အဇ်-ဇုခ်ရုဖ် · 63/89
ဘာသာပြန် အသံနိုင်ငံ — စူရာ အဇ်-ဇုခ်ရုဖ်
وَلَمَّا جَاءَ عِيسَىٰ بِالْبَيِّنَاتِ قَالَ قَدْ جِئْتُكُم بِالْحِكْمَةِ وَلِأُبَيِّنَ لَكُم بَعْضَ الَّذِي تَخْتَلِفُونَ فِيهِ ۖ فَاتَّقُوا اللَّهَ وَأَطِيعُونِ ۝٦٣
Wa lammaa jaaa`a `Eesaa bilbaiyinaati qaala qad ji`tukum bil Hikmati wa li-ubaiyina lakum ba`dal lazee takhtalifoona feehi fattaqul laaha wa atee`oon
📖 မြန်မာဘာသာ
၎င်းပြင် အီစာသည် ထင်ရှားစွာသောသက်သေ လက္ခဏာများနှင့်တကွ လာခဲ့သောအခါ (ဤသို့) ပြောကြားခဲ့လေ၏။ ဧကန်စင်စစ် ငါသည် အသင်တို့ထံ နက်နဲသိမ်မွေ့သော ဉာဏ်ပညာကို ယူဆောင်ခဲ့သည်။ ၎င်းပြင် ငါသည် အသင်တို့ သဘောကွဲလွဲကြသော အချို့အရေးကိစ္စတို့ကို အသင်တို့အား ရှင်းလင်း ဖော်ပြရန်လာခဲ့သည်။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့လေကြကုန်၊ ၎င်းပြင် ငါ၏စကားကို လိုက်နာကြလေကုန်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • الْبَيِّنَاتِ (အလ်-ဗိုင်ယိနာသ်) — ထင်ရှားလှသော သက်သေလက္ခဏာများ၊ တန်ခိုးအံ့ဖွယ်များနှင့် ရှရီအသ်ဥပဒေသများ။
  • الْحِكْمَةِ (အလ်-ဟိက္မသ်) — ဉာဏ်ပညာ။ ဤနေရာတွင် အင်ဂျီလ်ကျမ်းတော်၏ ရှရီအသ်ဥပဒေသများနှင့် နဗီတမန်တော်အဖြစ် ရရှိသော ဉာဏ်ပညာကို ဆိုလိုသည်။
  • تَخْتَلِفُونَ (တခ်သလိဖူန) — သင်တို့ ကွဲလွဲနေကြသည်၊ အယူအဆမတူညီဖြစ်နေကြသည်။
  • فَاتَّقُوا اللَّهَ (ဖတ္တကူလ္လာဟ်) — အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပါ၊ အမိန့်တော်များကို လိုက်နာ၍ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖြင့် အရှင်မြတ်ကို ကြောက်ရွံ့ပါ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော် အီစာ (အလိုင်ဟိစ်စလာမ်) သည် အစ္စရာအီလ်လူမျိုးတို့ထံသို့ ထင်ရှားလှသော သက်သေလက္ခဏာများ၊ တန်ခိုးအံ့ဖွယ်များနှင့် ရှရီအသ်ဥပဒေသများကို ယူဆောင်လာသောအခါ သူသည် ဤသို့မိန့်ကြားခဲ့သည် — “ငါသည် သင်တို့ထံသို့ ဉာဏ်ပညာနှင့် ရှရီအသ်ဥပဒေသများကို ယူဆောင်လာခဲ့ပြီဖြစ်သည်။ ထို့အပြင် သင်တို့ အချင်းချင်း ကွဲလွဲနေကြသော ဒီန်(သာသနာ)ဆိုင်ရာ ကိစ္စအချို့ကို ရှင်းလင်းဖော်ပြရန်လည်း ငါလာခဲ့သည်။” ထို့နောက် သူသည် သူ၏လူမျိုးတို့အား “သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပါ။ အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာ၍ တားမြစ်ချက်များကို ရှောင်ကြဉ်ပါ။ ထို့အပြင် ငါ၏ အမိန့်များကိုလည်း လိုက်နာကြပါ” ဟု မိန့်ကြားခဲ့သည်။

ဆိုလိုသည်မှာ တမန်တော်အီစာ (အလိုင်ဟိစ်စလာမ်)သည် မိမိလူမျိုးတို့ထံသို့ ရောက်ရှိလာသောအခါ မိမိသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်း ထင်ရှားစွာ သက်သေပြသည့် လက္ခဏာများနှင့်အတူ လာခဲ့သည်။ သူသည် ဉာဏ်ပညာနှင့် ကောင်းကင်ကျမ်းတော်၏ သွန်သင်ချက်များကို ယူဆောင်လာပြီး လူမျိုးတို့ အချင်းချင်း အငြင်းပွားကွဲလွဲနေကြသော ဒီန်ဆိုင်ရာ ကိစ္စရပ်အချို့ကို ရှင်းလင်းရန် လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူသည် လူမျိုးတို့အား အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရန်၊ အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာရန်န



📜 အာယာသ် 61-65 — စူရာ အဇ်-ဇုခ်ရုဖ်

61وَإِنَّهُ لَعِلْمٌ لِّلسَّاعَةِ فَلَا تَمْتَرُنَّ بِهَا وَاتَّبِعُونِ ۚ هَٰذَا صِرَاطٌ مُّسْتَقِيمٌ
ထိုမှတစ်ပါး ဧကန်မလွဲ ထိုမရ်ယမ်၏သား(အီစာ)မှာ "ကိယာမတ်" ရှင်ပြန်ထမည့် အချိန်ကာလနှင့် စပ်လျဉ်း၍ လက္ခဏာ၊ စည်းကမ်းချက်၊ သတ်မှတ်ချက် "ကိယာမတ်"ရှင်ပြန်ထမည့်နေ့ကို ယုံကြည်ရန် အကြောင်းတစ်ရပ်ပင်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ယင်းကိယာမတ်နှင့်စပ်လျဉ်း၍ ယုံမှားသံသယ မဖြစ်ကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် ငါ၏နောက်သို့ လိုက်ခဲ့ကြလေကုန် ဤသည် ဖြောင့်မတ်သော တရားလမ်းပင် ဖြစ်ပေသည်။
62وَلَا يَصُدَّنَّكُمُ الشَّيْطَانُ ۖ إِنَّهُ لَكُمْ عَدُوٌّ مُّبِينٌ
ထိုမှတစ်ပါး "ရှိုင်တွာန်" မိစ္ဆာကောင်သည် အသင်တို့အား (တရားလမ်းမှ) တားဆီးပိတ်ပင်ခြင်း မပြုစေရ။ဧကန်မလွဲ ၎င်းသည် အသင်တို့၏ ထင်ရှားစွာသော ရန်သူပင်ဖြစ်ပေ၏။
63وَلَمَّا جَاءَ عِيسَىٰ بِالْبَيِّنَاتِ قَالَ قَدْ جِئْتُكُم بِالْحِكْمَةِ وَلِأُبَيِّنَ لَكُم بَعْضَ الَّذِي تَخْتَلِفُونَ فِيهِ ۖ فَاتَّقُوا اللَّهَ وَأَطِيعُونِ
၎င်းပြင် အီစာသည် ထင်ရှားစွာသောသက်သေ လက္ခဏာများနှင့်တကွ လာခဲ့သောအခါ (ဤသို့) ပြောကြားခဲ့လေ၏။ ဧကန်စင်စစ် ငါသည် အသင်တို့ထံ နက်နဲသိမ်မွေ့သော ဉာဏ်ပညာကို ယူဆောင်ခဲ့သည်။ ၎င်းပြင် ငါသည် အသင်တို့ သဘောကွဲလွဲကြသော အချို့အရေးကိစ္စတို့ကို အသင်တို့အား ရှင်းလင်း ဖော်ပြရန်လာခဲ့သည်။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့လေကြကုန်၊ ၎င်းပြင် ငါ၏စကားကို လိုက်နာကြလေကုန်။
64إِنَّ اللَّهَ هُوَ رَبِّي وَرَبُّكُمْ فَاعْبُدُوهُ ۚ هَٰذَا صِرَاطٌ مُّسْتَقِيمٌ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်လည်းကောင်း၊အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်လည်းကောင်း၊ ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်ကြ လေကုန်။ဤသည် ဖြောင့်မတ်သော တရားလမ်းပင် ဖြစ်ချေသည်။
65فَاخْتَلَفَ الْأَحْزَابُ مِن بَيْنِهِمْ ۖ فَوَيْلٌ لِّلَّذِينَ ظَلَمُوا مِنْ عَذَابِ يَوْمٍ أَلِيمٍ
သို့ပါလျက် ၎င်းတို့၏အကြားမှ အုပ်စု(ဂိုဏ်းဂဏ)အသီးသီးကွဲခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ မတရား ကျူးလွန်သူများ၌ ပြင်းပြနာကျင်ဖွယ်သောနေ့၏ ပြစ်ဒဏ်ကြောင့် ပျက်စီးခြင်းသည် ရှိပေအံ့သတည်း။
အဇ်-ဇုခ်ရုဖ်ကုရ်အာန် ညွှန်းကိန်း
89အာယာသ်
MeccanRevelation
63အာယာသ်

ဘာသာပြန် — အဇ်-ဇုခ်ရုဖ် 63

စူရာ အဇ်-ဇုခ်ရုဖ် အာယာသ် 63 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အီစာသည် ထင်ရှားစွာသောသက်သေ လက္ခဏာများနှင့်တကွ လာခဲ့သောအခါ (ဤသို့) ပြောကြားခဲ့လေ၏။ ဧကန်စင်စစ် ငါသည် အသင်တို့ထံ…

စူရာ အာယာသ် 63/89 — စူရာ အဇ်-ဇုခ်ရုဖ် الزخرف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အဇ်-ဇုခ်ရုဖ် နားထောင်, စူရာ အဇ်-ဇုခ်ရုဖ် ဘာသာပြန်, စူရာ အဇ်-ဇုခ်ရုဖ် mp3, စူရာ အဇ်-ဇုခ်ရုဖ် pdf. အာယာသ် 61–65. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers