အန်-နီဆာ · 27/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَاللَّهُ يُرِيدُ أَن يَتُوبَ عَلَيْكُمْ وَيُرِيدُ الَّذِينَ يَتَّبِعُونَ الشَّهَوَاتِ أَن تَمِيلُوا مَيْلًا عَظِيمًا ۝٢٧
Wallaahu yureedu ai yatooba `alaikum wa yureedul lazeena yattabi `oonash shahawaati an tameeloo mailan `azeemaa
📖 မြန်မာဘာသာ
အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ဘက်သို့ (မိမိ) ကရုဏာတော်ဖြင့် လှည့်တော်မူရန် ရည်စူးတော်မူသည်။ သို့ရာတွင် မိမိတို့၏အလိုဆန္ဒများကို လိုက်စားကြကုန်သော သူတို့မှာကား အသင်တို့ (ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်မှ) အကြီးအကျယ် ယိမ်းယိုင် ချွတ်ချော်တိမ်းပါးခြင်းကိုသာ ရည်စူးကြကုန်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 25-29 — စူရာ အန်-နီဆာ

25وَمَن لَّمْ يَسْتَطِعْ مِنكُمْ طَوْلًا أَن يَنكِحَ الْمُحْصَنَاتِ الْمُؤْمِنَاتِ فَمِن مَّا مَلَكَتْ أَيْمَانُكُم مِّن فَتَيَاتِكُمُ الْمُؤْمِنَاتِ ۚ وَاللَّهُ أَعْلَمُ بِإِيمَانِكُم ۚ بَعْضُكُم مِّن بَعْضٍ ۚ فَانكِحُوهُنَّ بِإِذْنِ أَهْلِهِنَّ وَآتُوهُنَّ أُجُورَهُنَّ بِالْمَعْرُوفِ مُحْصَنَاتٍ غَيْرَ مُسَافِحَاتٍ وَلَا مُتَّخِذَاتِ أَخْدَانٍ ۚ فَإِذَا أُحْصِنَّ فَإِنْ أَتَيْنَ بِفَاحِشَةٍ فَعَلَيْهِنَّ نِصْفُ مَا عَلَى الْمُحْصَنَاتِ مِنَ الْعَذَابِ ۚ ذَٰلِكَ لِمَنْ خَشِيَ الْعَنَتَ مِنكُمْ ۚ وَأَن تَصْبِرُوا خَيْرٌ لَّكُمْ ۗ وَاللَّهُ غَفُورٌ رَّحِيمٌ
သို့ရာတွင် အသင်တို့အနက်မှ အကြင်သူသည် လွတ်လပ်သော ‘မုအ်မင်န်’ အမျိုးသ္မီးများနှင့် ထိမ်းမြားနိုင်ရန် (ကုံလုံကြွယ်ဝ) တတ်စွမ်းနိုင်ခြင်း မရှိခဲ့ပါလျှင် ထိုသို့သောသူသည် အသင်တို့ပိုင်ဆိုင်ကြသော ‘မုအ်မင်န်’ ကျွန်မများ (နှင့်ထိမ်းမြားနိုင်ပေသည်) စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ‘အီမာန်’ သက်ဝင်ယုံကြည်မှုကို အသိဆုံးပင် ဖြစ်တော်မူပေသည်။ အသင်တို့သည် (အာဒမ်နှင့်ဟောင်ဝါမှ ဆင်းသက်လာသော) သားချင်းများပင် ဖြစ်ကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းကျွန်မတို့အား ပိုင်ဆိုင်ကြသော သခင်များ၏ ခွင့်ပြုချက်ဖြင့် ထိုကျွန်မများနှင့် ထိမ်းမြားလက်ထပ်ကြကုန်။ ၎င်းပြင် အသင်တို့သည် တရားဥပဒေနှင့်အညီ ထိုကျွန်မများအား ၎င်းတို့၏ မဟရ်များကို ပေးကြကုန်။ ထိုကျွန်မများသည် (ထိမ်းမြားခြင်းအားဖြင့် မိမိတို့၏) ဂုဏ်ရည်ကို ထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်ကြရပေမည်။ ကာမေသုမိစ္ဆာစာရကို ကျူးလွန်သူများ မဖြစ်ကြရပေ။ တိတ်တိတ်ပုံး မိတ်ဖွဲ့ (လင်မြှောင်ထား) သူများလည်း မဖြစ်ကြရပေ။ ထို့ပြင် ထိုကျွန်မများသည် ဇနီးမိန်းမများအဖြစ် ထိမ်းမြားခြင်းခံရပြီးနောက် အကယ်၍ ကာမေသုမိစ္ဆာစာရကို ကျူးလွန်ခဲ့ကြသော် ထိုကျွန်မတို့အပေါ်၌ (စီရင်အပ်သော အပြစ်ဒဏ်သည်) လွတ်လပ်သော အမျိုးသမီးများအပေါ်၌ စီရင်အပ်သောအပြစ်ဒဏ်၏ ထက်ဝက်ဖြစ်သည်။ ဤ (ကဲ့သို့ ကျွန်မများနှင့်ထိမ်းမြားရန်) အမိန့်တော်သည် အသင်တို့အနက်မှ (ထိမ်းမြားခြင်း�ပြုဘဲ နေခဲ့သည်ရှိသော်) ကာမေသုမိစ္ဆာစာရ (ကျူးလွန်မိမည်) ကို စိုးရိမ်သောသူတို့အဖို့ဖြစ်၏။ ၎င်းပြင် အသင်တို့သည် (မိမိတို့၏စိတ်များကို ချုပ်တည်း၍ ကျွန်မများနှင့်မထိမ်းမြားဘဲ) သည်းခံကြပါမူ အသင်တို့အဖို့ ပို၍ပင်ကောင်းပေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှုများမှ) အလွန်တရာ ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာ သနားညှာတာ ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
26يُرِيدُ اللَّهُ لِيُبَيِّنَ لَكُمْ وَيَهْدِيَكُمْ سُنَنَ الَّذِينَ مِن قَبْلِكُمْ وَيَتُوبَ عَلَيْكُمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ (မိမိအမိန့်တော်များကို) ရှင်းလင်း ဖော်ပြတော်မူရန်လည်းကောင်း၊ သင်တို့အလျင်ရှိခဲ့ကြသော သူ (တော်စင်) တို့၏ တရားနည်းလမ်းတို့ကို ညွှန်ကြား ပြသတော်မူရန်လည်းကောင်း၊ (မိမိ) ကရုဏာတော်နှင့် အသင်တို့ဘက်သို့ ပြန်လှည့်တော်မူရန်လည်းကောင်း ရည်စူးတော်မူလေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
27وَاللَّهُ يُرِيدُ أَن يَتُوبَ عَلَيْكُمْ وَيُرِيدُ الَّذِينَ يَتَّبِعُونَ الشَّهَوَاتِ أَن تَمِيلُوا مَيْلًا عَظِيمًا
အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ဘက်သို့ (မိမိ) ကရုဏာတော်ဖြင့် လှည့်တော်မူရန် ရည်စူးတော်မူသည်။ သို့ရာတွင် မိမိတို့၏အလိုဆန္ဒများကို လိုက်စားကြကုန်သော သူတို့မှာကား အသင်တို့ (ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်မှ) အကြီးအကျယ် ယိမ်းယိုင် ချွတ်ချော်တိမ်းပါးခြင်းကိုသာ ရည်စူးကြကုန်သတည်း။
28يُرِيدُ اللَّهُ أَن يُخَفِّفَ عَنكُمْ ۚ وَخُلِقَ الْإِنسَانُ ضَعِيفًا
အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ဝန်ကို လျော့ပေါ့စေတော်မူရန် ရည်စူးတော်မူ၏။ စင်စစ်တမူကား လူသားတို့သည် အားအင်ချည့်နဲ့ သူများအဖြစ် ဖန်ဆင်းခြင်းခံခဲ့ကြရလေသတည်း။
29يَا أَيُّهَا الَّذِينَ آمَنُوا لَا تَأْكُلُوا أَمْوَالَكُم بَيْنَكُم بِالْبَاطِلِ إِلَّا أَن تَكُونَ تِجَارَةً عَن تَرَاضٍ مِّنكُمْ ۚ وَلَا تَقْتُلُوا أَنفُسَكُمْ ۚ إِنَّ اللَّهَ كَانَ بِكُمْ رَحِيمًا
အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဘက်နှင့်တစ်ဘက် သဘောတူကျေနပ်မှုဖြင့် တစ်စုံတရာ ေရာင်းဝယ်ဖောက်ကားမှု ပြုလုပ်သည်မှတပါး မိမိ ဥစ္စာပစ္စည်းများကို မိမိတို့အချင်းချင်း မတရားသောနည်းနှင့် စားသုံးခြင်းမပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် မိမိတို့အချင်းချင်း သတ်ဖြတ်ခြင်းကိုလည်း မပြုကြကုန်လင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်ဝယ် အလွန် သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
27အာယာသ်

ဘာသာပြန် — အန်-နီဆာ 27

စူရာ အန်-နီဆာ အာယာသ် 27 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ဘက်သို့ (မိမိ) ကရုဏာတော်ဖြင့် လှည့်တော်မူရန် ရည်စူးတော်မူသည်။ သို့ရာတွင် မိမိတို့၏အလိုဆန္ဒများကို လိုက်စားကြကုန်သော…

စူရာ အာယာသ် 27/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 25–29. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers