အလ်-အန်ဖာလ် · 18/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဖာလ်
ذَٰلِكُمْ وَأَنَّ اللَّهَ مُوهِنُ كَيْدِ الْكَافِرِينَ ۝١٨
Zaalikum wa annal laaha moohinu kaidil kaafireen
📖 မြန်မာဘာသာ
ဤသည်ကား (ပြီးခဲ့သောကိစ္စပင်တည်း။) ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့၏ ကြံစည်မှုကိုလည်း ဧကန်မလွဲနုံနဲ့(ပျက်စီး)စေတော်မူလတ္တံ့။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါပဒဝေါဟာရများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

  • ذَٰلِكُمْ (ဇာလိကုမ်) — ထိုအရာ၊ ထိုဖြစ်ရပ်များ။ ဤနေရာတွင် ရှေးအာယသ်တွင် ဖော်ပြခဲ့သော မုရှ်ရိကီန်များကို တိုက်ခိုက်အောင်မြင်ခြင်း၊ သူတို့ထွက်ပြေးသည်အထိ ဖြစ်ပေါ်ခဲ့သော အောင်ပွဲကို ရည်ညွှန်းပါသည်။
  • مُوهِنُ (မုူဟိနု) — အားနည်းစေသူ၊ ပျက်ပြားစေသူ၊ အင်အားချည့်နဲ့စေသူ။ မူရင်းအမြစ်မှာ "وَهَنَ" ဖြစ်ပြီး အားနည်းခြင်း၊ ချည့်နဲ့ခြင်းဟု အဓိပ္ပာယ်ရသည်။
  • كَيْدِ (ကိုင်ဒိ) — လျှို့ဝှက်ကြံစည်မှု၊ မကောင်းသော အကြံအစည်၊ ပရိယာယ်ဆင်မှု။
  • الْكَافِرِينَ (အလ်ကာဖိရီန) — ကာဖိရ်များ၊ အလ္လာဟ်ကို ငြင်းပယ်သူများ၊ အစ္စလာမ်ကို ဆန့်ကျင်သူများ။

၂။ အာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်သည် ဗဒရ်စစ်ပွဲတွင် မုအ်မင်န်များ ရရှိခဲ့သော အောင်ပွဲနှင့် ဆက်စပ်လျက် ရှိပါသည်။ အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်များအား ဤသို့ မိန့်တော်မူပါသည် —

"ထိုအရာများ (အောင်ပွဲနှင့် ရန်သူများ ပျက်စီးခြင်း) သည် ငါအရှင်မြတ်၏ ကူညီစောင့်ရှောက်မှုကြောင့်ပင် ဖြစ်သည်။" ဆိုလိုသည်မှာ မုအ်မင်န်များက မိမိတို့၏ ခွန်အား၊ လက်နက်နှင့် စစ်ရေးစွမ်းရည်ကြောင့်သာ အောင်ပွဲရသည်ဟု မထင်မှတ်ရန်၊ အမှန်စင်စစ် ထိုအောင်ပွဲသည် အလ္လာဟ်အရှင်မြတ်ထံမှ ဖြစ်ပေါ်လာသော ကရုဏာတော်နှင့် ကူညီမှုတော်ကြောင့် ဖြစ်သည်ကို သိရှိရန် ဖြစ်ပါသည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် "အလ္လာဟ်သည် ကာဖိရ်များ၏ ကြံစည်မှုများကို အားနည်းပျက်ပြားစေသူ ဖြစ်တော်မူသည်" ဟု မိန့်တော်မူပါသည်။ ဆိုလိုသည်မှာ ကာဖိရ်များသည် အစ္စလာမ်နှင့် မုအ်မင်န်များကို ဖျက်ဆီးရန် မည်သို့ပင် လျှို့ဝှက်ကြံစည်မှုများ၊ ပရိယာယ်များ၊ အကြံအစည်များ ပြုလုပ်ကြစေကာမူ အလ္လာဟ်အရှင်မြတ်သည် ထိုကြံစည်မှုအားလုံးကို အားနည်းပျက်ပြားစေတော်မူမည် ဖြစ်သည်။ သူတို့၏ အကြံအစည်များသည် အောင်မြင်မည် မဟုတ်ဘဲ မိမိတို့ကိုယ်တိုင် ပျက်စီးဆုံးရှုံးရမည် ဖြစ်သည်။ ဤသည် အလ္လာဟ်အရှင်မြတ်၏ ကတိတော်ဖြစ်ပြီး ကာဖိရ်များ၏ ကြံစည်မှုများသည် မည်သည့်အခါမျှ အစ္စလာမ်ကိ



📜 အာယာသ် 16-20 — စူရာ အလ်-အန်ဖာလ်

16وَمَن يُوَلِّهِمْ يَوْمَئِذٍ دُبُرَهُ إِلَّا مُتَحَرِّفًا لِّقِتَالٍ أَوْ مُتَحَيِّزًا إِلَىٰ فِئَةٍ فَقَدْ بَاءَ بِغَضَبٍ مِّنَ اللَّهِ وَمَأْوَاهُ جَهَنَّمُ ۖ وَبِئْسَ الْمَصِيرُ
အမှန်သော်ကား မည်သူမဆို ထိုနေ့တွင် အချီအတက် လွှဲပြောင်းစစ်ဆင်ခြင်း၊ သို့တည်းမဟုတ် (မိမိတို့၏)တပ်ဖွဲ့တစ်ခုခုထံ(သွားရောက်)ပူးပေါင်း နေရာယူခြင်းမှတစ်ပါး၎င်းတို့အားကျောခိုင်း၍သွားခဲ့မူ၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်နှင့်တကွ ပြန်ခဲ့သည်။ ထိုသူသည် အမျက်တော်သင့်လေပြီ။ ထို့ပြင် ဂျဟန္နမ် ငရဲဘုံသည်ပင်လျှင် ၎င်း၏နေရာထိုင်ခင်း ဖြစ်ချေသည်။ စင်စစ်တမူကား ဂျဟန္နမ်ငရဲဘုံသည် အလွန်ယုတ်ညံ့သိမ်ဖျင်းလှသော ပြန်လည်ရာစခန်းပင်ဖြစ်ချေသတည်း။
17فَلَمْ تَقْتُلُوهُمْ وَلَٰكِنَّ اللَّهَ قَتَلَهُمْ ۚ وَمَا رَمَيْتَ إِذْ رَمَيْتَ وَلَٰكِنَّ اللَّهَ رَمَىٰ ۚ وَلِيُبْلِيَ الْمُؤْمِنِينَ مِنْهُ بَلَاءً حَسَنًا ۚ إِنَّ اللَّهَ سَمِيعٌ عَلِيمٌ
အသင်တို့သည် ထို(ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သော)သူတို့အား သတ်ဖြတ်ခဲ့ကြသည် မဟုတ်ပေ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်ပင် ထိုသူတို့အား သတ်ဖြတ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ(အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အား)(သဲများဖြင့်)ပက်ခဲ့စဉ်ကလည်း အသင်ပက်ခဲ့သည်မဟုတ်ပြီ။ စင်စစ်မှာမူကား အလ္လာဟ်အသျှင်မြတ်ပင် ပက်တော်မူခဲ့လေသည်။ (ယင်းသို့ပြုတော်မူခြင်းကား၊ ထိုအရှင်မြတ်၏သက်သေလက္ခဏာ ထင်ရှားစေအံ့သောငှာလည်းကောင်း၊) ထိုအရှင်မြတ်၏ ရစူလ်တမန်တော်အား ဆက်လက်၍ တည်မြဲစေအံ့သောငှာလည်းကောင်း၊ မုအ်မင်န် သက်ဝင် ယုံကြည်သူတို့အား မိမိအထံတော်မှ မွန်မြတ်သောစမ်းသပ်ခြင်းကို စမ်းသပ်တော် မူအံ့သောငှာလည်းကောင်း ဖြစ်ချေသည်။ အလ္လာဟ် အရှင်မြတ်သည် ဧကန်မလွဲအကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။
18ذَٰلِكُمْ وَأَنَّ اللَّهَ مُوهِنُ كَيْدِ الْكَافِرِينَ
ဤသည်ကား (ပြီးခဲ့သောကိစ္စပင်တည်း။) ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့၏ ကြံစည်မှုကိုလည်း ဧကန်မလွဲနုံနဲ့(ပျက်စီး)စေတော်မူလတ္တံ့။
19إِن تَسْتَفْتِحُوا فَقَدْ جَاءَكُمُ الْفَتْحُ ۖ وَإِن تَنتَهُوا فَهُوَ خَيْرٌ لَّكُمْ ۖ وَإِن تَعُودُوا نَعُدْ وَلَن تُغْنِيَ عَنكُمْ فِئَتُكُمْ شَيْئًا وَلَوْ كَثُرَتْ وَأَنَّ اللَّهَ مَعَ الْمُؤْمِنِينَ
(အို-မက္ကာမြို့သား ကာဖိရ်အပေါင်းတို့) အသင်တို့သည် အကယ်၍ စီရင်ဆုံးဖြတ်ချက်ကိုရလိုပါမူ စီရင်ဆုံးဖြတ်ချက်သည် အသင်တို့ရှေ့ဝယ် အမှန်ပင် အသင့်ရောက်ရှိနေချေ�ြီ။ သို့ရာတွင် အသင်တို့သည် အကယ်၍(ယခုကပင်)ရပ်စဲကြပါလျှင် ထိုရပ်စဲခြင်းသည် အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်သည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် ထပ်မံ၍ ပြုလုပ်ကြပါမူ ငါအင်မြတ်သည်လည်း ထပ်မံ၍ ပြုလုပ်တော်မူအံ့။ ထိုအခါ အသင်တို့၏အုပ်စုသည် မည်မျှပင်များပြားသော်လည်း အသင်တို့အဖို့ အနည်းငယ်မျှပင် အသုံးဝင်လိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲမုအ်မင်န် သက်ဝင်ယုံကြည်သူတို့နှင့်အတူ ရှိတော်မူသည်(ကိုလည်း ကောင်းစွာ သတိပြုကြလေကုန်)။(ရကူ)
20يَا أَيُّهَا الَّذِينَ آمَنُوا أَطِيعُوا اللَّهَ وَرَسُولَهُ وَلَا تَوَلَّوْا عَنْهُ وَأَنتُمْ تَسْمَعُونَ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့် တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်၏အမိန့်တော်များကိုလည်းကောင်း၊ လိုက်နာကြလေကုန်။ ၎င်းပြင်အသင်တို့သည် ကြားသိလျက်နှင့် ထိုအမိန့်တော်(များ)မှ လွှဲဖယ်မသွားကြကုန်လင့်။
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
18အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 18

စူရာ အလ်-အန်ဖာလ် အာယာသ် 18 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤသည်ကား (ပြီးခဲ့သောကိစ္စပင်တည်း။) ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့၏ ကြံစည်မှုကိုလည်း ဧကန်မလွဲနုံနဲ့(ပျက်စီး)စေတော်မူလတ္တံ့။

စူရာ အာယာသ် 18/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 16–20. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 31, 2026

Don't forget us in your sincere prayers