တာဟာ · 133/135
ဘာသာပြန် အသံနိုင်ငံ — စူရာ တာဟာ
وَقَالُوا لَوْلَا يَأْتِينَا بِآيَةٍ مِّن رَّبِّهِ ۚ أَوَلَمْ تَأْتِهِم بَيِّنَةُ مَا فِي الصُّحُفِ الْأُولَىٰ ۝١٣٣
Wa qaaloo law laa yaateenaa bi Aayatim mmir Rabbih; awalam taatihim baiyinatu maa fis suhufil oolaa
📖 မြန်မာဘာသာ
ထို့ပြင် ၎င်းတို့က ယင်း(မုဟမ္မဒ်)သည် အဘယ်ကြောင့် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ သက်သေလက္ခဏာ တစ်စုံတစ်ရာကို ကျွန်ုပ်ထံယူဆောင်၍မလာပါသနည်းဟု ပြောဆိုကြကုန်၏။ အသို့ပါနည်း။ ၎င်းတို့ထံ ရှေးကျမ်းများ၌လာရှိသော ရှင်းလင်းချက်များသည် ရောက်ရှိမလာခဲ့လေသလော။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • လောင်လာ (لَوْلَا): “အဘယ့်ကြောင့် မဖြစ်သနည်း”၊ “အဘယ်ကြောင့် မလာသနည်း” ဟု ဆိုလိုသည်။ တစ်စုံတစ်ရာကို တောင်းဆိုသည့် အခါတွင် သုံးသော စကားလုံးဖြစ်သည်။
  • အာယသ် (آيَة): ဤနေရာတွင် “သက်သေလက္ခဏာ”၊ “အံ့ဖွယ်နိမိတ်” ဟု ဆိုလိုသည်။
  • ဗိုင်ယိနဟ် (بَيِّنَة): “ထင်ရှားသော သက်သေ”၊ “ရှင်းလင်းသော အထောက်အထား” ဟု ဆိုလိုသည်။
  • ဆွဟ်ဖ် (الصُّحُف): “စာရွက်များ”၊ “ကျမ်းများ” ဟု ဆိုလိုသည်။ ဤနေရာတွင် ယခင်က ကျမ်းတော်များကို ရည်ညွှန်းသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

တမန်တော်မုဟမ္မဒ် (ဆွ) ကို မဟုတ်မမှန်ဟု စွပ်စွဲသော မုရှ်ရိက်များက “မုဟမ္မဒ်သည် သူ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ထံတော်မှ သက်သေလက္ခဏာတစ်ခုကို အဘယ်ကြောင့် ယူဆောင်မလာသနည်း” ဟု ဆိုကြသည်။ ဆိုလိုသည်မှာ မူဆာ (အလိုင်ဟိစ်စလာမ်) နှင့် အီစာ (အလိုင်ဟိစ်စလာမ်) တို့ကဲ့သို့သော အံ့ဖွယ်နိမိတ်များကို ငါတို့ထံ ယူဆောင်လာစေလိုသည် ဟု ဆိုလိုသည်။

ထိုအခါ အလ္လာဟ်အရှင်မြတ်က သူတို့အား “ဤကုရ်အာန်ကျမ်းတော်မြတ်သည် သူတို့ထံ မရောက်ရှိလာသလော” ဟု မေးခွန်းထုတ်တော်မူသည်။ အကြောင်းမှာ ဤကုရ်အာန်ကျမ်းတော်မြတ်သည် ယခင်က ကျမ်းတော်များဖြစ်သော တောင်ရာသ်၊ ဇဗူရ်၊ အိန်ဂျီးလ် စသည်တို့တွင် ပါရှိသော အကြောင်းအရာများကို ထောက်ခံအတည်ပြုပေးသော ထင်ရှားသည့် သက်သေလက္ခဏာကြီး ဖြစ်သည်။ ထိုကျမ်းများတွင် တမန်တော်မုဟမ္မဒ် (ဆွ) ၏ ဂုဏ်တော်များနှင့် သူ၏ တမန်တော်ဖြစ်ခြင်းအကြောင်းကို ကြိုတင်ဟောကိန်းထုတ်ထားပြီး ဖြစ်သည်။ ထို့ပြင် ယခင်က လူမျိုးများသည် မိမိတို့၏ တမန်တော်များထံမှ အံ့ဖွယ်နိမိတ်များကို တောင်းဆိုခဲ့ကြသောအခါ ထိုအံ့ဖွယ်နိမိတ်များ ရောက်ရှိလာသော်လည်း သူတို့သည် ယုံကြည်ခြင်းမပြုဘဲ ငြင်းပယ်ခဲ့ကြသဖြင့် အလ္လာဟ်အရှင်မြတ်က သူတို့ကို ဖျက်ဆီးတော်မူခဲ့သည့် အဖြစ်အပျက်များလည်း ထိုကျမ်းများတွင် ပါရှိသည်။ ထို့ကြောင့် ဤကုရ်အာန်ကျမ်းတော်မြတ်သည် အံ့ဖွယ်နိမိတ်များထက် ပို၍ ကြီးမြတ်သော သက်သေလက္ခဏာဖြစ်ပြီး သူတို့အတွက် လုံလောက်သော အထောက်အထား ဖြစ်သည်။

  1. ဤအာယသ


📜 အာယာသ် 131-135 — စူရာ တာဟာ

131وَلَا تَمُدَّنَّ عَيْنَيْكَ إِلَىٰ مَا مَتَّعْنَا بِهِ أَزْوَاجًا مِّنْهُمْ زَهْرَةَ الْحَيَاةِ الدُّنْيَا لِنَفْتِنَهُمْ فِيهِ ۚ وَرِزْقُ رَبِّكَ خَيْرٌ وَأَبْقَىٰ
ထို့ပြင် အသင်သည် ငါအရှင်မြတ်က ယင်း (ကာဖိရ်မိစ္ဆာဝါဒီ)တို့အနက် လူတန်းစားအမျိုးမျိုးတို့အား အကျိုးခံစားစေတော်မူခဲ့သော ဥစ္စာပစ္စည်းကို မိမိမျက်စိအစုံဖြင့် မော်၍မျှ မကြည့်ပါလေနှင့်။ (အမှန်သော်ကား) ငါအရှင်မြတ်သည်ယင်းဥစ္စာပစ္စည်းနှင့်စပ်လျဉ်း၍ ၎င်းတို့အား စမ်းသပ်တော်မူရန်သာလျှင်(အကျိုးခံစားစေတော်မူခြင်းပင်)ဖြစ်ချေသည်။စင်စစ် အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(ချီးမြှင့်တော်မူသော)စားနပ်ရိက္ခာသည်သာလျှင် အကောင်းဆုံး၊ ထို့အပြင် အကြာရှည်ဆုံး အတည်မြဲဆုံးဖြစ်ပေသည်။
132وَأْمُرْ أَهْلَكَ بِالصَّلَاةِ وَاصْطَبِرْ عَلَيْهَا ۖ لَا نَسْأَلُكَ رِزْقًا ۖ نَّحْنُ نَرْزُقُكَ ۗ وَالْعَاقِبَةُ لِلتَّقْوَىٰ
၎င်းပြင် အသင်သည် မိမိအိမ်သူအိမ်သား တပည့်သာဝကတို့အား ဆွလာတ်ဝတ်ပြုကြရန် အမိန့်ပေးလျက်ရှိပါလေ။ ထို့ပြင် အသင်ကိုယ်တိုင်လည်း ယင်းဆွလာတ်ဝတ်ပြုမှုအပေါ်၌ မယိမ်းမယိုင်တည်ကြည် မြဲမြံစွာရှိပါလေ။ ငါအရှင်မြတ်သည် အသင့် ထံတွင် စားနပ်ရိက္ခာကို တောင်းခံတော်မူမည် မဟုတ်ပေ။ (အမှန်မှာ) ငါအရှင်မြတ်သည်သာလျှင် အသင့်အား ရိက္ခာကို ချီးမြှင့်တော်မူလေသည်။ စင်စစ်နောက်ဆုံးအကျိုးဆက်သည် သူတော်စင်တို့အဖို့သာ ဖြစ်သည်။
133وَقَالُوا لَوْلَا يَأْتِينَا بِآيَةٍ مِّن رَّبِّهِ ۚ أَوَلَمْ تَأْتِهِم بَيِّنَةُ مَا فِي الصُّحُفِ الْأُولَىٰ
ထို့ပြင် ၎င်းတို့က ယင်း(မုဟမ္မဒ်)သည် အဘယ်ကြောင့် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ သက်သေလက္ခဏာ တစ်စုံတစ်ရာကို ကျွန်ုပ်ထံယူဆောင်၍မလာပါသနည်းဟု ပြောဆိုကြကုန်၏။ အသို့ပါနည်း။ ၎င်းတို့ထံ ရှေးကျမ်းများ၌လာရှိသော ရှင်းလင်းချက်များသည် ရောက်ရှိမလာခဲ့လေသလော။
134وَلَوْ أَنَّا أَهْلَكْنَاهُم بِعَذَابٍ مِّن قَبْلِهِ لَقَالُوا رَبَّنَا لَوْلَا أَرْسَلْتَ إِلَيْنَا رَسُولًا فَنَتَّبِعَ آيَاتِكَ مِن قَبْلِ أَن نَّذِلَّ وَنَخْزَىٰ
စင်စစ် အကယ်၍သာ ငါအရှင်မြတ်သည် ၎င်းတို့အား ထို(နဗီတမန်တော်မုဟမ္မဒ်၊ ထိုကုရ်အာန် မကျရောက်မီ)အလျင် ပြစ်ဒဏ်တစ်စုံတစ်ရာဖြင့် ပျက်စီးစေတော်မူခဲ့ပါလျှင် အမှန်ပင် ၎င်းတို့က အို-ကျွန်တော်မျိုးတို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ အရှင်မြတ်သည်အဘယ်ကြောင့် ကျွန်တော် မျိုးတို့ထံ ရစူလ်တမန်တော် တစ်ပါးပါးကို စေလွှတ်တော်မမူခဲ့ပါသနည်း။ သို့(စေလွှတ်တော်မူခဲ့)ပါလျှင် ကျွန်တော်မျိုး တို့သည် မိမိတို့ဂုဏ်အသရေနိမ့်မကျကြမီ အလျင်၌လည်းကောင်း၊ ကျိုးယုတ်ရှက်ရ မဖြစ်ကြမီအလျင်လည်းကောင်း၊ အရှင်မြတ်၏ အမိန့်ပညတ်တော်များကိုလိုက်နာကြမည်သာဖြစ်ပါသည် ဟု ပြောဆိုကြပေမည်။
135قُلْ كُلٌّ مُّتَرَبِّصٌ فَتَرَبَّصُوا ۖ فَسَتَعْلَمُونَ مَنْ أَصْحَابُ الصِّرَاطِ السَّوِيِّ وَمَنِ اهْتَدَىٰ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊)အားလုံးပင် စောင့်မျှော်၍နေသူများပင်ဖြစ်ကြပေရာ အသင်တို့သည်လည်း စောင့်မျှော်ကြလေကုန်။ သို့(စောင့်မျှော် ကြ)ပါလျှင် မကြာမြင့်မီ မည်သူတို့သည် ဖြောင့်မှန်သောလမ်းပေါ်၌ ရှိခဲ့သူများ ဖြစ်ကြသည်ကိုလည်းကောင်း၊ မည်သူတို့သည် တရားလမ်းမှန် ရရှိခဲ့သူများဖြစ်ကြသည်ကိုလည်းကောင်း၊ အသင်တို့သည် သိရှိကြအံ့သတည်း။
တာဟာကုရ်အာန် ညွှန်းကိန်း
135အာယာသ်
MeccanRevelation
133အာယာသ်

ဘာသာပြန် — တာဟာ 133

စူရာ တာဟာ အာယာသ် 133 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် ၎င်းတို့က ယင်း(မုဟမ္မဒ်)သည် အဘယ်ကြောင့် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ သက်သေလက္ခဏာ တစ်စုံတစ်ရာကို ကျွန်ုပ်ထံယူဆောင်၍မလာပါသနည်းဟု…

စူရာ အာယာသ် 133/135 — စူရာ တာဟာ طه (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ တာဟာ နားထောင်, စူရာ တာဟာ ဘာသာပြန်, စူရာ တာဟာ mp3, စူရာ တာဟာ pdf. အာယာသ် 131–135. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers