ဟူဒ် · 49/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
تِلْكَ مِنْ أَنبَاءِ الْغَيْبِ نُوحِيهَا إِلَيْكَ ۖ مَا كُنتَ تَعْلَمُهَا أَنتَ وَلَا قَوْمُكَ مِن قَبْلِ هَٰذَا ۖ فَاصْبِرْ ۖ إِنَّ الْعَاقِبَةَ لِلْمُتَّقِينَ ۝٤٩
Tilka min ambaaa`il ghaibi nooheehaaa ilaika maa kunta ta`lamuhaaaa anta wa laa qawmuka min qabli haazaa fasbir innal `aaqibata lilmuttaqeen
📖 မြန်မာဘာသာ
ဤ(အဖြစ်အပျက်အကြောင်း)တို့ကား အကွယ်၌ရှိသော သတင်းများအနက်မှပင်ဖြစ်၏။ ငါအရှင်မြတ်သည်ထိုသတင်းများကို အသင့်ထံသို့ ထုတ်ပြန်တော်မူ၏။ ဤသို့မထုတ်ပြန်မီ ထိုသတင်းများကို အသင်လည်းမသိခဲ့ချေ။အသင် ၏အမျိုးသား များလည်း သိခဲ့ကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် (သာသနာပြုရာ၌လည်းကောင်း၊ မိမိအမျိုး သားများ၏ဒုက္ခပေးမှုများအပေါ်၌လည်းကောင်း)သည်းခံပါလေ။ ဧကန်မလွဲ နောက်ဆုံးတွင် အကျိုးခံစားမှုသည်ကား (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင်ကြကုန် သောသူတော်စင်တို့အဖို့သာလျှင်ဖြစ်ချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ဤအာယသ်တော်တွင် ရှင်းလင်းရန်လိုအပ်သော ဝေါဟာရများ:
  • တိလ်ကာ (تِلْكَ): ထို၊ ဤသည် — ရှေးက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ညွှန်ပြသည်။
  • အန်ဗာအုလ်ဂိုင်းဗ် (أَنبَاءِ الْغَيْبِ): မမြင်နိုင်သော ကွယ်ဝှက်သော အကြောင်းအရာများ၏ သတင်းများ။
  • နူဟီဟာ (نُوحِيهَا): ငါအရှင်မြတ် ထုတ်ဖော်ချပေးသည်၊ ဝဟီအဖြစ် ပေးပို့သည်။
  • ဖာဆ်ဗိရ် (فَاصْبِرْ): သင်သည် သည်းခံပါ၊ ဇွဲရှိပါ။
  • အာလ်အာကိဗဟ် (الْعَاقِبَةَ): အဆုံးသတ်ရလဒ်၊ နောက်ဆုံးအကျိုးဆက်။
  • လိလ်မုတ္တကီန် (لِلْمُتَّقِينَ): အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ဆည်းကပ်သူများအတွက်။
  1. ဤအာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ဤအာယသ်တော်သည် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား နူဟ် (အလိုင်ဟိစ္စလာမ်) ၏ အဖြစ်အပျက်ကို ပြန်လည်ပြောပြပြီးနောက် မိန့်ကြားတော်မူခြင်း ဖြစ်သည်။ အဓိပ္ပာယ်မှာ — ဤဖော်ပြခဲ့သော နူဟ်၏ အဖြစ်အပျက်သည် လူသားတို့ မသိနိုင်သော ကွယ်ဝှက်သည့် သတင်းများထဲမှ ဖြစ်သည်။ ငါအရှင်မြတ်သည် ထိုသတင်းများကို သင့်ထံ ဝဟီအဖြစ် ထုတ်ဖော်ချပေးနေခြင်း ဖြစ်သည်။ ဤကုရ်အာန် မကျရောက်မီက သင်လည်း မသိခဲ့ဖူးသလို သင့်လူမျိုးများလည်း မသိခဲ့ဖူးပေ။ ထို့ကြောင့် သင့်လူမျိုးတို့၏ ငြင်းပယ်မှုနှင့် နှောင့်ယှက်ညှဉ်းပန်းမှုများကို ရှေးတမန်တော်များ သည်းခံခဲ့သကဲ့သို့ သင်လည်း သည်းခံပါ။ ဧကန်စင်စစ် နောက်ဆုံးအောင်မြင်မှုနှင့် ကောင်းသောအကျိုးဆက်သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ဆည်းကပ်သူများအတွက်သာ ဖြစ်သည်။ သူတို့သည် အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာပြီး တားမြစ်ချက်များကို ရှောင်ကြဉ်သူများ ဖြစ်ကြသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ်ထံမှ အမှန်တကယ် ထုတ်ဖော်ချပေးထားသော ကျမ်းတော်ဖြစ်ကြောင်း ဤအာယသ်တော်က သက်သေထူသည်။ အကြောင်းမှာ တမန်တော်မုဟမ္မဒ် (ဆွ) သည် ရှေးအဖြစ်အပျက်များကို မသိခဲ့ဘဲ နောက်ပိုင်းတွင် တိကျစွာ ပြောပြနိုင်ခြင်းသည် အရှင်မြတ်၏ ဝဟီဖြစ်ကြောင်း ထင်ရှားစေသည်။
  • သည်းခံခြင်း (ဆွဗရ်) သည် ဒါအ်ဝဟ်လုပ်ငန်းတွင် မရှိမဖြစ် လိုအပ်သော ဂုဏ်ရ


📜 အာယာသ် 47-51 — စူရာ ဟူဒ်

47قَالَ رَبِّ إِنِّي أَعُوذُ بِكَ أَنْ أَسْأَلَكَ مَا لَيْسَ لِي بِهِ عِلْمٌ ۖ وَإِلَّا تَغْفِرْ لِي وَتَرْحَمْنِي أَكُن مِّنَ الْخَاسِرِينَ
ထို(နဗီတမန်တော်နူဟ်)သည် (ဤသို့)လျှောက်ထားပန်ကြားလေတော့၏။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိမသိသောအရာကို အရှင်မြတ်အထံတော်၌ နောက်နောင်မလျှောက်ထားမိရန် အရှင်မြတ်အားဖြင့် အကာအကွယ်ယူပါ၏။ (တစ်နည်း) အရှင်မြတ်အထံတော်၌ ခိုလှုံပါ၏။ စင်စစ်မူကား အကယ်၍သာ အရှင်မြတ်သည် (ကျွန်တော်မျိုး လွဲချော်၍ ပြုမိခဲ့သောအပြစ်မှ)ကျွန်တော်မျိုးအား ချမ်းသာပေးတော်မမူခဲ့ပါလျှင် ၎င်းပြင်အရှင်မြတ်သည် (ကျွန်တော်မျိုး၏ ဝန်ချတောင်းပန်ချက်ကိုလက်ခံတော်မူခြင်းအားဖြင့်) ကျွန်တော်မျိုးအား သနားကရုဏာပြုတော်မမူခဲ့ပါလျှင် ကျွန်တော်မျိုးသည် ဆုံးရှုံးသူတို့တွင် အပါအဝင် ဖြစ်သွားရပါတော့မည်။
48قِيلَ يَا نُوحُ اهْبِطْ بِسَلَامٍ مِّنَّا وَبَرَكَاتٍ عَلَيْكَ وَعَلَىٰ أُمَمٍ مِّمَّن مَّعَكَ ۚ وَأُمَمٌ سَنُمَتِّعُهُمْ ثُمَّ يَمَسُّهُم مِّنَّا عَذَابٌ أَلِيمٌ
(ထို့နောက် နဗီတမန်တော်နူဟ်သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဤသို့)မိန့်ကြားတော် မူခြင်းခံခဲ့ရလေသည်မှာ အို-နူဟ်အသင်သည် မိမိအပေါ်၌လည်းကောင်း၊အသင်နှင့်အတူရှိသော လူများအပေါ်၌လည်းကောင်း၊ ငါအရှင်မြတ်အထံတော်မှ ငြိမ်းချမ်းမှုနှင့် ကျက်သရေမင်္ဂလာများကို ယူဆောင်၍ (ဂျူဒီတောင်ပေါ်မှ) ဆင်းသက်ပါလေ။ ထိုမှတစ်ပါး အကြင်လူများလည်း ရှိကြပေဦးမည်။ ငါအရှင်မြတ်သည် ၎င်းတို့အား(ကာလအနည်းငယ်မျှအထိ)ပျော်မွေ့စေတော်မူပေမည်။ ထု့ိနောက် ၎င်းတို့၌ ငါအရှင်မြတ်အထံတော်မှပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ဆိုက်ရောက်မည်ဖြစ်ပေသတည်း။
49تِلْكَ مِنْ أَنبَاءِ الْغَيْبِ نُوحِيهَا إِلَيْكَ ۖ مَا كُنتَ تَعْلَمُهَا أَنتَ وَلَا قَوْمُكَ مِن قَبْلِ هَٰذَا ۖ فَاصْبِرْ ۖ إِنَّ الْعَاقِبَةَ لِلْمُتَّقِينَ
ဤ(အဖြစ်အပျက်အကြောင်း)တို့ကား အကွယ်၌ရှိသော သတင်းများအနက်မှပင်ဖြစ်၏။ ငါအရှင်မြတ်သည်ထိုသတင်းများကို အသင့်ထံသို့ ထုတ်ပြန်တော်မူ၏။ ဤသို့မထုတ်ပြန်မီ ထိုသတင်းများကို အသင်လည်းမသိခဲ့ချေ။အသင် ၏အမျိုးသား များလည်း သိခဲ့ကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် (သာသနာပြုရာ၌လည်းကောင်း၊ မိမိအမျိုး သားများ၏ဒုက္ခပေးမှုများအပေါ်၌လည်းကောင်း)သည်းခံပါလေ။ ဧကန်မလွဲ နောက်ဆုံးတွင် အကျိုးခံစားမှုသည်ကား (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင်ကြကုန် သောသူတော်စင်တို့အဖို့သာလျှင်ဖြစ်ချေသတည်း။
50وَإِلَىٰ عَادٍ أَخَاهُمْ هُودًا ۚ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۖ إِنْ أَنتُمْ إِلَّا مُفْتَرُونَ
ထို့ပြင် (ငါအရှင်မြတ်သည်) အာဒ်အမျိုးသားတို့ထံ ၎င်းတို့၏အစ်ကို (နဗီတမန်တော်)ဟူဒ်အား (စေလွှတ်တော်မူခဲ့လေသည်။) ထို(နဗီတမန်တော်)ဟူဒ်သည် (မိမိအမျိုးသားတို့အား ဤသို့)ပြောဆိုဆုံးမခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ဆည်းကပ်ကြလေကုန်။ အသင်တို့အဖို့ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျဉ်းမရှိချေ။ (စင်စစ်သော်ကား)အသင်တို့သည် လီဆယ်ဖန်တီးသူများသာလျှင် ဖြစ်ကြကုန်သတည်း။
51يَا قَوْمِ لَا أَسْأَلُكُمْ عَلَيْهِ أَجْرًا ۖ إِنْ أَجْرِيَ إِلَّا عَلَى الَّذِي فَطَرَنِي ۚ أَفَلَا تَعْقِلُونَ
အို-ငါ၏အမျိုးသားတို့ ငါသည် အသင်တို့ထံဤ(တရားဓမ္မဟောကြားခြင်း)နှင့်စပ်လျဉ်း၍ မည့်သည့် အကျိုးဆုလာဘ်ကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ ငါ၏အကျိုးဆုလာဘ်မှာမူကား ငါ့အားဖန်ဆင်းတော်မူသော အရှင်မြတ်ပေါ်၌သာ တာဝန်ရှိပေသည်။ သို့ပါလျက် အသင်တို့သည် (ဤမျှထင်ရှားလှသော အကြောင်းကိုပင်) နားမလည်ကြပါသလော။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
49အာယာသ်

ဘာသာပြန် — ဟူဒ် 49

စူရာ ဟူဒ် အာယာသ် 49 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤ(အဖြစ်အပျက်အကြောင်း)တို့ကား အကွယ်၌ရှိသော သတင်းများအနက်မှပင်ဖြစ်၏။ ငါအရှင်မြတ်သည်ထိုသတင်းများကို အသင့်ထံသို့ ထုတ်ပြန်တော်မူ၏။ ဤသို့မထုတ်ပြန်မီ ထိုသတင်းများကို အသင်လည်းမသိခဲ့ချေ။အသင် ၏အမျိုးသား…

စူရာ အာယာသ် 49/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 47–51. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers