အန်-နဟ်လ် · 70/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
وَاللَّهُ خَلَقَكُمْ ثُمَّ يَتَوَفَّاكُمْ ۚ وَمِنكُم مَّن يُرَدُّ إِلَىٰ أَرْذَلِ الْعُمُرِ لِكَيْ لَا يَعْلَمَ بَعْدَ عِلْمٍ شَيْئًا ۚ إِنَّ اللَّهَ عَلِيمٌ قَدِيرٌ ۝٧٠
Wallaahu khalaqakum suma tatawaffaakum; wa minkum many-yuradu ilaaa arzalil `umuri likai laa ya`lama ba`da `ilmin shai`aa; innal laaha `Aleemun Qadeer
📖 မြန်မာဘာသာ
င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းတော်မူလေသည်။ တစ်ဖန် ထိုအရှင်မြတ်သည်ပင် အသင်တို့အားသေဆုံးစေတော်မူလေသည်။ ထို့ပြင်အသင် တို့တွင် အညံ့ဆုံးသောအသက်အရွယ် သို့ ပြန်ရောက်စေခြင်းကို ခံရသောသူများလည်းရှိပေသည်။ နောက်ဆုံးတွင်ထိုသူများ သည် သိပြီး နောက် (သတိပညာ ချွတ်ယွင်းသွားသောကြောင့်) မည်သည့် တစ်စုံတစ်ရာကိုမျှ သိနားလည်ခြင်းမရှိ (ကြ)တော့ ချေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ ကို သိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင် တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အရှင်မြတ်သည် သင်တို့အား ဖန်ဆင်းတော်မူပြီးနောက် သင်တို့၏အသက်တာကာလ ကုန်ဆုံးချိန်တွင် သေဆုံးစေတော်မူမည်။ သင်တို့အနက် အချို့သည် အသက်အရွယ်၏ အဆိုးဆုံးအခြေအနေဖြစ်သော အိုမင်းရင့်ရော်ခြင်းသို့ ရောက်ရှိစေခြင်းခံရမည်။ ထိုအခါ ယခင်က သိရှိခဲ့သော အသိပညာများကို မေ့လျော့သွားပြီး မည်သည့်အရာကိုမျှ မသိတော့ပေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အသိပညာဖြင့် လွှမ်းခြုံတော်မူသောအရှင်၊ အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။
  2. အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မည်သည့်ပုံစံခွက်မျှမရှိဘဲ ပထမဆုံးအကြိမ် ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် သင်တို့၏ သတ်မှတ်ထားသော အသက်တာကာလ ကုန်ဆုံးချိန်တွင် အရှင်မြတ်သည် သင်တို့အား သေဆုံးစေတော်မူမည်။ သင်တို့အနက် အချို့သည် အလွန်အိုမင်းရင့်ရော်သော အရွယ်သို့ ရောက်ရှိကြသည်။ ထိုအခါ ယခင်က သိရှိခဲ့သော အသိပညာများ အားလုံးကို မေ့လျော့သွားပြီး မည်သည့်အရာကိုမျှ မသိတော့ပေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အသိပညာဖြင့် လွှမ်းခြုံတော်မူသောအရှင် ဖြစ်တော်မူသည်။ အရှင်မြတ်၏ အသိပညာတော်မှ မည်သည့်အရာမျှ ကွယ်ဝှက်မနေနိုင်ပေ။ အရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ အရှင်မြတ်အား မည်သည့်အရာမျှ မစွမ်းဆောင်နိုင်စေနိုင်ပေ။
  3. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် လူသားအားလုံးကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူသည်။ လူသားတို့သည် အရှင်မြတ်၏ ဖန်ဆင်းခြင်းကျေးဇူးတော်ကို အမြဲသတိရပြီး အရှင်မြတ်အား ချီးမွမ်းကြရမည်။
  • လူသားတိုင်း၏ အသက်တာကာလသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင် ရှိသည်။ မည်သူမျှ မိမိအသက်ကို မိမိ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လူသားတို့သည် မိမိတို့၏ အသက်တာကာလကို အကျိုးရှိရှိ အသုံးချပြီး ကောင်းမှုကုသိုလ်များ ပြုလုပ်ကြရမည်။
  • အိုမင်းရင့်ရော်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ စွမ်းအားတော်ကို ဖော်ပြသော လက္ခဏာတစ်ရပ် ဖြစ်သည်။ လူသားတို့သည် ငယ်ရွယ်စဉ်တွင် ကျန်းမာသန်စွမ်းပြီး အသိပညာများ ရရှိကြသော်လည်း အ


📜 အာယာသ် 68-72 — စူရာ အန်-နဟ်လ်

68وَأَوْحَىٰ رَبُّكَ إِلَى النَّحْلِ أَنِ اتَّخِذِي مِنَ الْجِبَالِ بُيُوتًا وَمِنَ الشَّجَرِ وَمِمَّا يَعْرِشُونَ
၎င်းပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ပျားကောင်၏ထံသို့ (ဤသို့) အမိန့်တော်ပေးတော်မူလေသည်။ အသင်သည် တောင်များ၌လည်းကောင်း၊ သစ်ပင်များ၌လည်းကောင်း၊ လူတို့တည်ဆောက်ကြကုန်သော အဆောက် အအုံများ၌လည်းကောင်း၊ (မိမိတို့)နေအိမ်များ ပြုလုပ်လေကုန်။
69ثُمَّ كُلِي مِن كُلِّ الثَّمَرَاتِ فَاسْلُكِي سُبُلَ رَبِّكِ ذُلُلًا ۚ يَخْرُجُ مِن بُطُونِهَا شَرَابٌ مُّخْتَلِفٌ أَلْوَانُهُ فِيهِ شِفَاءٌ لِّلنَّاسِ ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِّقَوْمٍ يَتَفَكَّرُونَ
ထို့နောက်အသင်သည်အသီးအနှံအမျိုးမျိးကိုစုတ်ယူစားသုံးလေသည်။ တစ်ဖန်အသင်သည် အသင့်အားမွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ လွယ်ကူလျက်ရှိသောလမ်းများကို လျှောက်လေလော့။ ယင်းပျားကောင်၏ဝမ်းဗိုက်များမှ အရောင်အမျိုးစုံရှိသော သောက်သုံးဖွယ်ရာ(ပျားရည်)သည်ထွက်လေသည်။ ယင်းသောက်သုံးဖွယ်(ပျားရည်)၌လူတို့အဖို့ အနာရောဂါ ပျောက် ကင်းခြင်းသည်ရှိပေသည်။ ဧကန်မလွဲ ဤသည်၌ စဉ်းစားဆင် ခြင်တတ်သောသူတို့အဖို့ အမှန်ပင် သက်သေသာဓကသည် ရှိပေသတည်း။
70وَاللَّهُ خَلَقَكُمْ ثُمَّ يَتَوَفَّاكُمْ ۚ وَمِنكُم مَّن يُرَدُّ إِلَىٰ أَرْذَلِ الْعُمُرِ لِكَيْ لَا يَعْلَمَ بَعْدَ عِلْمٍ شَيْئًا ۚ إِنَّ اللَّهَ عَلِيمٌ قَدِيرٌ
င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းတော်မူလေသည်။ တစ်ဖန် ထိုအရှင်မြတ်သည်ပင် အသင်တို့အားသေဆုံးစေတော်မူလေသည်။ ထို့ပြင်အသင် တို့တွင် အညံ့ဆုံးသောအသက်အရွယ် သို့ ပြန်ရောက်စေခြင်းကို ခံရသောသူများလည်းရှိပေသည်။ နောက်ဆုံးတွင်ထိုသူများ သည် သိပြီး နောက် (သတိပညာ ချွတ်ယွင်းသွားသောကြောင့်) မည်သည့် တစ်စုံတစ်ရာကိုမျှ သိနားလည်ခြင်းမရှိ (ကြ)တော့ ချေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ ကို သိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင် တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
71وَاللَّهُ فَضَّلَ بَعْضَكُمْ عَلَىٰ بَعْضٍ فِي الرِّزْقِ ۚ فَمَا الَّذِينَ فُضِّلُوا بِرَادِّي رِزْقِهِمْ عَلَىٰ مَا مَلَكَتْ أَيْمَانُهُمْ فَهُمْ فِيهِ سَوَاءٌ ۚ أَفَبِنِعْمَةِ اللَّهِ يَجْحَدُونَ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင်အသင်တို့အနက် အချို့ကိုအချို့ထက် စားနပ်ရိက္ခာ တိုးမြှင့်ပေးသနားတော်မူခဲ့၏။ သို့ရာတွင် (ယင်းကဲ့သို့) တိုးမြှင့်ခြင်းခံကြရသောသူတို့သည် မိမိတို့၏ ဝေစုဝေပုံကို မိမိတို့ပိုင်ဆိုင်ကြကုန်သော ကျေးကျွန်တို့အား ဤ(ဥစ္စာပစ္စည်း)အရာ၌ ၎င်းတို့ (ကျွန်နှင့်သခင်)အားလုံး သာတူညီမျှဖြစ်အံ့သောငှာ ခွဲဝေပေးမည့်သူများ မဟုတ်ကြချေ။ သို့ပါလျက် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို ငြင်းပယ်ကြလေသလော။
72وَاللَّهُ جَعَلَ لَكُم مِّنْ أَنفُسِكُمْ أَزْوَاجًا وَجَعَلَ لَكُم مِّنْ أَزْوَاجِكُم بَنِينَ وَحَفَدَةً وَرَزَقَكُم مِّنَ الطَّيِّبَاتِ ۚ أَفَبِالْبَاطِلِ يُؤْمِنُونَ وَبِنِعْمَتِ اللَّهِ هُمْ يَكْفُرُونَ
ထိုမှတပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့ (အမျိုးအစားထဲ)မှပင် ဇနီးကြင်ရာ များကိုပြုလုပ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်အသင်တို့အဖို့ အသင်တို့၏ ဇနီး ကြင်ရာများမှ သား၊ မြေးတို့ကိုပြုလုပ်(ထွန်းကား) စေတော်မူခဲ့လေသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ စားသုံးကြရန် ကောင်းမွန်သောအရာများကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ သို့ပါလျက် ၎င်းတို့သည် အချည်းအနှီးသောအရာကို သက်ဝင်ယုံကြည်၍အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ငြင်းပယ်လျက်ရှိနေကြမည်လော။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
70အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 70

စူရာ အန်-နဟ်လ် အာယာသ် 70 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းတော်မူလေသည်။ တစ်ဖန် ထိုအရှင်မြတ်သည်ပင် အသင်တို့အားသေဆုံးစေတော်မူလေသည်။ ထို့ပြင်အသင် တို့တွင် အညံ့ဆုံးသောအသက်အရွယ်…

စူရာ အာယာသ် 70/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 68–72. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers