قَالُوا تَقَاسَمُوا بِاللَّهِ لَنُبَيِّتَنَّهُ وَأَهْلَهُ ثُمَّ لَنَقُولَنَّ لِوَلِيِّهِ مَا شَهِدْنَا مَهْلِكَ أَهْلِهِ وَإِنَّا لَصَادِقُونَ ٤٩
🔤 Transliteration
Qaaloo taqaasamoo billaahi lanubaiyitannahoo wa ahlahoo summaa lanaqoolana liwaliy yihee maa shahidnaa mahlika ahliee wa innaa lasaadiqoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းတို့က ပြောဆို(တိုင်ပင်)ခဲ့ကြကုန်၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ထိုဆွာလိဟ်အားလည်းကောင်း၊ ထိုဆွာလိဟ်နှင့် ပတ်သက်သော သူတို့အားလည်းကောင်း၊ ညဉ့်အချိန်၌ သွားရောက်သတ်ဖြတ်ရန် ကျိန်ဆိုခဲ့ကြလေသည်။ ပြီးနောက် ထိုဆွာလိဟ်၏ အမွေစားအမွေခံတို့အား ၎င်းနှင့်ပက်သက်သောသူများ အသတ်ခံကြရသောအချိန်တွင် ကျွန်ုပ်တို့ တွေ့မြင်ခဲ့ကြသည် မဟုတ်ပေ။ ထို့ပြင် ဧကန်မလွဲ ကျွန်ုပ်တို့သည် သစ္စာဝါဒီများပင် ဖြစ်ကြသည်ဟု ပြောဆိုကြမည့်အကြောင်း အချင်းချင်း ပြောဆိုခဲ့ကြလေသည်။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ: تَقَاسَمُوا: အချင်းချင်း ကျိန်ဆိုကြသည်၊ အပြန်အလှန် ကတိသစ္စာပြုကြသည်။ لَنُبَيِّتَنَّهُ: သူ့ကို ညအချိန်တွင် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ကြမည်၊ ညအိပ်နေစဉ် သတ်ဖြတ်ကြမည်။ الْبَيَات: ရန်သူကို ညအချိန်တွင် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်း။ وَلِيِّهِ: သူ၏ အဆွေအမျိုး၊ သွေးသားတော်စပ်သူ၊ လက်စားချေခွင့်ရှိသူ။ مَهْلِكَ: ဖျက်ဆီးခြင်း၊ သေကြေပျက်စီးခြင်း။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: (တမန်တော် ဆွာလိဟ် (အလိုင်ဟိစ်စလာမ်) ကို သတ်ရန် ကြံစည်ခဲ့ကြသော) သူတို့က အချင်းချင်း ပြောဆိုကြသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်ကို ကျိန်ဆို၍ အချင်းချင်း ကတိပြုကြသည်။ ကျွန်ုပ်တို့သည် သူ့ကိုလည်းကောင်း၊ သူ၏ မိသားစုကိုလည်းကောင်း ညအချိန်တွင် ရုတ်တရက် ဝင်ရောက်တိုက်ခိုက် သတ်ဖြတ်ကြမည်။ ထို့နောက် သူ၏ သွေးသားတော်စပ်သူ (လက်စားချေခွင့်ရှိသူ) အား ကျွန်ုပ်တို့သည် သူ့မိသားစု သေကြေပျက်စီးခဲ့သည်ကို မျက်မြင်တွေ့ခဲ့ခြင်း မရှိပါဟု ပြောကြမည်။ ဧကန်အမှန်ပင် ကျွန်ုပ်တို့သည် မှန်ကန်သော စကားဆိုသူများ ဖြစ်ကြသည်ဟု ဆိုကြမည်။
ဤအာယသ်တော်သည် တမန်တော် ဆွာလိဟ် (အလိုင်ဟိစ်စလာမ်) ကို သတ်ရန် ကြံစည်ခဲ့ကြသော လူဆိုးအုပ်စုတစ်စု၏ လျှို့ဝှက်ကြံစည်မှုကို ဖော်ပြထားခြင်း ဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို အသုံးပြု၍ မိမိတို့အချင်းချင်း ကျိန်ဆိုကတိပြုကြပြီး တမန်တော်နှင့် သူ၏မိသားစုကို ညအချိန်တွင် ရုတ်တရက် ဝင်ရောက်သတ်ဖြတ်ရန် စီစဉ်ကြသည်။ ထို့နောက် လူသတ်မှုကို ဖုံးကွယ်ရန် သူတို့သည် သွေးသားတော်စပ်သူထံသွား၍ ထိုသတ်ဖြတ်မှုတွင် မပါဝင်ခဲ့ကြောင်း လိမ်လည်ငြင်းဆိုရန် ကြံစည်ကြသည်။ သို့သော် သူတို့၏ ကြံစည်မှုများသည် အလ္လာဟ်အရှင်မြတ်၏ အသိပညာအတွင်းတွင် ရှိပြီး မည်သည့်အရာမှ အရှင်မြတ်ထံမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ: အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို သိတော်မူသောအရှင် ဖြစ်တော်မူသည်။ လျှို့ဝှက်ကြံစည်မှုများ၊ မက
قَالُواْ تَقَاسَمُواْ بِٱللَّهِ لَنُبَيِّتَنَّهُۥ وَأَهۡلَهُۥ ثُمَّ لَنَقُولَنَّ لِوَلِيِّهِۦ مَا شَهِدۡنَا مَهۡلِكَ أَهۡلِهِۦ وَإِنَّا لَصَٰدِقُونَ ٤٩
၎င်းတို့က ပြောဆို(တိုင်ပင်)ခဲ့ကြကုန်၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ထိုဆွာလိဟ်အားလည်းကောင်း၊ ထိုဆွာလိဟ်နှင့် ပတ်သက်သော သူတို့အားလည်းကောင်း၊ ညဉ့်အချိန်၌ သွားရောက်သတ်ဖြတ်ရန် ကျိန်ဆိုခဲ့ကြလေသည်။ ပြီးနောက် ထိုဆွာလိဟ်၏ အမွေစားအမွေခံတို့အား ၎င်းနှင့်ပက်သက်သောသူများ အသတ်ခံကြရသောအချိန်တွင် ကျွန်ုပ်တို့ တွေ့မြင်ခဲ့ကြသည် မဟုတ်ပေ။ ထို့ပြင် ဧကန်မလွဲ ကျွန်ုပ်တို့သည် သစ္စာဝါဒီများပင် ဖြစ်ကြသည်ဟု ပြောဆိုကြမည့်အကြောင်း အချင်းချင်း ပြောဆိုခဲ့ကြလေသည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 47-51 — စူရာ အန်-နမ်လ်
47 قَالُوا اطَّيَّرْنَا بِكَ وَبِمَن مَّعَكَ ۚ قَالَ طَائِرُكُمْ عِندَ اللَّهِ ۖ بَلْ أَنتُمْ قَوْمٌ تُفْتَنُونَ
ထိုအမျိုးသားတို့က ကျွန်ုပ်တို့သည် အသင့်အားဖြင့်လည်းကောင်း၊ အသင်၏အပေါင်းပါတို့ အားဖြင့်လည်းကောင်း၊ နိမိတ်ဆိုးကောက်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။(ထိုအခါ)ထို"ဆွာလိဟ်"က အသင်တို့၏ နိမိတ်ဆိုး(၏အကြောင်းအကြောင်းရင်း)မှာ အလ္လာဟ်အရှင်မြတ် အထံတော်၌ပင်ရှိပေသည်။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား အသင်တို့သည် စမ်းသပ်ခြင်းကို ခံကြရမည်ဖြစ်သော အမျိုးသားများပင် ဖြစ်ကြ၏သည်ဟု ပြောကြားခဲ့ပေသတည်း။
48 وَكَانَ فِي الْمَدِينَةِ تِسْعَةُ رَهْطٍ يُفْسِدُونَ فِي الْأَرْضِ وَلَا يُصْلِحُونَ
ထို့ပြင် မြို့တွင်း၌ ယောက်ျားကိုးယောက် ရှိခဲ့ကြရာ၊ ၎င်းတို့သည် တိုင်းပြည်ကို (စည်ကားသာယာအောင်) ပြုပြင်ကြခြင်းမရှိဘဲ၊ ဖျက်ဆီးမှုကိုသာ ပြုလုပ်လျက်ရှိ ကြကုန်၏။
49 قَالُوا تَقَاسَمُوا بِاللَّهِ لَنُبَيِّتَنَّهُ وَأَهْلَهُ ثُمَّ لَنَقُولَنَّ لِوَلِيِّهِ مَا شَهِدْنَا مَهْلِكَ أَهْلِهِ وَإِنَّا لَصَادِقُونَ
၎င်းတို့က ပြောဆို(တိုင်ပင်)ခဲ့ကြကုန်၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ထိုဆွာလိဟ်အားလည်းကောင်း၊ ထိုဆွာလိဟ်နှင့် ပတ်သက်သော သူတို့အားလည်းကောင်း၊ ညဉ့်အချိန်၌ သွားရောက်သတ်ဖြတ်ရန် ကျိန်ဆိုခဲ့ကြလေသည်။ ပြီးနောက် ထိုဆွာလိဟ်၏ အမွေစားအမွေခံတို့အား ၎င်းနှင့်ပက်သက်သောသူများ အသတ်ခံကြရသောအချိန်တွင် ကျွန်ုပ်တို့ တွေ့မြင်ခဲ့ကြသည် မဟုတ်ပေ။ ထို့ပြင် ဧကန်မလွဲ ကျွန်ုပ်တို့သည် သစ္စာဝါဒီများပင် ဖြစ်ကြသည်ဟု ပြောဆိုကြမည့်အကြောင်း အချင်းချင်း ပြောဆိုခဲ့ကြလေသည်။
50 وَمَكَرُوا مَكْرًا وَمَكَرْنَا مَكْرًا وَهُمْ لَا يَشْعُرُونَ
စင်စစ် ၎င်းတို့သည် အကြံအစည်တစ်ခုကို လျှို့ဝှက်ကြံစည်ခဲ့ကြကုန်၏။ ထိုနည်းတူစွာ ငါအရှင်မြတ်သည်လည်း အကြံအစည်တစ်ခုကို ကြံစည်တော်မူခဲ့၏။ စင်စစ်၎င်းတို့သည် (ဤသည်ကို) မသိကြပေ။
51 فَانظُرْ كَيْفَ كَانَ عَاقِبَةُ مَكْرِهِمْ أَنَّا دَمَّرْنَاهُمْ وَقَوْمَهُمْ أَجْمَعِينَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊)အသင်သည် ၎င်းတို့၏အကြံအစည်၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံဖြစ်ခဲ့သည်ကို ရှုပါလေ။ ဧကန်မုချ ငါအရှင်မြတ်သည် ထိုသူတို့အားလည်းကောင်း၊ ထိုသူတို့၏အမျိုးသားတို့အားလည်းကောင်း၊ အားလုံးကိုပင် ဖျက်ဆီးတော်မူခဲ့ပေသည်။
ဘာသာပြန် — အန်-နမ်လ် 49 စူရာ အန်-နမ်လ် အာယာသ် 49 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းတို့က ပြောဆို(တိုင်ပင်)ခဲ့ကြကုန်၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ထိုဆွာလိဟ်အားလည်းကောင်း၊ ထိုဆွာလိဟ်နှင့် ပတ်သက်သော သူတို့အားလည်းကောင်း၊ ညဉ့်အချိန်၌…
စူရာ အာယာသ် 49/93 — စူရာ အန်-နမ်လ် النمل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နမ်လ် နားထောင်, စူရာ အန်-နမ်လ် ဘာသာပြန်, စူရာ အန်-နမ်လ် mp3, စူရာ အန်-နမ်လ် pdf. အာယာသ် 47–51. မြန်မာဘာသာ: ภาษาไทย.