အန်-နီဆာ · 28/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
يُرِيدُ اللَّهُ أَن يُخَفِّفَ عَنكُمْ ۚ وَخُلِقَ الْإِنسَانُ ضَعِيفًا ۝٢٨
Yureedul laahu ai yukhaffifa `ankum; wa khuliqal insaanu da`eefaa
📖 မြန်မာဘာသာ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ဝန်ကို လျော့ပေါ့စေတော်မူရန် ရည်စူးတော်မူ၏။ စင်စစ်တမူကား လူသားတို့သည် အားအင်ချည့်နဲ့ သူများအဖြစ် ဖန်ဆင်းခြင်းခံခဲ့ကြရလေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 26-30 — စူရာ အန်-နီဆာ

26يُرِيدُ اللَّهُ لِيُبَيِّنَ لَكُمْ وَيَهْدِيَكُمْ سُنَنَ الَّذِينَ مِن قَبْلِكُمْ وَيَتُوبَ عَلَيْكُمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ (မိမိအမိန့်တော်များကို) ရှင်းလင်း ဖော်ပြတော်မူရန်လည်းကောင်း၊ သင်တို့အလျင်ရှိခဲ့ကြသော သူ (တော်စင်) တို့၏ တရားနည်းလမ်းတို့ကို ညွှန်ကြား ပြသတော်မူရန်လည်းကောင်း၊ (မိမိ) ကရုဏာတော်နှင့် အသင်တို့ဘက်သို့ ပြန်လှည့်တော်မူရန်လည်းကောင်း ရည်စူးတော်မူလေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
27وَاللَّهُ يُرِيدُ أَن يَتُوبَ عَلَيْكُمْ وَيُرِيدُ الَّذِينَ يَتَّبِعُونَ الشَّهَوَاتِ أَن تَمِيلُوا مَيْلًا عَظِيمًا
အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ဘက်သို့ (မိမိ) ကရုဏာတော်ဖြင့် လှည့်တော်မူရန် ရည်စူးတော်မူသည်။ သို့ရာတွင် မိမိတို့၏အလိုဆန္ဒများကို လိုက်စားကြကုန်သော သူတို့မှာကား အသင်တို့ (ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်မှ) အကြီးအကျယ် ယိမ်းယိုင် ချွတ်ချော်တိမ်းပါးခြင်းကိုသာ ရည်စူးကြကုန်သတည်း။
28يُرِيدُ اللَّهُ أَن يُخَفِّفَ عَنكُمْ ۚ وَخُلِقَ الْإِنسَانُ ضَعِيفًا
အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ဝန်ကို လျော့ပေါ့စေတော်မူရန် ရည်စူးတော်မူ၏။ စင်စစ်တမူကား လူသားတို့သည် အားအင်ချည့်နဲ့ သူများအဖြစ် ဖန်ဆင်းခြင်းခံခဲ့ကြရလေသတည်း။
29يَا أَيُّهَا الَّذِينَ آمَنُوا لَا تَأْكُلُوا أَمْوَالَكُم بَيْنَكُم بِالْبَاطِلِ إِلَّا أَن تَكُونَ تِجَارَةً عَن تَرَاضٍ مِّنكُمْ ۚ وَلَا تَقْتُلُوا أَنفُسَكُمْ ۚ إِنَّ اللَّهَ كَانَ بِكُمْ رَحِيمًا
အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဘက်နှင့်တစ်ဘက် သဘောတူကျေနပ်မှုဖြင့် တစ်စုံတရာ ေရာင်းဝယ်ဖောက်ကားမှု ပြုလုပ်သည်မှတပါး မိမိ ဥစ္စာပစ္စည်းများကို မိမိတို့အချင်းချင်း မတရားသောနည်းနှင့် စားသုံးခြင်းမပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် မိမိတို့အချင်းချင်း သတ်ဖြတ်ခြင်းကိုလည်း မပြုကြကုန်လင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်ဝယ် အလွန် သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
30وَمَن يَفْعَلْ ذَٰلِكَ عُدْوَانًا وَظُلْمًا فَسَوْفَ نُصْلِيهِ نَارًا ۚ وَكَانَ ذَٰلِكَ عَلَى اللَّهِ يَسِيرًا
သို့ရာတွင် အကြင်သူသည် ကျူးလွန်ခြင်းအားဖြင့်လည်းကောင်း၊ မတော်မတရား ညှဉ်းပန်း နှိပ်စက်ခြင်းအားဖြင့်လည်းကောင်း၊ ယင်းကဲ့သို့ ပြုလုပ်ပါမူ၊ ငါအရှင်မြတ်သည် ထိုသူအား မကြာမြင့်မီ ငရဲထဲသို့ ထည့်သွင်းတော်မူအံ့။ အမှန်သော်ကား ဤ (ကဲ့သို့ ထည့်သွင်းခြင်း) သည် အလ္လာဟ်အရှင်မြတ်အဖို့ လွယ်ကူသောအမှုပင် ဖြစ်ချေသည်။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
28အာယာသ်

ဘာသာပြန် — အန်-နီဆာ 28

စူရာ အန်-နီဆာ အာယာသ် 28 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ဝန်ကို လျော့ပေါ့စေတော်မူရန် ရည်စူးတော်မူ၏။ စင်စစ်တမူကား လူသားတို့သည် အားအင်ချည့်နဲ့ သူများအဖြစ် ဖန်ဆင်းခြင်းခံခဲ့ကြရလေသတည်း။

စူရာ အာယာသ် 28/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 26–30. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers