စာဒ် · 35/88
ဘာသာပြန် အသံနိုင်ငံ — စူရာ စာဒ်
قَالَ رَبِّ اغْفِرْ لِي وَهَبْ لِي مُلْكًا لَّا يَنبَغِي لِأَحَدٍ مِّن بَعْدِي ۖ إِنَّكَ أَنتَ الْوَهَّابُ ۝٣٥
Qaala Rabbigh fir lee wa hab lee mulkal laa yambaghee li ahadim mim ba`de inaka Antal Wahhab
📖 မြန်မာဘာသာ
ထို"စုလိုင်မာန်"သည် လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွှတ်ချမ်းသာပေးတော်မူပါ။ ၎င်းအပြင် အရှင်မြတ်သည် ကျွန်တော်မျိုးမှတစ်ပါး မည်သူတစ်စုံတစ်ယောက်မျှပင် မရထိုက်သော စိုးမိုးအုပ်ချုပ်မှုမျိုးကို ကျွန်တော်မျိုးအား ချီးမြှင့်တော်မူပါ၊ ဧကန်စင်စစ် အရှင်မြတ်သည် လွန်စွာ ရက်ရောစွာပေးကမ်းတော်မူသော အရှင်ပင် ဖြစ်တော်မူပါသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 33-37 — စူရာ စာဒ်

33رُدُّوهَا عَلَيَّ ۖ فَطَفِقَ مَسْحًا بِالسُّوقِ وَالْأَعْنَاقِ
(ထိုအခါ နဗီတမန်တော် "စုလိုင်မာန်"သည် မြင်းထိန်းတို့အား) အသင်တို့သည် ထိုမြင်းများကို ငါ၏ရှေ့မှောက်ဝယ် ပြန်လည်၍ သွင်းခဲ့ကြလေကုန်(ဟုအမိန့်ပေးခဲ့လေ၏)။ ထို့နောက် (ထိုမြင်းများမှာ နဗီတမန်တော် စုလိုင်မာန်၏ရှေ့ဝယ် ပြန်လည်၍ ရောက်ရှိလာကြလေသော်)ထို"စုလိုင်မာန်"သည်(ထိုမြင်းများ၏)ခြေသလုံးများ(ခြေထောက်များ)ကို လည်းကောင်း၊ လည်ကုပ်များကို စတင်ပွတ်သပ်ခြင်းကို ပြုလုပ်ခဲ့ပေသတည်း။
34وَلَقَدْ فَتَنَّا سُلَيْمَانَ وَأَلْقَيْنَا عَلَىٰ كُرْسِيِّهِ جَسَدًا ثُمَّ أَنَابَ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်(နဗီတမန်တော်) "စုလိုင်မာန်"အား စမ်းသပ်တော်မူခဲ့၏။ စင်စစ် ငါအရှင်မြတ်သည် ၎င်း၏ပလ္လင်ပေါ်ဝယ် ခန္ဓာကိုယ်တစ်ခုကို ချပေးတော်မူခဲ့၏။ သို့ရှိရာ ထို"စုလိုင်မာန်"သည် ပြန်လှည့်ခဲ့လေ၏။
35قَالَ رَبِّ اغْفِرْ لِي وَهَبْ لِي مُلْكًا لَّا يَنبَغِي لِأَحَدٍ مِّن بَعْدِي ۖ إِنَّكَ أَنتَ الْوَهَّابُ
ထို"စုလိုင်မာန်"သည် လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွှတ်ချမ်းသာပေးတော်မူပါ။ ၎င်းအပြင် အရှင်မြတ်သည် ကျွန်တော်မျိုးမှတစ်ပါး မည်သူတစ်စုံတစ်ယောက်မျှပင် မရထိုက်သော စိုးမိုးအုပ်ချုပ်မှုမျိုးကို ကျွန်တော်မျိုးအား ချီးမြှင့်တော်မူပါ၊ ဧကန်စင်စစ် အရှင်မြတ်သည် လွန်စွာ ရက်ရောစွာပေးကမ်းတော်မူသော အရှင်ပင် ဖြစ်တော်မူပါသည်။
36فَسَخَّرْنَا لَهُ الرِّيحَ تَجْرِي بِأَمْرِهِ رُخَاءً حَيْثُ أَصَابَ
သို့ဖြစ်၍ ငါအရှင်မြတ်သည် ထို"စုလိုင်မာန်"၏အဖို့ လေကို ၎င်း၏လက်အောက်ခံအဖြစ် ဆောင်ရွက်စေတော်မူခဲ့ရာ ထိုလေသည် ထို"စုလိုင်မာန်" အလိုရှိရာအရပ်သို့ ၎င်း၏အမိန့်နှင့် ညင်သာစွာတိုက်ခတ် သွားလာနေခဲ့သည်။
37وَالشَّيَاطِينَ كُلَّ بَنَّاءٍ وَغَوَّاصٍ
ထိုနည်းတူစွာ(ငါအရှင်မြတ်သည်)ဆိုးသွမ်းသော ဂျင်န်(န်)များ (ဝါ)အဆောက်အအုံ ဆောက်သူတိုင်းကိုလည်းကောင်း၊ ရေငုပ်သူတိုင်းကိုလည်းကောင်း။
စာဒ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
35အာယာသ်

ဘာသာပြန် — စာဒ် 35

စူရာ စာဒ် အာယာသ် 35 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို"စုလိုင်မာန်"သည် လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွှတ်ချမ်းသာပေးတော်မူပါ။ ၎င်းအပြင် အရှင်မြတ်သည် ကျွန်တော်မျိုးမှတစ်ပါး…

စူရာ အာယာသ် 35/88 — စူရာ စာဒ် ص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ စာဒ် နားထောင်, စူရာ စာဒ် ဘာသာပြန်, စူရာ စာဒ် mp3, စူရာ စာဒ် pdf. အာယာသ် 33–37. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers