အာလ်-အိမရာန် · 156/200
ဘာသာပြန် အသံနိုင်ငံ — အာလ်-အိမရာန်
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَكُونُوا كَالَّذِينَ كَفَرُوا وَقَالُوا لِإِخْوَانِهِمْ إِذَا ضَرَبُوا فِي الْأَرْضِ أَوْ كَانُوا غُزًّى لَّوْ كَانُوا عِندَنَا مَا مَاتُوا وَمَا قُتِلُوا لِيَجْعَلَ اللَّهُ ذَٰلِكَ حَسْرَةً فِي قُلُوبِهِمْ ۗ وَاللَّهُ يُحْيِي وَيُمِيتُ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ ١٥٦
Transliteration
Yaaa ayyuhul lazeena aamanoo laa takoonoo kallazeena kafaroo wa qaaloo li ikhwaanihim izaa daraboo fil ardi aw kaanoo ghuzzal law kaanoo `indanaa maa maatoo wa maa qutiloo liyaj`alal laahu zaalika hasratan fee quloobihim; qallaahu yuhyee wa yumeet; wallaahu bimaa ta`maloona Baseer
ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အို-’မုအ်မင်န်’ သက်ဝင် ယုံကြည်သူ အပေါင်းတို့။အသင်တို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြကုန်လင့်။ ထိုသူတို့သည် မယုံမကြည်သွေဖည်ငြင်းပယ်ကြသည့်ပြင် မိမိတို့၏ညီသား အစ်ကိုများနှင့်ပတ်သက်၍ ထိုညီသားအစ်ကိုများသည်ပထဝီမြေပြင်ဝယ်(သာသနာရေးကိစ္စနှင့်)ခရီးသွားလာကြသောအခါ (ကွယ်လွန်သေဆုံးခဲ့သည်) ဖြစ်စေ၊ စစ်သည်တော်များဖြစ်(၍ စစ်မြေပြင်၌ကျဆုံး)ခဲ့သည်ဖြစ်စေ၊ အကယ်၍သာထိုသူတို့သည် ငါတို့နှင့်အတူရှိနေခဲ့ကြပါလျှင် (ယင်းကဲ့သို့)သေကြေ ပျက်စီးကြမည်လည်းမဟုတ်။ သတ်ဖြတ်ခြင်းခံကြရမည်လည်းမဟုတ်ပေတကား ဟု ပြောဆိုလေ့ ရှ�ကြကုန်၏။အလ္လာဟ်အရှင်မြတ်သည် ထိုသူများကဲ့သို့ အသင်တို့မဖြစ် ကြသည်ကိုပင် ထို (ကာဖိရ်သွေဖည် ငြင်းပယ်သော)သူတို့၏ စိတ်နှလုံးတွင်း၌ ဝမ်းနည်းပူဆွေးဖွယ်တစ်ရပ် ဖြစ်စေတော် မူရန်ဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်သာလျှင် ရှင်စေတော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် သေစေတော်မူ၏။ထိုမှတစပါးတုံ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စရပ်တို့ကိုလည်း ခွဲခြားသိမြင်တော်မူသောအရှင်ဖြစ်တော်မူပေသည်။
Additional reference in ภาษาไทย
🎧 နားထောင်
📜 အာယာသ် 154-158 — အာလ်-အိမရာန်
154ثُمَّ أَنزَلَ عَلَيْكُم مِّن بَعْدِ الْغَمِّ أَمَنَةً نُّعَاسًا يَغْشَىٰ طَائِفَةً مِّنكُمْ ۖ وَطَائِفَةٌ قَدْ أَهَمَّتْهُمْ أَنفُسُهُمْ يَظُنُّونَ بِاللَّهِ غَيْرَ الْحَقِّ ظَنَّ الْجَاهِلِيَّةِ ۖ يَقُولُونَ هَل لَّنَا مِنَ الْأَمْرِ مِن شَيْءٍ ۗ قُلْ إِنَّ الْأَمْرَ كُلَّهُ لِلَّهِ ۗ يُخْفُونَ فِي أَنفُسِهِم مَّا لَا يُبْدُونَ لَكَ ۖ يَقُولُونَ لَوْ كَانَ لَنَا مِنَ الْأَمْرِ شَيْءٌ مَّا قُتِلْنَا هَاهُنَا ۗ قُل لَّوْ كُنتُمْ فِي بُيُوتِكُمْ لَبَرَزَ الَّذِينَ كُتِبَ عَلَيْهِمُ الْقَتْلُ إِلَىٰ مَضَاجِعِهِمْ ۖ وَلِيَبْتَلِيَ اللَّهُ مَا فِي صُدُورِكُمْ وَلِيُمَحِّصَ مَا فِي قُلُوبِكُمْ ۗ وَاللَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
တစ်ဖန် (ယင်းကဲ့သို့) စိတ်ဆင်းရဲခြင်းဖြစ် ကြပြီးနောက် (စိတ်ချမ်းသာစေရန်) ထိုအရှင်မြတ်သည် အသင်တို့အပေါ် ၌ ဘေးရန်ကင်းငြိမ်းခြင်း တည်းဟူသော ငိုက်မျည်းခြင်းကို ချပေးတော်မူခဲ့လေသည်။ ယင်းငိုက်မျည်းခြင်းသည်အသင်တို့ အနက်မှ လူတစ်စုကို လွှမ်းမိုးခဲ့လေသည်။ သို့ရာတွင်(မုနာဖစ်က်မည်သော) လူတစ်စုမှာမူ၊ မိမိတို့၏ အသက်(ဘေးအန္တရာယ်)များကိုသာ စိုးရိမ်နေခဲ့ကြကုန်သည်။ ထိုသူတို့ကားအလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ မမှန်ကန်သော၊ မိုက်မဲသော(ခေတ်က) ထင်မြင်ယူဆချက်မျိုးကို ယူဆခဲ့ကြ ကုန်၏။ထိုသူတို့က အကျွန်ုပ်တို့၌ (ယခုတွေ့ကြုံနေ ရသော ကိစ္စနှင့်စပ်လျဉ်း၍) တစုံတရာ ပြောရေးဆိုခွင့် အမိန့်အာဏာများရှိပါသလား ဟုပြောဆိုကြ၏။ (အို-နဗီတမန်တော်) အမိန့်အာဏာ အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၌သာရှိသည်ဟု အသင် ပြောကြားပါလေ။ (စစ်စစ်အားဖြင့်) ထိုသူတို့သည်မိမိတို့စိတ်တွင်း၌ ထိမ်ချန်ထားရှိသမျှတို့ကို အသင့်အား (ပွင့်လင်းစွာ) ထုတ်ဖော်(ပြောဆို)ကြသည်မဟုတ်ပေ။ ယင်းသူတို့က အကယ်၍သာ အကျွန်ုပ်တို့၌ တစ်စုံတစ်ရာမျှသောအမိန့်အာဏာသည် ရှိခဲ့ပါမူ အကျွန်ုပ်တို့သည် ဤနေရာ (စစ်မြေပြင်)၌ အသတ်ခံကြရမည်မဟုတ်ပေ ဟု ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ အကယ်၍ အသင်တို့သည် မိမိတို့အိမ်များ၌ပင်ရှိနေကြသည့်တိုင်အောင် (ရှေးဦးမစွက) အသတ်ခံရန် သတ်မှတ်ပြဋ္ဌာန်းပြီး ဖြစ်ကြသောသူတို့မှာကား မိမိတို့အသတ်ခံရမည့်နေရာများသို့ မုချထွက်လာကြရမည်သာဖြစ်၏။ စင်စစ်သော်ကား (ယင်းကဲ့သို့ဖြစ်ခဲ့ရသည်မှာ) အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ရင်များအတွင်း၌ရှိသော (ယုံကြည်မှု)ကိုစမ်းသပ်တော်မူခြင်းငှာလည်းကောင်း၊ အသင်တို့ စိတ်နှလုံးများ၌ရှိသော (အညစ်အကြေးတို့)ကို သန့်ရှင်းစင်ကြယ် စေတော်မူခြင်းငှာလည်းကောင်း၊ ဖြစ်ချေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (လူသားတို့၏) �င်များအတွင်း၌ရှိသည့် အရာတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
155إِنَّ الَّذِينَ تَوَلَّوْا مِنكُمْ يَوْمَ الْتَقَى الْجَمْعَانِ إِنَّمَا اسْتَزَلَّهُمُ الشَّيْطَانُ بِبَعْضِ مَا كَسَبُوا ۖ وَلَقَدْ عَفَا اللَّهُ عَنْهُمْ ۗ إِنَّ اللَّهَ غَفُورٌ حَلِيمٌ
အသင်တို့အနက်မှ အကြင်သူတို့သည် (မုတ်စ်လင်မ်နှင့်ကာဖိရ်) လူစုနှစ်စုတို့ တစ်ဘက်နှင့်တစ်ဘက် ရင်ဆိုင်တွေ့ဆုံ တိုက်ခိုက်ကြသောနေ့တွင် (စစ်မြေပြင်မှ) ဧကန်စင်စစ်ကျောခိုင်း၍ ပြန်လှည့် ဆုတ်ခွာသွားကြ၏။ (စင်စစ်တမူကား)ရှိုင်တွာန်သည် ထိုသူတို့ပြုကျင့်ခဲ့သောအချို့ပြုမူချက်များကြောင့်ပင် ထိုသူတို့ကို ခြေချော်အောင်ပြုလုပ်ခဲ့လေပြီ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည်ကား ထိုသူတို့အား အမှန်စင်စစ်ခွင့်လွှတ်တော်မူခဲ့လေပြီ။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည်လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူထသော အရှင်မြတ်၊အလွန်တရာ ထောက်ထား ညှာတာ သည်းခံတော်မူထသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
156يَا أَيُّهَا الَّذِينَ آمَنُوا لَا تَكُونُوا كَالَّذِينَ كَفَرُوا وَقَالُوا لِإِخْوَانِهِمْ إِذَا ضَرَبُوا فِي الْأَرْضِ أَوْ كَانُوا غُزًّى لَّوْ كَانُوا عِندَنَا مَا مَاتُوا وَمَا قُتِلُوا لِيَجْعَلَ اللَّهُ ذَٰلِكَ حَسْرَةً فِي قُلُوبِهِمْ ۗ وَاللَّهُ يُحْيِي وَيُمِيتُ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
အို-’မုအ်မင်န်’ သက်ဝင် ယုံကြည်သူ အပေါင်းတို့။အသင်တို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြကုန်လင့်။ ထိုသူတို့သည် မယုံမကြည်သွေဖည်ငြင်းပယ်ကြသည့်ပြင် မိမိတို့၏ညီသား အစ်ကိုများနှင့်ပတ်သက်၍ ထိုညီသားအစ်ကိုများသည်ပထဝီမြေပြင်ဝယ်(သာသနာရေးကိစ္စနှင့်)ခရီးသွားလာကြသောအခါ (ကွယ်လွန်သေဆုံးခဲ့သည်) ဖြစ်စေ၊ စစ်သည်တော်များဖြစ်(၍ စစ်မြေပြင်၌ကျဆုံး)ခဲ့သည်ဖြစ်စေ၊ အကယ်၍သာထိုသူတို့သည် ငါတို့နှင့်အတူရှိနေခဲ့ကြပါလျှင် (ယင်းကဲ့သို့)သေကြေ ပျက်စီးကြမည်လည်းမဟုတ်။ သတ်ဖြတ်ခြင်းခံကြရမည်လည်းမဟုတ်ပေတကား ဟု ပြောဆိုလေ့ ရှ�ကြကုန်၏။အလ္လာဟ်အရှင်မြတ်သည် ထိုသူများကဲ့သို့ အသင်တို့မဖြစ် ကြသည်ကိုပင် ထို (ကာဖိရ်သွေဖည် ငြင်းပယ်သော)သူတို့၏ စိတ်နှလုံးတွင်း၌ ဝမ်းနည်းပူဆွေးဖွယ်တစ်ရပ် ဖြစ်စေတော် မူရန်ဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်သာလျှင် ရှင်စေတော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် သေစေတော်မူ၏။ထိုမှတစပါးတုံ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စရပ်တို့ကိုလည်း ခွဲခြားသိမြင်တော်မူသောအရှင်ဖြစ်တော်မူပေသည်။
157وَلَئِن قُتِلْتُمْ فِي سَبِيلِ اللَّهِ أَوْ مُتُّمْ لَمَغْفِرَةٌ مِّنَ اللَّهِ وَرَحْمَةٌ خَيْرٌ مِّمَّا يَجْمَعُونَ
သို့ရာတွင်မူကား စင်စစ် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသတ်ခံကြရသည်ဖြစ်စေ၊ သို့တည်းမဟုတ် သေဆုံးကြသည်ဖြစ်စေ၊ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်အထံတော်မှ ခွင့်လွှတ်ချမ်းသာပေးသနား တော်မူခြင်းသည်လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း။ ထို(ကာဖိရ်)တို့ စုဆောင်းကြကုန်သော အရာဝတ္ထုများထက် မုချဧကန် သာလွန်၍ ကောင်းမြတ်ပေသည်။
158وَلَئِن مُّتُّمْ أَوْ قُتِلْتُمْ لَإِلَى اللَّهِ تُحْشَرُونَ
ထိုနည်းတူစွာ အကယ်၍ အသင်တို့သည် စင်စစ်သေဆုံးကြသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသတ်ခံကြရသည်ဖြစ်စေ၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် မုချစုရုံးစေခြင်းခံကြရပေမည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
156အာယာသ်
ဘာသာပြန် — အာလ်-အိမရာန် 156
စူရာ အာလ်-အိမရာန် အာယာသ် 156 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-’မုအ်မင်န်’ သက်ဝင် ယုံကြည်သူ အပေါင်းတို့။အသင်တို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြကုန်လင့်။ ထိုသူတို့သည် မယုံမကြည်သွေဖည်ငြင်းပယ်ကြသည့်ပြင် မိမိတို့၏ညီသား အစ်ကိုများနှင့်ပတ်သက်၍…စူရာ အာယာသ် 156/200 — အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အာလ်-အိမရာန် နားထောင်, အာလ်-အိမရာန် ဘာသာပြန်, အာလ်-အိမရာန် mp3, အာလ်-အိမရာန် pdf. အာယာသ် 154–158. မြန်မာဘာသာ: ภาษาไทย.
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers








