အန်-နမ်လ် · 83/93
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နမ်လ်
وَيَوْمَ نَحْشُرُ مِن كُلِّ أُمَّةٍ فَوْجًا مِّمَّن يُكَذِّبُ بِآيَاتِنَا فَهُمْ يُوزَعُونَ ۝٨٣
Wa Yawma nahshuru min kulli ummmatin fawjam mim many-yukazzibu bi Aayaatinaa fahum yooza`oon
📖 မြန်မာဘာသာ
ထိုမှတစ်ပါး အကြင်နေ့တွင် ငါအရှင်မြတ်သည် အုပ်စုအသီးသီးတို့အနက် ငါအရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့အား တစ်အုပ်စုစီကို စုရုံးစေတော်မူမည်။ တစ်ဖန် ၎င်းတို့သည် စီတန်းရပ်စေခြင်းကို ခံကြရပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 81-85 — စူရာ အန်-နမ်လ်

81وَمَا أَنتَ بِهَادِي الْعُمْيِ عَن ضَلَالَتِهِمْ ۖ إِن تُسْمِعُ إِلَّا مَن يُؤْمِنُ بِآيَاتِنَا فَهُم مُّسْلِمُونَ
ထိုမှတစ်ပါး အသင်သည် မျက်စိကန်းသူတို့အားလည်း ၎င်းတို့၏ လမ်းလွဲမှုမှ(တရားလမ်းမှန်သို့ ရောက်ရှိအံ့သောငှာ) လမ်းညွှန်နိုင်သူ မဟုတ်ပေ။ ငါအရှင်မြတ်၏ အာယတ်တော်များကို ယုံကြည်ပြီးနောက် အမိန့်တော်ကို လိုက်နာသူတို့အားသာလျှင် အသင်ကြားစေနိုင်သည် ဖြစ်ပေသတည်း။
82۞ وَإِذَا وَقَعَ الْقَوْلُ عَلَيْهِمْ أَخْرَجْنَا لَهُمْ دَابَّةً مِّنَ الْأَرْضِ تُكَلِّمُهُمْ أَنَّ النَّاسَ كَانُوا بِآيَاتِنَا لَا يُوقِنُونَ
စင်စစ်သော်ကား ချိန်းဆိုချက်သည် ၎င်းတို့အပေါ်၌ ကြုံကြိုက်လာသောအခါ ငါအရှင်မြတ်သည် ၎င်းတို့အဖို့ မြေကြီးမှ အကြင်တိရစ္ဆာန်ကို ထွက်စေတော်မူမည်။ ထိုတိရစ္ဆာန်သည် ၎င်းတို့နှင့် စကားပြောဆိုမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာများကို မယုံကြည်ခဲ့ကြသောကြောင့်ပင်။
83وَيَوْمَ نَحْشُرُ مِن كُلِّ أُمَّةٍ فَوْجًا مِّمَّن يُكَذِّبُ بِآيَاتِنَا فَهُمْ يُوزَعُونَ
ထိုမှတစ်ပါး အကြင်နေ့တွင် ငါအရှင်မြတ်သည် အုပ်စုအသီးသီးတို့အနက် ငါအရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့အား တစ်အုပ်စုစီကို စုရုံးစေတော်မူမည်။ တစ်ဖန် ၎င်းတို့သည် စီတန်းရပ်စေခြင်းကို ခံကြရပေမည်။
84حَتَّىٰ إِذَا جَاءُوا قَالَ أَكَذَّبْتُم بِآيَاتِي وَلَمْ تُحِيطُوا بِهَا عِلْمًا أَمَّاذَا كُنتُمْ تَعْمَلُونَ
နောက်ဆုံးတွင် ၎င်းတို့သည်(အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်သို့) ရောက်ရှိ၍ လာခဲ့ကြသောအခါ ထိုအရှင်မြတ်က အသင်တို့သည် ငါအရှင်မြတ်၏ အာယတ်တော်များကို မိမိတို့အသိပညာအားဖြင့် ယင်းအာယတ်တော်များ ဝန်းခြုံခြင်းမရှိကြသေးမီပင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြလေသလော။ သို့တည်းမဟုတ် အသင်တို့သည် မည်သည်တို့ကို ပြုလုပ်လျက်ရှိခဲ့ကြသနည်းဟု မိန့်ကြားတော်မူပေမည်။
85وَوَقَعَ الْقَوْلُ عَلَيْهِم بِمَا ظَلَمُوا فَهُمْ لَا يَنطِقُونَ
၎င်းနောက် (ထိုအချိန်အခါတွင်) ၎င်းတို့၏ ကျူးလွန်ခဲ့ကြခြင်းကြောင့် ကတိချိန်းဆိုချက်သည် ၎င်းတို့အပေါ်၌ အတည်ဖြစ်ပြီးဖြစ်ပေရာ၊ ၎င်းတို့မှာ စကားပြောဆိုနိုင်ကြမည် မဟုတ်ပေ။
အန်-နမ်လ်ကုရ်အာန် ညွှန်းကိန်း
93အာယာသ်
MeccanRevelation
83အာယာသ်

ဘာသာပြန် — အန်-နမ်လ် 83

စူရာ အန်-နမ်လ် အာယာသ် 83 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး အကြင်နေ့တွင် ငါအရှင်မြတ်သည် အုပ်စုအသီးသီးတို့အနက် ငါအရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့အား တစ်အုပ်စုစီကို စုရုံးစေတော်မူမည်။…

စူရာ အာယာသ် 83/93 — စူရာ အန်-နမ်လ် النمل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နမ်လ် နားထောင်, စူရာ အန်-နမ်လ် ဘာသာပြန်, စူရာ အန်-နမ်လ် mp3, စူရာ အန်-နမ်လ် pdf. အာယာသ် 81–85. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers