وَمِنْ آيَاتِهِ أَنَّكَ تَرَى الْأَرْضَ خَاشِعَةً فَإِذَا أَنزَلْنَا عَلَيْهَا الْمَاءَ اهْتَزَّتْ وَرَبَتْ ۚ إِنَّ الَّذِي أَحْيَاهَا لَمُحْيِي الْمَوْتَىٰ ۚ إِنَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ٣٩
🔤 Transliteration
Wa min Aayaatiheee annaka taral arda khaashi`atan fa izaaa anzalna `alaihal maaa`ah tazzat wa rabat; innal lazeee ahyaahaa lamuhiyil mawtaa; innahoo `alaa kulli shai-in Qadeer
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတစ်ပါး (ဤသည်လည်း) ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်တို့ အနက်မှပင်ဖြစ်၏။ အသင်သည်ပထဝီမြေကို အခြေအနေညံ့ဖျင်းစွာ တွေ့မြင်ရ၏။ ထို့နောက်ငါအရှင်မြတ်သည် ပထဝီမြေ၏အပေါ်၌ ရေကို ရွာသွန်းစေတော်မူသောအခါ၊ ယင်းပထဝီမြေမှာ တိုးတက်ထွန်းကား စိမ်းစို၍လည်းကောင်း၊ (သစ်ပင်အစရှိသည်တို့)ပေါက်ရောက် ဖွံ့ဖြိုး၍လည်းကောင်း၊ လာလေသည်။ (သို့ဖြစ်ပေရာ) ဧကန်မလွဲယင်းပထဝီမြေကို ရှင်စေတော်မူသော အရှင်မြတ်သည်ပင်လျှင်ဧကန်အမှန် သူသေတို့အား ရှင်စေတော်မူမည့်အရှင် ဖြစ်တော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုစွမ်းနိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🌐 Additional reference in ภาษาไทย
၁။ ကမ္ဘာမြေကြီးသည် သွေ့ခြောက်နေသည့် အခြေအနေကို ဖော်ပြရာတွင် "ခွာရှိအာ" (خَاشِعَةً ) ဟူသော စကားလုံးသည် ကျိုးနွံနှိမ့်ချနေသည့် သဘောကို ဆောင်သည်။ ဤနေရာတွင် မြေကြီးသည် အပင်များ မပေါက်ရောက်ဘဲ သွေ့ခြောက်ကြမ်းတမ်းနေသည့် အခြေအနေကို ဆိုလိုသည်။ "အဟ်သဇ်ဇတ်" (اهْتَزَّتْ ) ဟူသော စကားလုံးသည် လှုပ်ရှားခြင်း၊ တုန်ခါခြင်းကို ဆိုလိုပြီး ဤနေရာတွင် မြေကြီးအတွင်းမှ အပင်များ ပေါက်ရောက်လာသဖြင့် မြေကြီး ရှင်သန်လှုပ်ရှားလာသည့် သဘောကို ဆောင်သည်။ "ဝရဗတ်" (وَرَبَتْ ) ဟူသော စကားလုံးသည် ကြီးထွားခြင်း၊ မြင့်တက်ခြင်းကို ဆိုလိုပြီး ဤနေရာတွင် မြေကြီးသည် အပင်များ ပေါက်ရောက်လာသဖြင့် မြင့်တက်လာသည့် သဘောကို ဆောင်သည်။
၂။ ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်နှင့် အနန္တစွမ်းရည်တော်ကို ဖော်ပြသည့် သက်သေလက္ခဏာတစ်ရပ်ကို ရှင်းလင်းစွာ တင်ပြထားသည်။ လူသားတို့သည် မြေကြီးကို ကြည့်ရှုသောအခါ အပင်များ မပေါက်ရောက်ဘဲ သွေ့ခြောက်ကြမ်းတမ်းနေသည်ကို တွေ့မြင်ရသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထိုမြေကြီးပေါ်သို့ မိုးရေကို ရွာသွန်းစေတော်မူသောအခါ မြေကြီးသည် ရှင်သန်လှုပ်ရှားလာပြီး မြေအတွင်း၌ လျှို့ဝှက်ရှိနေသော မျိုးစေ့များ ပေါက်ရောက်လာသဖြင့် မြင့်တက်လာသည်။ ဤသို့ဖြင့် သွေ့ခြောက်သေဆုံးနေသော မြေကြီးကို ရှင်သန်စေတော်မူသော အရှင်မြတ်သည် သေဆုံးသွားသော လူသားတို့ကိုလည်း ပြန်လည်ရှင်သန်စေတော်မူနိုင်သည့် တန်ခိုးတော်ရှင်ဖြစ်တော်မူသည်။ အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် စွမ်းဆောင်နိုင်တော်မူသော တန်ခိုးတော်ရှင်ဖြစ်တော်မူသည်။ မြေကြီးကို သေဆုံးပြီးနောက် ပြန်လည်ရှင်သန်စေတော်မူနိုင်သကဲ့သို့ လူသားတို့ကို သေဆုံးပြီးနောက် ပြန်လည်ရှင်သန်စေတော်မူနိုင်သည်ကိုလည်း ဤအာယသ်တော်က သတိပေးနှိုးဆော်ထားသည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်သည်။
(က) အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် စွမ်းဆောင်နိုင်တော်မူသော တန်ခိုးတော်ရှင်ဖြစ်တော်မူသည်။ သွေ့ခြောက်သေဆုံးနေသော မြေကြီးကို ရှင်သန်စေတော်မူနိုင်သကဲ့သို့ သေဆုံးသွားသော လူသားတို့ကိုလည်း ပြန်လည်ရှင်သန်စေတော်မူနိုင်သည်။ ဤအချက်သည် ကိယာမသ်နေ့ (ရှင်ပြန်ထမြောက်မည့်နေ့) ကို
وَمِنۡ ءَايَٰتِهِۦٓ أَنَّكَ تَرَى ٱلۡأَرۡضَ خَٰشِعَةً فَإِذَآ أَنزَلۡنَا عَلَيۡهَا ٱلۡمَآءَ ٱهۡتَزَّتۡ وَرَبَتۡۚ إِنَّ ٱلَّذِيٓ أَحۡيَاهَا لَمُحۡيِ ٱلۡمَوۡتَىٰٓۚ إِنَّهُۥ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ٣٩
ထိုမှတစ်ပါး (ဤသည်လည်း) ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်တို့ အနက်မှပင်ဖြစ်၏။ အသင်သည်ပထဝီမြေကို အခြေအနေညံ့ဖျင်းစွာ တွေ့မြင်ရ၏။ ထို့နောက်ငါအရှင်မြတ်သည် ပထဝီမြေ၏အပေါ်၌ ရေကို ရွာသွန်းစေတော်မူသောအခါ၊ ယင်းပထဝီမြေမှာ တိုးတက်ထွန်းကား စိမ်းစို၍လည်းကောင်း၊ (သစ်ပင်အစရှိသည်တို့)ပေါက်ရောက် ဖွံ့ဖြိုး၍လည်းကောင်း၊ လာလေသည်။ (သို့ဖြစ်ပေရာ) ဧကန်မလွဲယင်းပထဝီမြေကို ရှင်စေတော်မူသော အရှင်မြတ်သည်ပင်လျှင်ဧကန်အမှန် သူသေတို့အား ရှင်စေတော်မူမည့်အရှင် ဖြစ်တော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုစွမ်းနိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 37-41 — စူရာ ဖုစ်စီလာ့
37 وَمِنْ آيَاتِهِ اللَّيْلُ وَالنَّهَارُ وَالشَّمْسُ وَالْقَمَرُ ۚ لَا تَسْجُدُوا لِلشَّمْسِ وَلَا لِلْقَمَرِ وَاسْجُدُوا لِلَّهِ الَّذِي خَلَقَهُنَّ إِن كُنتُمْ إِيَّاهُ تَعْبُدُونَ
အမှန်သော်ကား ညသည်လည်းကောင်း၊ နေ့သည်လည်းကောင်း၊ နေသည်လည်းကောင်း၊ လ သည်လည်းကောင်း၊ ထိုအရှင်မြတ်၏သက်သေ လက္ခဏာတော်တို့အနက်မှ ဖြစ်ကုန်၏။ (သို့ဖြစ်ပေရာ) အသင်တို့သည် နေကိုလည်း စဂျ်ဒဟ် ပျပ်ဝပ်ဦးချ(ပူဇော်ဆည်းကပ်)ခြင်း မပြုကြကုန်လင့်။ ထိုနည်းတူစွာ အသင်တို့သည် လကိုလည်း ပျပ်ဝပ်ဦးချ (ပူဇော်ဆည်းကပ်)ခြင်း မပြုကြကုန်လင့်။ သို့ရာတွင်ယင်းသက်သေလက္ခဏာတော်(လေးပါး)ကို ဖန်ဆင်းတော်မူသောအလ္လာဟ်အရှင်မြတ် အားသာလျှင် စဂျ်ဒဟ် ပျပ်ဝပ်ဦးချလေကုန်။ အကယ်၍ အသင်တို့သည် အကယ်စင်စစ်ထိုအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်သူများဖြစ်ကြလျှင်။
38 فَإِنِ اسْتَكْبَرُوا فَالَّذِينَ عِندَ رَبِّكَ يُسَبِّحُونَ لَهُ بِاللَّيْلِ وَالنَّهَارِ وَهُمْ لَا يَسْأَمُونَ ۩
သို့ရာတွင် အကယ်၍ ၎င်းတို့သည်(ဤအမိန့်တော်ကို လိုက်နာကျင့်သုံးခြင်းမရှိဘဲ)မာန်မာန ထောင်လွှားခဲ့ကြလျှင်၊ အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၏ထံတော်ပါး၌ရှိကြသော မလာအိကဟ် ကောင်းကင်တမန်တို့မူ နေ့ရောညပါ ထိုအရှင်မြတ်စင်ကြယ် သန့်ရှင်းတော်မူကြောင်းကို မြွက်ဆိုလျက်ရှိကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည်ငြီးငွေ့ကြသည်ပင် မဟုတ်ပေ။
39 وَمِنْ آيَاتِهِ أَنَّكَ تَرَى الْأَرْضَ خَاشِعَةً فَإِذَا أَنزَلْنَا عَلَيْهَا الْمَاءَ اهْتَزَّتْ وَرَبَتْ ۚ إِنَّ الَّذِي أَحْيَاهَا لَمُحْيِي الْمَوْتَىٰ ۚ إِنَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ထိုမှတစ်ပါး (ဤသည်လည်း) ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်တို့ အနက်မှပင်ဖြစ်၏။ အသင်သည်ပထဝီမြေကို အခြေအနေညံ့ဖျင်းစွာ တွေ့မြင်ရ၏။ ထို့နောက်ငါအရှင်မြတ်သည် ပထဝီမြေ၏အပေါ်၌ ရေကို ရွာသွန်းစေတော်မူသောအခါ၊ ယင်းပထဝီမြေမှာ တိုးတက်ထွန်းကား စိမ်းစို၍လည်းကောင်း၊ (သစ်ပင်အစရှိသည်တို့)ပေါက်ရောက် ဖွံ့ဖြိုး၍လည်းကောင်း၊ လာလေသည်။ (သို့ဖြစ်ပေရာ) ဧကန်မလွဲယင်းပထဝီမြေကို ရှင်စေတော်မူသော အရှင်မြတ်သည်ပင်လျှင်ဧကန်အမှန် သူသေတို့အား ရှင်စေတော်မူမည့်အရှင် ဖြစ်တော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုစွမ်းနိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
40 إِنَّ الَّذِينَ يُلْحِدُونَ فِي آيَاتِنَا لَا يَخْفَوْنَ عَلَيْنَا ۗ أَفَمَن يُلْقَىٰ فِي النَّارِ خَيْرٌ أَم مَّن يَأْتِي آمِنًا يَوْمَ الْقِيَامَةِ ۚ اعْمَلُوا مَا شِئْتُمْ ۖ إِنَّهُ بِمَا تَعْمَلُونَ بَصِيرٌ
ဧကန်စင်စစ် ငါအရှင်မြတ်၏ အာယတ်တော်များနှင့်စပ်လျဉ်း၍ မူရင်းအဓိပ္ပာယ်မှ သွေဖည်ကာ အမှားမှားအယွင်းယွင်း ကောက်ယူကြသောသူတို့မှာ ငါအရှင်မြတ်အပေါ်၌ ဖုံးကွယ်၍ နေကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ ငရဲမီးထဲ၌ပစ်ချခြင်းခံရအံ့သောသူသည် ပို၍မြင့်မြတ်လေသလော။ သို့တည်းမဟုတ် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင် ပူပင်သောကကင်းစွာ လာရောက်အံ့သောသူသည် ပို၍မြင့်မြတ် လေသလော။ အသင်တို့သည် မိမိတို့အလိုရှိရာကို ကျင့်မူကြလေကုန်။ဧကန်မလွဲ ထိုအရှင်မြတ်သည် အသင်တို့ကျင့်မူသမျှတို့ကိုအကြွင်းမဲ့ မြင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူ၏။
41 إِنَّ الَّذِينَ كَفَرُوا بِالذِّكْرِ لَمَّا جَاءَهُمْ ۖ وَإِنَّهُ لَكِتَابٌ عَزِيزٌ
စင်စစ်ဧကန် အကြင်သူတို့သည် (ဤ)ဆုံးမဩဝါဒ(ကျမ်း)သည် 4င်းတို့ထံရောက်ရှိလာသောအခါ ငြင်းပယ်ကြကုန်၏။ (ငါအရှင်မြတ်သည် ၎င်းတို့အား အပြစ်ပေးတော်မူမည်။) အမှန်စင်စစ်သော်ကား ယင်းသည် မြင့်မြတ်လှစွာသောကျမ်းဂန်ပင် ဖြစ်ပေသည်။
ဘာသာပြန် — ဖုစ်စီလာ့ 39 စူရာ ဖုစ်စီလာ့ အာယာသ် 39 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး (ဤသည်လည်း) ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်တို့ အနက်မှပင်ဖြစ်၏။ အသင်သည်ပထဝီမြေကို အခြေအနေညံ့ဖျင်းစွာ တွေ့မြင်ရ၏။ ထို့နောက်ငါအရှင်မြတ်သည် ပထဝီမြေ၏အပေါ်၌ ရေကို…
စူရာ အာယာသ် 39/54 — စူရာ ဖုစ်စီလာ့ فصلت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖုစ်စီလာ့ နားထောင်, စူရာ ဖုစ်စီလာ့ ဘာသာပြန်, စူရာ ဖုစ်စီလာ့ mp3, စူရာ ဖုစ်စီလာ့ pdf. အာယာသ် 37–41. မြန်မာဘာသာ: ภาษาไทย.