အတ်-တောင်ဘ · 106/129
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တောင်ဘ
وَآخَرُونَ مُرْجَوْنَ لِأَمْرِ اللَّهِ إِمَّا يُعَذِّبُهُمْ وَإِمَّا يَتُوبُ عَلَيْهِمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ ۝١٠٦
Wa aakharoona murjawna li amril laahi imaa yu`az zibuhum wa immaa yatoobu `alaihim; wallaahu `Aleemun Hakeem
📖 မြန်မာဘာသာ
၎င်းပြင် အခြားသူတို့သည်လည်း ရှိကြကုန်၏၊ထိုသူတို့၏အရေးကိစ္စမှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်(ကျရောက်သည်)အထိ ရွှေ့ဆိုင်းထားပြီး ဖြစ်ချေသည်။ ထိုအရှင်မြတ်သည် ၎င်းတို့အား ပြစ်ဒဏ်ပေးတော်မူသည်ဖြစ်စေ၊၎င်းတို့၏ ဝန်ချတောင်းပန်ချက်ကို သဘောတူလက်ခံတော်မူသည်ဖြစ်စေ၊ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ကို သိတော်မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • وَآخَرُونَ (ဝါအာခရူန်န): “အခြားသူများလည်း ရှိသေးသည်” ဟု အဓိပ္ပာယ်ရသည်။
  • مُرْجَوْنَ (မုရ်ဂျောင်န): “နောက်ဆုတ်ထားခြင်းခံရသူများ” သို့မဟုတ် “ဆိုင်းငံ့ထားခြင်းခံရသူများ” ဟု အဓိပ္ပာယ်ရသည်။ သူတို့၏ အဆုံးအဖြတ်ကို အလ္လာဟ်အရှင်မြတ်၏ ဆုံးဖြတ်ချက်အပေါ် မူတည်၍ စောင့်ဆိုင်းနေရသူများကို ဆိုလိုသည်။
  • لِأَمْرِ اللَّهِ (လိအမ်ရိလ္လာဟ်): “အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်/ဆုံးဖြတ်ချက်အတွက်” ဟု အဓိပ္ပာယ်ရသည်။
  • إِمَّا يُعَذِّبُهُمْ (အိမ်မာ ယုအဇ်ဇိဗ်ဟွမ်): “အကယ်၍ အရှင်မြတ်သည် သူတို့အား အပြစ်ဒဏ်ပေးတော်မူလျှင်” ဟု အဓိပ္ပာယ်ရသည်။
  • وَإِمَّا يَتُوبُ عَلَيْهِمْ (ဝါအိမ်မာ ယတူဗု အလိုင်ဟိမ်): “သို့မဟုတ် အကယ်၍ အရှင်မြတ်သည် သူတို့၏ အပြစ်များကို ခွင့်လွှတ်တော်မူလျှင်” ဟု အဓိပ္ပာယ်ရသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

တဗူက် စစ်ပွဲမှ နောက်ဆုတ်ခဲ့ကြသူများထဲတွင် အခြားလူအုပ်စုတစ်စုလည်း ရှိသေးသည်။ သူတို့သည် ဆင်ခြေအကြောင်းပြချက် အမှန်တကယ် မရှိကြဘဲ နောက်ဆုတ်ခဲ့ကြသူများ ဖြစ်သည်။ သို့သော် သူတို့သည် မိမိတို့၏ လုပ်ရပ်အပေါ် နောင်တရကြပြီး အလ္လာဟ်အရှင်မြတ်ထံ ဝန်ချတောင်းပန်ကြသည်။ ထို့ကြောင့် သူတို့၏ အဆုံးအဖြတ်ကို အလ္လာဟ်အရှင်မြတ်၏ ဆုံးဖြတ်ချက်တော်အပေါ် မူတည်၍ ဆိုင်းငံ့ထားခြင်း ခံခဲ့ရသည်။ အကယ်၍ သူတို့သည် အပြစ်မှ ပြန်လည်ဝန်ချတောင်းပန်ခြင်း မပြုကြလျှင် အရှင်မြတ်သည် သူတို့အား အပြစ်ဒဏ်ပေးတော်မူနိုင်သည်။ သို့မဟုတ် အကယ်၍ သူတို့သည် အပြစ်မှ ပြန်လည်ဝန်ချတောင်းပန်ကြလျှင် အရှင်မြတ်သည် သူတို့အား ခွင့်လွှတ်တော်မူနိုင်သည်။ အလ္လာဟ်အရှင်မြတ်သည် အပြစ်ဒဏ်ခံထိုက်သူနှင့် ခွင့်လွှတ်ခံထိုက်သူကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ မိမိ၏ ဆုံးဖြတ်ချက်များနှင့် စီမံခန့်ခွဲမှုများတွင် ဉာဏ်ပညာအကြွင်းမဲ့ ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ ဤအာယသ်တော်တွင် ညွှန်းဆိုခံရသူများမှာ မုရာရဟ် ဗင်န် ရဗီအီ၊ ကအ်ဗ် ဗင်န် မာလိက်နှင့် ဟိလာလ် ဗင်န် အုမိုင်ယဟ် တို့ ဖြစ်ကြသည်။ သူတို့သည် ငါးဆ



📜 အာယာသ် 104-108 — စူရာ အတ်-တောင်ဘ

104أَلَمْ يَعْلَمُوا أَنَّ اللَّهَ هُوَ يَقْبَلُ التَّوْبَةَ عَنْ عِبَادِهِ وَيَأْخُذُ الصَّدَقَاتِ وَأَنَّ اللَّهَ هُوَ التَّوَّابُ الرَّحِيمُ
မုချဧကန် အလ္လာဟ်အရှင်မြတ်သည်ပင် မိမိကျွန်များ၏ ဝန်ချတောင်းပန်ချက်ကို သဘောတူ လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုအရှင်မြတ်သည်ပင် အလှူဒါနဝတ္ထုပစ္စည်းများကို လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုသူများ မသိကြလေသလော။ ဧကန်အမှန် ထိုအရှင်မြတ်သည်ပင်(မိမိကျွန်များ၏)ဝန်ချတောင်းပန်ချက်ကို အလွန်တရာသဘောတူ လက်ခံတော်မူသောအရှင်၊ (၎င်းတို့အပေါ်၌)အလွန်တရာ သနားကြင်နာညှာတာတော် မူသောအရှင်ဖြစ်တော်မူပေသည်။
105وَقُلِ اعْمَلُوا فَسَيَرَى اللَّهُ عَمَلَكُمْ وَرَسُولُهُ وَالْمُؤْمِنُونَ ۖ وَسَتُرَدُّونَ إِلَىٰ عَالِمِ الْغَيْبِ وَالشَّهَادَةِ فَيُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ
ထိုမှတစ်ပါး အသင်သည် (ဤသို့) ပြောကြားပါလေ၊ အသင်တို့သည်(အသင်တို့နှစ်သက်ရာများကို) ပြုလုပ်ကြလေကုန်။ မကြာမြင့်မီ အသင်တို့၏ အပြုအမူကိုအလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊မုအ်မင်န်သက်ဝင်ယုံကြည်သူတို့ သည်လည်းကောင်း၊ တွေ့မြင်ကြပေမည်။ ထိုမှတစ်ပါး အသင်တို့သည် ဖုံးအုပ်လျက်ရှိသောအရာတို့ကိုလည်းကောင်း၊ ပေါ်လွင်ထင်ရှားစွာသိမြင်နိုင်သောအရာ တို့ကိုလည်းကောင်း၊ သိတော်မူသောရှင်မြတ်ထံတော်သို့ မုချ ပြန်ရောက်စေခြင်းကို ခံကြရပေမည်။ တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုမူလျက်ရှိကြသည်တို့ကို ထုတ်ဖော်မိန့်ကြားတော်မူပေမည်။
106وَآخَرُونَ مُرْجَوْنَ لِأَمْرِ اللَّهِ إِمَّا يُعَذِّبُهُمْ وَإِمَّا يَتُوبُ عَلَيْهِمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
၎င်းပြင် အခြားသူတို့သည်လည်း ရှိကြကုန်၏၊ထိုသူတို့၏အရေးကိစ္စမှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်(ကျရောက်သည်)အထိ ရွှေ့ဆိုင်းထားပြီး ဖြစ်ချေသည်။ ထိုအရှင်မြတ်သည် ၎င်းတို့အား ပြစ်ဒဏ်ပေးတော်မူသည်ဖြစ်စေ၊၎င်းတို့၏ ဝန်ချတောင်းပန်ချက်ကို သဘောတူလက်ခံတော်မူသည်ဖြစ်စေ၊ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ကို သိတော်မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေ၏။
107وَالَّذِينَ اتَّخَذُوا مَسْجِدًا ضِرَارًا وَكُفْرًا وَتَفْرِيقًا بَيْنَ الْمُؤْمِنِينَ وَإِرْصَادًا لِّمَنْ حَارَبَ اللَّهَ وَرَسُولَهُ مِن قَبْلُ ۚ وَلَيَحْلِفُنَّ إِنْ أَرَدْنَا إِلَّا الْحُسْنَىٰ ۖ وَاللَّهُ يَشْهَدُ إِنَّهُمْ لَكَاذِبُونَ
ထိုမှတစ်ပါး (၎င်းတို့တွင်) အကြင်သူတို့သည်လည်း ရှိကြကုန်၏။ ထိုသူတို့သည် မတ်စ်ဂျစ်ဒ်ဗလီဝတ်ကျောင်းတစ်ဆောင်ကို (အစ္စလာမ်သာသနာတော်နှင့်မုစ်လင်မ်တို့အား)အကျိုးယုတ်စေခြင်းငှာလည်းကောင်း၊(နဗီတမန်တော်မြတ်အားကဲ့ရဲ့ခြင်းအားဖြင့်) သွေဖည်ငြင်း ပယ်ခြင်းငှာလည်းကောင်း၊မုစ်လင်မ်တို့ အချင်းချင်းတွင် သွေးခွဲခြင်းငှာလည်းကောင်း၊ယခင်က အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား တိုက်ခိုက်ခဲ့ကြသောသူများ ကင်းထောက်ရာဌာနတစ်ခုရရှိစေခြင်းငှာလည်းကောင်း တည်�ောက်ခဲ့ကြကုန်၏။ တစ်ဖန် ထိုသူတို့ကကျွန်တော်မျိုးတို့သည် အကောင်းကိုသာ ရည်စူးခဲ့ကြပါသည် ဟု ကျိန်ဆို ကြပေလိမ့်မည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ ဧကန်မလွဲမုသာဝါဒီများ ဖြစ်ကြသည်ကို သက်သေခံတော်မူ၏။
108لَا تَقُمْ فِيهِ أَبَدًا ۚ لَّمَسْجِدٌ أُسِّسَ عَلَى التَّقْوَىٰ مِنْ أَوَّلِ يَوْمٍ أَحَقُّ أَن تَقُومَ فِيهِ ۚ فِيهِ رِجَالٌ يُحِبُّونَ أَن يَتَطَهَّرُوا ۚ وَاللَّهُ يُحِبُّ الْمُطَّهِّرِينَ
(အို-နဗီတမန်တော်) အသင်သည် ထိုဗလီဝတ်ကျောင်းတွင် မည်သည့်အခါ၌မျှ (ဆွလာတ်ဝတ်ပြုရန်) မတ်တတ်မရပ်ပါလေနှင့်။ မုချဧကန် အကြင် မတ်စ်ဂျစ်ဒ်ဗလီဝတ်ကျောင်းတော်သည် ပထမနေ့မှစ၍ (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေခန့်ညားခြင်းအပေါ်၌(မူတည်၍) အုတ်မြစ်ချခဲ့ပြီးဖြစ်၏။ အသင်သည် ထိုဗလီဝတ်ကျောင်းတော်၌သာလျှင် ပိုမို၍ ရပ်ထိုက်၏။ ထိုဗလီဝတ်ကျောင်း တော်တွင်အလွန်သန့်ရှင်းစင်ကြယ်ကြရန် နှစ်သက်သောသူတို့သည် ရှိကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်သန့်ရှင်း စင်ကြယ်ကြကုန်သော သူတို့အား နှစ်မြို့တော်မူချေသတည်း။
အတ်-တောင်ဘကုရ်အာန် ညွှန်းကိန်း
129အာယာသ်
MedinanRevelation
106အာယာသ်

ဘာသာပြန် — အတ်-တောင်ဘ 106

စူရာ အတ်-တောင်ဘ အာယာသ် 106 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အခြားသူတို့သည်လည်း ရှိကြကုန်၏၊ထိုသူတို့၏အရေးကိစ္စမှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်(ကျရောက်သည်)အထိ ရွှေ့ဆိုင်းထားပြီး ဖြစ်ချေသည်။ ထိုအရှင်မြတ်သည် ၎င်းတို့အား ပြစ်ဒဏ်ပေးတော်မူသည်ဖြစ်စေ၊၎င်းတို့၏ ဝန်ချတောင်းပန်ချက်ကို…

စူရာ အာယာသ် 106/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 104–108. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers