အလ်-ဗကရ · 224/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَلَا تَجْعَلُوا اللَّهَ عُرْضَةً لِّأَيْمَانِكُمْ أَن تَبَرُّوا وَتَتَّقُوا وَتُصْلِحُوا بَيْنَ النَّاسِ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ ۝٢٢٤
Wa laa taj`alul laaha `urdatal li aymaanikum an tabarroo wa tattaqoo wa tuslihoo bainan naas; wallaahu Samee`un `Aleem
📖 မြန်မာဘာသာ
ထို့ပြင် အသင်တို့သည် ကုသိုလ်ကောင်းမှုများ ကို မပြုကြရန်လည်းကောင်း၊ ဒုစရိုက်မှုများကို မကြဉ်ရှောင် ကြရန်လည်းကောင်း၊ လူသားတို့စပ်ကြားတွင် ခိုက်ရန်ဖြစ်ပွားမှု များကိုမဖြန် ဖြေကြရန်လည်ေးကာင်း၊ မိမိတို့၏ကျိန်ဆိုချက် များဖြင့် အလ္လာဟ်အရှင်မြတ်အား ဒိုင်းကြီး�ဖွယ် အကာ အကွယ် မပြုလုပ်ကြကုန်လင့်။ အမှန်သော် ကား အလ္လာဟ် အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းစကားလုံးများ၏ အဓိပ္ပာယ်များ
  • عُرْضَةً (အုရ်ဒသွဟ်) — အဟန့်အတား၊ ဆီးတားမှု၊ အတားအဆီး။ မူလအဓိပ္ပာယ်မှာ ခိုင်မာမှု၊ အားကောင်းမှုဖြစ်သည်။
  • أَيْمَانِكُمْ (အိုင်မာန်နိကွမ်) — သင်တို့၏ ကျမ်းသစ္စာဆိုခြင်းများ။ ဤနေရာတွင် ကျမ်းသစ္စာဆိုခြင်းကို ဆိုလိုသည်။
  • أَن تَبَرُّوا (အန်သဗရ်ရူ) — သင်တို့သည် ကောင်းမှုပြုကြရန်၊ မိဘနှင့်ဆွေမျိုးများကို ဆက်ဆံကြရန်။
  • وَتَتَّقُوا (ဝသသက္ကု) — သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြရန်။
  • وَتُصْلِحُوا بَيْنَ النَّاسِ (ဝသွသ်လိဟူ ဗိုင်နန္နာစ်) — လူများအကြား ပြန်လည်သင့်မြတ်အောင် ပြုလုပ်ကြရန်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို မွတ်စ်လင်မ်တို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို ကျမ်းသစ္စာဆိုခြင်း၏ အဟန့်အတားအဖြစ် မပြုလုပ်ကြပါနှင့်။ ဆိုလိုသည်မှာ သင်တို့သည် ကောင်းမှုပြုခြင်း၊ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ခြင်း၊ လူများအကြား သင့်မြတ်အောင် ပြုလုပ်ခြင်းတို့ကို ပြုလုပ်ရန် ဖိတ်ခေါ်ခံရသောအခါ "ငါသည် အလ္လာဟ်အရှင်မြတ်ကို ကျမ်းသစ္စာဆိုထားပြီးဖြစ်၍ ထိုကောင်းမှုကို မပြုလုပ်နိုင်ပါ" ဟု ကျမ်းသစ္စာဆိုခြင်းကို အကြောင်းပြချက်အဖြစ် အသုံးမပြုကြပါနှင့်။ အမှန်မှာ ကျမ်းသစ္စာဆိုထားသောကြောင့် ကောင်းမှုတစ်ခုကို မပြုလုပ်ဘဲ ရှောင်ကြဉ်မည်ဆိုပါက ထိုကောင်းမှုကို ပြုလုပ်ပြီး ကျမ်းသစ္စာအတွက် အပြစ်ဖြေဆေးပေးရမည်။ ဤသို့ဖြင့် ကျမ်းသစ္စာဆိုခြင်းသည် ကောင်းမှုပြုခြင်းကို တားဆီးသည့် အဟန့်အတား မဖြစ်စေရပါ။ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ စကားများကို အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ သင်တို့၏ လုပ်ရပ်များနှင့် ရည်ရွယ်ချက်များကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူသည်။ ထို့ကြောင့် သင်တို့သည် ကျမ်းသစ္စာဆိုခြင်းကို အလွဲသုံးစားမပြုလုပ်ဘဲ ကောင်းမှုပြုခြင်း၊ တက္ကဝါရရှိခြင်း၊ လူများအကြား သင့်မြတ်အောင် ပြုလုပ်ခြင်းတို့ကို ဦးစားပေး ဆောင်ရွက်ကြရမည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် ကျမ်းသစ္စာဆိုခြင်းကို ကောင်းမှုပြုခြင်းထက် မြင့


📜 အာယာသ် 222-226 — စူရာ အလ်-ဗကရ

222وَيَسْأَلُونَكَ عَنِ الْمَحِيضِ ۖ قُلْ هُوَ أَذًى فَاعْتَزِلُوا النِّسَاءَ فِي الْمَحِيضِ ۖ وَلَا تَقْرَبُوهُنَّ حَتَّىٰ يَطْهُرْنَ ۖ فَإِذَا تَطَهَّرْنَ فَأْتُوهُنَّ مِنْ حَيْثُ أَمَرَكُمُ اللَّهُ ۚ إِنَّ اللَّهَ يُحِبُّ التَّوَّابِينَ وَيُحِبُّ الْمُتَطَهِّرِينَ
ထိုမှတပါးတုံ၊ (အို-နဗီတမန်တော်) အသင့် အား ထိုသူတို့သည် ရာသီပန်းပွင့်ခြင်း အကြောင်းနှင့် စပ်လျဉ်း၍ မေးမြန်းကြ၏။ အသင်သည် (ထိုသူတို့ အားဤသို့)ဖြေကြား ပါလေ။ ထို(ရာသီပန်းပွင့်ခြင်း)သည် စက်ဆုပ်ရွံရှာဖွယ်ရာ ဖြစ်သောအညစ်အကြေး တစ်မျိုးပင်ဖြစ်ချေသည်။ သို့ဖြစ်ရာ ရာသီပန်းပွင့် သည့်အချိန်တွင် အသင်တို့သည် ဇနီးမိန်းမများ နှင့် (ကာယသံသဂ္ဂပြုခြင်းမှ) ခွဲခွာ၍နေကြလေကုန်၊ ၎င်းပြင် ထိုဇနီးမိန်းမများ သန့်စင်လာကြသည့်တိုင်အောင် အသင်တို့ သည် ထိုဇနီးမိန်းမများထံသို့ �ချဉ်းကပ်ကြကုန်လင့်။ သို့ရာတွင် ထိုဇနီးမိန်းမများ(ကောင်းစွာ)သန့်စင်လာကြသော အခါ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အမိန့်တော်ရှိထား တော်မူသည်နှင့်အညီ ထိုဇနီးမိန်းမများထံသို့ ချဉ်းကပ်ကြကုန်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် (မေ့မှားမှုကို) ဝန်ချ တောင်းပန်သောသူများကို ချစ်နှစ်သက်တော်မူ၏။ ထို့အတူ ထိုအရှင်မြတ်သည်သန့်ရှင်းစင်ကြယ် သောသူများကိုလည်း ချစ်နှစ်သက်တော်မူ၏။
223نِسَاؤُكُمْ حَرْثٌ لَّكُمْ فَأْتُوا حَرْثَكُمْ أَنَّىٰ شِئْتُمْ ۖ وَقَدِّمُوا لِأَنفُسِكُمْ ۚ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّكُم مُّلَاقُوهُ ۗ وَبَشِّرِ الْمُؤْمِنِينَ
အသင်တို့၏ ဇနီးမိန်းမများသည် အသင်တို့အဖို့ လယ်ယာမြေ(ပမာပင်) ဖြစ်ပေရာ အသင်တို့သည် မိမိတို့လယ် ယာများသို့ မိမိတို့ ကြိုက်နှစ်သက်ရာနည်းနှင့် သွားလာ (စိုက်ပျိုး)ကြကုန်။ ထို့ပြင် အသင်တို့သည်(နောင်ရေးကို ရှေ့ ရှုကာ) မိမိတို့အကျိုးအလို့ငှာ(ကောင်းမှုကုသိုလ်များကို) တင်ကြို ၍ ပို့ဆောင်(ပြုလုပ်)ကြကုန်။ ထို့ပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်။ ထို့ပြင် အသင်တို့သည် ထို အရှင်မြတ်၏ရှေ့တော်မှောက်သို့ မုချဝင်ရောက် ကြရမည့်သူ များဖြစ်သည်ကိုလည်း မှတ်ယူကြကုန်၊ ထို့ပြင်(အို-နဗီ) အသင် သည် ယုံကြည်ခြင်းသဒ္ဓါ တရားနှင့်ပြည့်စုံသော မုအ်မင်န် တို့အား ဝမ်းမြောက်ဘွယ်ရာသတင်းကို ပြောကြားပါလေ။
224وَلَا تَجْعَلُوا اللَّهَ عُرْضَةً لِّأَيْمَانِكُمْ أَن تَبَرُّوا وَتَتَّقُوا وَتُصْلِحُوا بَيْنَ النَّاسِ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
ထို့ပြင် အသင်တို့သည် ကုသိုလ်ကောင်းမှုများ ကို မပြုကြရန်လည်းကောင်း၊ ဒုစရိုက်မှုများကို မကြဉ်ရှောင် ကြရန်လည်းကောင်း၊ လူသားတို့စပ်ကြားတွင် ခိုက်ရန်ဖြစ်ပွားမှု များကိုမဖြန် ဖြေကြရန်လည်ေးကာင်း၊ မိမိတို့၏ကျိန်ဆိုချက် များဖြင့် အလ္လာဟ်အရှင်မြတ်အား ဒိုင်းကြီး�ဖွယ် အကာ အကွယ် မပြုလုပ်ကြကုန်လင့်။ အမှန်သော် ကား အလ္လာဟ် အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
225لَّا يُؤَاخِذُكُمُ اللَّهُ بِاللَّغْوِ فِي أَيْمَانِكُمْ وَلَٰكِن يُؤَاخِذُكُم بِمَا كَسَبَتْ قُلُوبُكُمْ ۗ وَاللَّهُ غَفُورٌ حَلِيمٌ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏အချည်း နှီးသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ အသင်တို့ကို ပြစ်ဒဏ် ပေးတော်မူမည်မဟုတ်။ သို့ရာတွင် အသင်တို့၏စိတ်နှလုံး များက စေ့ဆော်တိုက်တွန်း၍ ကျိန်ဆိုသော ကျိန်ဆိုချက်များ နှင့် စပ်လျဉ်း၍မူ ထိုအရှင်မြတ်သည် အသင်တို့ကို ပြစ်ဒဏ် ပေးတော်မူပေမည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ် သည် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနား တော်မူ သောအရှင်၊ အလွန် ထောက်ထားညှာတာ တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
226لِّلَّذِينَ يُؤْلُونَ مِن نِّسَائِهِمْ تَرَبُّصُ أَرْبَعَةِ أَشْهُرٍ ۖ فَإِن فَاءُوا فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ
မိမိတို့၏ဇနီးမိန်းမများနှင့် (ကာယသံသဂ္ဂအမှု ပြုကြမည်မဟုတ်ပါဟု) ကျိန်ဆိုသူများအဖို့ လေးလစောင့် ဆိုင်းခွင့်ရှိ၏။ အကယ်၍ ထိုသူတို့သည် (ထိုကဲ့သို့) ကျိန်ဆိုပြီး နောက် (4-လအတွင်း မိမိ တို့၏ကျိန်ဆိုချက်ကို) ပြန်လည်ရုပ် သိမ်းကြပါလျှင် မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန် ကရုဏာပြုတော်မူသောအရှင် ဖြစ်တော် မူပေသတည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
224အာယာသ်

ဘာသာပြန် — အလ်-ဗကရ 224

စူရာ အလ်-ဗကရ အာယာသ် 224 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် အသင်တို့သည် ကုသိုလ်ကောင်းမှုများ ကို မပြုကြရန်လည်းကောင်း၊ ဒုစရိုက်မှုများကို မကြဉ်ရှောင် ကြရန်လည်းကောင်း၊ လူသားတို့စပ်ကြားတွင် ခိုက်ရန်ဖြစ်ပွားမှု…

စူရာ အာယာသ် 224/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 222–226. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, October 21, 2026

Don't forget us in your sincere prayers