إِنَّ الَّذِينَ يَرْمُونَ الْمُحْصَنَاتِ الْغَافِلَاتِ الْمُؤْمِنَاتِ لُعِنُوا فِي الدُّنْيَا وَالْآخِرَةِ وَلَهُمْ عَذَابٌ عَظِيمٌ ٢٣
🔤 Transliteration
Innal lazeena yarmoonal muhsanaatil ghaafilaatil mu`minaati lu`inoo fid dunyaa wal Aakhirati wa lahum `azaabun `azeem
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ဧကန်စင်စစ် ကာမဂုဏ်ကိုချုပ်တည်းသော၊ ရိုးသားဖြောင့်မတ်၍ သတိမမူသော ‘မုအ်မင်န်’ အမျိုးသမီးများအား (မဟုတ်မမှန် မတရား)စွပ်စွဲကြကုန် သောသူတို့သည် လောကီဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းကို ခံကြရပေမည်။ ထိုမှတပါး ၎င်းတို့၌ ကြီးလေးလှစွာသော ပြစ်ဒဏ်သည်(လည်း) ရှိပေမည်။
🌐 Additional reference in ภาษาไทย
၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
الْمُحْصَنَاتِ (အလ်မုဟ်ဆနာသ်) — ကိုယ်ကျင့်တရားစောင့်ထိန်းသော၊ အိမ်ထောင်ရေးဖြူစင်သော အမျိုးသမီးများ။ الْغَافِلَاتِ (အလ်ဂါဖိလာသ်) — မကောင်းမှုကို စိတ်ထဲပင် မကြံစည်မိသော၊ ထိုသို့သော ကိစ္စများနှင့် ကင်းဝေးနေသော။ الْمُؤْمِنَاتِ (အလ်မုအ်မီနာသ်) — အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်အပေါ် ယုံကြည်သက်ဝင်သော အမျိုးသမီးများ။ لُعِنُوا (လုအိနူ) — ကရုဏာတော်မှ ကြဉ်ထုတ်ခံရသည်။ عَذَابٌ عَظِيمٌ (အဇာဗွန်အန္တီမွန်) — အလွန်ကြီးလေးသော ပြစ်ဒဏ်။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အမှန်စင်စစ်၊ ကိုယ်ကျင့်တရားစောင့်ထိန်း၍ ဖြူစင်သန့်ရှင်းသော၊ မကောင်းမှုကို စိတ်ထဲပင် မကြံစည်မိဘဲ မေ့လျော့နေသော၊ အီမာန်ယုံကြည်ခြင်း ပြည့်ဝသော အမျိုးသမီးများကို မဟုတ်မမှန်သော စွပ်စွဲချက်ဖြင့် စော်ကားပြောဆိုသူများသည် ဤလောကတွင်လည်းကောင်း၊ နောင်တမလွန်ဘဝတွင်လည်းကောင်း အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ကြဉ်ထုတ်ခံရမည်ဖြစ်သည်။ ထို့ပြင် သူတို့အတွက် အလွန်ကြီးလေးသော ပြစ်ဒဏ်သည် အသင့်ရှိပေသည်။
ဤအာယသ်တော်သည် အပြစ်ကင်းသော အမျိုးသမီးများကို မဟုတ်မမှန် စွပ်စွဲခြင်း၏ ပြင်းထန်သော အန္တရာယ်ကို ရှင်းလင်းစွာ သတိပေးထားသည်။ ထိုသို့သော သူများသည် ဤဘဝတွင် အရှက်ကွဲခြင်း၊ ပြစ်ဒဏ်ခံရခြင်းတို့ဖြင့် ဂုဏ်သိက္ခာဆုံးရှုံးပြီး၊ နောင်ဘဝတွင်လည်း ငရဲမီး၏ ပြင်းထန်သော ပြစ်ဒဏ်ကို ခံစားရမည်ဖြစ်သည်။ အထူးသဖြင့် တမန်တော်မုဟမ္မဒ် (ဆွ) ၏ ဇနီးမောင်နှံများကို စော်ကားစွပ်စွဲသူများသည် အီမာန်မှ ထွက်ခွာသွားသူများအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
အစ္စလာမ်သည် အမျိုးသမီးများ၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားကို အလွန်အမင်း ကာကွယ်စောင့်ရှောက်ပေးသည်။ အပြစ်ကင်းသော အမျိုးသမီးများကို မဟုတ်မမှန် စွပ်စွဲခြင်းသည် အလွန်ကြီးလေးသော အပြစ်ဖြစ်သည်။ ဤအာယသ်တော်သည် အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော မည်သည့်အပြုအမူမှ မပြုလုပ်ရန် သတိပေးသည်။ ထိုသို့သော အပြုအမူသည် ဤဘဝနှင့် နောင်ဘဝ နှစ်ဌာနစလုံးတွင် ဆ
إِنَّ ٱلَّذِينَ يَرۡمُونَ ٱلۡمُحۡصَنَٰتِ ٱلۡغَٰفِلَٰتِ ٱلۡمُؤۡمِنَٰتِ لُعِنُواْ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَلَهُمۡ عَذَابٌ عَظِيمٌ ٢٣
ဧကန်စင်စစ် ကာမဂုဏ်ကိုချုပ်တည်းသော၊ ရိုးသားဖြောင့်မတ်၍ သတိမမူသော ‘မုအ်မင်န်’ အမျိုးသမီးများအား (မဟုတ်မမှန် မတရား)စွပ်စွဲကြကုန် သောသူတို့သည် လောကီဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းကို ခံကြရပေမည်။ ထိုမှတပါး ၎င်းတို့၌ ကြီးလေးလှစွာသော ပြစ်ဒဏ်သည်(လည်း) ရှိပေမည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 21-25 — စူရာ အန်-နူရ်
21 ۞ يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ وَمَن يَتَّبِعْ خُطُوَاتِ الشَّيْطَانِ فَإِنَّهُ يَأْمُرُ بِالْفَحْشَاءِ وَالْمُنكَرِ ۚ وَلَوْلَا فَضْلُ اللَّهِ عَلَيْكُمْ وَرَحْمَتُهُ مَا زَكَىٰ مِنكُم مِّنْ أَحَدٍ أَبَدًا وَلَٰكِنَّ اللَّهَ يُزَكِّي مَن يَشَاءُ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် ရှိုင်တွာန်မိစ္ဆာကောင်၏ ခြေရာများကို မလိုက်ကြကုန်လင့်။ စင်စစ်သော်ကား မည်သူမဆို ရှိုင်တွာန်မိစ္ဆာကောင်၏ ခြေရာများကိုလိုက်ပါလျှင် ဧကန်မလွဲ ထိုရှိုင်တွာန်မိစ္ဆာကောင်သည်(ထိုသူအား)ရှက်ဖွယ်ကိစ္စနှင့် မကောင်းမှုဒုစရိုက် ကိုသာလုပ်ရန် ညွှန်ကြားပေမည်။ စင်စစ် အကယ်၍သာ အသင်တို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့်ကရုဏာတော် မရှိခဲ့လျှင် အသင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှ၊ မည်သည့်အခါမျှပင်(ဝန်ချတောင်းပန်၍) စင်ကြယ်သန့်ရှင်း လွတ်ကင်းခဲ့မည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား(ဝန်ချတောင်းပန်ခွင့်ပြုတော်မူ၍) စင်ကြယ်သန့်ရှင်းလွတ်ကင်းစေတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
22 وَلَا يَأْتَلِ أُولُو الْفَضْلِ مِنكُمْ وَالسَّعَةِ أَن يُؤْتُوا أُولِي الْقُرْبَىٰ وَالْمَسَاكِينَ وَالْمُهَاجِرِينَ فِي سَبِيلِ اللَّهِ ۖ وَلْيَعْفُوا وَلْيَصْفَحُوا ۗ أَلَا تُحِبُّونَ أَن يَغْفِرَ اللَّهُ لَكُمْ ۗ وَاللَّهُ غَفُورٌ رَّحِيمٌ
၎င်းပြင် အသင်တို့အနက် ဂုဏ်အသရေနှင့် ကုံလုံကြွယ်ဝမှုရှိသောသူများသည် �ွေရင်းမျိုးရင်းများအားလည်းကောင်း၊ သူဆင်းရဲများအားလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ (မိမိတို့၏ အိုးအိမ်စည်းစိမ်တို့ကို စွန့်၍ မဒီနာမြို့သို့) ရွှေ့ပြောင်းလာခဲ့ကြသော မုဟာဂျိရ်များအားလည်းကောင်း၊ (အကူအညီ အထောက်အပံ့) မပေးကြတော့ပါဟူ၍ ကျိန်ဆိုခြင်းမပြုကြရာ။ စင်စစ် ၎င်းတို့သည်(ထိုသူတို့ အား)ခွင့်လွှတ်သင့်ကြပေသည်။ ၎င်းပြင် လျစ်လျူပြုသင့်ကြပေ သည်။ အသင်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်က အပြစ်မှ ခွင့်လွှတ်ချမ်းသာ ပေးတော်မူသည်ကို မနှစ်သက် မလိုလားကြလေသလော။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တော်မူသောအရှင် အလွန်တရာ သနားညှာတာ ကရုဏာပြုတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
23 إِنَّ الَّذِينَ يَرْمُونَ الْمُحْصَنَاتِ الْغَافِلَاتِ الْمُؤْمِنَاتِ لُعِنُوا فِي الدُّنْيَا وَالْآخِرَةِ وَلَهُمْ عَذَابٌ عَظِيمٌ
ဧကန်စင်စစ် ကာမဂုဏ်ကိုချုပ်တည်းသော၊ ရိုးသားဖြောင့်မတ်၍ သတိမမူသော ‘မုအ်မင်န်’ အမျိုးသမီးများအား (မဟုတ်မမှန် မတရား)စွပ်စွဲကြကုန် သောသူတို့သည် လောကီဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းကို ခံကြရပေမည်။ ထိုမှတပါး ၎င်းတို့၌ ကြီးလေးလှစွာသော ပြစ်ဒဏ်သည်(လည်း) ရှိပေမည်။
24 يَوْمَ تَشْهَدُ عَلَيْهِمْ أَلْسِنَتُهُمْ وَأَيْدِيهِمْ وَأَرْجُلُهُم بِمَا كَانُوا يَعْمَلُونَ
အကြင်နေ့တွင်(ထိုနေ့တွင်) ထိုသူတို့၏ နူတ်လျှာများသည်လည်းကောင်း၊ ထိုသူတို့၏ ခြေလက်များသည်လည်းကောင်း၊ ထိုသူတို့နှင့်ဆန့်ကျင်ကာ ထိုသူတို့ ကျင့်မူခဲ့သမျှတို့ကို သက်သေခံကြပေမည်။
25 يَوْمَئِذٍ يُوَفِّيهِمُ اللَّهُ دِينَهُمُ الْحَقَّ وَيَعْلَمُونَ أَنَّ اللَّهَ هُوَ الْحَقُّ الْمُبِينُ
ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့နှင့်ထိုက်တန်သောအစားကို အပြည့်အဝ ပေးတော်မူပေမည်။ ထို့ပြင် ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်တော်မူသောအရှင် (အကြောင်း ကိစ္စများကို) ထင်ရှားစေတော်မူသောအရှင် ဖြစ်တော်မူကြောင်း ကို ၎င်းတို့သိရှိကြပေမည်။
ဘာသာပြန် — အန်-နူရ် 23 စူရာ အန်-နူရ် အာယာသ် 23 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်စင်စစ် ကာမဂုဏ်ကိုချုပ်တည်းသော၊ ရိုးသားဖြောင့်မတ်၍ သတိမမူသော ‘မုအ်မင်န်’ အမျိုးသမီးများအား (မဟုတ်မမှန် မတရား)စွပ်စွဲကြကုန် သောသူတို့သည် လောကီဘဝ၌လည်းကောင်း၊…
စူရာ အာယာသ် 23/64 — စူရာ အန်-နူရ် النور (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နူရ် နားထောင်, စူရာ အန်-နူရ် ဘာသာပြန်, စူရာ အန်-နူရ် mp3, စူရာ အန်-နူရ် pdf. အာယာသ် 21–25. မြန်မာဘာသာ: ภาษาไทย.