အလ်-အန်အာမ် · 19/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
قُلْ أَيُّ شَيْءٍ أَكْبَرُ شَهَادَةً ۖ قُلِ اللَّهُ ۖ شَهِيدٌ بَيْنِي وَبَيْنَكُمْ ۚ وَأُوحِيَ إِلَيَّ هَٰذَا الْقُرْآنُ لِأُنذِرَكُم بِهِ وَمَن بَلَغَ ۚ أَئِنَّكُمْ لَتَشْهَدُونَ أَنَّ مَعَ اللَّهِ آلِهَةً أُخْرَىٰ ۚ قُل لَّا أَشْهَدُ ۚ قُلْ إِنَّمَا هُوَ إِلَٰهٌ وَاحِدٌ وَإِنَّنِي بَرِيءٌ مِّمَّا تُشْرِكُونَ ۝١٩
Qul ayyu shai`in akbaru shahaadatan qulil laahu shaheedum bainee wa bainakum; wa oohiya ilaiya haazal Qur`aanu li unzirakum bihee wa mam balagh; a`innakum latashhadoona anna ma`al laahi aalihatan ukhraa; qul laaa ashhad; qul innamaa Huwa Ilaahunw Waahidunw wa innanee baree`um mimmaa tushrikoon
📖 မြန်မာဘာသာ
(အို=နဗီတမန်တော်) အသင်သည် (ထိုသူတို့အား) ဟယ်-အချင်းတို့ သက်သေခံရာ၌ မည်သည့်အရာသည်အကြီးအကျယ်ဆုံးဖြစ်ပါသနည်း။ [(တစ်နည်း) မည်သူ၏သက်သေခံခြင်းသည် အကြီးအကျယ်ဆုံးဖြစ်ပါသနည်း)]ဟု မေးမြန်းပါသနည်း။ (တဖန်)အသင်ကပင် (ယင်းသူတို့အားဤသို့)ပြောကြားပါလေ။ အလ’ာအရှင်မြတ်သည်ပင် ကျွန်ုပ်နှင့်အသင်တို့၏ စပ်ကြားတွင် သက်သေဖြစ်တော်မူပါသည်။စင်စစ် (ထိုအရှင်မြတ်၏ သက်သေခံခြင်းမှာ) ကျွန်ုပ်၏ထံဝယ်ဤကုရ်အာန်ကျမ်းတော် မြတ်သည် (အလ္လာဟ်အရှင်မြတ်ထံတော်မှ) ‘ဝဟ်ယ်’ အမိန့် တော်အဖြစ် ပို့သခဲ့ခြင်းပင် ဖြစ်ပေသည်။ (တနည်း) ထိုကုရ်အာန်ကျမ်းမြတ်ဖြင့် အသင်တို့အားလည်းကောင်း၊ ထိုကုရ်အာန်ကျမ်းမြတ် ရောက်ရှိသော သူတို့အားလည်းကောင်း၊ ကျွန်ုပ် သတိပေးနှိုးဆော်ရန်အတွက်ဖြစ်သည်။ သို့မှာသာလျှင် ကျွန်ုပ်သည် ယင်းကုရ်အာန် ကျမ်းတော်မြတ်ဖြင့် အသင်တို့အား၎င်း၊ ကုရ်အာန် ကျမ်းတော်မြတ်ရောက်ရှိသောသူတို့အား၎င်း၊ သတိပေး နှိုးဆော်နိုင်မည်ဖြစ်ချေသည်။ (ထိုကဲ့သို့ အလ္လာဟ်အရှင်မြတ်၏ သက်သေခံချက်ရောက်ရှိပြီးဖြစ်သော်လည်း) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများလည်း (တွဲဖက်လျက်) ရှိကြသေးသည် ဟု သက်သေခံကြမည်လော။ (အကယ်၍ ၎င်းတို့က ဤအတိုင်း သက်သေ ခံကြပါလျှင်) အသင်သည်(၎င်းတို့အား) ကျွန်ုပ်သည် (ယင်းကဲ့သို့) အလျင်းသက်သေခံမည်မဟုတ်ဟု ပြောကြားပါလေ။ ထိုမှတစ်ပါး အသင်သည်(ယင်းသူတို့အား) အချင်းတို့ ထို(အလ္လာဟ်)အရှင်မြတ်သည်တစ်ဆူတည်းသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည် ဟူ၍လည်းကောင်း၊ ကျွန်ုပ်သည် မုချဧကန် အသင်တို့ပြုကြကုန်သော တွဲဖက်ကိုးကွယ်ခြင်းမှ ကင်းလွတ်သူဖြစ်ပေသည် ဟူ၍လည်းကောင်း၊ ပြောကြားပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းဖြစ်သော စကားလုံးများ၏ အဓိပ္ပာယ်များ:
  • شَهَادَةً (ရှဟာဒသန်): သက်သေခံခြင်း၊ သက်သေအဖြစ် ရပ်တည်ခြင်း။
  • شَهِيدٌ (ရှဟီးဒ်): သက်သေခံတော်မူသောအရှင်။
  • أَكْبَرُ (အက်က္ကဗရ်): အကြီးမြတ်ဆုံး၊ အထက်မြက်ဆုံး။
  • أُوحِيَ (အూటိယ): ဝဟီအပ်ခြင်း၊ ဗျာဒိတ်တော် ချပေးအပ်ခြင်း။
  • لِأُنذِرَكُم (လိအွန်ဇိရကမ်): သင်တို့အား သတိပေးနှိုးဆော်ရန်။
  • وَمَن بَلَغَ (ဝမိုင်ဗလဂါ): ဤကုရ်အာန် ရောက်ရှိသူတိုင်း။
  • بَرِيءٌ (ဗရီအွန်): ကင်းလွတ်သူ၊ ဆက်စပ်မှုမရှိသူ။
  1. ဤအာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ သင့်ကို မဟုတ်မမှန်ဟု စွပ်စွဲသော ရုပ်တုကိုးကွယ်သူများအား မေးလိုက်ပါ - သင့်တမန်တော်ဖြစ်ခြင်းကို သက်သေခံရာတွင် မည်သည့်အရာက အကြီးမြတ်ဆုံး သက်သေဖြစ်သနည်း။ ထို့နောက် သင်ကိုယ်တိုင် ဖြေကြားလိုက်ပါ - အလ္လာဟ်အရှင်မြတ်သည် အကြီးမြတ်ဆုံး သက်သေတော်ဖြစ်တော်မူ၏။ အရှင်မြတ်သည် ငါနှင့် သင်တို့အကြား သက်သေခံတော်မူ၏။ အရှင်မြတ်သည် ငါယူဆောင်လာသည့် သတင်းစကားကိုလည်းကောင်း၊ သင်တို့ ပြန်လည်ဖြေကြားမည့်အရာကိုလည်းကောင်း အကြွင်းမဲ့ သိတော်မူ၏။

ဤကုရ်အာန်ကျမ်းတော်မြတ်ကို ငါ့ထံ ဗျာဒိတ်တော်အဖြစ် ချပေးအပ်ခြင်းခံရခြင်းမှာ သင်တို့အား (အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်တော်မှ) သတိပေးနှိုးဆော်ရန်အတွက်ဖြစ်၏။ ထို့အပြင် ဤကုရ်အာန်သည် ရောက်ရှိသူတိုင်း - လူသားများနှင့် ဂျင်န်များအနက် ဤကျမ်းတော် ရောက်ရှိသူအားလုံးအတွက် သတိပေးနှိုးဆော်ချက်ဖြစ်၏။ ဤအချက်သည် ကုရ်အာန်၏ ပညတ်ချက်များသည် ကျမ်းတော်ချပေးချိန်တွင် ရှိခဲ့သူများနှင့် နောက်ပိုင်းလူမျိုးဆက်များအားလုံးအတွက် အကျုံးဝင်ကြောင်း၊ သတင်းစကား မရောက်ရှိသေးသူများကို အပြစ်တင်ခြင်း မပြုကြောင်း ညွှန်ပြလျက်ရှိ၏။

ထို့နောက် အရှင်မြတ်သည် ကဲ့ရဲ့ရှုတ်ချသောအားဖြင့် မေးမြန်းတော်မူ၏ - အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများ ရှိသည်ဟု သင်တို့ သက်သေခံကြသလော။ အကယ်၍ သူတို့က ထိုသို့ သက်သေခံကြလျှင် အို တမန်တော်၊ သင်က ဖြေလိုက်ပါ - ငါသည် သင်တို့၏ သက်သေခံချက်ကဲ့သို့ သက်သေမခံပါ။ ငါသည် အလ္လာဟ

📜 အာယာသ် 17-21 — စူရာ အလ်-အန်အာမ်

17وَإِن يَمْسَسْكَ اللَّهُ بِضُرٍّ فَلَا كَاشِفَ لَهُ إِلَّا هُوَ ۖ وَإِن يَمْسَسْكَ بِخَيْرٍ فَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
၎င်းပြင် (အို-လူသား) အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အသင့်အား (ဤမျက်မှောက် လောကီဘဝ၌ဖြစ်စေ၊ နောင်တမလွန်ဘဝ၌ဖြစ်စေ) ဘေးအန္တရာယ် တစ်စုံတစ်ရာ သင့်စေတော်မူပါလျှင် ထိုအရှင်မြတ်မှတစ်ပါး ယင်းဘေးအန္တရာယ်ကို ကင်းဝေးပပျောက်စေနိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိချေ။ အကယ်၍ ထိုအရှင်မြတ်သည် အသင်၌ တစ်စုံတစ်ရာ အကျိုးကျေးဇူးကို ဖြစ်ထွန်းစေတော် မူပါလျှင်လည်း (မည်သူမျှ ထိုကျေးဇူးကို ပျက်ပြားစေနိုင်သူဟူ၍ မရှိချေ၊) ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင် သောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
18وَهُوَ الْقَاهِرُ فَوْقَ عِبَادِهِ ۚ وَهُوَ الْحَكِيمُ الْخَبِيرُ
၎င်းပြင် ထိုအရှင်မြတ်သည် မိမိကျွန်များအပေါ်ဝယ် နိုင်နင်းလွှမ်းမိုးတော်မူသော အရှင်မြတ်လည်းဖြစ် တော်မူပေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်၊ (သတင်းအလုံးစုံတို့ကို) အကြွင်းမဲ့ ကြားသိတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။
19قُلْ أَيُّ شَيْءٍ أَكْبَرُ شَهَادَةً ۖ قُلِ اللَّهُ ۖ شَهِيدٌ بَيْنِي وَبَيْنَكُمْ ۚ وَأُوحِيَ إِلَيَّ هَٰذَا الْقُرْآنُ لِأُنذِرَكُم بِهِ وَمَن بَلَغَ ۚ أَئِنَّكُمْ لَتَشْهَدُونَ أَنَّ مَعَ اللَّهِ آلِهَةً أُخْرَىٰ ۚ قُل لَّا أَشْهَدُ ۚ قُلْ إِنَّمَا هُوَ إِلَٰهٌ وَاحِدٌ وَإِنَّنِي بَرِيءٌ مِّمَّا تُشْرِكُونَ
(အို=နဗီတမန်တော်) အသင်သည် (ထိုသူတို့အား) ဟယ်-အချင်းတို့ သက်သေခံရာ၌ မည်သည့်အရာသည်အကြီးအကျယ်ဆုံးဖြစ်ပါသနည်း။ [(တစ်နည်း) မည်သူ၏သက်သေခံခြင်းသည် အကြီးအကျယ်ဆုံးဖြစ်ပါသနည်း)]ဟု မေးမြန်းပါသနည်း။ (တဖန်)အသင်ကပင် (ယင်းသူတို့အားဤသို့)ပြောကြားပါလေ။ အလ’ာအရှင်မြတ်သည်ပင် ကျွန်ုပ်နှင့်အသင်တို့၏ စပ်ကြားတွင် သက်သေဖြစ်တော်မူပါသည်။စင်စစ် (ထိုအရှင်မြတ်၏ သက်သေခံခြင်းမှာ) ကျွန်ုပ်၏ထံဝယ်ဤကုရ်အာန်ကျမ်းတော် မြတ်သည် (အလ္လာဟ်အရှင်မြတ်ထံတော်မှ) ‘ဝဟ်ယ်’ အမိန့် တော်အဖြစ် ပို့သခဲ့ခြင်းပင် ဖြစ်ပေသည်။ (တနည်း) ထိုကုရ်အာန်ကျမ်းမြတ်ဖြင့် အသင်တို့အားလည်းကောင်း၊ ထိုကုရ်အာန်ကျမ်းမြတ် ရောက်ရှိသော သူတို့အားလည်းကောင်း၊ ကျွန်ုပ် သတိပေးနှိုးဆော်ရန်အတွက်ဖြစ်သည်။ သို့မှာသာလျှင် ကျွန်ုပ်သည် ယင်းကုရ်အာန် ကျမ်းတော်မြတ်ဖြင့် အသင်တို့အား၎င်း၊ ကုရ်အာန် ကျမ်းတော်မြတ်ရောက်ရှိသောသူတို့အား၎င်း၊ သတိပေး နှိုးဆော်နိုင်မည်ဖြစ်ချေသည်။ (ထိုကဲ့သို့ အလ္လာဟ်အရှင်မြတ်၏ သက်သေခံချက်ရောက်ရှိပြီးဖြစ်သော်လည်း) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများလည်း (တွဲဖက်လျက်) ရှိကြသေးသည် ဟု သက်သေခံကြမည်လော။ (အကယ်၍ ၎င်းတို့က ဤအတိုင်း သက်သေ ခံကြပါလျှင်) အသင်သည်(၎င်းတို့အား) ကျွန်ုပ်သည် (ယင်းကဲ့သို့) အလျင်းသက်သေခံမည်မဟုတ်ဟု ပြောကြားပါလေ။ ထိုမှတစ်ပါး အသင်သည်(ယင်းသူတို့အား) အချင်းတို့ ထို(အလ္လာဟ်)အရှင်မြတ်သည်တစ်ဆူတည်းသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည် ဟူ၍လည်းကောင်း၊ ကျွန်ုပ်သည် မုချဧကန် အသင်တို့ပြုကြကုန်သော တွဲဖက်ကိုးကွယ်ခြင်းမှ ကင်းလွတ်သူဖြစ်ပေသည် ဟူ၍လည်းကောင်း၊ ပြောကြားပါလေ။
20الَّذِينَ آتَيْنَاهُمُ الْكِتَابَ يَعْرِفُونَهُ كَمَا يَعْرِفُونَ أَبْنَاءَهُمُ ۘ الَّذِينَ خَسِرُوا أَنفُسَهُمْ فَهُمْ لَا يُؤْمِنُونَ
အကြင်သူတို့သည် ငါအရှင်မြတ်က ၎င်းတို့ အားကျမ်းဂန်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထိုသူတို့သည် မိမိတို့၏ သားများကိုမှတ်မိကြသကဲ့သို့ပင်၊ ထို(နဗီတမန်တော်မြတ်)အားလည်း မှတ်မိကြကုန်သည်။ (သို့ရာတွင်)မိမိတို့ကိုယ်ကို မိမိတို့ပင် ကျိုးယုတ်နစ်နာအောင် ပြုလုပ်သောသူတို့မူကား အလျင်း သက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ။
21وَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ كَذَّبَ بِآيَاتِهِ ۗ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
အမှန်စင်စစ် မည်သူမဆို မဟုတ်မမှန် မုသားကို အလ္လာဟ်အရှင်မြတ်အပေါ်၌ ကြံစည်လီဆယ် ၍ စွပ်စွဲအံ့။သို့တည်းမဟုတ် ထိုအရှင်မြတ်၏ သက်သေလက္ခဏာများကိုမဟုတ်မမှန်ဟု ငြင်းပယ်အံ့၊ ထိုသူထက်ပိုမို၍ မတရားသောသူကား မည်သူရှိအံ့နည်း။ အမှန်စင်စစ်သော်ကား (ထိုကဲ့သို့သော) မတရားသော သူတို့သည် (မည်သည့်အခါမျှ) အောင်မြင်ကြမည် မဟုတ်ပေ။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
19အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 19

စူရာ အလ်-အန်အာမ် အာယာသ် 19 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို=နဗီတမန်တော်) အသင်သည် (ထိုသူတို့အား) ဟယ်-အချင်းတို့ သက်သေခံရာ၌ မည်သည့်အရာသည်အကြီးအကျယ်ဆုံးဖြစ်ပါသနည်း။ [(တစ်နည်း) မည်သူ၏သက်သေခံခြင်းသည် အကြီးအကျယ်ဆုံးဖြစ်ပါသနည်း)]ဟု မေးမြန်းပါသနည်း။…

စူရာ အာယာသ် 19/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 17–21. မြန်မာဘာသာ: ภาษาไทย.

ကုရ်အာန်ကျမ်း

Thursday, October 1, 2026

Don't forget us in your sincere prayers