي عَلَى الْقَوْمِ الْمُفْسِدِينَ ٣٠
🔤 Transliteration
Qaala Rabbin surnee `alal qawmil mufsideen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုရောအခါဝယ် ထို ‘လူ(တ်)’ က ‘အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ဖျက်ဆီးမှုကို ကျူးလွန်ပြုလုပ်ကြကုန်သော အမျိုးသားတို့အပေါ်၌ အောင်နိုင်မှုကို ပေးသနားတော်မူပါ’ဟု လျှောက်ထား ပန်ကြားခဲ့လေသတည်း။
🌐 Additional reference in ภาษาไทย
၁။ ကမ္မသဒ္ဒါများ၏ အဓိပ္ပာယ် رَبِّ (ရဗ္ဗိ) — အို ကျွန်ုပ်၏ အရှင်သခင်။انصُرْنِي (အန်ဆွရ်နီ) — ကျွန်ုပ်အား ကူညီမစပါ၊ အောင်မြင်စေပါ။الْقَوْمِ الْمُفْسِدِينَ (အလ်ကောင်မိလ် မွဖ်စိဒီန်) — ဖျက်ဆီးသူများဖြစ်သော လူမျိုး။ ဤနေရာတွင် မြေကြီးပေါ်၌ မယုံကြည်မှုနှင့် ရွံရှာဖွယ်ကောင်းသော အပြစ်များကို ဖြန့်ကျက်ပြုလုပ်သူများကို ဆိုလိုသည်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် တမန်တော် လူသွ် (အလိုင်ဟိစ်စလာမ်) သည် သူ၏ လူမျိုးတို့အား အလ္လာဟ်အရှင်မြတ်ထံ တစ်ဆူတည်းကိုးကွယ်ရန်၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ရန် နှိုးဆော်ခဲ့သည်။ သို့သော် သူ၏ လူမျိုးတို့သည် သူ့အား မယုံကြည်ရုံသာမက၊ သူ့အား ရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ သူ့အား မြေကြီးပေါ်မှ နှင်ထုတ်ရန် ခြိမ်းခြောက်ခြင်း၊ ရွံရှာဖွယ်ကောင်းသော ကာမဂုဏ်တရားများကို လွန်ကျူးခြင်း၊ ထိုသို့သော ဆိုးရွားသည့် အပြစ်များကို ကျူးလွန်ရန် အခြားသူများကိုပါ ဖိတ်ခေါ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ထိုအခါ တမန်တော် လူသွ်သည် သူ၏ အရှင်သခင်ထံ အကူအညီ တောင်းခံခဲ့သည်။
သူက ဤသို့ ဆုတောင်းခဲ့သည် — “အို ကျွန်ုပ်၏ အရှင်သခင်ဘုရား၊ မြေကြီးပေါ်တွင် မယုံကြည်မှုနှင့် ရွံရှာဖွယ်ကောင်းသော အပြစ်များကို ဖြန့်ကျက်ပြုလုပ်နေကြသော၊ ဖျက်ဆီးမှုကို ပြုလုပ်နေကြသော ဤလူမျိုးတို့အပေါ် ကျွန်ုပ်အား ကူညီမစပါ။ သူတို့၏ ဆိုးသွမ်းမှုများကို ရပ်တန့်စေပါ။ သူတို့အပေါ် ပြစ်ဒဏ်ကို သက်ရောက်စေပါ။”
အလ္လာဟ်အရှင်မြတ်သည် သူ၏ ဆုတောင်းကို လက်ခံတော်မူခဲ့သည်။ ထိုလူမျိုးတို့အပေါ် ပြင်းထန်သော ပြစ်ဒဏ်ကို သက်ရောက်စေတော်မူခဲ့သည်။ ဤအာယသ်တော်သည် တမန်တော်များနှင့် သူတို့၏ လူမျိုးများအကြား ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို ပြန်လည် သတိရစေပြီး၊ အမှန်တရားကို ငြင်းပယ်သူများ၏ အဆုံးသတ်သည် မည်သို့ ဖြစ်သည်ကို သင်ခန်းစာ ပေးနေသည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ နှိမ့်ချသော ကျွန်များ၏ ဆုတောင်းကို လက်ခံတော်မူသော အရှင်ဖြစ်သည်။ ဒုက္ခရောက်ချိန်၊ အနှိပ်စက်ခံရချိန်တွင် အလ္လ
قَالَ رَبِّ ٱنصُرۡنِي عَلَى ٱلۡقَوۡمِ ٱلۡمُفۡسِدِينَ ٣٠
ထိုရောအခါဝယ် ထို ‘လူ(တ်)’ က ‘အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ဖျက်ဆီးမှုကို ကျူးလွန်ပြုလုပ်ကြကုန်သော အမျိုးသားတို့အပေါ်၌ အောင်နိုင်မှုကို ပေးသနားတော်မူပါ’ဟု လျှောက်ထား ပန်ကြားခဲ့လေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 28-32 — စူရာ အလ်-အန်ကာဘူတ်
28 وَلُوطًا إِذْ قَالَ لِقَوْمِهِ إِنَّكُمْ لَتَأْتُونَ الْفَاحِشَةَ مَا سَبَقَكُم بِهَا مِنْ أَحَدٍ مِّنَ الْعَالَمِينَ
ထိုနည်းတူစွာ(ငါအရှင်မြတ်သည်)’လူ(တ်)’အား (လည်း နဗီတမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏။) တစ်ရံရောအခါဝယ် ထို ‘လူ(တ်)’ က မိမိအမျိုးသားတို့အား (ဤသို့)ပြောကြားခဲ့လေ၏။ ဧကန်စင်စစ် အသင်တို့သည် ကမ္ဘာသူကမ္ဘာသားခပ်သိမ်းအနက် မည်သူတစ်ဦးတစ်ယောက်မျှပင် အသင်တို့အလျင် ကျူးလွန်ခဲ့ခြင်းမရှိသော အလွန့်အလွန် ဆိုးယုတ်လှစွာသောအမှုကို ကျူးလွန်ကြကုန်၏။
29 أَئِنَّكُمْ لَتَأْتُونَ الرِّجَالَ وَتَقْطَعُونَ السَّبِيلَ وَتَأْتُونَ فِي نَادِيكُمُ الْمُنكَرَ ۖ فَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَن قَالُوا ائْتِنَا بِعَذَابِ اللَّهِ إِن كُنتَ مِنَ الصَّادِقِينَ
အသင်တို့သည် ယောက်ျားများထံသို့(ကာမဂုဏ်ခံစားရန်) လာကြလေသလော။ ၎င်းပြင် အသင်တို့သည် လမ်းကို ဖြတ်တောက်ကြလေသလော။ (တစ်နည်း) အသင်တို့သည်လမ်း(တွင်) လုယက်တိုက်ခိုက်ကြလေသလော။ ထိုမှတစ်ပါးအသင်တို့သည် မိမိတို့၏စုဝေးရာ၌ စက်ဆုပ်ရွံရှာဖွယ် ကိစ္စများကို ကျူးလွန်ကြလေသလော။ ထိုအခါ လူ(တ်)၏အမျိုးသားတို့က ‘[အို-လူ(တ်)]၊ အကယ်၍ အသင်သည် သစ္စာဝါဒီတစ်ဦးဖြစ်ခဲ့ပါမူ ကျွန်ုပ်တို့ထံ အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ကို ဆောင်ယူခဲ့လော့’ဟု ပြောဆိုခဲ့ကြခြင်းမှတစ်ပါး အခြားမည်သည့်အဖြေမျှပင် ပေးနိုင်ခဲ့ကြသည်မရှိချေ။
30 قَالَ رَبِّ انصُرْنِي عَلَى الْقَوْمِ الْمُفْسِدِينَ
ထိုရောအခါဝယ် ထို ‘လူ(တ်)’ က ‘အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ဖျက်ဆီးမှုကို ကျူးလွန်ပြုလုပ်ကြကုန်သော အမျိုးသားတို့အပေါ်၌ အောင်နိုင်မှုကို ပေးသနားတော်မူပါ’ဟု လျှောက်ထား ပန်ကြားခဲ့လေသတည်း။
31 وَلَمَّا جَاءَتْ رُسُلُنَا إِبْرَاهِيمَ بِالْبُشْرَىٰ قَالُوا إِنَّا مُهْلِكُو أَهْلِ هَٰذِهِ الْقَرْيَةِ ۖ إِنَّ أَهْلَهَا كَانُوا ظَالِمِينَ
၎င်းပြင် ငါအရှင်မြတ်၏ စေတမန်များသည် ဝမ်းမြောက်ဖွယ်သတင်းကို အိဗ်ရာဟီမ်၏ထံသို့ ဆောင်ကြဉ်းခဲ့ကြလေသောအခါ၊ ၎င်းတို့က ‘ဧကန် မလွဲ ကျွန်ုပ်တို့သည် ဤမြို့ရွာသားတို့အား ဖျက်ဆီးမည့်သူများပင် ဖြစ်ကြပေသည်။ဧကန်စင်စစ် ယင်းမြို့ရွာ၌ နေထိုင်သောသူတို့မှာ အလွန်တရာပြစ်မှု ကျူးလွန်သူများပင် ဖြစ်ကြကုန်သည်’ ဟု ပြောဆိုခဲ့ကြလေ၏။
32 قَالَ إِنَّ فِيهَا لُوطًا ۚ قَالُوا نَحْنُ أَعْلَمُ بِمَن فِيهَا ۖ لَنُنَجِّيَنَّهُ وَأَهْلَهُ إِلَّا امْرَأَتَهُ كَانَتْ مِنَ الْغَابِرِينَ
(ထိုအခါ)ထိုအိဗ်ရာဟီမ်က ထိုမြို့ရွာ၌ (နဗီတမန်တော်) ‘လူ(တ်)’သည်(လည်း) ရှိနေပေသည်ဟု ပြောကြားခဲ့လေရာ ထိုစေတမန်တို့က ပြောဆိုဖြေကြားခဲ့သည်မှာ ထိုမြို့ရွာ၌ မည်သူတို့ နေထိုင်ကြသည်ကို ကျွန်ုပ်တို့သည် ကောင်းစွာသိရှိကြပေသည်။ အမှန်ပင် ကျွန်ုပ်တို့သည် ‘လူ(တ်)’ ၏ဇနီးမှအပ ထို ‘လူ(တ်)’ နှင့်တကွ ၎င်း၏အိမ်သူအိမ်သား သက်ဆိုင်သူများကိုပါ ကယ်ဆယ်ကြပေမည်။ ထို[‘လူ(တ်)]၏ဇနီးမှာမူကား ကျန်ရစ်သူတို့တွင် အပါအဝင်ဖြစ်ပေမည်ဟု ပြောကြားခဲ့ကြကုန်၏။
ဘာသာပြန် — အလ်-အန်ကာဘူတ် 30 စူရာ အလ်-အန်ကာဘူတ် အာယာသ် 30 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုရောအခါဝယ် ထို ‘လူ(တ်)’ က ‘အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ဖျက်ဆီးမှုကို ကျူးလွန်ပြုလုပ်ကြကုန်သော…
စူရာ အာယာသ် 30/69 — စူရာ အလ်-အန်ကာဘူတ် العنكبوت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ကာဘူတ် နားထောင်, စူရာ အလ်-အန်ကာဘူတ် ဘာသာပြန်, စူရာ အလ်-အန်ကာဘူတ် mp3, စူရာ အလ်-အန်ကာဘူတ် pdf. အာယာသ် 28–32. မြန်မာဘာသာ: ภาษาไทย.