ဟူဒ် · 81/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
قَالُوا يَا لُوطُ إِنَّا رُسُلُ رَبِّكَ لَن يَصِلُوا إِلَيْكَ ۖ فَأَسْرِ بِأَهْلِكَ بِقِطْعٍ مِّنَ اللَّيْلِ وَلَا يَلْتَفِتْ مِنكُمْ أَحَدٌ إِلَّا امْرَأَتَكَ ۖ إِنَّهُ مُصِيبُهَا مَا أَصَابَهُمْ ۚ إِنَّ مَوْعِدَهُمُ الصُّبْحُ ۚ أَلَيْسَ الصُّبْحُ بِقَرِيبٍ ۝٨١
Qaaloo yaa Lootu innaa Rusulu Rabbika lai yasiloo ilaika fa asri bi ahlika biqit `im minal laili wa laa yaltafit minkum ahadun illam ra ataka innahoo museebuhaa maaa asaabahum; inna maw`i dahumus subh; alaisas subhu biqareeb
📖 မြန်မာဘာသာ
ထိုရောအခါ ယင်း(စေတမန်)တို့က ဤသို့ပြောဆိုခဲ့ကြကုန်၏။ အို-(နဗီတမန်တော်)လူတ်ွ (အသင်သည်မည်သို့မျှ မစိုးရိမ်ပါလေနှင့်) ဧကန်မလွဲ ကျွန်ုပ်တို့သည်အသင်၏အရှင်မြတ်က စေလွှတ်တော် မူသောစေတမန်များပင်ဖြစ်ကြပေရာ ၎င်းတို့သည် အသင်၏အပါးသို့ အလျဉ်းချဉ်းကပ်နိုင်ကြမည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည်မိမိအိမ်သူ အိမ်သားတို့နှင့်တကွ ည၏ အစိတ်အပိုင်းတစ်ခုခုတွင် ထွက်ခွာသွားပါလေ။ သို့ရာတွင် အသင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှ နောက်သို့လှည့်၍ မကြည့်ရပေ။သို့ရာတွင် အသင်၏ဇနီးမူကား ဧကန်မုချ ၎င်းတို့၌ ဆိုက်ရောက်မည့်ပြစ်ဒဏ်သည် ယင်းဇနီး၌လည်း ဆိုက်ရောက်မည်ဖြစ်ချေသည်။ ဧကန်စင်စစ် ၎င်းတို့အား ချိန်းချက်ထားသော အချိန်သည် နံနက်မိုးသောက်ချိန်ပင်ဖြစ်ပေသည်။ နံနက်မိုးသောက်ချိန်ကား နီးကပ်လျက်ပင်ရှိသည် မဟုတ်ပါလော။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ဝေါဟာရအနက်ဖွင့်ဆိုချက်များ

  • يَا لُوطُ — အို လူသွတ်။
  • رُسُلُ رَبِّكَ — သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ တမန်တော်များ။
  • لَن يَصِلُوا إِلَيْكَ — သူတို့သည် သင့်ထံသို့ (မကောင်းမှုဖြင့်) ရောက်နိုင်ကြမည် မဟုတ်ပါ။
  • فَأَسْرِ — ထို့ကြောင့် ညအချိန်တွင် ထွက်ခွာလော့။
  • بِأَهْلِكَ — သင့်အိမ်သူအိမ်သားများနှင့်အတူ။
  • بِقِطْعٍ مِّنَ اللَّيْلِ — ည၏ တစ်စိတ်တစ်ပိုင်းအချိန် (အရုဏ်မတက်မီ အချိန်) တွင်။
  • وَلَا يَلْتَفِتْ مِنكُمْ أَحَدٌ — သင်တို့ထဲမှ မည်သူမျှ နောက်သို့ လှည့်မကြည့်ရ။
  • إِلَّا امْرَأَتَكَ — သင့်ဇနီးမှတစ်ပါး။
  • إِنَّهُ مُصِيبُهَا مَا أَصَابَهُمْ — အမှန်စင်စစ် သူမအား သူတို့ထံ ရောက်သော ပြစ်ဒဏ်သည် ရောက်လိမ့်မည်။
  • إِنَّ مَوْعِدَهُمُ الصُّبْحُ — အမှန်စင်စစ် သူတို့၏ ချိန်းဆိုထားသော အချိန်သည် နံနက်အရုဏ်တက်ချိန်ဖြစ်သည်။
  • أَلَيْسَ الصُّبْحُ بِقَرِيبٍ — နံနက်အရုဏ်တက်ချိန်သည် နီးကပ်လှသည်မဟုတ်လော။

၂။ အာယသ်တော်၏ အနက်အဓိပ္ပာယ်

(တမန်တော်များဖြစ်သော) ကောင်းကင်တမန်များက လူသွတ် (အလိုင်ဟိစ်စလာမ်) အား ဤသို့ပြောကြားခဲ့ကြသည် — အို လူသွတ်၊ ကျွန်ုပ်တို့သည် သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ တမန်တော်များဖြစ်ကြသည်။ သင့်အပေါ် မကောင်းမှုပြုရန် သင့်လူမျိုးတို့သည် သင့်ထံသို့ မည်သည့်အခါမျှ မရောက်နိုင်ကြတော့ပါ။ ထို့ကြောင့် သင်သည် သင့်အိမ်သူအိမ်သားများကို ခေါ်ဆောင်၍ ည၏ အမှောင်ဆုံးအချိန် (အရုဏ်မတက်မီ) တွင် ဤရွာမှ ထွက်ခွာလော့။ သင်တို့ထဲမှ မည်သူမျှ နောက်သို့ လှည့်မကြည့်ရ။ သို့သော် သင့်ဇနီးမှာ ခြွင်းချက်ဖြစ်သည်။ သူမသည် သင့်ကို ယုံကြည်ခြင်းမရှိဘဲ သင့်လူမျိုးတို့နှင့် စိတ်သဘောထား တူညီနေသောကြောင့် သူမသည် နောက်သို့ လှည့်ကြည့်မည်ဖြစ်ပြီး သင့်လူမျိုးတို့ထံ ရောက်သော ပြစ်ဒဏ်သည် သူမအားလည်း ရောက်ရှိမည်ဖြစ်သည်။ အမှန်စင်စစ် သူတို့၏ ပြစ်ဒဏ်ချိန်းဆိုထားသော အချိန်သည် နံနက်အရုဏ်တက်ချိန်ဖြစ်သည်။ ထိုအရုဏ်တက်ချိန်သည် အလွန်နီးကပ်လှသည်မဟုတ်လော။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ နှစ်သက်တော


📜 အာယာသ် 79-83 — စူရာ ဟူဒ်

79قَالُوا لَقَدْ عَلِمْتَ مَا لَنَا فِي بَنَاتِكَ مِنْ حَقٍّ وَإِنَّكَ لَتَعْلَمُ مَا نُرِيدُ
ထိုအခါ ယင်းအမျိုးသားတို့က [အို-လူ(တ်)]ကျွန်ုပ်တို့၌ အသင်၏သမီးများနှင့်ပတ်သက်၍ အလိုတစ်စုံတစ်ရာမျှမရှိကြောင်း အသင်သည် ဧကန်အမှန် သိရှိပြီးဖြစ်ပေသည်။ ထို့ပြင် ဧကန်စင်စစ် အသင်သည် ကျွန်ုပ်တို့၏ ရည်စူးချက်ကိုလည်း (ကောင်းစွာ)သိရှိပြီးဖြစ်သည်ဟု ပြောဆိုခဲ့ကြလေသည်။
80قَالَ لَوْ أَنَّ لِي بِكُمْ قُوَّةً أَوْ آوِي إِلَىٰ رُكْنٍ شَدِيدٍ
ထို(နဗီတမန်တော်)လူ(တ်)က (ဤသို့)ပြောဆိုညည်းညူခဲ့လေသည်။ ဪ-အကယ်၍ ငါ့မှာ အသင်တို့အားခုံခံနိုင်ရန် စွမ်းအားရှိခဲ့မူ၊ သို့တည်း မဟုတ် ငါသည် ခိုင်ခံ့သောအမှီသဟဲတစ်ခုကို အမှီသဟဲ ပြုနိုင်ပါမူ ကောင်းလေစွတကားဟု ပြောဆိုညည်းညူခဲ့လေသည်။
81قَالُوا يَا لُوطُ إِنَّا رُسُلُ رَبِّكَ لَن يَصِلُوا إِلَيْكَ ۖ فَأَسْرِ بِأَهْلِكَ بِقِطْعٍ مِّنَ اللَّيْلِ وَلَا يَلْتَفِتْ مِنكُمْ أَحَدٌ إِلَّا امْرَأَتَكَ ۖ إِنَّهُ مُصِيبُهَا مَا أَصَابَهُمْ ۚ إِنَّ مَوْعِدَهُمُ الصُّبْحُ ۚ أَلَيْسَ الصُّبْحُ بِقَرِيبٍ
ထိုရောအခါ ယင်း(စေတမန်)တို့က ဤသို့ပြောဆိုခဲ့ကြကုန်၏။ အို-(နဗီတမန်တော်)လူတ်ွ (အသင်သည်မည်သို့မျှ မစိုးရိမ်ပါလေနှင့်) ဧကန်မလွဲ ကျွန်ုပ်တို့သည်အသင်၏အရှင်မြတ်က စေလွှတ်တော် မူသောစေတမန်များပင်ဖြစ်ကြပေရာ ၎င်းတို့သည် အသင်၏အပါးသို့ အလျဉ်းချဉ်းကပ်နိုင်ကြမည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည်မိမိအိမ်သူ အိမ်သားတို့နှင့်တကွ ည၏ အစိတ်အပိုင်းတစ်ခုခုတွင် ထွက်ခွာသွားပါလေ။ သို့ရာတွင် အသင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှ နောက်သို့လှည့်၍ မကြည့်ရပေ။သို့ရာတွင် အသင်၏ဇနီးမူကား ဧကန်မုချ ၎င်းတို့၌ ဆိုက်ရောက်မည့်ပြစ်ဒဏ်သည် ယင်းဇနီး၌လည်း ဆိုက်ရောက်မည်ဖြစ်ချေသည်။ ဧကန်စင်စစ် ၎င်းတို့အား ချိန်းချက်ထားသော အချိန်သည် နံနက်မိုးသောက်ချိန်ပင်ဖြစ်ပေသည်။ နံနက်မိုးသောက်ချိန်ကား နီးကပ်လျက်ပင်ရှိသည် မဟုတ်ပါလော။
82فَلَمَّا جَاءَ أَمْرُنَا جَعَلْنَا عَالِيَهَا سَافِلَهَا وَأَمْطَرْنَا عَلَيْهَا حِجَارَةً مِّن سِجِّيلٍ مَّنضُودٍ
ထို့နောက် ငါအရှင်မြတ်၏အမိန့်တော်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် ထိုမြို့ရွာကို အထက်အောက်(ပြောင်းပြန်)လှန်ပစ်တော်မူခဲ့လေသည်။ ထို့ပြင်ငါအရှင်မြတ်သည် မြို့ရွာပေါ်သို့ ရွှံ့၊ ကျောက်ခဲမိုးကို ရွာသွန်းချစေတော်မူခဲ့လေသည်။
83مُّسَوَّمَةً عِندَ رَبِّكَ ۖ وَمَا هِيَ مِنَ الظَّالِمِينَ بِبَعِيدٍ
(ထိုကျောက်ခဲများသည်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အထူး အမှတ်တံဆိပ်ခတ်နှိပ်ပြီးဖြစ်သော (ကျောက်ခဲများဖြစ်သည်)။ စင်စစ်ထိုမြို့ရွာသည် မတရားပြုမူကြကုန်သော (မက္ကာဟ်မြို့သား)တို့နှင့်ကား ဝေးကွာသည်မဟုတ်ပေ။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
81အာယာသ်

ဘာသာပြန် — ဟူဒ် 81

စူရာ ဟူဒ် အာယာသ် 81 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုရောအခါ ယင်း(စေတမန်)တို့က ဤသို့ပြောဆိုခဲ့ကြကုန်၏။ အို-(နဗီတမန်တော်)လူတ်ွ (အသင်သည်မည်သို့မျှ မစိုးရိမ်ပါလေနှင့်) ဧကန်မလွဲ ကျွန်ုပ်တို့သည်အသင်၏အရှင်မြတ်က စေလွှတ်တော် မူသောစေတမန်များပင်ဖြစ်ကြပေရာ…

စူရာ အာယာသ် 81/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 79–83. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers