အဇ်-ဇုမား · 69/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အဇ်-ဇုမား
وَأَشْرَقَتِ الْأَرْضُ بِنُورِ رَبِّهَا وَوُضِعَ الْكِتَابُ وَجِيءَ بِالنَّبِيِّينَ وَالشُّهَدَاءِ وَقُضِيَ بَيْنَهُم بِالْحَقِّ وَهُمْ لَا يُظْلَمُونَ ۝٦٩
Wa ashraqatil ardu binoori Rabbihaa wa wudi`al Kitaabu wa jeee`a bin nabiyyeena wash shuhadaaa`i wa qudiya bainahum bilhaqqi wa hum laa yuzlamoon
📖 မြန်မာဘာသာ
၎င်းပြင် ပထဝီမြေမှာ ၎င်းကို ဖန်ဆင်းတော်မူသောအရှင်မြတ်၏ ရောင်ခြည်တော်ကြောင့် လင်းထိန်၍သွားပေမည်။ ထို့ပြင် မှတ်တမ်းစာအုပ်များသည်လည်း(အဆင်သင့်)ထားရှိပြီး ဖြစ်ကြပေမည်။ ထိုမှတစ်ပါး နဗီတမန်တော်တို့သည်လည်းကောင်း၊ "ရှဟီးဒ်"(အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ကျဆုံးခဲ့ကြရသောသူ)တို့သည်လည်းကောင်း၊ (ရှေ့တော်မှောက်သို့) ရောက်လာကြရပေမည်။ ထို့ပြင် ၎င်းတို့၏ အကြားဝယ် တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်ပြီး ဖြစ်ချေမည်။ သို့ရာတွင် ၎င်းတို့မှာ (အနည်းငယ်စိုးစဉ်းမျှပင်) မတရားပြုလုပ်ခြင်းကို ခံကြရမည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 67-71 — စူရာ အဇ်-ဇုမား

67وَمَا قَدَرُوا اللَّهَ حَقَّ قَدْرِهِ وَالْأَرْضُ جَمِيعًا قَبْضَتُهُ يَوْمَ الْقِيَامَةِ وَالسَّمَاوَاتُ مَطْوِيَّاتٌ بِيَمِينِهِ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ
စင်စစ်သော်ကား ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား ကြည်ညိုလေးစားအပ်သည့် နည်းအတိုင်း ကြည်ညိုလေးစားခြင်း မပြုခဲ့ကြပေ။ စင်စစ်မှာကား "ကိယာမတ်"ရှင်ပြန်ထမည့်နေ့တွင် ကမ္ဘာမြေတစ်ခုလုံးမှာ ထိုအရှင်မြတ်၏ လက်တစ်ဆုပ်စာပင် ရှိမည်သာမက၊ မိုးကောင်းကင်များမှာလည်း ထိုအရှင်မြတ်၏ လက်ယာလက်တော်တွင်းဝယ် လိပ်ထားလျက်ပင် ရှိကြပေမည်။ ထိုအရှင်မြတ်မှာမူကား ၎င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့မှ(လုံးဝ) စင်ကြယ်သန့်ရှင်းတော်မူသည့်ပြင် ထိုအရှင်မြတ်သည်(ထိုအရာတို့ထက် အတိုင်းမရှိ) မြင့်မြတ်လှတော် မူပေသတည်း။
68وَنُفِخَ فِي الصُّورِ فَصَعِقَ مَن فِي السَّمَاوَاتِ وَمَن فِي الْأَرْضِ إِلَّا مَن شَاءَ اللَّهُ ۖ ثُمَّ نُفِخَ فِيهِ أُخْرَىٰ فَإِذَا هُمْ قِيَامٌ يَنظُرُونَ
ထိုမှတစ်ပါး တံပိုးခရာမှုတ်သောအခါ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသောသူမှတစ်ပါး မိုးကောင်းကင်များ၌ ရှိကြကုန်သောသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိကြကုန်သောသူတို့သည်လည်းကောင်း၊ သတိမေ့၍ သွားကြပေမည်။ ထို့နောက် တဖန် ယင်းတံပိုးကိုမှုတ်ခဲ့ပြန်သော် ၎င်းတို့မှာ ရုတ်တရက် မတ်တပ်ရပ်လျက် ကြည့်နေကြပေမည်။
69وَأَشْرَقَتِ الْأَرْضُ بِنُورِ رَبِّهَا وَوُضِعَ الْكِتَابُ وَجِيءَ بِالنَّبِيِّينَ وَالشُّهَدَاءِ وَقُضِيَ بَيْنَهُم بِالْحَقِّ وَهُمْ لَا يُظْلَمُونَ
၎င်းပြင် ပထဝီမြေမှာ ၎င်းကို ဖန်ဆင်းတော်မူသောအရှင်မြတ်၏ ရောင်ခြည်တော်ကြောင့် လင်းထိန်၍သွားပေမည်။ ထို့ပြင် မှတ်တမ်းစာအုပ်များသည်လည်း(အဆင်သင့်)ထားရှိပြီး ဖြစ်ကြပေမည်။ ထိုမှတစ်ပါး နဗီတမန်တော်တို့သည်လည်းကောင်း၊ "ရှဟီးဒ်"(အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ကျဆုံးခဲ့ကြရသောသူ)တို့သည်လည်းကောင်း၊ (ရှေ့တော်မှောက်သို့) ရောက်လာကြရပေမည်။ ထို့ပြင် ၎င်းတို့၏ အကြားဝယ် တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်ပြီး ဖြစ်ချေမည်။ သို့ရာတွင် ၎င်းတို့မှာ (အနည်းငယ်စိုးစဉ်းမျှပင်) မတရားပြုလုပ်ခြင်းကို ခံကြရမည်မဟုတ်ပေ။
70وَوُفِّيَتْ كُلُّ نَفْسٍ مَّا عَمِلَتْ وَهُوَ أَعْلَمُ بِمَا يَفْعَلُونَ
ထိုမှတစ်ပါး လူတိုင်းလူတိုင်းသည် မိမိတို့ ကျင့်မူ ပြုလုပ်ခဲ့ကြသည်တို့၏အစားကို အပြည့်အစုံပေးဆပ်ခြင်းကို ခံကြရပေမည်။ အမှန်စင်စစ်သော်ကား ထိုအရှင်မြတ်သည် ၎င်းတို့ပြုလုပ်သမျှတို့ကို အသိတော်မူဆုံးပင် ဖြစ်တော်မူပေသတည်း။
71وَسِيقَ الَّذِينَ كَفَرُوا إِلَىٰ جَهَنَّمَ زُمَرًا ۖ حَتَّىٰ إِذَا جَاءُوهَا فُتِحَتْ أَبْوَابُهَا وَقَالَ لَهُمْ خَزَنَتُهَا أَلَمْ يَأْتِكُمْ رُسُلٌ مِّنكُمْ يَتْلُونَ عَلَيْكُمْ آيَاتِ رَبِّكُمْ وَيُنذِرُونَكُمْ لِقَاءَ يَوْمِكُمْ هَٰذَا ۚ قَالُوا بَلَىٰ وَلَٰكِنْ حَقَّتْ كَلِمَةُ الْعَذَابِ عَلَى الْكَافِرِينَ
စင်စစ်သော်ကား "ကာဖိရ်" သွေဖည် ငြင်းပယ်ခဲ့ကြကုန်သောသူတို့သည် "ဂျဟန္နမ်" ငရဲဘုံသို့ အုပ်စုလိုက် မောင်းနှင်ခြင်းကို ခံကြရပေမည်။ နောက်ဆုံးတွင် ၎င်းတို့သည် ယင်း "ဂျဟန္နမ်" ငရဲဘုံသို့ ရောက်ရှိလာခဲ့ကြသောအခါ ယင်း"ဂျဟန္နမ်" ငရဲဘုံ၏ တံခါးများသည် ဖွင့်ပေးခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး ယင်း "ဂျဟန္နမ်"ငရဲဘုံကို စောင့်ကြပ်သူ(ကောင်းကင်တမန်)တို့က ၎င်းတို့အား "အသင်တို့ထံ အသင်တို့အနက်မှပင် အကြင် "ရစူလ်" တမန်တော်များ ရောက်ရှိလာခဲ့ကြသည် မဟုတ်လော၊ ထိုရစူလ်တမန်တော်များသည် အသင်တို့ရှေ့ဝယ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အာယတ်တော်များကိုလည်း ဖတ်ကြားခဲ့ကြလေ၏။ ထိုမှတစ်ပါး အသင်တို့အား ဤနေ့နှင့် အသင်တို့ဆုံစည်းကြရမည်ကိုလည်း သတိပေးနှိုးဆော်ကြကုန်၏။" ဟုပြောဆိုကြပေမည်။ (ထိုအခါ) ၎င်းတို့က "ဟုတ်ပေသည်။ သို့ရာတွင် "ကာဖိရ်" သွေဖည်ငြင်းပယ်ကြကုန်သော သူတို့အပေါ်၌ ပြစ်ဒဏ်၏ အမိန့်တော်သည် အတည်ဖြစ်ခဲ့ချေပြီ"ဟု ပြောဆို(ပြန်ကြား)ခဲ့ကြပေမည်။
အဇ်-ဇုမားကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MeccanRevelation
69အာယာသ်

ဘာသာပြန် — အဇ်-ဇုမား 69

စူရာ အဇ်-ဇုမား အာယာသ် 69 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ပထဝီမြေမှာ ၎င်းကို ဖန်ဆင်းတော်မူသောအရှင်မြတ်၏ ရောင်ခြည်တော်ကြောင့် လင်းထိန်၍သွားပေမည်။ ထို့ပြင် မှတ်တမ်းစာအုပ်များသည်လည်း(အဆင်သင့်)ထားရှိပြီး ဖြစ်ကြပေမည်။ ထိုမှတစ်ပါး…

စူရာ အာယာသ် 69/75 — စူရာ အဇ်-ဇုမား الزمر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အဇ်-ဇုမား နားထောင်, စူရာ အဇ်-ဇုမား ဘာသာပြန်, စူရာ အဇ်-ဇုမား mp3, စူရာ အဇ်-ဇုမား pdf. အာယာသ် 67–71. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers