يَا أَهْلَ الْكِتَابِ لِمَ تَلْبِسُونَ الْحَقَّ بِالْبَاطِلِ وَتَكْتُمُونَ الْحَقَّ وَأَنتُمْ تَعْلَمُونَ ٧١
🔤 Transliteration
Yaaa Ahalal Kitaabi lima talbisoonal haqqa bilbaatili wa taktumoonal haqqa wa antum ta`lamoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အို-အထက်ကျမ်းဂန်ရရှိသူအပေါင်းတို့၊ အဘယ်ကြောင့် အသင်တို့သည် အမှန်ကိုအမှားနှင့် ရောနှောရှုပ်ထွေးစေကြပါသနည်း၊ ၎င်းပြင် (အဘယ်ကြောင့်) အမှန်ကိုထိမ်ချန်ထား ကြပါသနည်း၊။ အမှန်သော်ကား အသင်တို့သည်မိမိတို့ကိုယ်တိုင် သိမြင်နားလည်ကြကုန်၏။
🌐 Additional reference in ภาษาไทย
၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
ယာ အဟ်လလ် ကီတာဗ် (يا أهل الكتاب ) — အို ကျမ်းရရှိသူများ (တောင်ရာသ်နှင့် အိန်ဂျီလ်ကျမ်းကို ရရှိသူ ယဟူဒီများနှင့် ခရစ်ယာန်များ)။ လိမာ (لمَ ) — အဘယ်ကြောင့်၊ မည်သည့်အကြောင်းကြောင့်။ တလ်ဗိစူန (تلبسون ) — ရောနှောခြင်း၊ ဖုံးလွှမ်းခြင်း၊ အမှန်ကို အမှားနှင့် ရောနှောခြင်း။ အလ် ဟက္က (الحق ) — အမှန်တရား၊ စစ်မှန်သောအရာ။ အလ် ဗာသိလ် (الباطل ) — အမှားတရား၊ အတုအယောင်၊ မမှန်သောအရာ။ တက္တုမူန (تكتمون ) — ဖုံးကွယ်ခြင်း၊ လျှို့ဝှက်ခြင်း၊ ထိမ်ချန်ခြင်း။ ဝါ အန်တုမ် တအ်လမူန (وأنتم تعلمون ) — သင်တို့သည် သိရှိလျက်နှင့်ပင်။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အို ကျမ်းရရှိသူများ၊ သင်တို့သည် မိမိတို့လက်ထဲရှိ ကျမ်းများတွင် လာရှိသော အမှန်တရားကို မိမိတို့ကိုယ်တိုင် ရေးသွင်းထားသော အမှားများနှင့် အဘယ်ကြောင့် ရောနှောနေကြသနည်း။ တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) ၏ ဂုဏ်တော်များနှင့် သူ့သတင်းစကား စစ်မှန်ကြောင်း ထင်ရှားစွာ ဖော်ပြထားသည့် အမှန်တရားကို အဘယ်ကြောင့် ဖုံးကွယ်ထားကြသနည်း။ သင်တို့သည် အမှန်နှင့် အမှား၊ လမ်းမှန်နှင့် လမ်းမှားကို ကောင်းစွာ သိရှိထားကြလျက်နှင့်ပင် ဤသို့ ပြုလုပ်နေကြခြင်းဖြစ်သည်။
ဤအာယသ်တော်သည် ကျမ်းရရှိသူများအား ပြင်းထန်စွာ သတိပေးနှိုးဆော်ထားခြင်းဖြစ်သည်။ သူတို့သည် မိမိတို့ကျမ်းများတွင် ရှိရှိပြီးသား အမှန်တရားကို ဖုံးကွယ်ခြင်း၊ အမှားနှင့် ရောနှောခြင်းဖြင့် လူများကို လမ်းမှားသို့ ပို့ဆောင်နေကြသည်။ အထူးသဖြင့် တမန်တော်မုဟမ္မဒ် (ဆွ) ၏ နဗီတမန်တော်အဖြစ် ရောက်ရှိလာခြင်းသည် အမှန်တရားဖြစ်ကြောင်း သူတို့ကောင်းစွာ သိရှိထားကြသော်လည်း မိမိတို့၏ အာဏာ၊ ဂုဏ်သတင်း၊ အကျိုးအမြတ်များ ဆုံးရှုံးမည်ကို စိုးရိမ်သောကြောင့် ဖုံးကွယ်ထားကြခြင်းဖြစ်သည်။ ဤအပြုအမူသည် အသိပညာရှိလျက်နှင့် အမှန်တရားကို ဖုံးကွယ်ခြင်း၏ အဆိုးဆုံးသော သဘောထားဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
အမှန်တရားကို အမှားနှင့် ရောနှောခြင်းသည် အလွန်ကြီးမားသော အပြစ်ဖြစ်သည်။ အထူးသဖြင့် အသိပညာရှိသူများ၊ ကျမ်းရရှိသူများအတွက် ပို
يَٰٓأَهۡلَ ٱلۡكِتَٰبِ لِمَ تَلۡبِسُونَ ٱلۡحَقَّ بِٱلۡبَٰطِلِ وَتَكۡتُمُونَ ٱلۡحَقَّ وَأَنتُمۡ تَعۡلَمُونَ ٧١
အို-အထက်ကျမ်းဂန်ရရှိသူအပေါင်းတို့၊ အဘယ်ကြောင့် အသင်တို့သည် အမှန်ကိုအမှားနှင့် ရောနှောရှုပ်ထွေးစေကြပါသနည်း၊ ၎င်းပြင် (အဘယ်ကြောင့်) အမှန်ကိုထိမ်ချန်ထား ကြပါသနည်း၊။ အမှန်သော်ကား အသင်တို့သည်မိမိတို့ကိုယ်တိုင် သိမြင်နားလည်ကြကုန်၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 69-73 — စူရာ အာလ်-အိမရာန်
69 وَدَّت طَّائِفَةٌ مِّنْ أَهْلِ الْكِتَابِ لَوْ يُضِلُّونَكُمْ وَمَا يُضِلُّونَ إِلَّا أَنفُسَهُمْ وَمَا يَشْعُرُونَ
ရှေးအထက် ကျမ်းရရှိသူတို့အနက်မှ လူတစ်စုသည် အသင်တို့အား လမ်းမှားစေခြင်းကို အာသာဆန္ဒရှိကြကုန်၏။ အမှန်စင်စစ် ယင်းသူတို့သည် မိမိတို့ကိုယ်မှအပမည်သူတစ်ဦးတစ်ယောက်ကိုမျှ လမ်းမှားသို့ ရောက်စေနိုင်ကြသည်မဟုတ်။ သို့ရာတွင် ယင်းသူတို့သည် (ဤအကြောင်းကို) မသိနားမလည် ကြချေ။
70 يَا أَهْلَ الْكِتَابِ لِمَ تَكْفُرُونَ بِآيَاتِ اللَّهِ وَأَنتُمْ تَشْهَدُونَ
အို-အထက်ကျမ်းဂန် ရရှိသူအပေါင်းတို့၊အသင်တို့သည် (မိမိတို့ ယုံကြည်လေးစားကြသော တောင်ရာတ် နှင့် အိန်ဂျီလ် ကျမ်းလာ) အလ္လာဟ်အရှင်မြတ်၏မုက္ခပါဋ္ဌ်တော်များကို အဘယ်ကြောင့် မယုံမကြည် သွေဖည်ငြင်းဆန်ကြ ပါသနည်း။ အမှန်စင်စစ် အသင်တို့သည် မိမိတို့ကိုယ်တိုင် ဝန်ခံပြီး ဖြစ်ကြကုန်၏။
71 يَا أَهْلَ الْكِتَابِ لِمَ تَلْبِسُونَ الْحَقَّ بِالْبَاطِلِ وَتَكْتُمُونَ الْحَقَّ وَأَنتُمْ تَعْلَمُونَ
အို-အထက်ကျမ်းဂန်ရရှိသူအပေါင်းတို့၊ အဘယ်ကြောင့် အသင်တို့သည် အမှန်ကိုအမှားနှင့် ရောနှောရှုပ်ထွေးစေကြပါသနည်း၊ ၎င်းပြင် (အဘယ်ကြောင့်) အမှန်ကိုထိမ်ချန်ထား ကြပါသနည်း၊။ အမှန်သော်ကား အသင်တို့သည်မိမိတို့ကိုယ်တိုင် သိမြင်နားလည်ကြကုန်၏။
72 وَقَالَت طَّائِفَةٌ مِّنْ أَهْلِ الْكِتَابِ آمِنُوا بِالَّذِي أُنزِلَ عَلَى الَّذِينَ آمَنُوا وَجْهَ النَّهَارِ وَاكْفُرُوا آخِرَهُ لَعَلَّهُمْ يَرْجِعُونَ
ရှေးအထက် ကျမ်းဂန်ရရှိသောသူများအနက်မှလူတစ်စုက အသင်တို့သည် မုအ်မင်န်တို့အပေါ်၌ ကျရောက်သော(တရားဓမ္မ)ကို နံနက်ပိုင်းတွင် ယုံကြည်၍ ညနေချမ်းတွင်မူ သွေဖည်ငြင်းပယ်ကြကုန်။ သို့မှသာလျှင် ထို(မုအ်မင်န်)များသည် (မိမိတို့၏ တရားဓမ္မမှ) ဆုတ်ခွာ ပြန်လှည့်သွားကြပေမည်ဟု (အချင်းချင်း) ပြောဆိုကြလေသည်။
73 وَلَا تُؤْمِنُوا إِلَّا لِمَن تَبِعَ دِينَكُمْ قُلْ إِنَّ الْهُدَىٰ هُدَى اللَّهِ أَن يُؤْتَىٰ أَحَدٌ مِّثْلَ مَا أُوتِيتُمْ أَوْ يُحَاجُّوكُمْ عِندَ رَبِّكُمْ ۗ قُلْ إِنَّ الْفَضْلَ بِيَدِ اللَّهِ يُؤْتِيهِ مَن يَشَاءُ ۗ وَاللَّهُ وَاسِعٌ عَلِيمٌ
ထို့ပြင် အသင်တို့သည် မိမိတို့၏သာသနာကိုယုံကြည်လိုက်နာသူမှအပ (အခြားမည်သူတစ်ဦး တစ်ယောက်ကိုမျှ) မယုံကြည်ကြကုန်လင့် (ဟုလည်း ထိုသူများသည်ပြောဆိုကြလေသည်)။ (အို-နဗီတမန်တော်) မုချဧကန်အလ္လာဟ် အရှင်မြတ်၏ တရားဓမ္မသည်သာလျှင် ဖြောင့်မတ်မှန်ကန်သော တရားဓမ္မဖြစ်သည်ကို (ယင်းကျမ်းရသူ တို့အား)ပြောကြားပါလေ။ (အို-ကျမ်းရသူ အပေါင်းတို့၊ အသင်တို့ယခုကဲ့သို့ ပြောဆိုခြင်းမှာ) အသင်တို့ရရှိသကဲ့သို့ သောတရားဓမ္မကို အခြားသူ တစ်ဦးတစ်ယောက် ရရှိခြင်းကြောင့်သော်လည်းကောင်း၊ သို့တည်းမဟုတ် ထိုအခြားသူတို့သည်အသင်တို့၏ အရှင်မြတ် အထံတော်၌ အသင်တို့အား အချေအတင် ပြောဆိုရာတွင် အနိုင်ရရှိကြမည် ဖြစ်ခြင်းကြောင့်သော်လည်းကောင်း၊ ဖြစ်ချေသည်။ (အို-နဗီတမန်တော်ယင်းသူတို့အား) ပြောကြားပါလေ။ (ဟယ်-အချင်းတို့) ကျေးဇူးတော် အစုံတို့သည် အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင်း၌သာရှိ၏။ ထိုအရှင်မြတ်သည် မိမိ နှစ်မြို့တော်မူသောသူကိုသာလျှင် ကျေးဇူးပြု တော်မူ၏။ အကြောင်းသော်ကားအလ္လာဟ်အရှင်မြတ်သည် အလွန်ကျယ်ဝန်းစွာ ပေးသနားတော်မူသော အရှင်၊ အကြွင်းမဲ့ အလုံးစုံကို သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း၊
ဘာသာပြန် — အာလ်-အိမရာန် 71 စူရာ အာလ်-အိမရာန် အာယာသ် 71 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-အထက်ကျမ်းဂန်ရရှိသူအပေါင်းတို့၊ အဘယ်ကြောင့် အသင်တို့သည် အမှန်ကိုအမှားနှင့် ရောနှောရှုပ်ထွေးစေကြပါသနည်း၊ ၎င်းပြင် (အဘယ်ကြောင့်) အမှန်ကိုထိမ်ချန်ထား ကြပါသနည်း၊။ အမှန်သော်ကား…
စူရာ အာယာသ် 71/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 69–73. မြန်မာဘာသာ: ภาษาไทย.