အဇ်-ဇုမား · 63/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အဇ်-ဇုမား
لَّهُ مَقَالِيدُ السَّمَاوَاتِ وَالْأَرْضِ ۗ وَالَّذِينَ كَفَرُوا بِآيَاتِ اللَّهِ أُولَٰئِكَ هُمُ الْخَاسِرُونَ ۝٦٣
Lahoo maqaaleedus sa maawaati wal ard; wallazeena kafaroo bi ayaatil laahi ulaaa`ika humul khaasiroon
📖 မြန်မာဘာသာ
မိုးကောင်းကင်များ၏သော့များသည်လည်းကောင်း၊ ကမ္ဘာမြေ၏ သော့များသည်လည်းကောင်း၊ ထိုအရှင်မြတ်(၏လက်တော်တွင်း)၌သာ ရှိကြကုန်၏။ သို့ပါလျက် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ "အာယတ်" အမိန့်တော်များကို ငြင်းပယ်ခဲ့ကြသည်ရှိသော် ထိုသူတို့သည်သာလျှင် ဆုံးရှုံးသောသူများ ဖြစ်ကြပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 61-65 — စူရာ အဇ်-ဇုမား

61وَيُنَجِّي اللَّهُ الَّذِينَ اتَّقَوْا بِمَفَازَتِهِمْ لَا يَمَسُّهُمُ السُّوءُ وَلَا هُمْ يَحْزَنُونَ
၎င်းပြင် ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော "မွတ္တကီ" သူတော်စင်တို့ကိုမူကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ အောင်မြင်မှုနှင့်တကွ လွတ်မြောက်စေတော်မူပေမည်။ ၎င်းတို့တွင် ဘေးဒုက္ခသည်လည်း ဆိုက်ရောက်မည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ပူဆွေးကြရမည်လည်း မဟုတ်ပေတကား။
62اللَّهُ خَالِقُ كُلِّ شَيْءٍ ۖ وَهُوَ عَلَىٰ كُلِّ شَيْءٍ وَكِيلٌ
အလ္လာဟ်အရှင်မြတ်သည်ပင် အရာရာကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူသည့်ပြင် ထိုအရှင်မြတ်သည်ပင် အရာခပ်သိမ်းတို့ အပေါ်ဝယ် ထိန်းသိမ်းတော်မူသောအရှင် ဖြစ်တော်မူ၏။
63لَّهُ مَقَالِيدُ السَّمَاوَاتِ وَالْأَرْضِ ۗ وَالَّذِينَ كَفَرُوا بِآيَاتِ اللَّهِ أُولَٰئِكَ هُمُ الْخَاسِرُونَ
မိုးကောင်းကင်များ၏သော့များသည်လည်းကောင်း၊ ကမ္ဘာမြေ၏ သော့များသည်လည်းကောင်း၊ ထိုအရှင်မြတ်(၏လက်တော်တွင်း)၌သာ ရှိကြကုန်၏။ သို့ပါလျက် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ "အာယတ်" အမိန့်တော်များကို ငြင်းပယ်ခဲ့ကြသည်ရှိသော် ထိုသူတို့သည်သာလျှင် ဆုံးရှုံးသောသူများ ဖြစ်ကြပေမည်။
64قُلْ أَفَغَيْرَ اللَّهِ تَأْمُرُونِّي أَعْبُدُ أَيُّهَا الْجَاهِلُونَ
(အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောဆို (မေးမြန်း)ပါလေ။ အို-အသိပညာ ကင်းမဲ့သူတို့၊ သို့ပါလျက် ငါသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကို ဆည်းကပ်ကိုးကွယ်ရန် အသင်တို့သည် ငါ့အား တိုက်တွန်းကြလေသလော။
65وَلَقَدْ أُوحِيَ إِلَيْكَ وَإِلَى الَّذِينَ مِن قَبْلِكَ لَئِنْ أَشْرَكْتَ لَيَحْبَطَنَّ عَمَلُكَ وَلَتَكُونَنَّ مِنَ الْخَاسِرِينَ
အမှန်စင်စစ်သော်ကား အသင့်ထံသို့လည်းကောင်း၊ အသင့်အလျင်(ပွင့်ခဲ့ကြလေသော နဗီတမန်တော်များ)ထံသို့လည်းကောင်း၊ မုချမလွဲ(ဤသို့)"ဝဟ်ယ်"အမိန့်တော်ထုတ်ပြန်ခြင်း ခံခဲ့ရလေ၏။ "အမှန်ပင် အကယ်၍ အသင်သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်)နှိုင်းယှဉ် တွဲဖက်ကိုးကွယ်မှုကို ကျူးလွန်မိခဲ့ပါလျှင် မုချစင်စစ် အသင်၏ ပြုမူကျင့်ဆောင်ချက်တို့သည် အချည်းနှီးဖြစ်သွားမည့်ပြင် ဧကန်မလွဲ အသင်သည် ဆုံးရှုံးကြကုန်သော သူတို့တွင်လည်း အပါအဝင် ဖြစ်ချေမည်။
အဇ်-ဇုမားကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MeccanRevelation
63အာယာသ်

ဘာသာပြန် — အဇ်-ဇုမား 63

စူရာ အဇ်-ဇုမား အာယာသ် 63 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မိုးကောင်းကင်များ၏သော့များသည်လည်းကောင်း၊ ကမ္ဘာမြေ၏ သော့များသည်လည်းကောင်း၊ ထိုအရှင်မြတ်(၏လက်တော်တွင်း)၌သာ ရှိကြကုန်၏။ သို့ပါလျက် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ "အာယတ်" အမိန့်တော်များကို…

စူရာ အာယာသ် 63/75 — စူရာ အဇ်-ဇုမား الزمر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အဇ်-ဇုမား နားထောင်, စူရာ အဇ်-ဇုမား ဘာသာပြန်, စူရာ အဇ်-ဇုမား mp3, စူရာ အဇ်-ဇုမား pdf. အာယာသ် 61–65. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers