တာဟာ · 132/135
ဘာသာပြန် အသံနိုင်ငံ — စူရာ တာဟာ
وَأْمُرْ أَهْلَكَ بِالصَّلَاةِ وَاصْطَبِرْ عَلَيْهَا ۖ لَا نَسْأَلُكَ رِزْقًا ۖ نَّحْنُ نَرْزُقُكَ ۗ وَالْعَاقِبَةُ لِلتَّقْوَىٰ ۝١٣٢
Waamur ahlaka bis Salaati wastabir `alaihaa la nas`aluka rizqaa; nahnu narzuquk; wal `aaqibatu littaqwaa
📖 မြန်မာဘာသာ
၎င်းပြင် အသင်သည် မိမိအိမ်သူအိမ်သား တပည့်သာဝကတို့အား ဆွလာတ်ဝတ်ပြုကြရန် အမိန့်ပေးလျက်ရှိပါလေ။ ထို့ပြင် အသင်ကိုယ်တိုင်လည်း ယင်းဆွလာတ်ဝတ်ပြုမှုအပေါ်၌ မယိမ်းမယိုင်တည်ကြည် မြဲမြံစွာရှိပါလေ။ ငါအရှင်မြတ်သည် အသင့် ထံတွင် စားနပ်ရိက္ခာကို တောင်းခံတော်မူမည် မဟုတ်ပေ။ (အမှန်မှာ) ငါအရှင်မြတ်သည်သာလျှင် အသင့်အား ရိက္ခာကို ချီးမြှင့်တော်မူလေသည်။ စင်စစ်နောက်ဆုံးအကျိုးဆက်သည် သူတော်စင်တို့အဖို့သာ ဖြစ်သည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်။
  • وَأْمُرْ (ဝအ့မုရ်) — အမိန့်ပေးလော့၊ ညွှန်ကြားလော့။
  • أَهْلَكَ (အဟ်လက) — သင်၏အိမ်သူအိမ်သားများ၊ သင်၏မိသားစု။
  • بِالصَّلَاةِ (ဗိဆ်ဆလာသ်) — ဆွလာသ်ဝတ်ပြုခြင်းကို။
  • وَاصْطَبِرْ (ဝဆ်ွသွဗိရ်) — ဇွဲလုံ့လနှင့် သည်းခံကြံ့ခိုင်စွာ တည်ကြည်လော့။
  • عَلَيْهَا (အလိုင်ဟာ) — ထိုဆွလာသ်အပေါ်၌။
  • رِزْقًا (ရိဇ်ကွန်) — ရိဇ်က်၊ စားနပ်ရိက္ခာ၊ အသက်မွေးဝမ်းကျောင်းပစ္စည်း။
  • نَرْزُقُكَ (နရ်ဇုကုက) — ငါအရှင်မြတ်သည် သင့်အား ရိဇ်က်ပေးသနားတော်မူ၏။
  • وَالْعَاقِبَةُ (ဝလ်အာကိဗသ်) — အဆုံးသတ်ရလဒ်၊ နိဂုံး၊ အကျိုးဆက်။
  • لِلتَّقْوَىٰ (လိတ်သက်ဝါ) — တက္ကဝါ (အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့အရိုအသေပြုခြင်း) ရှိသူများအတွက်ဖြစ်၏။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

အို—တမန်တော်မုဟမ္မဒ်(ဆွ)၊ သင်သည် သင်၏အိမ်သူအိမ်သားများအား ဆွလာသ်ဝတ်ပြုခြင်းကို အမိန့်ပေးလော့။ သင်ကိုယ်တိုင်လည်း ထိုဆွလာသ်ဝတ်ပြုခြင်းကို ဇွဲလုံ့လဖြင့် မပြတ်မလပ် ဆက်လက်ထမ်းဆောင်လော့။ ငါအရှင်မြတ်သည် သင့်ထံမှ ရိဇ်က် (စားနပ်ရိက္ခာ) ကို တောင်းခံသည်မဟုတ်။ သင့်အတွက်သော်လည်းကောင်း၊ အခြားသူများအတွက်သော်လည်းကောင်း ရိဇ်က်ရှာဖွေရန် သင့်အား တာဝန်မပေးအပ်ပေ။ ငါအရှင်မြတ်သာလျှင် သင့်အား ရိဇ်က်ပေးသနားတော်မူ၏။ ဤလောကနှင့် တမလွန်ဘဝတွင် ကောင်းမွန်သော အဆုံးသတ်ရလဒ်သည် တက္ကဝါ (အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့အရိုအသေပြုခြင်း) ရှိသူများအတွက်သာ ဖြစ်၏။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကျင့်သုံး၍ တားမြစ်တော်မူချက်များကို ရှောင်ကြဉ်ကြ၏။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။
  • ဆွလာသ်ဝတ်ပြုခြင်းသည် အစ္စလာမ်သာသနာ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး မိမိတစ်ဦးတည်းသာမက မိသားစုတစ်ခုလုံးကိုပါ ဆွလာသ်ဝတ်ပြုရန် အားပေးတိုက်တွန်းရမည်ဖြစ်သည်။
  • ဆွလာသ်ဝတ်ပြုခြင်းကို ဇွဲလုံ့လဖြင့် ဆက်လက်ထမ်းဆောင်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ မေတ္တာတော်ကို ရရှိစေသည့် လမ်းစဉ်ဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် ရိဇ်က်ပေးသနားတော်မူသောအရှင်ဖြစ


📜 အာယာသ် 130-134 — စူရာ တာဟာ

130فَاصْبِرْ عَلَىٰ مَا يَقُولُونَ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ الشَّمْسِ وَقَبْلَ غُرُوبِهَا ۖ وَمِنْ آنَاءِ اللَّيْلِ فَسَبِّحْ وَأَطْرَافَ النَّهَارِ لَعَلَّكَ تَرْضَىٰ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည်၎င်းတို့ပြောဆိုကြသော ကိစ္စနှင့်စပ်လျဉ်း၍ သည်းခံပါလေ။ထို့ပြင် အသင်သည် (မိမိ)ကျေနပ်မှုရှိအံ့သောငှာ နေမထွက်မီလည်းကောင်း၊ နေမဝင်မီလည်းကောင်း၊ မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ (ထိုအရှင်မြတ်အား) ဂုဏ်တော်မွှမ်းပါလေ။ ထို့ပြင် အသင်သည်ညဉ့်အချိန်များတွင်လည်းကောင်း၊ နေ့၏အစွန်များ၌ လည်းကောင်း၊ (ထိုအရှင်မြတ်) သန့်ရှင်းစင်ကြယ်တော် မူကြောင်းကိုမြွက်ဆိုပါလေ။ (ဤသို့အားဖြင့်)အသင်သည် ထိုအရှင်မြတ်၏နှစ်သက်မှုကို ရတန်ရာ၏။
131وَلَا تَمُدَّنَّ عَيْنَيْكَ إِلَىٰ مَا مَتَّعْنَا بِهِ أَزْوَاجًا مِّنْهُمْ زَهْرَةَ الْحَيَاةِ الدُّنْيَا لِنَفْتِنَهُمْ فِيهِ ۚ وَرِزْقُ رَبِّكَ خَيْرٌ وَأَبْقَىٰ
ထို့ပြင် အသင်သည် ငါအရှင်မြတ်က ယင်း (ကာဖိရ်မိစ္ဆာဝါဒီ)တို့အနက် လူတန်းစားအမျိုးမျိုးတို့အား အကျိုးခံစားစေတော်မူခဲ့သော ဥစ္စာပစ္စည်းကို မိမိမျက်စိအစုံဖြင့် မော်၍မျှ မကြည့်ပါလေနှင့်။ (အမှန်သော်ကား) ငါအရှင်မြတ်သည်ယင်းဥစ္စာပစ္စည်းနှင့်စပ်လျဉ်း၍ ၎င်းတို့အား စမ်းသပ်တော်မူရန်သာလျှင်(အကျိုးခံစားစေတော်မူခြင်းပင်)ဖြစ်ချေသည်။စင်စစ် အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(ချီးမြှင့်တော်မူသော)စားနပ်ရိက္ခာသည်သာလျှင် အကောင်းဆုံး၊ ထို့အပြင် အကြာရှည်ဆုံး အတည်မြဲဆုံးဖြစ်ပေသည်။
132وَأْمُرْ أَهْلَكَ بِالصَّلَاةِ وَاصْطَبِرْ عَلَيْهَا ۖ لَا نَسْأَلُكَ رِزْقًا ۖ نَّحْنُ نَرْزُقُكَ ۗ وَالْعَاقِبَةُ لِلتَّقْوَىٰ
၎င်းပြင် အသင်သည် မိမိအိမ်သူအိမ်သား တပည့်သာဝကတို့အား ဆွလာတ်ဝတ်ပြုကြရန် အမိန့်ပေးလျက်ရှိပါလေ။ ထို့ပြင် အသင်ကိုယ်တိုင်လည်း ယင်းဆွလာတ်ဝတ်ပြုမှုအပေါ်၌ မယိမ်းမယိုင်တည်ကြည် မြဲမြံစွာရှိပါလေ။ ငါအရှင်မြတ်သည် အသင့် ထံတွင် စားနပ်ရိက္ခာကို တောင်းခံတော်မူမည် မဟုတ်ပေ။ (အမှန်မှာ) ငါအရှင်မြတ်သည်သာလျှင် အသင့်အား ရိက္ခာကို ချီးမြှင့်တော်မူလေသည်။ စင်စစ်နောက်ဆုံးအကျိုးဆက်သည် သူတော်စင်တို့အဖို့သာ ဖြစ်သည်။
133وَقَالُوا لَوْلَا يَأْتِينَا بِآيَةٍ مِّن رَّبِّهِ ۚ أَوَلَمْ تَأْتِهِم بَيِّنَةُ مَا فِي الصُّحُفِ الْأُولَىٰ
ထို့ပြင် ၎င်းတို့က ယင်း(မုဟမ္မဒ်)သည် အဘယ်ကြောင့် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ သက်သေလက္ခဏာ တစ်စုံတစ်ရာကို ကျွန်ုပ်ထံယူဆောင်၍မလာပါသနည်းဟု ပြောဆိုကြကုန်၏။ အသို့ပါနည်း။ ၎င်းတို့ထံ ရှေးကျမ်းများ၌လာရှိသော ရှင်းလင်းချက်များသည် ရောက်ရှိမလာခဲ့လေသလော။
134وَلَوْ أَنَّا أَهْلَكْنَاهُم بِعَذَابٍ مِّن قَبْلِهِ لَقَالُوا رَبَّنَا لَوْلَا أَرْسَلْتَ إِلَيْنَا رَسُولًا فَنَتَّبِعَ آيَاتِكَ مِن قَبْلِ أَن نَّذِلَّ وَنَخْزَىٰ
စင်စစ် အကယ်၍သာ ငါအရှင်မြတ်သည် ၎င်းတို့အား ထို(နဗီတမန်တော်မုဟမ္မဒ်၊ ထိုကုရ်အာန် မကျရောက်မီ)အလျင် ပြစ်ဒဏ်တစ်စုံတစ်ရာဖြင့် ပျက်စီးစေတော်မူခဲ့ပါလျှင် အမှန်ပင် ၎င်းတို့က အို-ကျွန်တော်မျိုးတို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ အရှင်မြတ်သည်အဘယ်ကြောင့် ကျွန်တော် မျိုးတို့ထံ ရစူလ်တမန်တော် တစ်ပါးပါးကို စေလွှတ်တော်မမူခဲ့ပါသနည်း။ သို့(စေလွှတ်တော်မူခဲ့)ပါလျှင် ကျွန်တော်မျိုး တို့သည် မိမိတို့ဂုဏ်အသရေနိမ့်မကျကြမီ အလျင်၌လည်းကောင်း၊ ကျိုးယုတ်ရှက်ရ မဖြစ်ကြမီအလျင်လည်းကောင်း၊ အရှင်မြတ်၏ အမိန့်ပညတ်တော်များကိုလိုက်နာကြမည်သာဖြစ်ပါသည် ဟု ပြောဆိုကြပေမည်။
တာဟာကုရ်အာန် ညွှန်းကိန်း
135အာယာသ်
MeccanRevelation
132အာယာသ်

ဘာသာပြန် — တာဟာ 132

စူရာ တာဟာ အာယာသ် 132 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အသင်သည် မိမိအိမ်သူအိမ်သား တပည့်သာဝကတို့အား ဆွလာတ်ဝတ်ပြုကြရန် အမိန့်ပေးလျက်ရှိပါလေ။ ထို့ပြင် အသင်ကိုယ်တိုင်လည်း ယင်းဆွလာတ်ဝတ်ပြုမှုအပေါ်၌ မယိမ်းမယိုင်တည်ကြည်…

စူရာ အာယာသ် 132/135 — စူရာ တာဟာ طه (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ တာဟာ နားထောင်, စူရာ တာဟာ ဘာသာပြန်, စူရာ တာဟာ mp3, စူရာ တာဟာ pdf. အာယာသ် 130–134. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers