قَالَ لَوْ أَنَّ لِي بِكُمْ قُوَّةً أَوْ آوِي إِلَىٰ رُكْنٍ شَدِيدٍ ٨٠
🔤 Transliteration
Qaala law anna lee bikum quwwatan aw aaweee ilaa ruknin shadeed
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို(နဗီတမန်တော်)လူ(တ်)က (ဤသို့)ပြောဆိုညည်းညူခဲ့လေသည်။ ဪ-အကယ်၍ ငါ့မှာ အသင်တို့အားခုံခံနိုင်ရန် စွမ်းအားရှိခဲ့မူ၊ သို့တည်း မဟုတ် ငါသည် ခိုင်ခံ့သောအမှီသဟဲတစ်ခုကို အမှီသဟဲ ပြုနိုင်ပါမူ ကောင်းလေစွတကားဟု ပြောဆိုညည်းညူခဲ့လေသည်။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ: ကွသ်သွန်န် (قُوَّةً ): ခွန်အား၊ စွမ်းအား။ ဤနေရာတွင် ကူညီထောက်ပံ့မည့် အင်အားစု၊ နောက်လိုက်သားများကို ဆိုလိုသည်။ အာဝီ (آوِي ): ခိုလှုံသည်၊ မှီခိုသည်၊ ပူးပေါင်းသည်။ ရုက္ကွန်နင် ရှဒီးဒ် (رُكْنٍ شَدِيدٍ ): ခိုင်မာသော တိုင်မ၊ ခိုင်ခံ့သော မှီခိုရာ။ ဤနေရာတွင် မိမိကို ကာကွယ်ပေးနိုင်သော အင်အားကြီးသော ဆွေမျိုးမျိုးနွယ်၊ သို့မဟုတ် ခိုင်ခံ့သော အင်အားစုကို ဆိုလိုသည်။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: တမန်တော် လူသွ် (အလိုင်ဟိစ်စလာမ်) သည် သူ၏ ဧည့်သည်များထံသို့ မကောင်းမှုကို ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာကြသော သူ၏လူမျိုးများကို မြင်သောအခါ အလွန်စိတ်ပူပန်ပြီး ခက်ခဲသော အခြေအနေတွင် ရောက်ရှိနေခဲ့သည်။ သူသည် သူ၏လူမျိုးများကို တားဆီးရန် မည်သည့်နည်းလမ်းမျှ မရှိသောအခါ ဤစကားကို ပြောဆိုခဲ့သည်။
သူက ဤသို့ဆိုသည်။ “အကယ်၍ ကျွန်ုပ်တွင် သင်တို့ကို တားဆီးနိုင်သည့် ခွန်အားနှင့် ကူညီထောက်ပံ့မည့် အင်အားစုများ ရှိခဲ့လျှင်၊ သို့မဟုတ် ကျွန်ုပ်ကို ကာကွယ်ပေးနိုင်သည့် ခိုင်ခံ့သော ဆွေမျိုးမျိုးနွယ် သို့မဟုတ် အင်အားကြီးသော မှီခိုရာတစ်ခုသို့ ခိုလှုံခွင့်ရှိခဲ့လျှင်၊ ကျွန်ုပ်သည် သင်တို့နှင့် ကျွန်ုပ်၏ ဧည့်သည်များကြားတွင် ကြားခံတားဆီးပေးနိုင်မည် ဖြစ်သည်။ သင်တို့သည် သူတို့အား မကောင်းမှုပြုလုပ်ရန် မည်သည့်နည်းနှင့်မျှ မတတ်နိုင်စေရန် ကျွန်ုပ် ကာကွယ်ပေးနိုင်မည် ဖြစ်သည်။”
ဤစကားသည် တမန်တော် လူသွ်၏ အကူအညီမဲ့သော အခြေအနေကို ဖော်ပြသည့်အပြင်၊ သူ၏ ဧည့်သည်များအပေါ် ထားရှိသော ဂုဏ်သိက္ခာနှင့် ကာကွယ်စောင့်ရှောက်လိုသော စိတ်ထားကိုလည်း ဖော်ပြသည်။ သူသည် မိမိ၏လူမျိုးများ၏ မကောင်းမှုကို တားဆီးရန် စိတ်အားထက်သန်ခဲ့သော်လည်း လက်တွေ့တွင် အင်အားမရှိခဲ့ပါ။ ထို့ကြောင့် သူသည် အလ္လာဟ်အရှင်မြတ်ထံသာ မျှော်လင့်ခိုလှုံခဲ့ရသည်။
ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ: အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်များကို ခက်ခဲသော အခြေအနေများတွင် စမ်းသပ်တော်မူပြီး၊ ထိုအခါတွင် သူတို့သည် အလ
قَالَ لَوۡ أَنَّ لِي بِكُمۡ قُوَّةً أَوۡ ءَاوِيٓ إِلَىٰ رُكۡنٍ شَدِيدٍ ٨٠
ထို(နဗီတမန်တော်)လူ(တ်)က (ဤသို့)ပြောဆိုညည်းညူခဲ့လေသည်။ ဪ-အကယ်၍ ငါ့မှာ အသင်တို့အားခုံခံနိုင်ရန် စွမ်းအားရှိခဲ့မူ၊ သို့တည်း မဟုတ် ငါသည် ခိုင်ခံ့သောအမှီသဟဲတစ်ခုကို အမှီသဟဲ ပြုနိုင်ပါမူ ကောင်းလေစွတကားဟု ပြောဆိုညည်းညူခဲ့လေသည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 78-82 — စူရာ ဟူဒ်
78 وَجَاءَهُ قَوْمُهُ يُهْرَعُونَ إِلَيْهِ وَمِن قَبْلُ كَانُوا يَعْمَلُونَ السَّيِّئَاتِ ۚ قَالَ يَا قَوْمِ هَٰؤُلَاءِ بَنَاتِي هُنَّ أَطْهَرُ لَكُمْ ۖ فَاتَّقُوا اللَّهَ وَلَا تُخْزُونِ فِي ضَيْفِي ۖ أَلَيْسَ مِنكُمْ رَجُلٌ رَّشِيدٌ
ထို့နောက် ယင်း(နဗီတမန်တော်) လူ(တ်)၏အမျိုးသားများသည် ယင်း၏ထံသို့ အပြေးအလွှား လာခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့သည် ယခင်မူလကပင်မကောင်းမှု ဒုစရိုက်များကို ကျင့်မူ ပွားများလျက်ရှိခဲ့ကြကုန်၏။(ထိုအခါ) ယင်း (နဗီတမန်တော်)လူ(တ်)က အို-ငါ၏အမျိုးသားတို့၊ ဤသည် ငါ၏သမီးများပင်၊ (အသင်တို့သည် ၎င်းတို့နှင့်ထိမ်းမြားကြလေကုန်) ၎င်းတို့သည် အသင်တို့အဖို့ ပိုမို၍ပင်သန့်စင်ကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ ၎င်းပြင် အသင်တို့သည် ငါ့အား ငါ၏ဧည့်သည်တော်များ(ရှေ့)တွင် အရှက်တကွဲအကျိုးနည်း မပြုကြကုန်လင့်။ အသင်တို့တွင် ရိုးသားဖြောင့်မတ်သောသူ တစ်ယောက်တစ်လေမျှပင် မရှိလေသလောဟုပြောဆိုခဲ့လေသတည်း။
79 قَالُوا لَقَدْ عَلِمْتَ مَا لَنَا فِي بَنَاتِكَ مِنْ حَقٍّ وَإِنَّكَ لَتَعْلَمُ مَا نُرِيدُ
ထိုအခါ ယင်းအမျိုးသားတို့က [အို-လူ(တ်)]ကျွန်ုပ်တို့၌ အသင်၏သမီးများနှင့်ပတ်သက်၍ အလိုတစ်စုံတစ်ရာမျှမရှိကြောင်း အသင်သည် ဧကန်အမှန် သိရှိပြီးဖြစ်ပေသည်။ ထို့ပြင် ဧကန်စင်စစ် အသင်သည် ကျွန်ုပ်တို့၏ ရည်စူးချက်ကိုလည်း (ကောင်းစွာ)သိရှိပြီးဖြစ်သည်ဟု ပြောဆိုခဲ့ကြလေသည်။
80 قَالَ لَوْ أَنَّ لِي بِكُمْ قُوَّةً أَوْ آوِي إِلَىٰ رُكْنٍ شَدِيدٍ
ထို(နဗီတမန်တော်)လူ(တ်)က (ဤသို့)ပြောဆိုညည်းညူခဲ့လေသည်။ ဪ-အကယ်၍ ငါ့မှာ အသင်တို့အားခုံခံနိုင်ရန် စွမ်းအားရှိခဲ့မူ၊ သို့တည်း မဟုတ် ငါသည် ခိုင်ခံ့သောအမှီသဟဲတစ်ခုကို အမှီသဟဲ ပြုနိုင်ပါမူ ကောင်းလေစွတကားဟု ပြောဆိုညည်းညူခဲ့လေသည်။
81 قَالُوا يَا لُوطُ إِنَّا رُسُلُ رَبِّكَ لَن يَصِلُوا إِلَيْكَ ۖ فَأَسْرِ بِأَهْلِكَ بِقِطْعٍ مِّنَ اللَّيْلِ وَلَا يَلْتَفِتْ مِنكُمْ أَحَدٌ إِلَّا امْرَأَتَكَ ۖ إِنَّهُ مُصِيبُهَا مَا أَصَابَهُمْ ۚ إِنَّ مَوْعِدَهُمُ الصُّبْحُ ۚ أَلَيْسَ الصُّبْحُ بِقَرِيبٍ
ထိုရောအခါ ယင်း(စေတမန်)တို့က ဤသို့ပြောဆိုခဲ့ကြကုန်၏။ အို-(နဗီတမန်တော်)လူတ်ွ (အသင်သည်မည်သို့မျှ မစိုးရိမ်ပါလေနှင့်) ဧကန်မလွဲ ကျွန်ုပ်တို့သည်အသင်၏အရှင်မြတ်က စေလွှတ်တော် မူသောစေတမန်များပင်ဖြစ်ကြပေရာ ၎င်းတို့သည် အသင်၏အပါးသို့ အလျဉ်းချဉ်းကပ်နိုင်ကြမည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည်မိမိအိမ်သူ အိမ်သားတို့နှင့်တကွ ည၏ အစိတ်အပိုင်းတစ်ခုခုတွင် ထွက်ခွာသွားပါလေ။ သို့ရာတွင် အသင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှ နောက်သို့လှည့်၍ မကြည့်ရပေ။သို့ရာတွင် အသင်၏ဇနီးမူကား ဧကန်မုချ ၎င်းတို့၌ ဆိုက်ရောက်မည့်ပြစ်ဒဏ်သည် ယင်းဇနီး၌လည်း ဆိုက်ရောက်မည်ဖြစ်ချေသည်။ ဧကန်စင်စစ် ၎င်းတို့အား ချိန်းချက်ထားသော အချိန်သည် နံနက်မိုးသောက်ချိန်ပင်ဖြစ်ပေသည်။ နံနက်မိုးသောက်ချိန်ကား နီးကပ်လျက်ပင်ရှိသည် မဟုတ်ပါလော။
82 فَلَمَّا جَاءَ أَمْرُنَا جَعَلْنَا عَالِيَهَا سَافِلَهَا وَأَمْطَرْنَا عَلَيْهَا حِجَارَةً مِّن سِجِّيلٍ مَّنضُودٍ
ထို့နောက် ငါအရှင်မြတ်၏အမိန့်တော်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် ထိုမြို့ရွာကို အထက်အောက်(ပြောင်းပြန်)လှန်ပစ်တော်မူခဲ့လေသည်။ ထို့ပြင်ငါအရှင်မြတ်သည် မြို့ရွာပေါ်သို့ ရွှံ့၊ ကျောက်ခဲမိုးကို ရွာသွန်းချစေတော်မူခဲ့လေသည်။
ဘာသာပြန် — ဟူဒ် 80 စူရာ ဟူဒ် အာယာသ် 80 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို(နဗီတမန်တော်)လူ(တ်)က (ဤသို့)ပြောဆိုညည်းညူခဲ့လေသည်။ ဪ-အကယ်၍ ငါ့မှာ အသင်တို့အားခုံခံနိုင်ရန် စွမ်းအားရှိခဲ့မူ၊ သို့တည်း မဟုတ် ငါသည် ခိုင်ခံ့သောအမှီသဟဲတစ်ခုကို…
စူရာ အာယာသ် 80/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 78–82. မြန်မာဘာသာ: ภาษาไทย.