أَوْ تَقُولُوا إِنَّمَا أَشْرَكَ آبَاؤُنَا مِن قَبْلُ وَكُنَّا ذُرِّيَّةً مِّن بَعْدِهِمْ ۖ أَفَتُهْلِكُنَا بِمَا فَعَلَ الْمُبْطِلُونَ ١٧٣
🔤 Transliteration
Aw taqoolooo innamaaa ashraka aabaaa `unaa min qablu wa kunnaa zurriyyatam mim ba`dihim afatuhlikunna bimaa fa`alal mubtiloon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
သို့တည်းမဟုတ် အသင်တို့သည် ကျွန်တော်မျိုးတို့၏အဖ၊ ဘိုးဘေးဘီဘင်တို့မှာ ရှေးဦးမဆွကပင်အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် ကိုးကွယ်ခဲ့ကြပါသည်သာတည်း။ ကျွန်တော်မျိုးတို့ မှာမူကား ၎င်းတို့၏နောက်တွင် (၎င်းတို့၏)သားမြေးများသာ ဖြစ်ကြပါသည်။သို့ဖြစ်ရာ အရှင်မြတ်သည် (ရှေးဦးမဆွက) မဟုတ်မမှန် ပြုလုပ်ခဲ့ကြသောသူတို့ကြောင့် ကျွန်တော်မျိုးတို့အား ပျက်စီး စေတော်မူပါမည်လော ဟု ပြောဆိုကြလတ္တံ။
🌐 Additional reference in ภาษาไทย
၁။ ကမ္ဘာဦးကျမ်းတော်မြတ်၏ စကားလုံးများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။
أَوْ تَقُولُوا (သို့မဟုတ် သင်တို့ပြောဆိုခြင်းငှာ)။ أَشْرَكَ (ရှိရ်က် ပြုခဲ့သည်) ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားအရာများကို ကိုးကွယ်ခြင်းကို ဆိုလိုသည်။ ذُرِّيَّةً (သားစဉ်မြေးဆက်)။ الْمُبْطِلُونَ (အမှန်တရားကို ဖျက်ဆီးသူများ) ဆိုသည်မှာ မိမိတို့၏ လုပ်ရပ်များကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်းဖြင့် အလဟဿ ဖြစ်စေခဲ့သူများကို ဆိုလိုသည်။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။
ဤအာယသ်တော်သည် လူသားတို့အား အလ္လာဟ်အရှင်မြတ်၏ တစ်ဆူတည်းဖြစ်တော်မူခြင်းကို သက်သေခံစေရန်နှင့် ရှိရ်က် (တွဲဖက်ကိုးကွယ်ခြင်း) မှ ကင်းဝေးစေရန် ရည်ရွယ်တော်မူသည်။ အရှင်မြတ်သည် လူသားတို့၏ သဘာဝအခြေခံအနေဖြင့် အရှင်မြတ်ကို သိရှိနိုင်သော စွမ်းရည်ကို ပေးအပ်ထားတော်မူသည်။ သို့သော် လူသားတို့သည် မိမိတို့၏ ဘိုးဘေးဘီဘင်များ လိုက်နာခဲ့သော လမ်းစဉ်များကို မစစ်ဆေးဘဲ လိုက်နာခြင်းဖြင့် ရှိရ်က်ထဲသို့ ကျရောက်တတ်သည်။ ထို့ကြောင့် အရှင်မြတ်သည် ဤအာယသ်တော်တွင် လူသားတို့အား "ကျွန်ုပ်တို့၏ ဘိုးဘေးများသည် ရှိရ်က် ပြုခဲ့ကြသည်၊ ကျွန်ုပ်တို့သည် သူတို့၏ သားစဉ်မြေးဆက်များသာ ဖြစ်သည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် သူတို့၏ လမ်းစဉ်ကို လိုက်နာခဲ့ခြင်းဖြစ်သည်၊ ကျွန်ုပ်တို့ကို အဘယ်ကြောင့် အပြစ်ပေးတော်မူသနည်း" ဟု ဆင်ခြေပေးခြင်းမှ တားမြစ်တော်မူသည်။ အမှန်စင်စစ် လူသားတို့သည် မိမိတို့၏ ဘိုးဘေးများ၏ လမ်းစဉ်ကို မျက်ကန်းလိုက်နာခြင်းမပြုဘဲ အမှန်တရားကို ရှာဖွေစစ်ဆေးရန် တာဝန်ရှိသည်။ ဘိုးဘေးများသည် ရှိရ်က် ပြုခဲ့ကြသောကြောင့် သားစဉ်မြေးဆက်များလည်း ထိုလမ်းစဉ်ကို လိုက်နာရန် တာဝန်မရှိပေ။ လူသားတို့သည် မိမိတို့၏ ဆင်ခြင်တုံတရားနှင့် အရှင်မြတ်ပေးအပ်ထားသော ဉာဏ်ပညာကို အသုံးပြု၍ အမှန်တရားကို ရှာဖွေရမည်။ ထို့ကြောင့် ဤအာယသ်တော်သည် လူသားတို့အား မိမိတို့၏ လုပ်ရပ်များအတွက် ကိုယ်တိုင်တာဝန်ယူရမည်ဖြစ်ပြီး အခြားသူများ၏ အမှားများကို အကြောင်းပြချက်အဖြစ် အသုံးမပြုရန် သွန်သင်တော်မူသည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျ
أَوۡ تَقُولُوٓاْ إِنَّمَآ أَشۡرَكَ ءَابَآؤُنَا مِن قَبۡلُ وَكُنَّا ذُرِّيَّةً مِّنۢ بَعۡدِهِمۡۖ أَفَتُهۡلِكُنَا بِمَا فَعَلَ ٱلۡمُبۡطِلُونَ ١٧٣
သို့တည်းမဟုတ် အသင်တို့သည် ကျွန်တော်မျိုးတို့၏အဖ၊ ဘိုးဘေးဘီဘင်တို့မှာ ရှေးဦးမဆွကပင်အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် ကိုးကွယ်ခဲ့ကြပါသည်သာတည်း။ ကျွန်တော်မျိုးတို့ မှာမူကား ၎င်းတို့၏နောက်တွင် (၎င်းတို့၏)သားမြေးများသာ ဖြစ်ကြပါသည်။သို့ဖြစ်ရာ အရှင်မြတ်သည် (ရှေးဦးမဆွက) မဟုတ်မမှန် ပြုလုပ်ခဲ့ကြသောသူတို့ကြောင့် ကျွန်တော်မျိုးတို့အား ပျက်စီး စေတော်မူပါမည်လော ဟု ပြောဆိုကြလတ္တံ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 171-175 — စူရာ အလ်-အာအ်ရာဖ်
171 ۞ وَإِذْ نَتَقْنَا الْجَبَلَ فَوْقَهُمْ كَأَنَّهُ ظُلَّةٌ وَظَنُّوا أَنَّهُ وَاقِعٌ بِهِمْ خُذُوا مَا آتَيْنَاكُم بِقُوَّةٍ وَاذْكُرُوا مَا فِيهِ لَعَلَّكُمْ تَتَّقُونَ
၎င်းပြင် (အို-နဗီတမန်တော်၊ အသင်သည် ပြန်လည်၍ သတိရပါလေ။ တစ်ရံရောအခါ ငါအရှင်မြတ်သည်(တူရ်မည်သော)တောင်ကို ၎င်းတို့ထက်ဝယ် ပင့်မြှောက်တော်မူခဲ့ရာ ထိုတောင်သည် အမိုးကဲ့သို့ဖြစ်လျက် ရှိခဲ့ချေသည်။ ထို့ပြင်ယင်း သူတို့မှာ ထိုတောင်သည် ၎င်းတို့အပေါ်ဝယ် မုချကျတော့မည်ဟူ၍ ယုံကြည်ခဲ့ကြလေသည်။ (ထိုအခါ ငါအရှင်မြတ်သည်၎င်းတို့အား ဤသို့ မိန့်တော်မူခဲ့ လေသည်။) အသင်တို့သည်မိမိတို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူသောကျမ်းမြတ်ကို စွဲမြဲစွာလက်ကိုင်ထားကြလေကုန်။ ၎င်းနောက်အသင်တို့သည် (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင်နိုင်ခြင်းငှာယင်းကျမ်းတော်လာ ဒေသနာတော်များကိုလည်း လေ့ကျင့်မှတ်သား(ကျင့်မူ)ကြလေကုန်။(ရကူ)
172 وَإِذْ أَخَذَ رَبُّكَ مِن بَنِي آدَمَ مِن ظُهُورِهِمْ ذُرِّيَّتَهُمْ وَأَشْهَدَهُمْ عَلَىٰ أَنفُسِهِمْ أَلَسْتُ بِرَبِّكُمْ ۖ قَالُوا بَلَىٰ ۛ شَهِدْنَا ۛ أَن تَقُولُوا يَوْمَ الْقِيَامَةِ إِنَّا كُنَّا عَنْ هَٰذَا غَافِلِينَ
ထိုမှတစ်ပါး (အို-နဗီတမန်တော် အသင်သည်ပြန်လည်အောက်မေ့သတိရပါလေ။) အခါတစ်ပါးတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အာဒမ်၏သားမြေးတို့၏ ကျောက်ကုန်းမှ ၎င်းတို့၏ သားမြေးတို့ကို ထုတ်ဆောင်တော်မူခဲ့လေသည်။ ထို့နောက် ထိုအရှင်မြတ်သည်၎င်းတို့ကိုပင် ၎င်းတို့အပေါ်၌သက်သေထားတော်မူ၍ ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်းတော်မူသော အရှင်မြတ်ပင် မဟုတ်ပါလော ဟု မိန့်ကြားတော်မူခဲ့လေသည်။ထိုအခါ ၎င်းတို့က အမှန်ပင်ဟုတ်ပါသည်၊ ကျွန်တော်မျိုးတို့ကိုယ်တိုင်သက်သေခံကြပါသည် ဟု လျှောက်ထား (ဝန်ခံ)ခဲ့ကြကုန်၏။ (ယင်းသို့ သက်သေထားတော်မူခဲ့ခြင်းမှာ) အသင်တို့သည် ကိယာမတ်ခေါ် ရှင်ပြန်ထမည့်နေ့တွင် ကျွန်တော်မျိုးတို့သည် ဤသည်ကို မသိခဲ့ကြပါ ဟု မပြောကြရန်ပင်ဖြစ်သည်။
173 أَوْ تَقُولُوا إِنَّمَا أَشْرَكَ آبَاؤُنَا مِن قَبْلُ وَكُنَّا ذُرِّيَّةً مِّن بَعْدِهِمْ ۖ أَفَتُهْلِكُنَا بِمَا فَعَلَ الْمُبْطِلُونَ
သို့တည်းမဟုတ် အသင်တို့သည် ကျွန်တော်မျိုးတို့၏အဖ၊ ဘိုးဘေးဘီဘင်တို့မှာ ရှေးဦးမဆွကပင်အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် ကိုးကွယ်ခဲ့ကြပါသည်သာတည်း။ ကျွန်တော်မျိုးတို့ မှာမူကား ၎င်းတို့၏နောက်တွင် (၎င်းတို့၏)သားမြေးများသာ ဖြစ်ကြပါသည်။သို့ဖြစ်ရာ အရှင်မြတ်သည် (ရှေးဦးမဆွက) မဟုတ်မမှန် ပြုလုပ်ခဲ့ကြသောသူတို့ကြောင့် ကျွန်တော်မျိုးတို့အား ပျက်စီး စေတော်မူပါမည်လော ဟု ပြောဆိုကြလတ္တံ။
174 وَكَذَٰلِكَ نُفَصِّلُ الْآيَاتِ وَلَعَلَّهُمْ يَرْجِعُونَ
အမှန်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့(မှန်ကန်သောဒီန်သာသနာဘက်သို့) ပြန်လှည့်ကြရန် အလို့ငှာ သက်သေလက္ခဏာများကို ဤနည်းအတိုင်းပင် ရှင်းလင်းစွာထုတ်ဖော်မိန့်ကြားတော်မူလေသတည်း။
175 وَاتْلُ عَلَيْهِمْ نَبَأَ الَّذِي آتَيْنَاهُ آيَاتِنَا فَانسَلَخَ مِنْهَا فَأَتْبَعَهُ الشَّيْطَانُ فَكَانَ مِنَ الْغَاوِينَ
၎င်းပြင် (အို-နဗီတမန်တော်) အသင်သည်ထိုသူတို့ရှေ့ဝယ် အကြင်သူ၏အကြောင်းကို ဖတ်ကြား ပါလေ။ငါအရှင်မြတ်သည် ထိုသူအား မိမိသက်သေလက္ခဏာများ (ဝါ)အမိန့်ပညတ်တော်များ၏ အသိပညာကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ တဖန် ထိုသူသည် ယင်းသက်သေလက္ခဏာများကိုစွန့်၍ ထွက်သွားခဲ့လေသည်။ သို့ဖြစ်ရာ ရှိုင်တွာန် မိစ္ဆာကောင်သည် ၎င်း၏နောက်သို့ လိုက်ပါခဲ့လေသည်။ ထို့နောက်၎င်းသည် လမ်းမှားသူတို့တွင် အပါအဝင် ဖြစ်ခဲ့လေသတည်း။
ဘာသာပြန် — အလ်-အာအ်ရာဖ် 173 စူရာ အလ်-အာအ်ရာဖ် အာယာသ် 173 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့တည်းမဟုတ် အသင်တို့သည် ကျွန်တော်မျိုးတို့၏အဖ၊ ဘိုးဘေးဘီဘင်တို့မှာ ရှေးဦးမဆွကပင်အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် ကိုးကွယ်ခဲ့ကြပါသည်သာတည်း။ ကျွန်တော်မျိုးတို့ မှာမူကား ၎င်းတို့၏နောက်တွင်…
စူရာ အာယာသ် 173/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 171–175. မြန်မာဘာသာ: ภาษาไทย.