အလ်-ဗကရ · 99/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَلَقَدْ أَنزَلْنَا إِلَيْكَ آيَاتٍ بَيِّنَاتٍ ۖ وَمَا يَكْفُرُ بِهَا إِلَّا الْفَاسِقُونَ ۝٩٩
Wa laqad anzalnaaa ilaika Aayaatim baiyinaatinw wa maa yakfuru bihaaa illal faasiqoon
📖 မြန်မာဘာသာ
၎င်းပြင် (အို-နဗီတမန်တော်) ငါအရှင်သည် အသင်၏ထံသို့ ထင်ရှားသော သက်သေခံ လက္ခဏာများကိုထုတ်ပြန်ပို့ချတော်မူခဲ့လေပြီ၊ ထို သက်သေခံ က္ခဏာများကို အမိန့်တော်မနာခံသော သူယုတ်မာများမှအပ မည်သူတစ်စုံတစ်ယောက်မျှ ထွက်ပြူငြင်းပယ်မည် မဟုတ်ချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 97-101 — စူရာ အလ်-ဗကရ

97قُلْ مَن كَانَ عَدُوًّا لِّجِبْرِيلَ فَإِنَّهُ نَزَّلَهُ عَلَىٰ قَلْبِكَ بِإِذْنِ اللَّهِ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ وَهُدًى وَبُشْرَىٰ لِلْمُؤْمِنِينَ
(အို-နဗီတမန်တော်) အသင်သည် (ယဟူဒီ ဘာသာဝင်တို့အား) ဤသို့ပြောဆိုပါလေ၊ အကြင် မည်သူမဆို အပါးတော်စေတမန် ဂျိဗ်ရီလ် (အလိုင်ဟစ္စလာမ်) ကို ရန်မူအံ့၊ (သို့ရန်မူခြင်းသည် အကြောင်းမဲ့သာလျှင်ဖြစ်အံ့) အဘယ်ကြောင့် ဆိုသော် ယင်းအပါးတော်စေတမန် ဂျိဗ်ရီလ်သည်ထို (ကုရ်အာန်ကျမ်းမြတ်) ကို အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်ဖြင့် အသင်၏စိတ်နှလုံးတွင်းသို့ ယူဆောင်ပို့ချသူမျှဖြစ်၏။ [ အပါးတော်စေတမန် ဂျိဗ်ရီလ် (အလိုင်ဟစ္စလာမ်) ယူဆောင်ပို့ချခဲ့သော] ထိုကျမ်းမြတ်သည် မိမိအလျင် ထုတ်ပြန်ပို့ချထားသော (ယဟူဒီဘာသာဝင်တို့၏ ကျမ်းဂန်နှင့်တကွ) အတိတ်ခေတ်ကျမ်းများကို ထောက်ခံ၏။ ထို ကျမ်းမြတ်သည် တရားဓမ္မလည်းဖြစ်၏။ မုအ်မင်န် သက်ဝင်ယုံကြည် သူများအဖို့ မင်္ဂလာသတင်းလည်း မည်၏။
98مَن كَانَ عَدُوًّا لِّلَّهِ وَمَلَائِكَتِهِ وَرُسُلِهِ وَجِبْرِيلَ وَمِيكَالَ فَإِنَّ اللَّهَ عَدُوٌّ لِّلْكَافِرِينَ
မည်သူမဆို အလ္လာဟ် အရှင်မြတ်ကိုသော် လည်းကောင်း၊ ထိုအရှင်မြတ်၏ အပါးတော် စေတမန်များကိုသော် လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များ ကိုသော်လည်းကောင်း၊ အပါးတော်စေတမန် ဂျိဗ်ရီလ် (အလိုင်ဟစ္စလာမ်) ကိုသော်လည်းကောင်း၊ အပါးတော် စေတမန်မီကာလ် (အလိုင်ဟစ္စလာမ်) ကိုသော်လည်းကောင်း၊ ရန်မူခဲ့ပါမူ အလ္လာဟ် အရှင်မြတ်သည်လည်း (ထိုကဲ့သို့ရန် မူသော) ကာဖစ်ရ် သွေဖည် ငြင်းပယ်သောသူတို့၏ ရန်သူဖြစ်တော်မူ၏။
99وَلَقَدْ أَنزَلْنَا إِلَيْكَ آيَاتٍ بَيِّنَاتٍ ۖ وَمَا يَكْفُرُ بِهَا إِلَّا الْفَاسِقُونَ
၎င်းပြင် (အို-နဗီတမန်တော်) ငါအရှင်သည် အသင်၏ထံသို့ ထင်ရှားသော သက်သေခံ လက္ခဏာများကိုထုတ်ပြန်ပို့ချတော်မူခဲ့လေပြီ၊ ထို သက်သေခံ က္ခဏာများကို အမိန့်တော်မနာခံသော သူယုတ်မာများမှအပ မည်သူတစ်စုံတစ်ယောက်မျှ ထွက်ပြူငြင်းပယ်မည် မဟုတ်ချေ။
100أَوَكُلَّمَا عَاهَدُوا عَهْدًا نَّبَذَهُ فَرِيقٌ مِّنْهُم ۚ بَلْ أَكْثَرُهُمْ لَا يُؤْمِنُونَ
ထိုယဟူဒီဘာသာဝင်တို့သည် အလ္လာဟ် အရှင်မြတ်နှင့် ကတိဝန်ခံချက် တစ်စုံတစ်ခု ထားရှိပြီးတိုင်း ထိုသူတို့အနက်မှ လူတစ်စုသည် (အစဉ်အမြဲ) ထိုဝန်ခံချက်ကို ပယ်ဖျက်လေ့ရှိကြသည် မဟုတ်ပါလော၊ အမှန်သော်ကား၊ ယင်းသူတို့ တွင်မြောက်မြားစွာသော သူတို့သည် (မိမိတို့ထံသို့ ထုတ်ပြန်ပို့ချထားသော ကျမ်းဂန်များကိုပင်) မယုံကြည်ကြချေ။
101وَلَمَّا جَاءَهُمْ رَسُولٌ مِّنْ عِندِ اللَّهِ مُصَدِّقٌ لِّمَا مَعَهُمْ نَبَذَ فَرِيقٌ مِّنَ الَّذِينَ أُوتُوا الْكِتَابَ كِتَابَ اللَّهِ وَرَاءَ ظُهُورِهِمْ كَأَنَّهُمْ لَا يَعْلَمُونَ
တဖန် (ထိုကဲ့သို့ပင်) ယင်း(ယဟူဒီ ဘာသာဝင်) များထံသို့ အလ္လာဟ် အရှင်မြတ် အထံတော်မှ ထိုသူတို့ထံ၌ ရှိနှင့်ပြီးဖြစ်သော (တောင်ရာတ်) ကျမ်းမြတ်ကို ထောက်ခံသော နဗီတမန်တော် (မိုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်) ကြွရောက်လာသည့်အခါ ထိုကျမ်းရလူမျိုးတို့အနက် မှပင် လူတစ်စုသည် မသိကြသကဲ့သို့ အလ္လာဟ် အရှင်မြတ်၏ ကျမ်းမြတ်(တောင်ရာတ်) ကိုပင် မိမိတို့၏ ကျောနောက်သို့ ပစ်ပယ်ထားကြလေသည်။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
99အာယာသ်

ဘာသာပြန် — အလ်-ဗကရ 99

စူရာ အလ်-ဗကရ အာယာသ် 99 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (အို-နဗီတမန်တော်) ငါအရှင်သည် အသင်၏ထံသို့ ထင်ရှားသော သက်သေခံ လက္ခဏာများကိုထုတ်ပြန်ပို့ချတော်မူခဲ့လေပြီ၊ ထို သက်သေခံ က္ခဏာများကို…

စူရာ အာယာသ် 99/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 97–101. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers