အာလ်-အိမရာန် · 157/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
وَلَئِن قُتِلْتُمْ فِي سَبِيلِ اللَّهِ أَوْ مُتُّمْ لَمَغْفِرَةٌ مِّنَ اللَّهِ وَرَحْمَةٌ خَيْرٌ مِّمَّا يَجْمَعُونَ ۝١٥٧
Wa la`in qutiltum fee sabeelil laahi aw muttum lamaghfiratum minal laahi wa rahmatun khairum mimmaa yajma`oon
📖 မြန်မာဘာသာ
သို့ရာတွင်မူကား စင်စစ် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသတ်ခံကြရသည်ဖြစ်စေ၊ သို့တည်းမဟုတ် သေဆုံးကြသည်ဖြစ်စေ၊ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်အထံတော်မှ ခွင့်လွှတ်ချမ်းသာပေးသနား တော်မူခြင်းသည်လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း။ ထို(ကာဖိရ်)တို့ စုဆောင်းကြကုန်သော အရာဝတ္ထုများထက် မုချဧကန် သာလွန်၍ ကောင်းမြတ်ပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ဘာသာပြန်ဆိုချက်များနှင့် အဓိပ္ပာယ်ရှင်းလင်းချက်များ
  • စစ်ပွဲတွင် အသတ်ခံရခြင်း (قُتِلْتُمْ) ဆိုသည်မှာ အစ္စလာမ်ဘာသာ၏ လမ်းစဉ်တွင် တိုက်ပွဲဝင်နေစဉ် ရန်သူ၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးခြင်းကို ဆိုလိုသည်။
  • သေဆုံးခြင်း (مُتُّمْ) ဆိုသည်မှာ တိုက်ပွဲဝင်နေစဉ် သို့မဟုတ် အစ္စလာမ်ဘာသာ၏ လမ်းစဉ်တွင် ရှိနေစဉ် သဘာဝအလျောက် သေဆုံးခြင်းကို ဆိုလိုသည်။
  • အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ် (سَبِيلِ اللَّهِ) ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်၏ ကျေနပ်မှုကို ရရှိရန်အတွက် လုပ်ဆောင်သော မည်သည့်ကောင်းမှုကိုမဆို ဆိုလိုသည်။ ဤနေရာတွင် အစ္စလာမ်ဘာသာ၏ ဂုဏ်သတင်းကို ကာကွယ်ရန်နှင့် အလ္လာဟ်အရှင်မြတ်၏ စကားတော်ကို မြင့်မားစေရန်အတွက် တိုက်ပွဲဝင်ခြင်းကို အဓိကဆိုလိုသည်။
  • ခွင့်လွှတ်ခြင်း (مَغْفِرَةٌ) ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်သည် အပြစ်များကို ဖျောက်ဖျက်ပေးခြင်းနှင့် ခွင့်လွှတ်ပေးခြင်းကို ဆိုလိုသည်။
  • ကရုဏာတော် (رَحْمَةٌ) ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် ကောင်းချီးမင်္ဂလာများကို ဆိုလိုသည်။
  • သူတို့စုဆောင်းထားသောအရာများ (مَا يَجْمَعُونَ) ဆိုသည်မှာ လောကီဘဝတွင် လူတို့စုဆောင်းထားသော စည်းစိမ်ဥစ္စာ၊ ဂုဏ်ပကာသနီနှင့် လောကီအကျိုးအမြတ်များကို ဆိုလိုသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို မုအ်မင်န်တို့၊ အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်တော်တွင် တိုက်ပွဲဝင်နေစဉ် ရန်သူ၏ လက်ချက်ဖြင့် အသတ်ခံရသည်ဖြစ်စေ၊ သို့မဟုတ် တိုက်ပွဲဝင်နေစဉ် သေဆုံးသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ခွင့်လွှတ်တော်မူခြင်းနှင့် ကရုဏာတော်ကို ဧကန်အမှန်ပေးသနားတော်မူမည်ဖြစ်သည်။ ထိုခွင့်လွှတ်ခြင်းနှင့် ကရုဏာတော်သည် လောကီဘဝတွင် လူတို့စုဆောင်းထားသော စည်းစိမ်ဥစ္စာ၊ ဂုဏ်ပကာသနီနှင့် လောကီအကျိုးအမြတ်များထက် အဆမတန်ပို၍ မြင့်မြတ်လှပေသည်။ အကြောင်းမှာ လောကီပစ္စည်းဥစ္စာများသည် ကုန်ဆုံးပျက်စီးသွားမည်ဖြစ်သော်လည်း အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်ခြင်းနှင့် ကရုဏာတော်မှာမူ ထာဝရတည်မြဲသော ဂုဏ်ကျေးဇူးဖြစ်ပေသည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်တွင် အသက်စွန့်လွှတ်ခြင်းသည် ဆုံးရ



📜 အာယာသ် 155-159 — စူရာ အာလ်-အိမရာန်

155إِنَّ الَّذِينَ تَوَلَّوْا مِنكُمْ يَوْمَ الْتَقَى الْجَمْعَانِ إِنَّمَا اسْتَزَلَّهُمُ الشَّيْطَانُ بِبَعْضِ مَا كَسَبُوا ۖ وَلَقَدْ عَفَا اللَّهُ عَنْهُمْ ۗ إِنَّ اللَّهَ غَفُورٌ حَلِيمٌ
အသင်တို့အနက်မှ အကြင်သူတို့သည် (မုတ်စ်လင်မ်နှင့်ကာဖိရ်) လူစုနှစ်စုတို့ တစ်ဘက်နှင့်တစ်ဘက် ရင်ဆိုင်တွေ့ဆုံ တိုက်ခိုက်ကြသောနေ့တွင် (စစ်မြေပြင်မှ) ဧကန်စင်စစ်ကျောခိုင်း၍ ပြန်လှည့် ဆုတ်ခွာသွားကြ၏။ (စင်စစ်တမူကား)ရှိုင်တွာန်သည် ထိုသူတို့ပြုကျင့်ခဲ့သောအချို့ပြုမူချက်များကြောင့်ပင် ထိုသူတို့ကို ခြေချော်အောင်ပြုလုပ်ခဲ့လေပြီ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည်ကား ထိုသူတို့အား အမှန်စင်စစ်ခွင့်လွှတ်တော်မူခဲ့လေပြီ။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည်လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူထသော အရှင်မြတ်၊အလွန်တရာ ထောက်ထား ညှာတာ သည်းခံတော်မူထသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
156يَا أَيُّهَا الَّذِينَ آمَنُوا لَا تَكُونُوا كَالَّذِينَ كَفَرُوا وَقَالُوا لِإِخْوَانِهِمْ إِذَا ضَرَبُوا فِي الْأَرْضِ أَوْ كَانُوا غُزًّى لَّوْ كَانُوا عِندَنَا مَا مَاتُوا وَمَا قُتِلُوا لِيَجْعَلَ اللَّهُ ذَٰلِكَ حَسْرَةً فِي قُلُوبِهِمْ ۗ وَاللَّهُ يُحْيِي وَيُمِيتُ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
အို-’မုအ်မင်န်’ သက်ဝင် ယုံကြည်သူ အပေါင်းတို့။အသင်တို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြကုန်လင့်။ ထိုသူတို့သည် မယုံမကြည်သွေဖည်ငြင်းပယ်ကြသည့်ပြင် မိမိတို့၏ညီသား အစ်ကိုများနှင့်ပတ်သက်၍ ထိုညီသားအစ်ကိုများသည်ပထဝီမြေပြင်ဝယ်(သာသနာရေးကိစ္စနှင့်)ခရီးသွားလာကြသောအခါ (ကွယ်လွန်သေဆုံးခဲ့သည်) ဖြစ်စေ၊ စစ်သည်တော်များဖြစ်(၍ စစ်မြေပြင်၌ကျဆုံး)ခဲ့သည်ဖြစ်စေ၊ အကယ်၍သာထိုသူတို့သည် ငါတို့နှင့်အတူရှိနေခဲ့ကြပါလျှင် (ယင်းကဲ့သို့)သေကြေ ပျက်စီးကြမည်လည်းမဟုတ်။ သတ်ဖြတ်ခြင်းခံကြရမည်လည်းမဟုတ်ပေတကား ဟု ပြောဆိုလေ့ ရှ�ကြကုန်၏။အလ္လာဟ်အရှင်မြတ်သည် ထိုသူများကဲ့သို့ အသင်တို့မဖြစ် ကြသည်ကိုပင် ထို (ကာဖိရ်သွေဖည် ငြင်းပယ်သော)သူတို့၏ စိတ်နှလုံးတွင်း၌ ဝမ်းနည်းပူဆွေးဖွယ်တစ်ရပ် ဖြစ်စေတော် မူရန်ဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်သာလျှင် ရှင်စေတော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် သေစေတော်မူ၏။ထိုမှတစပါးတုံ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စရပ်တို့ကိုလည်း ခွဲခြားသိမြင်တော်မူသောအရှင်ဖြစ်တော်မူပေသည်။
157وَلَئِن قُتِلْتُمْ فِي سَبِيلِ اللَّهِ أَوْ مُتُّمْ لَمَغْفِرَةٌ مِّنَ اللَّهِ وَرَحْمَةٌ خَيْرٌ مِّمَّا يَجْمَعُونَ
သို့ရာတွင်မူကား စင်စစ် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသတ်ခံကြရသည်ဖြစ်စေ၊ သို့တည်းမဟုတ် သေဆုံးကြသည်ဖြစ်စေ၊ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်အထံတော်မှ ခွင့်လွှတ်ချမ်းသာပေးသနား တော်မူခြင်းသည်လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း။ ထို(ကာဖိရ်)တို့ စုဆောင်းကြကုန်သော အရာဝတ္ထုများထက် မုချဧကန် သာလွန်၍ ကောင်းမြတ်ပေသည်။
158وَلَئِن مُّتُّمْ أَوْ قُتِلْتُمْ لَإِلَى اللَّهِ تُحْشَرُونَ
ထိုနည်းတူစွာ အကယ်၍ အသင်တို့သည် စင်စစ်သေဆုံးကြသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသတ်ခံကြရသည်ဖြစ်စေ၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် မုချစုရုံးစေခြင်းခံကြရပေမည်။
159فَبِمَا رَحْمَةٍ مِّنَ اللَّهِ لِنتَ لَهُمْ ۖ وَلَوْ كُنتَ فَظًّا غَلِيظَ الْقَلْبِ لَانفَضُّوا مِنْ حَوْلِكَ ۖ فَاعْفُ عَنْهُمْ وَاسْتَغْفِرْ لَهُمْ وَشَاوِرْهُمْ فِي الْأَمْرِ ۖ فَإِذَا عَزَمْتَ فَتَوَكَّلْ عَلَى اللَّهِ ۚ إِنَّ اللَّهَ يُحِبُّ الْمُتَوَكِّلِينَ
တဖန် (အို-နဗီတမန်တော်) အသင်သည်အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကြောင့်သာလျှင် ထိုသူတို့နှင့်နူးညံ့(စွာဆက်ဆံ)ခဲ့လေပြီ။ အကယ်၍သာ အသင်သည်ကြမ်းတန်းသောသူ (လူမှုဆက်ဆံရေး၌) စိတ်သဘော ခက်ထန်ကြမ်းကြုတ်သောသူဖြစ်ခဲ့ပါမူ၊ ထိုသူတို့သည် အသင်၏အပါးမှကစဉ့်ကလျားဖြစ်ကာ ထွက်ခွာသွားကြမည်မှာ ဧကန်မလွဲတည်း။ သို့ဖြစ်ရကား အသင်သည် ထိုသူတို့(၏ ချွတ်ယွင်းမှုများ)ကို ခွင့်လွှတ်ပါလေ။ (အလ္လာဟ်အရှင်မြတ်အထံတော်၌လည်း) ထိုသူတို့ အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံပေးပါလေ။ ထိုမှတပါးတုံ အသင်သည် ရေးခွင့်ကိစ္စအဝဝနှင့်စပ်လျဉ်း၍ ထိုသူတို့နှင့်တိုင်ပင်ဆွေးနွေးပါလေ။ (သို့ဆွေးနွေးတိုင်ပင်)ပြီးနောက် အသင်သည် (တစ်စုံတရာသော ကိစ္စနှင့်စပ်လျဉ်း၍) ပြုလုပ်ရန် စိတ်ပြဋ္ဌာန်းလိုက်သည့်အခါ အလ္လာဟ်အရှင်မြတ် အပေါ်ဝယ် ယုံကြည်စိတ်ချ လွှဲအပ်(၍ပြုလုပ်)ပါလေ။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်(မိမိအပေါ်ဝယ်) ယုံကြည်စိတ်ချ အားထားသောသူတို့ကိုချစ်ခင်တော်မူလေသတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
157အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 157

စူရာ အာလ်-အိမရာန် အာယာသ် 157 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင်မူကား စင်စစ် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသတ်ခံကြရသည်ဖြစ်စေ၊ သို့တည်းမဟုတ် သေဆုံးကြသည်ဖြစ်စေ၊ သို့ဖြစ်လျှင်…

စူရာ အာယာသ် 157/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 155–159. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers