အာလ်-အိမရာန် · 50/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
وَمُصَدِّقًا لِّمَا بَيْنَ يَدَيَّ مِنَ التَّوْرَاةِ وَلِأُحِلَّ لَكُم بَعْضَ الَّذِي حُرِّمَ عَلَيْكُمْ ۚ وَجِئْتُكُم بِآيَةٍ مِّن رَّبِّكُمْ فَاتَّقُوا اللَّهَ وَأَطِيعُونِ ۝٥٠
Wa musaddiqal limaa baina yadaiya minat Tawraati wa liuhilla lakum ba`dal lazee hurrima `alaikum; wa ji`tukum bi Aayatim mir Rabbikum fattaqul laaha wa atee`oon
📖 မြန်မာဘာသာ
ထို့ပြင် (အို-အချင်းတို့) အကျွန်ုပ်သည် မိမိအလျင်ရှိနှင့်ပြီးဖြစ်သော တော်ရာတ်ကျမ်းကို ထောက်ခံအတည်ပြုသူအဖြစ်လည်းကောင်း၊ အသင်တို့အဖို့အရာ[နဗီတမန်တော်မူစာ(အလိုင် ဟစ္စလာမ်၏ ပဋိပတ်ကျင့်စဉ်၌]ဟရာမ် ဟူ၍ မြစ်တားထားသော အရာများအနက်မှ အချို့ကိုဟလာလ် ဟူ၍ ခွင့်ပြုအံ့သောငှာလည်းကောင်း (ပွင့်ခဲ့သည်၊)ထို့ပြင် အကျွန်ုပ်သည် အသင်တို့ထံသို့ အသင်တို့၏ အရှင်မြတ်အထံတော်မှပင် (လုံလောက် စွာသော) သက်သေလက္ခဏာ တန်ခိုးပြာဋိဟာကိုလည်း ဆောင်ယူခဲ့သည်။သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ် အရှင်မြတ်အားကြောက်ရွံ့ကြကုန်၊ ၎င်းပြင် အကျွန်ုပ် ဟောပြောသောဓမ္မဒေသနာများကိုလည်း(တသဝေမတိမ်း) လိုက်နာဆောင်ရွက်ကြကုန်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 48-52 — စူရာ အာလ်-အိမရာန်

48وَيُعَلِّمُهُ الْكِتَابَ وَالْحِكْمَةَ وَالتَّوْرَاةَ وَالْإِنجِيلَ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ယင်း (သားတော်)အား ကျမ်းဂန်ကိုလည်းကောင်း၊ ဉာဏ်ပညာ အမြော်အမြင်ကိုလည်းကောင်း၊ တော်ရာတ် ကျမ်းမြတ်ကို လည်းကောင်း၊ အီန်ဂျီလ် ကျမ်းမြတ်ကိုလည်းကောင်း သင်ကြားပြသတော် မူလ�္တံ့။
49وَرَسُولًا إِلَىٰ بَنِي إِسْرَائِيلَ أَنِّي قَدْ جِئْتُكُم بِآيَةٍ مِّن رَّبِّكُمْ ۖ أَنِّي أَخْلُقُ لَكُم مِّنَ الطِّينِ كَهَيْئَةِ الطَّيْرِ فَأَنفُخُ فِيهِ فَيَكُونُ طَيْرًا بِإِذْنِ اللَّهِ ۖ وَأُبْرِئُ الْأَكْمَهَ وَالْأَبْرَصَ وَأُحْيِي الْمَوْتَىٰ بِإِذْنِ اللَّهِ ۖ وَأُنَبِّئُكُم بِمَا تَأْكُلُونَ وَمَا تَدَّخِرُونَ فِي بُيُوتِكُمْ ۚ إِنَّ فِي ذَٰلِكَ لَآيَةً لَّكُمْ إِن كُنتُم مُّؤْمِنِينَ
ထို့ပြင်တဝ (ယင်းသားတော်) အားအစ္စရာအီလီ မျိုးနွယ်အပေါင်းတို့ထံသို့ ရစူလ် တမန်တော်အဖြစ်စေလွှတ်တော်မူအံ့။ (ထိုအခါယင်းသားတော်က ဣစ်ရာအီလီမျိုးနွယ်တို့အားဤုသို့ပြောကြားအံ့)။ (အို-အချင်းတို့)အကျွန်ုပ်သည် ဧကန်မုချ အသင်တို့ထံသို့ အသင်တို့၏အရှင်မြတ်အထံတော်မှ သက်သေလက္ခဏာ တန်ခိုးပြာဋိဟာများကို အမှန်ပင်ဆောင်ယူခဲ့ပါသည်။ အကျွန်ုပ်သည် မုချဧကန် အသင်တို့ (ယုံကြည်အံ့သောငှာ) ရွှံ့မြေဖြင့် ငှက်တိရစ္ဆာန်၏ ပုံသဏ္ဌာန်ကဲ့သို့ ငှက်ရုပ်ပြုလုပ်ပြီးနောက် ထို ပုံသဏ္ဌာန်အတွင်းသို့ မန်းမှုတ်မည်၊ ထိုအခါ ထို ငှက်ရုပ်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့် (အသက်ရှင်၍ပျံသန်းနိုင်သောပကတိ)ငှက်တိရိစ္ဆာန် ဖြစ်လာအံ့။၎င်းပြင် အကျွန်ုပ်သည် အမိဝမ်းတွင်းမှ စက္ခုအလင်းမရရှိခဲ့သူကိုလည်းကောင်း၊ (ခရုသင်းစသော)ကုဋ္ဌနူနာစွဲကပ်သူကို လည်းကောင်း၊ ရောဂါဘယပျောက်ကင်း (၍ပြကတေ့ လူကောင်းများဖြစ်လာ)နိုင်စေအံ့။ ထိုနည်း တူစွာအကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့် သူသေများကိုလည်း ရှင်စေနိုင်အံ့။ ထိုမှတပါးတုံ အကျွန်ုပ်သည်အသင်တို့ မိမိတို့အိမ်များတွင် စားသုံးခဲ့သော အရာများကိုလည်းကောင်း၊ အသင်တို့ (မိမိတို့အိမ်များ၌) သိမ်း ဆည်းသိုမှီးထားခဲ့သော အရာများကိုလည်းကောင်း၊ အသင်တို့အားထုတ်ဖော်ပြောကြားနိုင်အံ့။ အကယ်၍သာ အသင်တို့သည်ယုံကြည်သူ များဖြစ်ကြပါမူ မလွဲဧကန် ဤအချက်၌ အသင်တို့အဘို့အရာလုံလောက်စွာသော သက်သေလက္ခဏာ တန်ခိုးပြာဋိဟာ မုချရှိပေသည်။
50وَمُصَدِّقًا لِّمَا بَيْنَ يَدَيَّ مِنَ التَّوْرَاةِ وَلِأُحِلَّ لَكُم بَعْضَ الَّذِي حُرِّمَ عَلَيْكُمْ ۚ وَجِئْتُكُم بِآيَةٍ مِّن رَّبِّكُمْ فَاتَّقُوا اللَّهَ وَأَطِيعُونِ
ထို့ပြင် (အို-အချင်းတို့) အကျွန်ုပ်သည် မိမိအလျင်ရှိနှင့်ပြီးဖြစ်သော တော်ရာတ်ကျမ်းကို ထောက်ခံအတည်ပြုသူအဖြစ်လည်းကောင်း၊ အသင်တို့အဖို့အရာ[နဗီတမန်တော်မူစာ(အလိုင် ဟစ္စလာမ်၏ ပဋိပတ်ကျင့်စဉ်၌]ဟရာမ် ဟူ၍ မြစ်တားထားသော အရာများအနက်မှ အချို့ကိုဟလာလ် ဟူ၍ ခွင့်ပြုအံ့သောငှာလည်းကောင်း (ပွင့်ခဲ့သည်၊)ထို့ပြင် အကျွန်ုပ်သည် အသင်တို့ထံသို့ အသင်တို့၏ အရှင်မြတ်အထံတော်မှပင် (လုံလောက် စွာသော) သက်သေလက္ခဏာ တန်ခိုးပြာဋိဟာကိုလည်း ဆောင်ယူခဲ့သည်။သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ် အရှင်မြတ်အားကြောက်ရွံ့ကြကုန်၊ ၎င်းပြင် အကျွန်ုပ် ဟောပြောသောဓမ္မဒေသနာများကိုလည်း(တသဝေမတိမ်း) လိုက်နာဆောင်ရွက်ကြကုန်။
51إِنَّ اللَّهَ رَبِّي وَرَبُّكُمْ فَاعْبُدُوهُ ۗ هَٰذَا صِرَاطٌ مُّسْتَقِيمٌ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အကျွန်ုပ်ကို မွေးမြူတော်မူသော အရှင်လည်း ဖြစ်တော်မူ၏။အသင်တို့ကို မွေးမြူတော်မူသော အရှင်မြတ်လည်း ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်ကိုသာလျှင်ခဝပ် ကိုးကွယ်ကြကုန်။ ဤကား ဖြောင့်မတ်မှန်ကန်သောတရားလမ်းပင် ဖြစ်ချေသတည်း။
52۞ فَلَمَّا أَحَسَّ عِيسَىٰ مِنْهُمُ الْكُفْرَ قَالَ مَنْ أَنصَارِي إِلَى اللَّهِ ۖ قَالَ الْحَوَارِيُّونَ نَحْنُ أَنصَارُ اللَّهِ آمَنَّا بِاللَّهِ وَاشْهَدْ بِأَنَّا مُسْلِمُونَ
တဖန် (နဗီတမန်တော်) အီစာ (အလိုင် ဟစ္စလာမ်)သည် ယင်း (အစ္စရာအီလီမျိုးနွယ်) များဘက်မှ သွေဖည်ငြင်းဆန်မှုကို တွေ့သိရသော အခါ အကျွန်ုပ်အားအလ္လာဟ်အသျှင်မြတ်၏ လမ်းစဉ်၌ ကူညီစောင်မမည့်သူမည်သူများ ရှိကြပါသနည်း ဟု မေးမြန်းလေသည်။(ထိုရောကာလ) ဟဝါရီများက ကျွန်�ာ်မျိုးတို့သည် အလ္လာဟ်အရှင်(၏သာသနာတော်ကို) ကူညီသော သူများဖြစ်ကြပါသည်။ ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကြပါပြီ။ သို့ဖြစ် ပါ၍ အသင်(နဗီတမန်တော်ကိုယ်တိုင်)ပင်ကျွန်တော် မျိုးတို့သည် အမိန့်နာခံသောသူများဖြစ်ကြောင်းသက်သေခံတော်မူပါဟု ပြောဆိုကြကုန်၏။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
50အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 50

စူရာ အာလ်-အိမရာန် အာယာသ် 50 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် (အို-အချင်းတို့) အကျွန်ုပ်သည် မိမိအလျင်ရှိနှင့်ပြီးဖြစ်သော တော်ရာတ်ကျမ်းကို ထောက်ခံအတည်ပြုသူအဖြစ်လည်းကောင်း၊ အသင်တို့အဖို့အရာ[နဗီတမန်တော်မူစာ(အလိုင် ဟစ္စလာမ်၏ ပဋိပတ်ကျင့်စဉ်၌]ဟရာမ် ဟူ၍…

စူရာ အာယာသ် 50/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 48–52. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers