အလ်-အန်ဖာလ် · 17/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဖာလ်
فَلَمْ تَقْتُلُوهُمْ وَلَٰكِنَّ اللَّهَ قَتَلَهُمْ ۚ وَمَا رَمَيْتَ إِذْ رَمَيْتَ وَلَٰكِنَّ اللَّهَ رَمَىٰ ۚ وَلِيُبْلِيَ الْمُؤْمِنِينَ مِنْهُ بَلَاءً حَسَنًا ۚ إِنَّ اللَّهَ سَمِيعٌ عَلِيمٌ ۝١٧
Falam taqtuloohum wa laakinnal laaha qatalahum; wa maa ramaita iz ramaita wa laakinnal laaha ramaa; wa liyubliyal mu`mineena minhu balaaa`an hasanaa; innal laaha Samee`un Aleem
📖 မြန်မာဘာသာ
အသင်တို့သည် ထို(ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သော)သူတို့အား သတ်ဖြတ်ခဲ့ကြသည် မဟုတ်ပေ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်ပင် ထိုသူတို့အား သတ်ဖြတ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ(အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အား)(သဲများဖြင့်)ပက်ခဲ့စဉ်ကလည်း အသင်ပက်ခဲ့သည်မဟုတ်ပြီ။ စင်စစ်မှာမူကား အလ္လာဟ်အသျှင်မြတ်ပင် ပက်တော်မူခဲ့လေသည်။ (ယင်းသို့ပြုတော်မူခြင်းကား၊ ထိုအရှင်မြတ်၏သက်သေလက္ခဏာ ထင်ရှားစေအံ့သောငှာလည်းကောင်း၊) ထိုအရှင်မြတ်၏ ရစူလ်တမန်တော်အား ဆက်လက်၍ တည်မြဲစေအံ့သောငှာလည်းကောင်း၊ မုအ်မင်န် သက်ဝင် ယုံကြည်သူတို့အား မိမိအထံတော်မှ မွန်မြတ်သောစမ်းသပ်ခြင်းကို စမ်းသပ်တော် မူအံ့သောငှာလည်းကောင်း ဖြစ်ချေသည်။ အလ္လာဟ် အရှင်မြတ်သည် ဧကန်မလွဲအကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • فَلَمْ تَقْتُلُوهُمْ (ဖလမ် တပ်က္တုလူဟွမ်) — သင်တို့သည် သူတို့ကို မသတ်ခဲ့ကြပါ။
  • وَلَٰكِنَّ اللَّهَ قَتَلَهُمْ (ဝလာကင်နလ္လာဟ ကတလဟွမ်) — သို့သော် အလ္လာဟ်အရှင်မြတ်သည် သူတို့ကို သတ်တော်မူခဲ့သည်။
  • وَمَا رَمَيْتَ (ဝမာ ရမိုင်သ) — အသင်သည် ပစ်ခဲ့သည်မဟုတ်။
  • إِذْ رَمَيْتَ (ဣဇ် ရမိုင်သ) — အသင်ပစ်လိုက်သောအခါ။
  • وَلَٰكِنَّ اللَّهَ رَمَىٰ (ဝလာကင်နလ္လာဟ ရမာ) — သို့သော် အလ္လာဟ်အရှင်မြတ်သည် ပစ်တော်မူခဲ့သည်။
  • وَلِيُبْلِيَ (ဝလိယုဗ်လိယ) — ထို့အပြင် ကျေးဇူးပြုရန်အတွက်။
  • بَلَاءً حَسَنًا (ဗလာအန် ဟစနန်) — ကောင်းမြတ်သော ကျေးဇူးတော်၊ စမ်းသပ်မှု။
  • سَمِيعٌ (သမီအွန်) — အလွန်ကြားတော်မူသောအရှင်။
  • عَلِيمٌ (အလီမွန်) — အလွန်သိတော်မူသောအရှင်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ဗဒ်ရ်စစ်ပွဲတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်တစ်ခုကို ရည်ညွှန်းဖော်ပြထားပါသည်။ အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်များအား မိန့်ကြားတော်မူသည်မှာ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်အင်အား၊ စွမ်းရည်ဖြင့် ရန်သူများကို သတ်ဖြတ်နိုင်ခဲ့ခြင်း မဟုတ်ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ကူညီထောက်ပံ့တော်မူခြင်းဖြင့် သူတို့ကို နှိမ်နင်းတော်မူခဲ့ခြင်း ဖြစ်သည်။ ထို့အတူ တမန်တော်မုဟမ္မဒ် (ဆွ) အား မိန့်ကြားတော်မူသည်မှာ အသင်သည် ရန်သူများ၏ မျက်နှာများဆီသို့ မြေမှုန့်ကို ပစ်လိုက်သောအခါ အသင်ပစ်လိုက်ခြင်း မဟုတ်ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ပစ်တော်မူခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားတစ်ဦး၏ စွမ်းရည်ဖြင့် လက်တစ်ဆုပ်စာ မြေမှုန့်ကို စစ်တပ်ကြီးတစ်ခုလုံး၏ မျက်နှာများဆီသို့ ပစ်လွှတ်၍ မျက်စိတိုင်းကို ထိမှန်စေရန် မဖြစ်နိုင်ပေ။ သို့သော် အလ္လာဟ်အရှင်မြတ်သည် ထိုမြေမှုန့်ကို ရန်သူများ၏ မျက်စိများဆီသို့ ရောက်ရှိစေတော်မူခဲ့သည်။

ဤအရာအားလုံးသည် မုအ်မင်န်များအား ကောင်းမြတ်သော ကျေးဇူးတော်ကို ပေးသနားတော်မူရန်အတွက် ဖြစ်သည်။ ဆိုလိုသည်မှာ ဤလောကတွင် စစ်ရေးအောင်မြင်မှုနှင့် စစ်ပစ္စည်းဥစ္စာများ ရရှိခြင်း၊ နောင်တမလွန်ဘ



📜 အာယာသ် 15-19 — စူရာ အလ်-အန်ဖာလ်

15يَا أَيُّهَا الَّذِينَ آمَنُوا إِذَا لَقِيتُمُ الَّذِينَ كَفَرُوا زَحْفًا فَلَا تُوَلُّوهُمُ الْأَدْبَارَ
အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့အား (စစ်တပ်ကြီးဖွဲ့လျက်)(တနည်း)စစ်ပွဲ၌ ၊စစ်မြေပြင်၌တွေ့ဆုံကြသောအခါ 4င်းတို့အား ကျောခိုင်း၍ မသွားကြကုန်လင့်။(ဝါ) ထွက်မပြေးကြကုန်လင့်။
16وَمَن يُوَلِّهِمْ يَوْمَئِذٍ دُبُرَهُ إِلَّا مُتَحَرِّفًا لِّقِتَالٍ أَوْ مُتَحَيِّزًا إِلَىٰ فِئَةٍ فَقَدْ بَاءَ بِغَضَبٍ مِّنَ اللَّهِ وَمَأْوَاهُ جَهَنَّمُ ۖ وَبِئْسَ الْمَصِيرُ
အမှန်သော်ကား မည်သူမဆို ထိုနေ့တွင် အချီအတက် လွှဲပြောင်းစစ်ဆင်ခြင်း၊ သို့တည်းမဟုတ် (မိမိတို့၏)တပ်ဖွဲ့တစ်ခုခုထံ(သွားရောက်)ပူးပေါင်း နေရာယူခြင်းမှတစ်ပါး၎င်းတို့အားကျောခိုင်း၍သွားခဲ့မူ၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်နှင့်တကွ ပြန်ခဲ့သည်။ ထိုသူသည် အမျက်တော်သင့်လေပြီ။ ထို့ပြင် ဂျဟန္နမ် ငရဲဘုံသည်ပင်လျှင် ၎င်း၏နေရာထိုင်ခင်း ဖြစ်ချေသည်။ စင်စစ်တမူကား ဂျဟန္နမ်ငရဲဘုံသည် အလွန်ယုတ်ညံ့သိမ်ဖျင်းလှသော ပြန်လည်ရာစခန်းပင်ဖြစ်ချေသတည်း။
17فَلَمْ تَقْتُلُوهُمْ وَلَٰكِنَّ اللَّهَ قَتَلَهُمْ ۚ وَمَا رَمَيْتَ إِذْ رَمَيْتَ وَلَٰكِنَّ اللَّهَ رَمَىٰ ۚ وَلِيُبْلِيَ الْمُؤْمِنِينَ مِنْهُ بَلَاءً حَسَنًا ۚ إِنَّ اللَّهَ سَمِيعٌ عَلِيمٌ
အသင်တို့သည် ထို(ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သော)သူတို့အား သတ်ဖြတ်ခဲ့ကြသည် မဟုတ်ပေ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်ပင် ထိုသူတို့အား သတ်ဖြတ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ(အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အား)(သဲများဖြင့်)ပက်ခဲ့စဉ်ကလည်း အသင်ပက်ခဲ့သည်မဟုတ်ပြီ။ စင်စစ်မှာမူကား အလ္လာဟ်အသျှင်မြတ်ပင် ပက်တော်မူခဲ့လေသည်။ (ယင်းသို့ပြုတော်မူခြင်းကား၊ ထိုအရှင်မြတ်၏သက်သေလက္ခဏာ ထင်ရှားစေအံ့သောငှာလည်းကောင်း၊) ထိုအရှင်မြတ်၏ ရစူလ်တမန်တော်အား ဆက်လက်၍ တည်မြဲစေအံ့သောငှာလည်းကောင်း၊ မုအ်မင်န် သက်ဝင် ယုံကြည်သူတို့အား မိမိအထံတော်မှ မွန်မြတ်သောစမ်းသပ်ခြင်းကို စမ်းသပ်တော် မူအံ့သောငှာလည်းကောင်း ဖြစ်ချေသည်။ အလ္လာဟ် အရှင်မြတ်သည် ဧကန်မလွဲအကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။
18ذَٰلِكُمْ وَأَنَّ اللَّهَ مُوهِنُ كَيْدِ الْكَافِرِينَ
ဤသည်ကား (ပြီးခဲ့သောကိစ္စပင်တည်း။) ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့၏ ကြံစည်မှုကိုလည်း ဧကန်မလွဲနုံနဲ့(ပျက်စီး)စေတော်မူလတ္တံ့။
19إِن تَسْتَفْتِحُوا فَقَدْ جَاءَكُمُ الْفَتْحُ ۖ وَإِن تَنتَهُوا فَهُوَ خَيْرٌ لَّكُمْ ۖ وَإِن تَعُودُوا نَعُدْ وَلَن تُغْنِيَ عَنكُمْ فِئَتُكُمْ شَيْئًا وَلَوْ كَثُرَتْ وَأَنَّ اللَّهَ مَعَ الْمُؤْمِنِينَ
(အို-မက္ကာမြို့သား ကာဖိရ်အပေါင်းတို့) အသင်တို့သည် အကယ်၍ စီရင်ဆုံးဖြတ်ချက်ကိုရလိုပါမူ စီရင်ဆုံးဖြတ်ချက်သည် အသင်တို့ရှေ့ဝယ် အမှန်ပင် အသင့်ရောက်ရှိနေချေ�ြီ။ သို့ရာတွင် အသင်တို့သည် အကယ်၍(ယခုကပင်)ရပ်စဲကြပါလျှင် ထိုရပ်စဲခြင်းသည် အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်သည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် ထပ်မံ၍ ပြုလုပ်ကြပါမူ ငါအင်မြတ်သည်လည်း ထပ်မံ၍ ပြုလုပ်တော်မူအံ့။ ထိုအခါ အသင်တို့၏အုပ်စုသည် မည်မျှပင်များပြားသော်လည်း အသင်တို့အဖို့ အနည်းငယ်မျှပင် အသုံးဝင်လိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲမုအ်မင်န် သက်ဝင်ယုံကြည်သူတို့နှင့်အတူ ရှိတော်မူသည်(ကိုလည်း ကောင်းစွာ သတိပြုကြလေကုန်)။(ရကူ)
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
17အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 17

စူရာ အလ်-အန်ဖာလ် အာယာသ် 17 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင်တို့သည် ထို(ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သော)သူတို့အား သတ်ဖြတ်ခဲ့ကြသည် မဟုတ်ပေ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်ပင် ထိုသူတို့အား သတ်ဖြတ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ(အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အား)(သဲများဖြင့်)ပက်ခဲ့စဉ်ကလည်း…

စူရာ အာယာသ် 17/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 15–19. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers