ယူနူစ် · 59/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
قُلْ أَرَأَيْتُم مَّا أَنزَلَ اللَّهُ لَكُم مِّن رِّزْقٍ فَجَعَلْتُم مِّنْهُ حَرَامًا وَحَلَالًا قُلْ آللَّهُ أَذِنَ لَكُمْ ۖ أَمْ عَلَى اللَّهِ تَفْتَرُونَ ۝٥٩
Qul ara`aitum maaa anzalal laahu lakum mir rizqin faja`altum minhu haraamanw wa halaalan qul aaallaahu azina lakum am `alal laahi taftaroon
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပါလေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူခဲ့သော စားနပ်ရိက္ခာတို့ကို၊ ထို(သို့ချပေးသနားတော်မူပြီး) နောက်တွင် အသင်တို့သည် ယင်းစားနပ်ရိက္ခာများ အနက်မှ အချို့ကိုဟရာမ်(စားပိုင်ခွင့်မရှိ)ဟူ၍လည်းကောင်း၊ အချို့ကိုဟလာလ(စားပိုင်ခွင့် ရှိသည်)ဟူ၍လည်းကောင်း၊ သတ်မှတ်ခဲ့ကြသည်ကို စေ့စေ့စဉ်းစား ဆင်ခြင်ပြီး ဖြစ်ကြလေသလော။ (အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား ဤသို့) ပြောဆိုမေးမြန်းပါလေ။ အသို့ပါနည်း၊အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ခွင့်ပြုတော် မူခဲ့ပါသလော၊ သို့တည်းမဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ လီဆယ် စွပ်စွဲကြလေသလော။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ဤအာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • قُلْ (ကုလ်):ဆိုပါ၊ ပြောပါ။
  • أَرَأَيْتُم (အ�ရာအိုင်သွန်မ်):သင်တို့ ပြောပြကြပါ၊ သင်တို့ သိကြသလား။
  • رِزْقٍ (ရိဇ်က်):ရိဇ်က်၊ အသက်မွေးဝမ်းကျောင်းပစ္စည်း၊ စားနပ်ရိက္ခာ။
  • حَرَامًا (ဟရာမ်):တားမြစ်ထားသော၊ ဟရာမ်။
  • حَلَالًا (ဟလာလ်):ခွင့်ပြုထားသော၊ ဟလာလ်။
  • أَذِنَ (အဇိန):ခွင့်ပြုခဲ့သည်။
  • تَفْتَرُونَ (သဖ်သရူန်န):သင်တို့ လုပ်ကြံဖန်တီးပြောဆိုကြသည်၊ မုသားကို ဖန်တီးကြသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ ဤသစ္စာတရားကို ငြင်းပယ်သော ရုပ်တုကိုးကွယ်သူများအား ပြောပါ:အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် ချီးမြှင့်ပေးအပ်ထားသော ရိဇ်က်များ — တိရစ္ဆာန်များ၊ သီးနှံများ၊ အသီးအနှံများနှင့် အခြားကောင်းချီးများ — အကြောင်း သင်တို့ ပြောပြကြပါ။ ထိုရိဇ်က်များထဲမှ အချို့ကို သင်တို့က မိမိတို့၏ ဆန္ဒအလိုကျ ဟရာမ်ဟု သတ်မှတ်ကြပြီး အချို့ကို ဟလာလ်ဟု သတ်မှတ်ကြသည်။ သင်တို့အား ဤသို့ ဟရာမ်နှင့် ဟလာလ် ခွဲခြားသတ်မှတ်ခွင့်ကို အလ္လာဟ်အရှင်မြတ် ခွင့်ပြုခဲ့သလား၊ သို့မဟုတ် အလ္လာဟ်အရှင်မြတ်အပေါ် သင်တို့ကိုယ်တိုင် မုသားများ လုပ်ကြံဖန်တီး၍ ပြောဆိုကြသလား။

အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် ရိဇ်က်များကို ဖန်ဆင်းပေးအပ်ထားတော်မူသည်။ ထိုရိဇ်က်များကို ဟလာလ်ဖြစ်စေ၊ ဟရာမ်ဖြစ်စေ သတ်မှတ်ပိုင်ခွင့်သည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာ ပိုင်ဆိုင်သည်။ လူသားတို့သည် မိမိတို့၏ ဆန္ဒနှင့် အလိုဆန္ဒအတိုင်း ဟလာလ်နှင့် ဟရာမ်ကို ခွဲခြားသတ်မှတ်ပိုင်ခွင့် မရှိပါ။ သို့ပါလျက် ဤရုပ်တုကိုးကွယ်သူများသည် မိမိတို့၏ စိတ်အလိုအတိုင်း ဟရာမ်နှင့် ဟလာလ်ကို ခွဲခြားသတ်မှတ်ပြီး ထိုသတ်မှတ်ချက်များကို အလ္လာဟ်အရှင်မြတ်ထံမှ ဖြစ်သည်ဟု ဆိုကာ အလ္လာဟ်အရှင်မြတ်အပေါ် မုသားကို လုပ်ကြံဖန်တီးပြောဆိုကြခြင်း ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် လူသားတို့အတွက် ရိဇ်က်များကို ဖန်ဆင်းပေးအပ်ထားတော်မူသည်။ ထ


📜 အာယာသ် 57-61 — စူရာ ယူနူစ်

57يَا أَيُّهَا النَّاسُ قَدْ جَاءَتْكُم مَّوْعِظَةٌ مِّن رَّبِّكُمْ وَشِفَاءٌ لِّمَا فِي الصُّدُورِ وَهُدًى وَرَحْمَةٌ لِّلْمُؤْمِنِينَ
အို-လူအပေါင်းတို့ မုချဧကန် အသင်တို့ထံသို့အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ ဆုံးမဩဝါဒတော်သည်လည်းကောင်း၊ ရင်များတွင်ရှိသော(ဝေဒနာများ)ကို ပျောက်ကင်းစေသော ဆေးသည်လည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ တရားပြလမ်းညွှန်ခြင်းသည် လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း ရောက်ရှိလာခဲ့လေပြီ။
58قُلْ بِفَضْلِ اللَّهِ وَبِرَحْمَتِهِ فَبِذَٰلِكَ فَلْيَفْرَحُوا هُوَ خَيْرٌ مِّمَّا يَجْمَعُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့ အားဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကြောင့်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကရုဏာတော်ကြောင့်လည်းကောင်း၊ ဤသည်တို့ကိုအကြောင်းပြု၍ လူသားတို့သည်ဝမ်းမြောက်သင့်ကြပေသည်။ ထို(ကျေးဇူးတော်ကရုဏာတော်)သည်ကား ၎င်း တို့ စုဆောင်းလျက်ရှိကုန်သော (လောကီ)ဥစ္စာပစ္စည်းများထက် လွန်စွာပိုမို၍ ကောင်း မြတ်ပေသတည်း။
59قُلْ أَرَأَيْتُم مَّا أَنزَلَ اللَّهُ لَكُم مِّن رِّزْقٍ فَجَعَلْتُم مِّنْهُ حَرَامًا وَحَلَالًا قُلْ آللَّهُ أَذِنَ لَكُمْ ۖ أَمْ عَلَى اللَّهِ تَفْتَرُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပါလေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူခဲ့သော စားနပ်ရိက္ခာတို့ကို၊ ထို(သို့ချပေးသနားတော်မူပြီး) နောက်တွင် အသင်တို့သည် ယင်းစားနပ်ရိက္ခာများ အနက်မှ အချို့ကိုဟရာမ်(စားပိုင်ခွင့်မရှိ)ဟူ၍လည်းကောင်း၊ အချို့ကိုဟလာလ(စားပိုင်ခွင့် ရှိသည်)ဟူ၍လည်းကောင်း၊ သတ်မှတ်ခဲ့ကြသည်ကို စေ့စေ့စဉ်းစား ဆင်ခြင်ပြီး ဖြစ်ကြလေသလော။ (အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား ဤသို့) ပြောဆိုမေးမြန်းပါလေ။ အသို့ပါနည်း၊အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ခွင့်ပြုတော် မူခဲ့ပါသလော၊ သို့တည်းမဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ လီဆယ် စွပ်စွဲကြလေသလော။
60وَمَا ظَنُّ الَّذِينَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ يَوْمَ الْقِيَامَةِ ۗ إِنَّ اللَّهَ لَذُو فَضْلٍ عَلَى النَّاسِ وَلَٰكِنَّ أَكْثَرَهُمْ لَا يَشْكُرُونَ
ထိုု့ပြင်အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်စွပ်စွဲကြကုန်သော သူတို့၏ ထင်မြင်ယူဆချက်သည်ကိယာမသ်ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်း၍ မည်သို့ရှိပါသနည်း။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူတို့အပေါ်၌အမှန်ပင် ကျေးဇူးတော်ရှင် ဖြစ်တော်မူပေသည်။ သို့ရာတွင်၎င်း တို့ အနက်အများဆုံးသော သူတို့မူကား ကျေးဇူးတော်ကိုမသိတတ်ကြချေ။
61وَمَا تَكُونُ فِي شَأْنٍ وَمَا تَتْلُو مِنْهُ مِن قُرْآنٍ وَلَا تَعْمَلُونَ مِنْ عَمَلٍ إِلَّا كُنَّا عَلَيْكُمْ شُهُودًا إِذْ تُفِيضُونَ فِيهِ ۚ وَمَا يَعْزُبُ عَن رَّبِّكَ مِن مِّثْقَالِ ذَرَّةٍ فِي الْأَرْضِ وَلَا فِي السَّمَاءِ وَلَا أَصْغَرَ مِن ذَٰلِكَ وَلَا أَكْبَرَ إِلَّا فِي كِتَابٍ مُّبِينٍ
(အို-နဗီတမန်တော်) အသင်သည် မည်သည့်အခြေအနေ၌မဆို ရှိနေသည်ကိုလည်းကောင်း၊ ထို အခြေအနေတွင် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သရဇ္ဈယ်လျက် ရှိနေသည်ကိုလည်းကောင်း၊ အသင်တို့သည်မည်သည့် အလုပ်မျိုးကိုမဆို ပြုလုပ်လျက် ရှိနေကြသည်ကိုလည်းကောင်း၊ အသင်တို့ ထိုကိစ္စကို အာရုံစိုက်၍ စတင်�ောင်ရွက်ကြသောအချိန်အခါတွင် ငါအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် အသိသက်သေ ဖြစ်တော်မူသည်သာတည်း။ စင်စစ်သော်ကား ပထဝီမြေ၌လည်းကောင်း၊ မိုးကောင်းကင်၌လည်းကောင်း၊ ရှိသည့်အနည်းငယ် စိုးစဉ်းမျှ(သောအရာဝတ္ထု)သည်ပင်လျှင် အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(၏အသိ)မှ ပျောက်ကွယ်နေသည်မဟုတ်ပေ။ ထိုမှတစ်ပါးယင်း ထက်သေးငယ်သော(အရာဝတ္ထုသည်)လည်းကောင်း၊(ယင်းထက်)ကြီးသော(အရာဝတ္ထုသည်)လည်းကောင်း၊ ထင်ရှားစွာသော (မှတ်တမ်းတော်စာအုပ်တွင်ရေးသားပြီး)ရှိနေသည်သာတည်း။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
59အာယာသ်

ဘာသာပြန် — ယူနူစ် 59

စူရာ ယူနူစ် အာယာသ် 59 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပါလေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူခဲ့သော စားနပ်ရိက္ခာတို့ကို၊ ထို(သို့ချပေးသနားတော်မူပြီး) နောက်တွင်…

စူရာ အာယာသ် 59/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 57–61. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers