ယူစူဖ် · 18/111
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူစူဖ်
وَجَاءُوا عَلَىٰ قَمِيصِهِ بِدَمٍ كَذِبٍ ۚ قَالَ بَلْ سَوَّلَتْ لَكُمْ أَنفُسُكُمْ أَمْرًا ۖ فَصَبْرٌ جَمِيلٌ ۖ وَاللَّهُ الْمُسْتَعَانُ عَلَىٰ مَا تَصِفُونَ ۝١٨
Wa jaaa`oo `alaa qamee shihee bidamin kazi` qaala bal sawwalat lakum anfusukum amraa; fasabrun jameel; wallaahul musta`aanu `alaa man tasifoon
📖 မြန်မာဘာသာ
ထို့ပြင် ၎င်းတို့သည် ယင်းယူစုဖ်၏အကျႌတွင်မဟုတ်မမှန်သောသွေးများကို(လိမ်းကျံ၍)ယူလာခဲ့ကြလေသည်။(ထိုအခါ ဖခမည်းတော်က ဤသို့) ပြောဆိုဖြေကြားခဲ့လေသည်။(အို-ချစ်သားတို့) ထိုသို့အလျဉ်းမဟုတ် စင်စစ်မှာကား သင်တို့၏စိတ်နှလုံးသည် အသင်တို့အဖို့ အကြောင်းတစ်ခုကိုပရိယာယ်ဆင်ပေးခဲ့ခြင်းသာဖြစ်ပေသည်။ သို့ဖြစ်ပေရာ(ငါ၏အဖို့မှာ) သည်းခံခြင်းသည်သာ ကောင်းမြတ်ပေတော့၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်အထံတော်၌သာလျှင် အသင်တို့လုပ်ကြံပြောပြကြသော အကြောင်းနှင့်စပ်လျဉ်း၍ ကူညီစောင်မတော်မူရန် တိုးလျှိုးတောင်းပန်အသနားခံပြီး ဖြစ်ချေသတည်း။(တစ်နည်း) အလ္လာဟ်အရှင်မြတ်သည်ပင် ကူညီတော်မူသည်ဖြစ်ပါစေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • قَمِيصِهِ (ကမ�ီဆိဟိ) — သူ၏အင်္ကျီ။ ဤနေရာတွင် တမန်တော် ယူစုဖ် (အလိုင်ဟိစ်စလာမ်) ၏ အင်္ကျီကို ဆိုလိုသည်။
  • بِدَمٍ كَذِبٍ (ဗိဒမိန် ကဇိဗ်) — မဟုတ်မမှန်သော သွေး၊ အတုအယောင် သွေး။ ဆိုလိုသည်မှာ ယူစုဖ်၏ သွေးမဟုတ်ဘဲ အခြားတိရစ္ဆာန်၏ သွေးကို အင်္ကျီပေါ်တွင် လိမ်းခြယ်၍ မုသားပြောခြင်းဖြစ်သည်။
  • سَوَّلَتْ (ဆဝ်ဝလသ်) — တန်ဆာဆင်၍ လှပအောင် ပြသခြင်း၊ စိတ်ထဲတွင် ကောင်းသည်ဟု ထင်မြင်လာအောင် ပြုလုပ်ခြင်း။
  • صَبْرٌ جَمِيلٌ (ဆဗ်ရုန် ဂျမီးလ်) — လှပသော သည်းခံမှု။ ဆိုလိုသည်မှာ မည်သူ့ထံမှှ ညည်းညူခြင်းမရှိဘဲ အလ္လာဟ်အရှင်မြတ်ထံသာ ခံစားချက်ကို တင်ပြသော သည်းခံမှုမျိုးဖြစ်သည်။
  • الْمُسْتَعَانُ (အလ်မုစ်သအာန်) — အကူအညီတောင်းခံရသူ၊ ကူညီပေးသူ။ ဤနေရာတွင် အလ္လာဟ်အရှင်မြတ်ကို ဆိုလိုသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော် ယူစုဖ်၏ ညီအစ်ကိုများသည် သူ့အား ချိုင့်ထဲသို့ ပစ်ချပြီးနောက် ဖခင်ဖြစ်သူ တမန်တော် ယအ်ကူဗ် (အလိုင်ဟိစ်စလာမ်) ထံသို့ ပြန်လာကြပြီး ယူစုဖ်၏ အင်္ကျီကို အခြားတိရစ္ဆာန်တစ်ကောင်၏ သွေးဖြင့် လိမ်းခြယ်ကာ ယူစုဖ်ကို ဝံပုလွေကိုက်စားသွားသည်ဟု မုသားဖြင့် ပြောဆိုကြသည်။ သို့သော် တမန်တော် ယအ်ကူဗ်သည် အင်္ကျီကို ကြည့်ရှုရာတွင် အင်္ကျီသည် ဆုတ်ပြဲခြင်းမရှိသည်ကို တွေ့မြင်ရသဖြင့် သူတို့၏ မုသားကို သိရှိသွားသည်။ အကြောင်းမှာ ဝံပုလွေကိုက်စားခဲ့လျှင် အင်္ကျီသည် ဆုတ်ပြဲပျက်စီးရမည်ဖြစ်သည်။

ထို့နောက် တမန်တော် ယအ်ကူဗ်က သူတို့အား “အမှန်တရားသည် သင်တို့ပြောသည့်အတိုင်း မဟုတ်ပေ။ အမှန်မှာ သင်တို့၏ စိတ်များသည် ယူစုဖ်နှင့်ပတ်သက်၍ မကောင်းသော အမှုကို သင်တို့အတွက် တန်ဆာဆင်ပေးခဲ့ပြီး ထိုအမှုကို လှပသည်ဟု ထင်မြင်လာအောင် ပြုလုပ်ခဲ့သည်။ သင်တို့သည် ထိုအမှုကို ပြုလုပ်ခဲ့ကြသည်။ သို့ဖြစ်၍ ငါ၏အမှုမှာ လှပသော သည်းခံမှုသာဖြစ်သည်။ မည်သူ့ထံမှှ ညည်းညူခြင်းမရှိဘဲ အလ္လာဟ်အရှင်မြတ်ထံသာ ငါ၏ ခံစားချက်ကို တင်ပြမည်။ သင်တို့ ဖော်ပြနေသော ဤမုသားစကားများကို ခံနိုင်ရည်ရှိရ



📜 အာယာသ် 16-20 — စူရာ ယူစူဖ်

16وَجَاءُوا أَبَاهُمْ عِشَاءً يَبْكُونَ
ထို့နောက် ယင်းနောင်တော်များသည် ၎င်းတို့၏ဖခမည်းတော်ထံသို့ ညမှောင်ခါစအချိန်တွင် ငိုကြွေးလျက်(ပြန်)လာခဲ့ကြလေသည်။
17قَالُوا يَا أَبَانَا إِنَّا ذَهَبْنَا نَسْتَبِقُ وَتَرَكْنَا يُوسُفَ عِندَ مَتَاعِنَا فَأَكَلَهُ الذِّئْبُ ۖ وَمَا أَنتَ بِمُؤْمِنٍ لَّنَا وَلَوْ كُنَّا صَادِقِينَ
(ခမည်းတော်ထံသို့ရောက်လတ်သော် ဤသို့)လျှောက်ထားခဲ့ကြသည်။ အို-ကျွန်ုပ်တို့၏ ဖခမည်းတော်ဧကန်အမှန် ကျွန်ုပ်တို့သည် ယူဆွဖ်အား မိမိတို့၏ပစ္စည်း(အဝတ်အစား)များ အနီးတွင်(အစောင့်)ထားခဲ့ပြီး အပြေးပြိုင်ရန်သွားခဲ့ကြပါသည်။ သို့ဖြစ်သောကြောင့် ထိုယူဆွဖ်အား ဝံပုလွေသည် ကိုက်စားပစ်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့သည်(မည်မျှပင်) သစ္စာဝါဒီများဖြစ်ကြသော်လည်း ဖခမည်းတော်မှာမူကား ကျွန်ုပ်တို့အား ယုံကြည်မည်မဟုတ်ပါပေ။ သတ်ပစ်ကြလေကုန်။ သို့တည်းမဟုတ် ၎င်းအား တိုင်းတစ်ပါးသို့(သွား(သွားရောက်)စွန့်ပစ်ခဲ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့၏ခမည်းတော်သည် အသင်တို့ဘက်သို့ပြန်လှည့်၍ မျက်နှာသာပေးရပေလိမ့်မည်။ ထို့နောက် အသင်တို့သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌ မိမိတို့အပြစ်ကို ဝန်ချတောင်းပန်ကာ)ဖြောင့်မှန်သောလူစုပြန်၍ဖြစ်ကြလေကုန်။ (လိမ့်မည်။)(တစ်နည်း)၎င်းတို့က (ဖခင်ကြီးထံ၌) လျှောက်ထားခဲ့ကြသည်မှာ အို-ကျွန်တော်တို့၏ဖခင်၊ ဧကန်အမှန် ကျွန်တော်တို့သည် (သူ့ထက်ငါသာအောင်) အချင်းချင်း အပြေးပြိုင်၍လာခဲ့ကြပါသည်။ ၎င်းပြင် ယူဆွဖ်ကို ကျွန်တော်တို့၏ပစ္စည်း(များ)အနီး၌ ထားခဲ့ကြပါသည်။ သို့ဖြစ်ပေရာ(ရုတ်တရက်)ဝံပုလွေသည် သူ့ကို ကိုက်စားသွားပါသည်။ ကျွန်တော်တို့သည်အဘယ်မျှပင် မှန်ကန်သူများ ဖြစ်ကြသော်လည်း အသင်(ဖခင်ကြီး)ကား ကျွန်တော်တို့အား ယုံကြည်မည် မဟုတ်ပါပေ။
18وَجَاءُوا عَلَىٰ قَمِيصِهِ بِدَمٍ كَذِبٍ ۚ قَالَ بَلْ سَوَّلَتْ لَكُمْ أَنفُسُكُمْ أَمْرًا ۖ فَصَبْرٌ جَمِيلٌ ۖ وَاللَّهُ الْمُسْتَعَانُ عَلَىٰ مَا تَصِفُونَ
ထို့ပြင် ၎င်းတို့သည် ယင်းယူစုဖ်၏အကျႌတွင်မဟုတ်မမှန်သောသွေးများကို(လိမ်းကျံ၍)ယူလာခဲ့ကြလေသည်။(ထိုအခါ ဖခမည်းတော်က ဤသို့) ပြောဆိုဖြေကြားခဲ့လေသည်။(အို-ချစ်သားတို့) ထိုသို့အလျဉ်းမဟုတ် စင်စစ်မှာကား သင်တို့၏စိတ်နှလုံးသည် အသင်တို့အဖို့ အကြောင်းတစ်ခုကိုပရိယာယ်ဆင်ပေးခဲ့ခြင်းသာဖြစ်ပေသည်။ သို့ဖြစ်ပေရာ(ငါ၏အဖို့မှာ) သည်းခံခြင်းသည်သာ ကောင်းမြတ်ပေတော့၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်အထံတော်၌သာလျှင် အသင်တို့လုပ်ကြံပြောပြကြသော အကြောင်းနှင့်စပ်လျဉ်း၍ ကူညီစောင်မတော်မူရန် တိုးလျှိုးတောင်းပန်အသနားခံပြီး ဖြစ်ချေသတည်း။(တစ်နည်း) အလ္လာဟ်အရှင်မြတ်သည်ပင် ကူညီတော်မူသည်ဖြစ်ပါစေသတည်း။
19وَجَاءَتْ سَيَّارَةٌ فَأَرْسَلُوا وَارِدَهُمْ فَأَدْلَىٰ دَلْوَهُ ۖ قَالَ يَا بُشْرَىٰ هَٰذَا غُلَامٌ ۚ وَأَسَرُّوهُ بِضَاعَةً ۚ وَاللَّهُ عَلِيمٌ بِمَا يَعْمَلُونَ
ထို့နောက် ခရီးသည်တစ်စုသည် (ထိုရေ တွင်းရှိရာသို့) ရောက်ရှိလာခဲ့လေသည်။ တစ်ဖန် ထိုခရီးသည်တစ်စုသည် မိမိတို့၏ရေငင်သူအား (ထိုရေတွင်းမှရေငင်ရန် စေလွှတ်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ထိုရေငင်သူသည် (ရေ�ွင်း၌)မိမိရေပုံးကိုချခဲ့လေသည်။ (ထို့နောက်ယူစုဖ်ကို မြင်လေသော်)ထိုရေငင်သူက (ခရီးသည်တစ်စုအား ဤသို့ ဝမ်းသာအားရစွာဟစ်အော်၍) အို-(အချင်းတို့) ဤသည် တွင် (အလွန်ချောလှသော)လုလင်ပျိုတစ်ဦး (တွေ့ရှိရပေရာ) အလွန်ဝမ်းမြောက်ဖွယ်ပင်ဖြစ်ပေသည်တကားဟု ပြောဆိုခဲ့လေသည်။ ထို့နောက်ယင်းခရီး သည်တစ်စုသည် ထိုယူဆွဖ်အား ရောင်းကုန်ဝယ်ကုန်အဖြစ် လျှို့ဝှက်စွာထားရှိခဲ့ကြလေသည်။ သို့ရာတွင်အလ္လာဟ်အရှင်မြတ်မှာမူကား ၎င်းတို့ပြုမူလျက်ရှိသည်တို့ကိုကောင်းမွန်စွာ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူခဲ့ပေသတည်း။
20وَشَرَوْهُ بِثَمَنٍ بَخْسٍ دَرَاهِمَ مَعْدُودَةٍ وَكَانُوا فِيهِ مِنَ الزَّاهِدِينَ
ထို့နောက် ထိုနောင်တော်များသည် ထိုယူဆွဖ်အား အနည်းငယ်မျှသောအဖိုး ဒစ်ရ်ဟမ် ငွေဒင်္ဂါးများဖြင့်ရောင်းချခဲ့ကြလေသည်။ အမှန်မှာ မူကား ၎င်းတို့သည် ယင်းယူဆွဖ်အား မလိုလားသူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
18အာယာသ်

ဘာသာပြန် — ယူစူဖ် 18

စူရာ ယူစူဖ် အာယာသ် 18 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် ၎င်းတို့သည် ယင်းယူစုဖ်၏အကျႌတွင်မဟုတ်မမှန်သောသွေးများကို(လိမ်းကျံ၍)ယူလာခဲ့ကြလေသည်။(ထိုအခါ ဖခမည်းတော်က ဤသို့) ပြောဆိုဖြေကြားခဲ့လေသည်။(အို-ချစ်သားတို့) ထိုသို့အလျဉ်းမဟုတ် စင်စစ်မှာကား သင်တို့၏စိတ်နှလုံးသည် အသင်တို့အဖို့…

စူရာ အာယာသ် 18/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 16–20. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers