အလ်-မာအိဒ · 119/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
قَالَ اللَّهُ هَٰذَا يَوْمُ يَنفَعُ الصَّادِقِينَ صِدْقُهُمْ ۚ لَهُمْ جَنَّاتٌ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۚ رَّضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ ۚ ذَٰلِكَ الْفَوْزُ الْعَظِيمُ ۝١١٩
Qaalal laahu haaza yawmu yanfa`us saadiqeena sidquhum; lahum janaatunn tajree min tahtihal anhaaru khaalideena feehaaa abadaa; radiyal laahu `anhum wa radoo `anh; zaalikal fawzul `azeem
📖 မြန်မာဘာသာ
အလ္လာဟ်အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူလတ္တံ့။ “ယနေ့မူကား မှန်ကန်သူများအဖို့ ၎င်းတို့၏မှန်ကန်မှုသည် အကျိုးပေးသည့်နေ့ပင် ဖြစ်ချေသည်။ ထို (မှန်ကန်သူများ) အဖို့ အကြင်ဥယျာဉ်များသည် (အဆင်သင့်) ရှိကြပေအံ့။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြလတ္တံ့။ ၎င်းတို့သည် ထိုဥယျာဉ်များတွင် အမြဲထာဝစဉ် နေထိုင် (စံမြန်း) ကြကုန်အံ့။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်၌ ကျေနပ်တော်မူပြီးဖြစ်တော်မူ၏။ ၎င်းတို့သည်လည်း ထိုအရှင်မြတ်အပေါ်၌ ကျေနပ်ပြီးဖြစ်ကြကုန်၏။ ဤသည်ကား ထူးကဲမြင့်မြတ်လှစွာသော (ဇေယျ�ုမင်္ဂလာ) အောင်မြင်မှုကြီးပင်တည်း။”

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ဆွာဒိကီးန (الصَّادِقِينَ): ရိုးသားသူများ၊ စိတ်ရင်း၊ စကားနှင့် လုပ်ရပ်များတွင် မှန်ကန်စွာ ပြုမူသူများ။
  • ဆိဒ်ကုဟွမ် (صِدْقُهُمْ): သူတို့၏ ရိုးသားမှု၊ မှန်ကန်မှု။
  • ဂျန်နာသွန် (جَنَّاتٌ): ဥယျာဉ်များ၊ သုခဘုံများ။
  • ခွာလိဒီးန (خَالِدِينَ): ထာဝရတည်နေသူများ။
  • ရဒွီယလ္လာဟု အန်ဟွမ် (رَضِيَ اللَّهُ عَنْهُمْ): အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ် ကျေနပ်နှစ်သက်တော်မူသည်။
  • ရဒွူ အန်ဟု (رَضُوا عَنْهُ): သူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ် ကျေနပ်နှစ်သက်ကြသည်။
  • အလ်ဖောင်ဇုလ်အֲဇီးမ် (الْفَوْزُ الْعَظِيمُ): ကြီးမြတ်သော အောင်မြင်မှု၊ အောင်ပွဲ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် တမန်တော်အီစာ (အလိုင်ဟိစ်စလာမ်) အား ကိယာမသ်နေ့တွင် မိန့်တော်မူသည်။ ဤနေ့သည် ရိုးသားသူများအတွက် သူတို့၏ ရိုးသားမှုသည် အကျိုးရှိမည့်နေ့ဖြစ်သည်။ ဆိုလိုသည်မှာ လောကီဘဝတွင် စိတ်ရင်း၊ စကားနှင့် လုပ်ရပ်များ၌ ရိုးသားမှန်ကန်စွာ ပြုမူခဲ့သူများအတွက် ထိုရိုးသားမှုသည် နောင်တမလွန်ဘဝတွင် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။

ထိုရိုးသားသူများအတွက် သုခဥယျာဉ်များရှိသည်။ ထိုဥယျာဉ်များ၏ နန်းတော်များနှင့် သစ်ပင်များ၏ အောက်မှ မြစ်ချောင်းများ စီးဆင်းလျက်ရှိသည်။ သူတို့သည် ထိုဥယျာဉ်များတွင် ထာဝရကာလအဆုံးမရှိ နေထိုင်ကြရမည်။ သေခြင်းတရားသည် သူတို့ထံ ဘယ်သောအခါမျှ မရောက်ရှိတော့ပေ။

အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ် ကျေနပ်နှစ်သက်တော်မူပြီး သူတို့အပေါ် ဘယ်သောအခါမျှ အမျက်တော်မရှိတော့ပေ။ သူတို့သည်လည်း အလ္လာဟ်အရှင်မြတ်ပေးအပ်တော်မူသော ထာဝရသုခချမ်းသာများကို ရရှိခြင်းကြောင့် အလ္လာဟ်အရှင်မြတ်အပေါ် ကျေနပ်နှစ်သက်ကြသည်။

ဤကဲ့သို့သော အကျိုးဆုလာဘ်နှင့် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်တော်မူခြင်းသည် ကြီးမြတ်လှသော အောင်မြင်မှုဖြစ်သည်။ ထိုအောင်မြင်မှုနှင့် နှိုင်းယှဉ်နိုင်သော အခြားအောင်မြင်မှုဟူ၍ မရှိပေ။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ချစ်မြတ်နိုးစေသော သင်ခန်းစ


📜 အာယာသ် 117-120 — စူရာ အလ်-မာအိဒ

117مَا قُلْتُ لَهُمْ إِلَّا مَا أَمَرْتَنِي بِهِ أَنِ اعْبُدُوا اللَّهَ رَبِّي وَرَبَّكُمْ ۚ وَكُنتُ عَلَيْهِمْ شَهِيدًا مَّا دُمْتُ فِيهِمْ ۖ فَلَمَّا تَوَفَّيْتَنِي كُنتَ أَنتَ الرَّقِيبَ عَلَيْهِمْ ۚ وَأَنتَ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ
“ကျွန်တော်မျိုးသည် ၎င်းတို့ကို အရှင်မြတ်က ကျွန်တော်မျိုးအား မိန့်တော်မူသည့် (အတိုင်း) “အို- အချင်းတို့ အသင်တို့သည် ကျွန်ုပ်၏အရှင်လည်းဖြစ်တော်မူသော၊ အသင်တို့၏အရှင်လည်း ဖြစ်တော်မူသော (တစ်ဆူတည်းသော) အလ္လာဟ်အရှင်မြတ်အားသာ ကိုးကွယ်ကြလေကုန်” ဟူသောစကားမှအပ အခြား မည်သည့်စကားကိုမျှ ပြောဆိုခဲ့သည်မရှိပါ။ ထို့ပြင်တဝ ကျွန်တော်မျိုးသည် ၎င်းတို့အထဲတွင် ရှိနေသမျှကာလပတ်လုံး ၎င်းတို့ (၏အကြောင်း) ကို သိရှိသူဖြစ်ပါသည်။ တစ်ဖန် အရှင်သည် ကျွန်တော်မျိုးအား ပင့်မယူဆောင်သောအခါ အရှင်သည်ပင်လျှင် ၎င်းတို့ (၏ အကြောင်း) ကို သိရှိတော်မူသောအရှင် ဖြစ်တော်မူခဲ့ပါသည်။ အမှန်စင်စစ်သော်ကား အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို သိမြင်တော်မူသောရှင်မြတ်ပင် ဖြစ်တော်မူပါသည်။”
118إِن تُعَذِّبْهُمْ فَإِنَّهُمْ عِبَادُكَ ۖ وَإِن تَغْفِرْ لَهُمْ فَإِنَّكَ أَنتَ الْعَزِيزُ الْحَكِيمُ
“အရှင်မြတ်သည် အကယ်၍ ထိုသူတို့အား အပြစ်ဒဏ်ပေးတော်မူခဲ့ပါလျှင် ၎င်းတို့သည် ဧကန်မလွဲ အရှင်မြတ်၏ကျွန်များပင် ဖြစ်ကြပါ၏။ ၎င်းပြင် အကယ်၍ အရှင်မြတ်သည် ထိုသူတို့ အား (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါလျှင်လည်း (ပြုစွမ်းတော်မူနိုင်ပါသည်။) အဘယ်ကြောင့်ဆိုသော် ဧကန်စင်စစ် အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါသည်။”
119قَالَ اللَّهُ هَٰذَا يَوْمُ يَنفَعُ الصَّادِقِينَ صِدْقُهُمْ ۚ لَهُمْ جَنَّاتٌ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۚ رَّضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ ۚ ذَٰلِكَ الْفَوْزُ الْعَظِيمُ
အလ္လာဟ်အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူလတ္တံ့။ “ယနေ့မူကား မှန်ကန်သူများအဖို့ ၎င်းတို့၏မှန်ကန်မှုသည် အကျိုးပေးသည့်နေ့ပင် ဖြစ်ချေသည်။ ထို (မှန်ကန်သူများ) အဖို့ အကြင်ဥယျာဉ်များသည် (အဆင်သင့်) ရှိကြပေအံ့။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြလတ္တံ့။ ၎င်းတို့သည် ထိုဥယျာဉ်များတွင် အမြဲထာဝစဉ် နေထိုင် (စံမြန်း) ကြကုန်အံ့။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်၌ ကျေနပ်တော်မူပြီးဖြစ်တော်မူ၏။ ၎င်းတို့သည်လည်း ထိုအရှင်မြတ်အပေါ်၌ ကျေနပ်ပြီးဖြစ်ကြကုန်၏။ ဤသည်ကား ထူးကဲမြင့်မြတ်လှစွာသော (ဇေယျ�ုမင်္ဂလာ) အောင်မြင်မှုကြီးပင်တည်း။”
120لِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ وَمَا فِيهِنَّ ۚ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေပြင်ကိုလည်းကောင်း၊ ထိုမိုးကောင်းကင်များနှင့် ပထဝီမြေကြီး၌ ရှိသမျှတို့ကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်ခြင်း (အာဏာ) သည် အလ္လာဟ်အရှင်မြတ်၌သာ ရှိချေသည်။ စင်စစ်မူကား ထိုအရှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူသောအရှင်ပင် ဖြစ်တော်မူချေသတည်း။ (ရကူ)
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
119အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 119

စူရာ အလ်-မာအိဒ အာယာသ် 119 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူလတ္တံ့။ “ယနေ့မူကား မှန်ကန်သူများအဖို့ ၎င်းတို့၏မှန်ကန်မှုသည် အကျိုးပေးသည့်နေ့ပင် ဖြစ်ချေသည်။ ထို (မှန်ကန်သူများ)…

စူရာ အာယာသ် 119/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 117–120. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 11, 2026

Don't forget us in your sincere prayers