ဟူဒ် · 72/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
قَالَتْ يَا وَيْلَتَىٰ أَأَلِدُ وَأَنَا عَجُوزٌ وَهَٰذَا بَعْلِي شَيْخًا ۖ إِنَّ هَٰذَا لَشَيْءٌ عَجِيبٌ ۝٧٢
Qaalat yaa wailataaa `aalidu wa ana `ajoozunw wa haaza ba`lee shaikhan inna haazaa lashai`un `ajeeb
📖 မြန်မာဘာသာ
(ထိုအခါ) ထိုကြင်ရာတော်(စာရာ)က ဪအကျုးိနည်းရလေခြင်း။ ကျွန်ုပ်သည် သားဖွားဦးမည်လော။စင်စစ်သော်ကား ကျွန်ုပ်သည် အသက်အရွယ်ကြီးရင့်သောအမယ်အိုတစ်ဦးဖြစ်ရုံမျှမက ဤကျွန်ုပ်၏ခင်ပွန်း (နဗီတမန်တော်အစ်ဗ်ရာဟီမ်) သည်လည်း အသက်အရွယ်ကြီးရင့်သောအဘိုးအိုတစ်ဦးပင်ဖြစ်ချေသည်။ ဧကန်စင်စစ် ဤသည်အလွန်အံ့ဖွယ်ရာ စကားတစ်ရပ်ပင်ဖြစ်ပေသည်တကားဟုပြောဆိုခဲ့ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • يَا وَيْلَتَىٰ: ဤစကားလုံးသည် အံ့ဩခြင်း၊ အံ့အားသင့်ခြင်းကို ဖော်ပြရာတွင် အသုံးပြုသော စကားလုံးဖြစ်သည်။ "အို အံ့ဩစရာ!" သို့မဟုတ် "အို ကြီးမားသော အံ့ဩဖွယ်ရာ!" ဟု အဓိပ္ပာယ်ရသည်။
  • عَجُوزٌ: အသက်ကြီးသော မိန်းမ၊ အိုမင်းသော အမျိုးသမီး။
  • بَعْلِي: ကျွန်ုပ်၏ ခင်ပွန်း၊ ကျွန်ုပ်၏ လင်ယောက်ျား။
  • شَيْخًا: အသက်ကြီးသော ယောက်ျား၊ အိုမင်းသော အမျိုးသား။
  • عَجِيبٌ: အံ့ဩဖွယ်ရာ၊ ထူးဆန်းသော၊ ပုံမှန်မဟုတ်သော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

တမန်တော် Ibrahim (အ.စ) ၏ ဇနီး Sarah သည် ကောင်းကင်တမန်များထံမှ Ishaq (အ.စ) ခေါ် သားတော်တစ်ပါး ဖွားမြင်မည့်သတင်းကောင်း ရရှိသောအခါ အလွန်အံ့ဩသွားပြီး "အို အံ့ဩစရာ! ကျွန်မသည် အသက်ကြီးသော အမျိုးသမီးဖြစ်နေပါလျက် မည်သို့ ကလေးမွေးနိုင်ပါမည်နည်း။ ကျွန်မ၏ ခင်ပွန်းသည်လည်း အသက်ကြီးနေပါပြီ။ ဤသို့ အသက်ကြီးနေသော ဇနီးမောင်နှံနှစ်ဦးမှ ကလေးမွေးဖွားခြင်းသည် အမှန်ပင် အံ့ဩဖွယ်ရာတစ်ခု ဖြစ်ပါသည်" ဟု ပြောဆိုခဲ့သည်။

သူမသည် အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်ကို သံသယဝင်ခြင်းမဟုတ်ဘဲ၊ လူ့သဘာဝအရ ပုံမှန်အားဖြင့် ဤသို့သော အသက်အရွယ်တွင် ကလေးမမွေးနိုင်သောကြောင့် ထူးဆန်းအံ့ဩခြင်းသာ ဖြစ်သည်။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသောကြောင့် အသက်ကြီးသော ဇနီးမောင်နှံနှစ်ဦးမှ ကလေးမွေးဖွားစေခြင်းသည် အရှင်မြတ်အတွက် လွယ်ကူလှပေသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူကြောင်း ယုံကြည်စိတ်ချသင့်သည်။ လူ့သဘာဝအရ မဖြစ်နိုင်ဟု ထင်ရသော အရာများကိုပင် အရှင်မြတ်သည် ဖြစ်ပေါ်စေနိုင်တော်မူသည်။
  • အသက်အရွယ်ကြီးရင့်သော်လည်း အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် ကောင်းချီးမင်္ဂလာများသည် ရပ်တန့်သွားခြင်းမရှိကြောင်း သိရှိသင့်သည်။
  • မိမိတို့၏ ဘဝတွင် အံ့ဩဖွယ်ရာများ ကြုံတွေ့ရသောအခါ အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်ကို သတိရပြီး ကျေးဇူးတင်သင့်သည်။
  • ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်၏ စွမ်းအားတော်ကို ထင်ရှားစေပြီ


📜 အာယာသ် 70-74 — စူရာ ဟူဒ်

70فَلَمَّا رَأَىٰ أَيْدِيَهُمْ لَا تَصِلُ إِلَيْهِ نَكِرَهُمْ وَأَوْجَسَ مِنْهُمْ خِيفَةً ۚ قَالُوا لَا تَخَفْ إِنَّا أُرْسِلْنَا إِلَىٰ قَوْمِ لُوطٍ
တစ်ဖန် ထိုစေတမန်များ၏ လက်များသည်ထိုကင်ထားသော နွားကလေးသို့ ကမ်းလှမ်းခြင်းမရှိသည်ကိုယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်တွေ့မြင်ခဲ့လေရာ ထို(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် ၎င်းတို့အား မယုံသင်္ကာဖြစ်ခဲ့လေ၏။ ထို့ပြင် ယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည်(မိမိ)စိတ်ထဲတွင် ၎င်းတို့ဖက်မှစိုးရိမ်ခဲ့လေ၏။ (ထိုအခါ) ၎င်းစေတမန်တို့က (အို-နဗီ တမန်တော်အစ်ဗ်ရာဟီမ်) အသင်သည်မစိုးရိမ်ပါလေနှင့်၊ ဧကန်စင်စစ် ကျွန်ုပ်တို့သည် (နဗီတမန်တော်လူ(တ်)၏အမျိုးသားတို့ထံ စေလွှတ်ခြင်းခံခဲ့ကြရ(ကုန်သောကောင်းကင်စေတမန်များပင်ဖြစ်ကြ)သည်ဟု ပြောဆိုခဲ့ကြလေသတည်း။
71وَامْرَأَتُهُ قَائِمَةٌ فَضَحِكَتْ فَبَشَّرْنَاهَا بِإِسْحَاقَ وَمِن وَرَاءِ إِسْحَاقَ يَعْقُوبَ
ထိုအခါ ယင်း(နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏ကြင်ရာတော်(စာရာ)သည် မတ်တပ်ရပ်လျက်ရှိခဲ့ပေရာ(ဤအဖြစ်အပျက်ကိုသိမြင်၍)ရယ်မောခဲ့လေ၏။ တစ်ဖန် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်အစ်ဗ်ရာဟီမ်၏) ကြင်ရာတော်အား (ယင်းစေတမန်တို့မှတစ်ဆင့် နဗီတမန်တော်)အစ္စဟာက်(ကိုဖွားမြင်မည့်အကြောင်း)နှင့် ထို(နဗီတမန်တော်)အစ္စဟာက်၏နောက်တွင် (မြေးတော်နဗီတမန်တော်) ယအ်ကူဗ်(သည်လည်းဖွားမြင်မည့်အကြောင်း) သတင်းကောင်းကိုပြောကြားတော်မူခဲ့လေ၏။
72قَالَتْ يَا وَيْلَتَىٰ أَأَلِدُ وَأَنَا عَجُوزٌ وَهَٰذَا بَعْلِي شَيْخًا ۖ إِنَّ هَٰذَا لَشَيْءٌ عَجِيبٌ
(ထိုအခါ) ထိုကြင်ရာတော်(စာရာ)က ဪအကျုးိနည်းရလေခြင်း။ ကျွန်ုပ်သည် သားဖွားဦးမည်လော။စင်စစ်သော်ကား ကျွန်ုပ်သည် အသက်အရွယ်ကြီးရင့်သောအမယ်အိုတစ်ဦးဖြစ်ရုံမျှမက ဤကျွန်ုပ်၏ခင်ပွန်း (နဗီတမန်တော်အစ်ဗ်ရာဟီမ်) သည်လည်း အသက်အရွယ်ကြီးရင့်သောအဘိုးအိုတစ်ဦးပင်ဖြစ်ချေသည်။ ဧကန်စင်စစ် ဤသည်အလွန်အံ့ဖွယ်ရာ စကားတစ်ရပ်ပင်ဖြစ်ပေသည်တကားဟုပြောဆိုခဲ့ပေသတည်း။
73قَالُوا أَتَعْجَبِينَ مِنْ أَمْرِ اللَّهِ ۖ رَحْمَتُ اللَّهِ وَبَرَكَاتُهُ عَلَيْكُمْ أَهْلَ الْبَيْتِ ۚ إِنَّهُ حَمِيدٌ مَّجِيدٌ
ထိုစေတမန်တို့က (နဗီတမန်တော်ဣဗ်ရာဟီမ်၏ကြင်ရာတော် စာရဟ်သခင်မအား ဤသို့) ပြောဆိုဖြေကြားခဲ့ကြလေသည်။ အသင်သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကို အံ့ဩ၍နေပါသလော။ အို-(နဗီတမန်တော်အစ်ဗ်ရာဟီမ်၏) အိမ်သူအိမ်သားတို့ အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်သည်လည်း ကောင်း၊ ထိုအရှင်မြတ်၏ ကောင်းချီးမင်္ဂလာအဖြာဖြာတို့သည်လည်းကောင်း၊ အသင်တို့အပေါ်၌ကျရောက် မြဲပင် ဖြစ်ချေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည်ချီးမွမ်းထောပနာပြုခြင်းကို ခံထိုက်တော်မူသောအရှင်၊ အထူးဂုဏ်ကျက်သရေနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
74فَلَمَّا ذَهَبَ عَنْ إِبْرَاهِيمَ الرَّوْعُ وَجَاءَتْهُ الْبُشْرَىٰ يُجَادِلُنَا فِي قَوْمِ لُوطٍ
တစ်ဖန် (နဗီတမန်တော်)အစ်ဗ်ရာဟီမ်(၏စိတ်ထဲ)မှစိုးရိမ်မှုသည် ကင်းရှင်း၍သွားပြီးနောက် ယင်း၏ထံသို့ဝမ်းမြောက်ဖွယ်ရာသတင်းကောင်း ရောက်ရှိလာသောအခါထို(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည်(နဗီတမန်တော်)လူ(တ်)၏အမျိုးသားတို့နှင့်ပတ်သက်၍ ငါအရှင်မြတ်(၏ ကောင်းကင်တမန်များ)နှင့် အငြင်းအခုံ ပြုလုပ်လေတော့သည်။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
72အာယာသ်

ဘာသာပြန် — ဟူဒ် 72

စူရာ ဟူဒ် အာယာသ် 72 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအခါ) ထိုကြင်ရာတော်(စာရာ)က ဪအကျုးိနည်းရလေခြင်း။ ကျွန်ုပ်သည် သားဖွားဦးမည်လော။စင်စစ်သော်ကား ကျွန်ုပ်သည် အသက်အရွယ်ကြီးရင့်သောအမယ်အိုတစ်ဦးဖြစ်ရုံမျှမက ဤကျွန်ုပ်၏ခင်ပွန်း (နဗီတမန်တော်အစ်ဗ်ရာဟီမ်) သည်လည်း…

စူရာ အာယာသ် 72/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 70–74. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 26, 2026

Don't forget us in your sincere prayers