အလ်-ဗကရ · 243/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
۞ أَلَمْ تَرَ إِلَى الَّذِينَ خَرَجُوا مِن دِيَارِهِمْ وَهُمْ أُلُوفٌ حَذَرَ الْمَوْتِ فَقَالَ لَهُمُ اللَّهُ مُوتُوا ثُمَّ أَحْيَاهُمْ ۚ إِنَّ اللَّهَ لَذُو فَضْلٍ عَلَى النَّاسِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَشْكُرُونَ ۝٢٤٣
Alam tara ilal lazeena kharajoo min diyaarihim wa hum uloofun hazaral mawti faqaaala lahumul laahu mootoo summa ahyaahum; innal laaha lazoo fadlin `alannaasi wa laakinna aksarannaasi laa yashkuroon
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်)အသင် မသိမမြင် မဆင် ခင်မိပါသလော။ အရေအတွက်အားဖြင့် ထောင်ပေါင်းများ စွာသော သူတို့သည် သေဘေးမှလွတ်မြောက်ရန်အလို့ငှာ မိမိတို့နေအိမ်များမှ ထွက်ခွာကြသောအခါဝယ် အလ္လာဟ် အရှင်မြတ်က ယင်းသူတို့အား အသင်တို့သည် သေကြကုန် လော့ ဟု မိန့်ကြားတော်မူ၏။ သို့မိန့်ကြားတော်မူ (လေရာ ယင်းသူတို့သည် သေကြေပျက်စီးသွားကြ၏) ထို့နောက် တဖန် ထိုအရှင်မြတ်က ယင်းသူတို့ကို ရှင်ပြန်စေတော်မူခဲ့သည်။ မချွတ်မလွဲ အလ္လာဟ် အရှင်မြတ်သည် လူခပင်းတို့အပေါ်ဝယ် မုချ ကျေးဇူးပြုတော်မူထသောအရှင် ဖြစ်တော်မူလေသည်။ သို့ရာတွင် လူတို့အနက် မြောက်မြားစွာသော သူတို့သည် (ငါအရှင်မြတ်၏) ကျေးဇူးတော်ကို မသိတတ်ကြချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 241-245 — စူရာ အလ်-ဗကရ

241وَلِلْمُطَلَّقَاتِ مَتَاعٌ بِالْمَعْرُوفِ ۖ حَقًّا عَلَى الْمُتَّقِينَ
ထိုနည်းတူစွာ ကွာရှင်းပြီးဖြစ်သော မိန်းမများကို လည်း ဓလေ့ထုံးစံအတိုင်း အကျိုးခံစား စေကြရမည်။ (ဤ သည်ကား)အလ္လာဟ်အရှင်မြတ် ကိုကြောက်ရွံ့သော သူတော်စင် များ (လိုက်နာ ဆောင်ရွက်ရမည့်) တာဝန်တရပ်ဖြစ်ပေသည်။
242كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ لَعَلَّكُمْ تَعْقِلُونَ
ဤနည်းနှင်နှင် အလ္လာဟ်အရှင်မြတ်သည် မိမိ အမိန့်ပညတ်တော်များကို အသင်တို့(လိုက်နာကျင့်သုံးနိုင်ရန်) အလို့ငှာ ရှင်းလင်းထင်ရှားစွာထုတ်ဖော်မိန့်ကြား တော်မူလေ သည်။ သို့မှသာလျှင် အသင်တို့သည် သိနားလည် ကြပေမည်။
243۞ أَلَمْ تَرَ إِلَى الَّذِينَ خَرَجُوا مِن دِيَارِهِمْ وَهُمْ أُلُوفٌ حَذَرَ الْمَوْتِ فَقَالَ لَهُمُ اللَّهُ مُوتُوا ثُمَّ أَحْيَاهُمْ ۚ إِنَّ اللَّهَ لَذُو فَضْلٍ عَلَى النَّاسِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَشْكُرُونَ
(အို-နဗီတမန်တော်)အသင် မသိမမြင် မဆင် ခင်မိပါသလော။ အရေအတွက်အားဖြင့် ထောင်ပေါင်းများ စွာသော သူတို့သည် သေဘေးမှလွတ်မြောက်ရန်အလို့ငှာ မိမိတို့နေအိမ်များမှ ထွက်ခွာကြသောအခါဝယ် အလ္လာဟ် အရှင်မြတ်က ယင်းသူတို့အား အသင်တို့သည် သေကြကုန် လော့ ဟု မိန့်ကြားတော်မူ၏။ သို့မိန့်ကြားတော်မူ (လေရာ ယင်းသူတို့သည် သေကြေပျက်စီးသွားကြ၏) ထို့နောက် တဖန် ထိုအရှင်မြတ်က ယင်းသူတို့ကို ရှင်ပြန်စေတော်မူခဲ့သည်။ မချွတ်မလွဲ အလ္လာဟ် အရှင်မြတ်သည် လူခပင်းတို့အပေါ်ဝယ် မုချ ကျေးဇူးပြုတော်မူထသောအရှင် ဖြစ်တော်မူလေသည်။ သို့ရာတွင် လူတို့အနက် မြောက်မြားစွာသော သူတို့သည် (ငါအရှင်မြတ်၏) ကျေးဇူးတော်ကို မသိတတ်ကြချေ။
244وَقَاتِلُوا فِي سَبِيلِ اللَّهِ وَاعْلَمُوا أَنَّ اللَّهَ سَمِيعٌ عَلِيمٌ
ထို့ပြင်တဝ အသင်တို့သည် (အထက်ဖော်ပြပါ အတ္ထုပ္ပတ္တိကို ဆင်ခြင်၍) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလုံးစုံကို အကြွင်းမရှိ ကြားတော်မူသောအရှင်၊ အကြွင်းမရှိသိတော် မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း အသင်တို့သည်ယုံ ကြည်မှတ်ယူကြကုန်လော့။
245مَّن ذَا الَّذِي يُقْرِضُ اللَّهَ قَرْضًا حَسَنًا فَيُضَاعِفَهُ لَهُ أَضْعَافًا كَثِيرَةً ۚ وَاللَّهُ يَقْبِضُ وَيَبْسُطُ وَإِلَيْهِ تُرْجَعُونَ
အလ္လာဟ်အရှင်မြတ်အား မွန်မြတ်လှစွာသော ကြွေးမြီချေးငှားမည့်သူသည် မည်သူနည်း။ သို့ ချေးငှားခြင်း အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ယင်းကဲ့သို့သောချေး ငှားခြင်း၏ အကျိုးကို ထိုသူအဖို့ အဆပေါင်းမြောက်မြားစွာ တိုးပွားစေတော်မူအံ့။ (တဖန် ယင်းကဲ့သို့ ကြွေးမြီချေးငှားသူတို့ အဖို့မှာလည်း မိမိတို့၏ဥစ္စာပစ္စည်း နည်းပါးသွားမည်ကို စိုးရိမ် မကင်းမဖြစ်သင့်ချေ။) အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည်သာလျှင်(ဥစ္စာပစ္စည်းကို) ကျပ်တည်းစေတော် မူသည်။ ထိုအရှင်မြတ်သည်ပင်လျှင် (ဥစ္စာပစ္စည်းကို) ချောင် လည်စေတော်မူလေသည်။ တစ်ဖန် အသင်တို့သည် ထိုအရှင် မြတ်အထံတော်သို့သာလျှင် ပြန်လှည့်ကြရပေမည်။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
243အာယာသ်

ဘာသာပြန် — အလ်-ဗကရ 243

စူရာ အလ်-ဗကရ အာယာသ် 243 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်)အသင် မသိမမြင် မဆင် ခင်မိပါသလော။ အရေအတွက်အားဖြင့် ထောင်ပေါင်းများ စွာသော သူတို့သည် သေဘေးမှလွတ်မြောက်ရန်အလို့ငှာ မိမိတို့နေအိမ်များမှ…

စူရာ အာယာသ် 243/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 241–245. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers