مَن كَانَ يُرِيدُ الْعِزَّةَ فَلِلَّهِ الْعِزَّةُ جَمِيعًا ۚ إِلَيْهِ يَصْعَدُ الْكَلِمُ الطَّيِّبُ وَالْعَمَلُ الصَّالِحُ يَرْفَعُهُ ۚ وَالَّذِينَ يَمْكُرُونَ السَّيِّئَاتِ لَهُمْ عَذَابٌ شَدِيدٌ ۖ وَمَكْرُ أُولَٰئِكَ هُوَ يَبُورُ ١٠
🔤 Transliteration
Man kaana yureedul `izzata falillaahil `izzatu jamee`aa; ilaihi yas`adul kalimut taiyibu wal`amalus saalihu yarfa`uh; wallazeena yamkuroonas sayyiaati lahum `azaabun shadeed; wa makru ulaaa`ika huwa yaboor
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
မည်သူမဆိုဂုဏ်အသရေကိုအလိုရှိလျှင်(အလ္လာဟ်အရှင်မြတ်ထံတော်၌သာလျှင် လျှောက်ထားရပေမည်။)အကြောင်းမူကား အလုံးစုံသော ဂုဏ်အသရေတို့မှာ အလ္လာဟ်အရှင်မြတ်၌သာ ရှိသောကြောင့်ပင်။ စင်ကြယ် သန့်ပြန်သောစကားရပ်များသည် ထိုအရှင်မြတ်အထံတော်သို့ပင် တက်သွားကြ ပေသည်။ ၎င်းပြင် ကောင်းမြတ်သော အကျင့်သီလဟူသည်ထိုစင်ကြယ်သန့်ပြန်သောစကားများကို ပင့်မြှောက်ပို့ဆောင်၍ ပေးလေသည်။ သို့ရာတွင် မကောင်းသော အကြံအစည်များကို ကြံစည်သော သူတို့၌မူကား ပြင်းထန်စွာသောပြစ်ဒဏ်သည် ရှိပေမည်။ ထိုမှတစ်ပါး ၎င်းတို့၏ အကြံအစည်တို့မှာလည်း ပျက်ပြား၍ သွားကြပေမည်။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
الْعِزَّةَ (အလ်-အိဇ္ဇသ) — ဂုဏ်သတင်း၊ တန်ခိုးအာဏာ၊ မြင့်မြတ်ခြင်း၊ မည်သူ့ရှေ့မှာမျှ မနိမ့်ကျဘဲ ခန့်ညားထည်ဝါခြင်း။ الْكَلِمُ الطَّيِّبُ (အလ်-ကာလိမုတ်-သွိုင်းယိဗ်) — သန့်ရှင်းမြင့်မြတ်သော စကားများ၊ ဆိုလိုသည်မှာ လာအိလာဟာ အိလ္လလ္လာဟ် (အလ္လာဟ်မှတစ်ပါး အခြားကိုးကွယ်ရာမရှိ) ကဲ့သို့သော သာသနာရေး စကားများ၊ ဇိကွရ်ပြုခြင်း၊ ကုရ်အာန်ဖတ်ခြင်း၊ တသ်ဗီဟ်၊ သာဟ်မီဒ်၊ သက်ဗီရ် စသည့် စကားများ။ يَصْعَدُ (ယသ်အွဒု) — အထက်သို့ တက်သည်။ ဤနေရာတွင် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ရောက်ရှိခြင်း၊ လက်ခံခံရခြင်းကို ဆိုလိုသည်။ يَرْفَعُهُ (ယရ်ဖအုဟု) — ၎င်းကို မြှင့်တင်ပေးသည်။ يَمْكُرُونَ (ယမ်ကုရူန) — လျှို့ဝှက်ကြံစည်မှုများ ပြုလုပ်ကြသည်။ يَبُورُ (ယဗူရု) — ပျက်စီးသည်၊ အကျိုးမဲ့သည်၊ အောင်မြင်မှုမရဘဲ ကုန်ဆုံးသွားသည်။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
မည်သူမဆို ဂုဏ်သတင်း၊ တန်ခိုးအာဏာ၊ မြင့်မြတ်ခြင်းကို လိုချင်ပါက အလ္လာဟ်အရှင်မြတ်ထံတော်မှသာ ရှာဖွေရမည်။ အကြောင်းမှာ ဂုဏ်သတင်းနှင့် တန်ခိုးအာဏာ အားလုံးသည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းအတွက်သာ ဖြစ်သည်။ မည်သည့် ဖန်ဆင်းခံသတ္တဝါထံမှမျှ ဂုဏ်သတင်းကို ရှာဖွေ၍ မရနိုင်ပါ။ အရှင်မြတ်အား နာခံကိုးကွယ်ခြင်းဖြင့်သာ စစ်မှန်သော ဂုဏ်သတင်းကို ရရှိနိုင်သည်။
သန့်ရှင်းမြင့်မြတ်သော စကားများ — လာအိလာဟာ အိလ္လလ္လာဟ် ကဲ့သို့သော ဇိကွရ်စကားများ၊ ကုရ်အာန်ဖတ်ခြင်း၊ အရှင်မြတ်အား ချီးမွမ်းခြင်း — သည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ တက်ရောက်သည်။ ကောင်းမြတ်သော လုပ်ရပ်များ (ဆွလာသ်၊ ဆွဒကာ၊ ရိုဇာ၊ ဟဂျ်ျ စသည့် ကိုးကွယ်မှုများ) ကို အရှင်မြတ်သည် မြှင့်တင်ပေးတော်မူသည်၊ လက်ခံတော်မူသည်။ ထို့ကြောင့် သန့်ရှင်းသောစကားနှင့် ကောင်းမြတ်သောလုပ်ရပ်တို့သည် အရှင်မြတ်ထံတော်သို့ ရောက်ရှိရာ လမ်းစဉ်ဖြစ်သည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မကောင်းမှုများကို လျှို့ဝှက်ကြံစည်သူများအကြောင်း မိန့်တော်မူသည်။ သူတို့သည် မကောင်းသော အကြံအစည်များကို ကြံစည်ကြသည် — ဥပမာ တမန်တော်မ
مَن كَانَ يُرِيدُ ٱلۡعِزَّةَ فَلِلَّهِ ٱلۡعِزَّةُ جَمِيعًاۚ إِلَيۡهِ يَصۡعَدُ ٱلۡكَلِمُ ٱلطَّيِّبُ وَٱلۡعَمَلُ ٱلصَّٰلِحُ يَرۡفَعُهُۥۚ وَٱلَّذِينَ يَمۡكُرُونَ ٱلسَّيِّـَٔاتِ لَهُمۡ عَذَابٌ شَدِيدٌۖ وَمَكۡرُ أُوْلَٰٓئِكَ هُوَ يَبُورُ ١٠
မည်သူမဆိုဂုဏ်အသရေကိုအလိုရှိလျှင်(အလ္လာဟ်အရှင်မြတ်ထံတော်၌သာလျှင် လျှောက်ထားရပေမည်။)အကြောင်းမူကား အလုံးစုံသော ဂုဏ်အသရေတို့မှာ အလ္လာဟ်အရှင်မြတ်၌သာ ရှိသောကြောင့်ပင်။ စင်ကြယ် သန့်ပြန်သောစကားရပ်များသည် ထိုအရှင်မြတ်အထံတော်သို့ပင် တက်သွားကြ ပေသည်။ ၎င်းပြင် ကောင်းမြတ်သော အကျင့်သီလဟူသည်ထိုစင်ကြယ်သန့်ပြန်သောစကားများကို ပင့်မြှောက်ပို့ဆောင်၍ ပေးလေသည်။ သို့ရာတွင် မကောင်းသော အကြံအစည်များကို ကြံစည်သော သူတို့၌မူကား ပြင်းထန်စွာသောပြစ်ဒဏ်သည် ရှိပေမည်။ ထိုမှတစ်ပါး ၎င်းတို့၏ အကြံအစည်တို့မှာလည်း ပျက်ပြား၍ သွားကြပေမည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 8-12 — စူရာ ဖာတီရ်
8 أَفَمَن زُيِّنَ لَهُ سُوءُ عَمَلِهِ فَرَآهُ حَسَنًا ۖ فَإِنَّ اللَّهَ يُضِلُّ مَن يَشَاءُ وَيَهْدِي مَن يَشَاءُ ۖ فَلَا تَذْهَبْ نَفْسُكَ عَلَيْهِمْ حَسَرَاتٍ ۚ إِنَّ اللَّهَ عَلِيمٌ بِمَا يَصْنَعُونَ
သို့ဖြစ်ပေရာ အသို့ပါနည်း။ မိမိ၏ မကောင်းမှုများသည် မိမိအမြင်တွင် လှပတင့်တယ်အောင် ပြုလုပ်ခြင်းခံရသောကြောင့် ယင်းမကောင်းသောကျင့်မူများကိုအကောင်းဟူ၍ ထင်မြင်လာသောသူသည် အမှားကို အမှန်ဟုထင်မြင်သောသူနှင့်တူလေသည်။ စင်စစ်မှာကား ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအားလမ်းမှား၌ ထားတော်မူ၏။ ထိုနည်းတူစွာ မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ပြတော်မူ၏။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်) အသင်၏အသက်ဇီဝိန်သည် ၎င်းတို့နှင့်ပတ်သက်၍ဆွေးကာတွေးကာ မဆုံးပါးစေရ။ ဧကန်မလွဲအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုမူသမျှ တို့ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
9 وَاللَّهُ الَّذِي أَرْسَلَ الرِّيَاحَ فَتُثِيرُ سَحَابًا فَسُقْنَاهُ إِلَىٰ بَلَدٍ مَّيِّتٍ فَأَحْيَيْنَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا ۚ كَذَٰلِكَ النُّشُورُ
စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် လေများကို စေလွှတ်တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထို့နောက်ယင်းလေများသည် မိုးတိမ်များကို သယ်ဆောင်၍ သွားကြလေ၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်းမိုးတိမ်များကို(သွေ့ခြောက်)သေလျက်ရှိသော နယ်မြေဒေသများသို့ မောင်းနှင်တော်မူ၏။ ထို့နောက် ငါအရှင်မြတ်သည် ထို(မိုးတိမ်များမှရွာသွန်းသော)ရေဖြင့် (သွေ့ခြောက်)သေနေသောမြေကိုပြန်လည် စိမ်းလန်းစိုပြည်စေတော်မူ၏။ ရှင်ပြန်ထခြင်းသည်လည်း ဤနည်းအတိုင်းပင် ဖြစ်ချေသည်။
10 مَن كَانَ يُرِيدُ الْعِزَّةَ فَلِلَّهِ الْعِزَّةُ جَمِيعًا ۚ إِلَيْهِ يَصْعَدُ الْكَلِمُ الطَّيِّبُ وَالْعَمَلُ الصَّالِحُ يَرْفَعُهُ ۚ وَالَّذِينَ يَمْكُرُونَ السَّيِّئَاتِ لَهُمْ عَذَابٌ شَدِيدٌ ۖ وَمَكْرُ أُولَٰئِكَ هُوَ يَبُورُ
မည်သူမဆိုဂုဏ်အသရေကိုအလိုရှိလျှင်(အလ္လာဟ်အရှင်မြတ်ထံတော်၌သာလျှင် လျှောက်ထားရပေမည်။)အကြောင်းမူကား အလုံးစုံသော ဂုဏ်အသရေတို့မှာ အလ္လာဟ်အရှင်မြတ်၌သာ ရှိသောကြောင့်ပင်။ စင်ကြယ် သန့်ပြန်သောစကားရပ်များသည် ထိုအရှင်မြတ်အထံတော်သို့ပင် တက်သွားကြ ပေသည်။ ၎င်းပြင် ကောင်းမြတ်သော အကျင့်သီလဟူသည်ထိုစင်ကြယ်သန့်ပြန်သောစကားများကို ပင့်မြှောက်ပို့ဆောင်၍ ပေးလေသည်။ သို့ရာတွင် မကောင်းသော အကြံအစည်များကို ကြံစည်သော သူတို့၌မူကား ပြင်းထန်စွာသောပြစ်ဒဏ်သည် ရှိပေမည်။ ထိုမှတစ်ပါး ၎င်းတို့၏ အကြံအစည်တို့မှာလည်း ပျက်ပြား၍ သွားကြပေမည်။
11 وَاللَّهُ خَلَقَكُم مِّن تُرَابٍ ثُمَّ مِن نُّطْفَةٍ ثُمَّ جَعَلَكُمْ أَزْوَاجًا ۚ وَمَا تَحْمِلُ مِنْ أُنثَىٰ وَلَا تَضَعُ إِلَّا بِعِلْمِهِ ۚ وَمَا يُعَمَّرُ مِن مُّعَمَّرٍ وَلَا يُنقَصُ مِنْ عُمُرِهِ إِلَّا فِي كِتَابٍ ۚ إِنَّ ذَٰلِكَ عَلَى اللَّهِ يَسِيرٌ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်အသင်တို့အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ထိုနောက်ကလလရေကြည်ဖြင့်(ဖန်ဆင်းတော်မူခဲ့၏)။ ထိုနောက် ထိုအရှင်မြတ်သည် အသင်တို့အား စုံတွဲများ ပြုလုပ်တော်မူခဲ့၏။စင်စစ် မည်သည့်မိန်းမတစ်ဦးတစ်ယောက်မျှပင် ထိုအရှင်မြတ်မသိတော်မူပဲ ကိုယ်ဝန်ဆောင်ခြင်းလည်းမရှိ၊ သားဖွားခြင်းလည်းမရှိပေ။ ထိုနည်းတူစွာ မည်သည့်အသက်ရှည်သောသူတစ်ဦးတစ်ယောက်၏ အသက်ကိုမျှ ပို၍သတ်မှတ်သည်လည်းမရှိ။ မည်သူတစ်ဦးတစ်ယောက်၏ အသက်ကိုမျှလျော့၍ သတ်မှတ်သည်လည်းမရှိ။ သို့ရာတွင် ဤသည်တို့သည် မှတ်တမ်းတော်၌ ရေးမှတ်ပြီးဖြစ်သည်။ ဧကန်မလွဲ ဤသည်ကားအလ္လာဟ်အရှင်မြတ်၌ လွန်စွာ လွယ်ကူလှပေသတည်း။
12 وَمَا يَسْتَوِي الْبَحْرَانِ هَٰذَا عَذْبٌ فُرَاتٌ سَائِغٌ شَرَابُهُ وَهَٰذَا مِلْحٌ أُجَاجٌ ۖ وَمِن كُلٍّ تَأْكُلُونَ لَحْمًا طَرِيًّا وَتَسْتَخْرِجُونَ حِلْيَةً تَلْبَسُونَهَا ۖ وَتَرَى الْفُلْكَ فِيهِ مَوَاخِرَ لِتَبْتَغُوا مِن فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
၎င်းပြင် သမုဒ္ဒရာပင်လယ်နှစ်ခုသည် မတူကြပေ။ ဤ(ပင်လယ်တစ်ခု၏)ရေမှာချိုမြိန်၏။ ရေငတ်ပြေစေ၏။ထိုရေကို သောက်သုံးရာ၌လည်း လွယ်ကူ၍ အဝင်ကောင်းလှ၏။ သို့ရာတွင် ဤ (ပင်လယ်တစ်ခု၏ရေ)မှာမူကား ငံ၏။ခါး၏။ သို့ရာတွင် အသင်တို့သည်(ထိုပင်လယ်)အသီးသီးမှလတ်ဆတ်သောအသား၊(ဝါ) ငါးများကို စားသုံးကြကုန်၏။ ၎င်းပြင်အသင်တို့သည်(ထိုပင်လယ်များမှ)မိမိတို့ဝတ်ဆင်ကြ ကုန်သောလက်ဝတ်လက်စား တန်ဆာများကို ထုတ်ယူကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာကို ရှာဖွေဆည်းပူးကြအံ့သောငှာ ထိုပင်လယ်၌ သင်္ဘောများ ရေကိုခွဲ၍ သွားလာလျက် ရှိကြသည်ကိုလည်း အသင်သည် တွေ့မြင်ရပေမည်။ သို့မှာသာလျှင်အသင်တို့သည် ကျေးဇူးတော်ကို သိတတ်ကြအံ့သတည်း။
ဘာသာပြန် — ဖာတီရ် 10 စူရာ ဖာတီရ် အာယာသ် 10 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မည်သူမဆိုဂုဏ်အသရေကိုအလိုရှိလျှင်(အလ္လာဟ်အရှင်မြတ်ထံတော်၌သာလျှင် လျှောက်ထားရပေမည်။)အကြောင်းမူကား အလုံးစုံသော ဂုဏ်အသရေတို့မှာ အလ္လာဟ်အရှင်မြတ်၌သာ ရှိသောကြောင့်ပင်။ စင်ကြယ် သန့်ပြန်သောစကားရပ်များသည် ထိုအရှင်မြတ်အထံတော်သို့ပင် တက်သွားကြ…
စူရာ အာယာသ် 10/45 — စူရာ ဖာတီရ် فاطر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖာတီရ် နားထောင်, စူရာ ဖာတီရ် ဘာသာပြန်, စူရာ ဖာတီရ် mp3, စူရာ ဖာတီရ် pdf. အာယာသ် 8–12. မြန်မာဘာသာ: ภาษาไทย.