အလ်-အန်ဖာလ် · 55/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဖာလ်
إِنَّ شَرَّ الدَّوَابِّ عِندَ اللَّهِ الَّذِينَ كَفَرُوا فَهُمْ لَا يُؤْمِنُونَ ۝٥٥
Inna sharrad dawaaabbi `indal laahil lazeena kafaroo fahum laa yu`minoon
📖 မြန်မာဘာသာ
မလွဲဧကန် အလ္လာဟ်အရှင်မြတ်အထံတော်တွင်အဆိုးဆုံးသော သတ္တဝါတို့ကား (ဤ)အကြင်မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ပင်တည်း။ သို့ဖြစ်ပေရာ ၎င်းတို့သည်သက်ဝင်ယုံကြည်ကြမည့်သူများ မဟုတ်ချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 53-57 — စူရာ အလ်-အန်ဖာလ်

53ذَٰلِكَ بِأَنَّ اللَّهَ لَمْ يَكُ مُغَيِّرًا نِّعْمَةً أَنْعَمَهَا عَلَىٰ قَوْمٍ حَتَّىٰ يُغَيِّرُوا مَا بِأَنفُسِهِمْ ۙ وَأَنَّ اللَّهَ سَمِيعٌ عَلِيمٌ
ဤသည်ကား အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် အကြင်လူမျိုးတမျိုး၏ အပေါ်၌ပြုတော်မူခဲ့သော မည်သည့်ကျေးဇူးတော်ကိုမျှ ထိုလူမျိုးတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့၏ အခြေအနေကို မပြောင်းလဲသမျှ ကာလပတ်လုံး ပြောင်းလဲပေးတော်မူသည်ဟူ၍မရှိချေ။ ၎င်းပြင်ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။
54كَدَأْبِ آلِ فِرْعَوْنَ ۙ وَالَّذِينَ مِن قَبْلِهِمْ ۚ كَذَّبُوا بِآيَاتِ رَبِّهِمْ فَأَهْلَكْنَاهُم بِذُنُوبِهِمْ وَأَغْرَقْنَا آلَ فِرْعَوْنَ ۚ وَكُلٌّ كَانُوا ظَالِمِينَ
(မိမိတို့၏ အခြေအနေကို ပြောင်းလဲရာတွင် ထိုကာဖိရ်များ၏အခြေအနေကား)ဖရ်အောန်၏အခြွေအရံများ၏အခြေအနေကဲ့သို့လည်းကောင်း၊ ယင်း(ဖစ်ရ်အောင်န်၏အခြွေအရံများ) ၏အလျင် ရှေးအထက်ကျော်ကာရီက ရှိခဲ့ကြကုန်သောသူတို့၏ အခြေအနေကဲ့သို့လည်းကောင်း၊ ဖြစ်ပေသည်။ထိုသူတို့သည် မိမိတို့အား မွေးမြူတော်မူသောအရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား၎င်းတို့၏ပြစ်မှုဒုစရိုက်များကြောင့် ဖျက်ဆီးတော်မူခဲ့လေသည်။ထို့ပြင် ငါအရှင်မြတ်သည် ဖစ်ရ်အောင်န်၏အခြွေအရံတို့ကိုနစ်မြုပ်စေတော်မူခဲ့လေသည်။ အမှန်စင်စစ်သော်ကား ၎င်းတို့အားလုံးသည်ပင် မတရားကျူးလွန်သူများ ဖြစ်ခဲ့ကြကုန်သတည်း။
55إِنَّ شَرَّ الدَّوَابِّ عِندَ اللَّهِ الَّذِينَ كَفَرُوا فَهُمْ لَا يُؤْمِنُونَ
မလွဲဧကန် အလ္လာဟ်အရှင်မြတ်အထံတော်တွင်အဆိုးဆုံးသော သတ္တဝါတို့ကား (ဤ)အကြင်မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ပင်တည်း။ သို့ဖြစ်ပေရာ ၎င်းတို့သည်သက်ဝင်ယုံကြည်ကြမည့်သူများ မဟုတ်ချေ။
56الَّذِينَ عَاهَدتَّ مِنْهُمْ ثُمَّ يَنقُضُونَ عَهْدَهُمْ فِي كُلِّ مَرَّةٍ وَهُمْ لَا يَتَّقُونَ
ဤကာဖိရ်များကား အသင်သည် ထိုသူတို့ထံမှ(အကြိမ်ကြိမ်)ပဋိညာဉ်ယူခဲ့ပြီး ဖြစ်လေသည်။ ထို့နောက်သော်မှပင် ထိုသူတို့သည် မိမိတို့၏ပဋိညာဉ်ကို အကြိမ်တိုင်းအကြိမ်တိုင်း ဖောက်ဖျက်ကြလေသည်။ အမှန်သော်ကား ထိုသူတို့သည်(ပဋိညာဉ်ဖောက်ဖျက်ခြင်းနှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ကြသည် မဟုတ်ပေ။
57فَإِمَّا تَثْقَفَنَّهُمْ فِي الْحَرْبِ فَشَرِّدْ بِهِم مَّنْ خَلْفَهُمْ لَعَلَّهُمْ يَذَّكَّرُونَ
သို့ဖြစ်ပေရာ အသင်သည် အကယ်၍ ၎င်းတို့အား စစ်ပွဲတွင် (လက်ရ)ဖမ်းမိသည်ရှိသော်၊ အသင်သည် ၎င်းတို့အားဖြင့် ၎င်းတို့အပြင်၌ ရှိကြကုန် သော(ရန်)သူတို့အားဖရိုဖရဲ ကစဉ့်ကလျား ဖြစ်အောင်ပြုလေလော့၊ သို့မှသာလျှင် ၎င်းသူတို့သည် သတိရကြလတ္တံ့။ (တစ်နည်း) နောင်ကြဉ်ကြလတ္တံ့။
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
55အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 55

စူရာ အလ်-အန်ဖာလ် အာယာသ် 55 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မလွဲဧကန် အလ္လာဟ်အရှင်မြတ်အထံတော်တွင်အဆိုးဆုံးသော သတ္တဝါတို့ကား (ဤ)အကြင်မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ပင်တည်း။ သို့ဖြစ်ပေရာ ၎င်းတို့သည်သက်ဝင်ယုံကြည်ကြမည့်သူများ မဟုတ်ချေ။

စူရာ အာယာသ် 55/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 53–57. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers