အလ်-ဗကရ · 97/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
قُلْ مَن كَانَ عَدُوًّا لِّجِبْرِيلَ فَإِنَّهُ نَزَّلَهُ عَلَىٰ قَلْبِكَ بِإِذْنِ اللَّهِ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ وَهُدًى وَبُشْرَىٰ لِلْمُؤْمِنِينَ ۝٩٧
Qul man kaana `aduwwal li Jibreela fainnahoo nazzalahoo `alaa qalbika bi iznil laahi musaddiqal limaa baina yadihi wa hudanw wa bushraa lilmu`mineen
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (ယဟူဒီ ဘာသာဝင်တို့အား) ဤသို့ပြောဆိုပါလေ၊ အကြင် မည်သူမဆို အပါးတော်စေတမန် ဂျိဗ်ရီလ် (အလိုင်ဟစ္စလာမ်) ကို ရန်မူအံ့၊ (သို့ရန်မူခြင်းသည် အကြောင်းမဲ့သာလျှင်ဖြစ်အံ့) အဘယ်ကြောင့် ဆိုသော် ယင်းအပါးတော်စေတမန် ဂျိဗ်ရီလ်သည်ထို (ကုရ်အာန်ကျမ်းမြတ်) ကို အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်ဖြင့် အသင်၏စိတ်နှလုံးတွင်းသို့ ယူဆောင်ပို့ချသူမျှဖြစ်၏။ [ အပါးတော်စေတမန် ဂျိဗ်ရီလ် (အလိုင်ဟစ္စလာမ်) ယူဆောင်ပို့ချခဲ့သော] ထိုကျမ်းမြတ်သည် မိမိအလျင် ထုတ်ပြန်ပို့ချထားသော (ယဟူဒီဘာသာဝင်တို့၏ ကျမ်းဂန်နှင့်တကွ) အတိတ်ခေတ်ကျမ်းများကို ထောက်ခံ၏။ ထို ကျမ်းမြတ်သည် တရားဓမ္မလည်းဖြစ်၏။ မုအ်မင်န် သက်ဝင်ယုံကြည် သူများအဖို့ မင်္ဂလာသတင်းလည်း မည်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ဂျိဗ်ရီးလ် (جِبْرِيل): ကောင်းကင်တမန်တော်ကြီး ဂျိဗ်ရီးလ် ဖြစ်သည်။ သူသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ တမန်တော်များထံသို့ ဝဟ်ယ် (ဗျာဒိတ်တော်) ကို ယူဆောင်လာပေးသော ကောင်းကင်တမန်ဖြစ်သည်။
  • နဇ်ဇလဟု (نَزَّلَهُ): ထိုသူ (ဂျိဗ်ရီးလ်) သည် ထို (ကုရ်အာန်) ကို ချပေးခဲ့သည်။
  • ဗိတ်ဇ်နိလ္လာဟ် (بِإِذْنِ اللَّهِ): အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့်။
  • မုဆဒ္ဒိကန် (مُصَدِّقًا): အတည်ပြုသူ၊ ထောက်ခံသူ။
  • မာ ဗိုင်နာ ယဒိုင်းဟိ (مَا بَيْنَ يَدَيْهِ): သူ့ရှေ့တွင်ရှိခဲ့သော (ကုရ်အာန်မတိုင်မီ ကျရောက်ခဲ့သော ကျမ်းများ)။
  • ဟုဒန် (هُدًى): လမ်းညွှန်မှု။
  • ဗုရှ်ရာ (بُشْرَى): သတင်းကောင်း။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ ဂျိဗ်ရီးလ်သည် ငါတို့၏ ရန်သူဖြစ်သည်ဟု ဆိုကြသော ယဟူဒီများအား ပြောလိုက်ပါ- မည်သူမဆို ဂျိဗ်ရီးလ်နှင့် ရန်ဖက်သူဖြစ်အံ့၊ ထိုသူသည် အမှန်စင်စစ် ကုရ်အာန်ကျမ်းတော်မြတ်ကို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့် အသင်၏ နှလုံးသားပေါ်သို့ ချပေးခဲ့သူဖြစ်သည်။ ထိုကုရ်အာန်သည် သူ့အလျင်ကျရောက်ခဲ့သော ကျမ်းများ (တောင်ရာသ်၊ အင်ဂျီးလ် စသည်) ကို အတည်ပြုထောက်ခံသူအဖြစ်လည်းကောင်း၊ လမ်းညွှန်မှုအဖြစ်လည်းကောင်း၊ မုအ်မင်န်သက်ဝင်ယုံကြည်သူများအတွက် သတင်းကောင်းအဖြစ်လည်းကောင်း ဖြစ်ပေသည်။ ထို့ကြောင့် ဤကဲ့သို့သော ဂုဏ်တော်နှင့် လုပ်ငန်းတာဝန်ရှိသူကို ရန်ဖက်သူသည် လမ်းလွဲသူများထဲတွင် အပါအဝင်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • ကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ အမှန်တကယ် ကျရောက်လာသော ကျမ်းဖြစ်ကြောင်း ဤအာယသ်တော်က ထင်ရှားစွာ သက်သေပြသည်။
  • ဂျိဗ်ရီးလ် (အ.စ) သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ယူဆောင်လာသော ဂုဏ်သိက္ခာကြီးမားသည့် ကောင်းကင်တမန်တော်ဖြစ်ကြောင်း သိရှိရသည်။
  • ကုရ်အာန်သည် ယခင်ကျမ်းများကို အတည်ပြုထောက်ခံသူဖြစ်ပြီး လမ်းညွှန်မှုနှင့် သတင်းကောင်းကို ယူဆောင်လာသူဖြစ်ကြောင်း နားလည်ရသည်။

-



📜 အာယာသ် 95-99 — စူရာ အလ်-ဗကရ

95وَلَن يَتَمَنَّوْهُ أَبَدًا بِمَا قَدَّمَتْ أَيْدِيهِمْ ۗ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ
သို့ရာတွင် ထိုသူတို့သည် မိမိတို့ကိုယ်တိုင် ကျင့်မူ၍ (ငါအသျှင်ထံသို့) တင်ကြို၍ ပို့ထား ခဲ့လေပြီးဖြစ်သော(အကုသိုလ်ဒုစရိုက်များ၏ ပြစ်ဒဏ် များကို စိုးရိမ်ကြောင့်ကြသော) ကြောင့် မည်သည့် အခါမျှမရဏသေခြင်းကို အလျင်းလိုလား တောင်းတ ကြလိမ့်မည်မဟုတ်။ စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် ကျူးလွန်သူများ(၏ အကြောင်းများ) ကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
96وَلَتَجِدَنَّهُمْ أَحْرَصَ النَّاسِ عَلَىٰ حَيَاةٍ وَمِنَ الَّذِينَ أَشْرَكُوا ۚ يَوَدُّ أَحَدُهُمْ لَوْ يُعَمَّرُ أَلْفَ سَنَةٍ وَمَا هُوَ بِمُزَحْزِحِهِ مِنَ الْعَذَابِ أَن يُعَمَّرَ ۗ وَاللَّهُ بَصِيرٌ بِمَا يَعْمَلُونَ
စင်စစ်မှာမူ (ထိုယဟူဒီဘာသာဝင်များသည် သေခြင်းတရားကို အလျင်းမနှစ်သက် မလိုလား မတောင်းတကြရုံမျှမက ဤဘဝ၌ပင် ကာလကြာမြင့် စွာ) သက်ထင်ရှား တည်ရှိနေခြင်းကို အခြား လူခပ်သိမ်းတို့ထက် ပိုမို၍ပင် တပ်မက်မောသော သူများ(ဖြစ်သည်ကို) အသင်(မိုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်)သည် မုချတွေ့ရှိရပေမည်။ အခြားအခြားသောသူများကို မဆိုထားဘိဦး၊ ယင်းသူတို့သည် တစ်ဆူတည်းသော အလ္လာဟ် အရှင်မြတ်နှင့် တွဲဘက်ယှဉ် ပြိုင်၍ အခြားအရာများကိုပါ ကိုးကွယ်ကြကုန်သော သူများထက်လည်း(ဤဘဝ၌အသက်ရှည်ခြင်းကို ပိုမိုနှစ်သက် လောဘရမ္မက် ရှိကြကုန်သည်ကို အသင်တွေ့ရှိပေမည်)၊ ယင်း(ယဟူဒီဘာသာဝင်)တို့တွင် လူတိုင်းလူတိုင်းပင် နှစ်ပေါင်းတစ်ထောင်မျှသော အသက်ရှည်ခြင်းကို ကြိုက်နှစ်သက်ကြလေသည်။ သို့သော် (ဤမျှလောက် သက်တမ်းရှည်စွာ နေထိုင်ခဲ့ရသည့်တိုင်အောင်) ထိုကဲ့သို့ အသက် ရှည်ခြင်းသည် ယင်းသူတို့ကို ငရဲအပြစ်ဒဏ်များမှ ကယ်ဆယ်နိုင်လိမ့်မည် မဟုတ်ချေ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုသူများ ကျင့်မူကြကုန်သော အပြုအမူများကို အကြွင်းမဲ့ခွဲခြားသိမြင် တော်မူသောအရှင်တည်း။
97قُلْ مَن كَانَ عَدُوًّا لِّجِبْرِيلَ فَإِنَّهُ نَزَّلَهُ عَلَىٰ قَلْبِكَ بِإِذْنِ اللَّهِ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ وَهُدًى وَبُشْرَىٰ لِلْمُؤْمِنِينَ
(အို-နဗီတမန်တော်) အသင်သည် (ယဟူဒီ ဘာသာဝင်တို့အား) ဤသို့ပြောဆိုပါလေ၊ အကြင် မည်သူမဆို အပါးတော်စေတမန် ဂျိဗ်ရီလ် (အလိုင်ဟစ္စလာမ်) ကို ရန်မူအံ့၊ (သို့ရန်မူခြင်းသည် အကြောင်းမဲ့သာလျှင်ဖြစ်အံ့) အဘယ်ကြောင့် ဆိုသော် ယင်းအပါးတော်စေတမန် ဂျိဗ်ရီလ်သည်ထို (ကုရ်အာန်ကျမ်းမြတ်) ကို အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်ဖြင့် အသင်၏စိတ်နှလုံးတွင်းသို့ ယူဆောင်ပို့ချသူမျှဖြစ်၏။ [ အပါးတော်စေတမန် ဂျိဗ်ရီလ် (အလိုင်ဟစ္စလာမ်) ယူဆောင်ပို့ချခဲ့သော] ထိုကျမ်းမြတ်သည် မိမိအလျင် ထုတ်ပြန်ပို့ချထားသော (ယဟူဒီဘာသာဝင်တို့၏ ကျမ်းဂန်နှင့်တကွ) အတိတ်ခေတ်ကျမ်းများကို ထောက်ခံ၏။ ထို ကျမ်းမြတ်သည် တရားဓမ္မလည်းဖြစ်၏။ မုအ်မင်န် သက်ဝင်ယုံကြည် သူများအဖို့ မင်္ဂလာသတင်းလည်း မည်၏။
98مَن كَانَ عَدُوًّا لِّلَّهِ وَمَلَائِكَتِهِ وَرُسُلِهِ وَجِبْرِيلَ وَمِيكَالَ فَإِنَّ اللَّهَ عَدُوٌّ لِّلْكَافِرِينَ
မည်သူမဆို အလ္လာဟ် အရှင်မြတ်ကိုသော် လည်းကောင်း၊ ထိုအရှင်မြတ်၏ အပါးတော် စေတမန်များကိုသော် လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များ ကိုသော်လည်းကောင်း၊ အပါးတော်စေတမန် ဂျိဗ်ရီလ် (အလိုင်ဟစ္စလာမ်) ကိုသော်လည်းကောင်း၊ အပါးတော် စေတမန်မီကာလ် (အလိုင်ဟစ္စလာမ်) ကိုသော်လည်းကောင်း၊ ရန်မူခဲ့ပါမူ အလ္လာဟ် အရှင်မြတ်သည်လည်း (ထိုကဲ့သို့ရန် မူသော) ကာဖစ်ရ် သွေဖည် ငြင်းပယ်သောသူတို့၏ ရန်သူဖြစ်တော်မူ၏။
99وَلَقَدْ أَنزَلْنَا إِلَيْكَ آيَاتٍ بَيِّنَاتٍ ۖ وَمَا يَكْفُرُ بِهَا إِلَّا الْفَاسِقُونَ
၎င်းပြင် (အို-နဗီတမန်တော်) ငါအရှင်သည် အသင်၏ထံသို့ ထင်ရှားသော သက်သေခံ လက္ခဏာများကိုထုတ်ပြန်ပို့ချတော်မူခဲ့လေပြီ၊ ထို သက်သေခံ က္ခဏာများကို အမိန့်တော်မနာခံသော သူယုတ်မာများမှအပ မည်သူတစ်စုံတစ်ယောက်မျှ ထွက်ပြူငြင်းပယ်မည် မဟုတ်ချေ။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
97အာယာသ်

ဘာသာပြန် — အလ်-ဗကရ 97

စူရာ အလ်-ဗကရ အာယာသ် 97 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (ယဟူဒီ ဘာသာဝင်တို့အား) ဤသို့ပြောဆိုပါလေ၊ အကြင် မည်သူမဆို အပါးတော်စေတမန် ဂျိဗ်ရီလ် (အလိုင်ဟစ္စလာမ်)…

စူရာ အာယာသ် 97/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 95–99. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers