အလ်-ကစာစ် · 59/88
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကစာစ်
وَمَا كَانَ رَبُّكَ مُهْلِكَ الْقُرَىٰ حَتَّىٰ يَبْعَثَ فِي أُمِّهَا رَسُولًا يَتْلُو عَلَيْهِمْ آيَاتِنَا ۚ وَمَا كُنَّا مُهْلِكِي الْقُرَىٰ إِلَّا وَأَهْلُهَا ظَالِمُونَ ۝٥٩
Wa maa kaana Rabbuka muhlikal quraa hattaa yab`asa feee ummihaa Rasoolany yatloo `alaihim aayaatina; wa maa kunnaa muhlikil quraaa illaa wa ahluhaa zaalimoon
📖 မြန်မာဘာသာ
စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မြို့ရွာများကို ထိုမြို့ရွာများ၏ရာဇဌာနေတွင် ငါအရှင်မြတ်၏ အာယတ်တော်များကို ၎င်းတို့ရှေ့၌ ဖတ်ကြားအံ့သော ရစူလ်တမန်တော်တစ်ပါးပါးကို ပွင့်စေတော်မူခြင်း မရှိသမျှကာလပတ်လုံး ဖျက်ဆီးတော်မူသည့် အရှင်မဟုတ်ပေ။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် မြို့ရွာများကို ထိုမြို့ရွာများ၌ နေထိုင်ကြသောသူတို့သည် (လွန်စွာ) မတရားသောသူများ မဖြစ်ကြသမျှ ကာလပတ်လုံး ဖျက်ဆီးတော်မူသောအရှင် မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အလ်-ကစာစ် စူရဟ် (၂၈) အာယသ် ၅၉ တွင် ပါဝင်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ—
  • مُهْلِكَ (မုဟ်လိက) — ဖျက်ဆီးသူ၊ ပျက်စီးစေသူ။
  • الْقُرَىٰ (အလ်ကုရာ) — ရွာများ၊ မြို့များ (قَرْيَة ၏ ဗဟုဝုစ်ပုံစံ)။
  • أُمِّهَا (အုမ်မိဟာ) — ထိုရွာများ၏ အကြီးဆုံး၊ အဓိကမြို့။ ဤနေရာတွင် မက္ကာမြို့ကို ရည်ညွှန်းသည်။
  • رَسُولًا (ရစူလန်) — တမန်တော်။
  • يَتْلُو (ယတ်လူ) — ဖတ်ကြားသည်၊ ရွတ်ဆိုသည်။
  • آيَاتِنَا (အာယာသိနာ) — ငါအရှင်မြတ်၏ အာယသ်တော်များ၊ သက်သေလက္ခဏာများ။
  • ظَالِمُونَ (ဇာလိမూఔန်) — မတရားသူများ၊ အရှင်မြတ်ကို ငြင်းပယ်၍ မိမိကိုယ်ကို ပျက်စီးစေသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်—

အို တမန်တော်မြတ်၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ရွာများမြို့များကို ဖျက်ဆီးတော်မူသည်မဟုတ်။ ထိုသို့ ဖျက်ဆီးခြင်းမပြုမီ ထိုရွာများ၏ အကြီးဆုံးမြို့ဖြစ်သော မက္ကာမြို့တွင် တမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး ထိုတမန်တော်သည် သူတို့ထံ ငါအရှင်မြတ်၏ အာယသ်တော်များကို ဖတ်ကြားဟောပြောစေတော်မူသည်။ ထိုသို့ သတိပေးနှိုးဆော်ပြီးမှသာ ဖျက်ဆီးတော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် ရွာများမြို့များကို ဖျက်ဆီးတော်မူသည်မှာ ထိုရွာသူရွာသားများကိုယ်တိုင် အရှင်မြတ်ကို ငြင်းပယ်ခြင်း၊ မကောင်းမှုဒုစရိုက်များ ကျူးလွန်ခြင်းဖြင့် မိမိတို့ကိုယ်ကို မတရားပြုခဲ့ကြသောကြောင့်သာ ဖြစ်သည်။ သူတို့သည် ဖြောင့်မတ်စွာ နေထိုင်ကြပါက ဖျက်ဆီးခြင်းခံရမည်မဟုတ်ပေ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်သာသနာကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ—
  • အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ကရုဏာတော်ရှင်ဖြစ်သည်။ မည်သည့်လူမျိုးကိုမျှ သတိပေးနှိုးဆော်ခြင်းမပြုဘဲ ဖျက်ဆီးတော်မူသည်မဟုတ်။ တမန်တော်တစ်ပါးကို စေလွှတ်၍ အမှန်တရားကို ရှင်းလင်းစွာ ဟောပြောစေပြီးမှသာ တရားစီရင်တော်မူသည်။ ဤအချက်သည် အရှင်မြတ်၏ တရားမျှတမှုနှင့် ကရုဏာတော်ကို ထင်ဟပ်စေသည်။
  • လူသားတို့သည် မိမိတို့၏ လုပ်ရပ်များအတွက် ကိုယ်တိုင်တာဝန်ရှိသည်။ ဖျက်ဆီးခြင်းခံရခြင်း၏ အကြောင်းရင်းမှာ သူတို့ကိုယ်တ


📜 အာယာသ် 57-61 — စူရာ အလ်-ကစာစ်

57وَقَالُوا إِن نَّتَّبِعِ الْهُدَىٰ مَعَكَ نُتَخَطَّفْ مِنْ أَرْضِنَا ۚ أَوَلَمْ نُمَكِّن لَّهُمْ حَرَمًا آمِنًا يُجْبَىٰ إِلَيْهِ ثَمَرَاتُ كُلِّ شَيْءٍ رِّزْقًا مِّن لَّدُنَّا وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
ထိုမှတစ်ပါး ၎င်းတို့က ‘အကယ်၍ ကျွန်ုပ်တို့သည် အသင်နှင့်အတူ တရားလမ်းမှန်ကို လိုက်ကြလျှင် ကျွန်ုပ်တို့မှာ မိမိတို့၏တိုင်းပြည်မှ နှင်ထုတ်ခြင်းကို ခံကြရပေမည်ဟု ပြောဆိုခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ၎င်းတို့အား ဘေးရန်ခပ်သိမ်းကင်းငြိမ်းသော အကြင် ‘ဟရမ်’ အတွင်း၌ အတည်တကျ နေရာချပေးတော်မူခဲ့သည် မဟုတ်ပါလော။ ထိုဟရမ်သို့ အမျိုးမျိုးသောအသီးအနှံများသည် ငါအရှင်မြတ်၏အထံတော်မှ စားနပ်ရိက္ခာအဖြစ် သယ်ယူရောက်ရှိလာပေသည်။ သို့ရာတွင် ၎င်းတို့အနက် အများဆုံးသောသူတို့မှာ မသိနားမလည်ကြပေတကား။
58وَكَمْ أَهْلَكْنَا مِن قَرْيَةٍ بَطِرَتْ مَعِيشَتَهَا ۖ فَتِلْكَ مَسَاكِنُهُمْ لَمْ تُسْكَن مِّن بَعْدِهِمْ إِلَّا قَلِيلًا ۖ وَكُنَّا نَحْنُ الْوَارِثِينَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် မိမိတို့၏ စည်းစိမ်ဥစ္စာကြွယ်ဝမှုကြောင့် မော်ကြွားရွှင်မြူးခဲ့ကြသော များစွာသော မြို့ရွာတို့ကို ဖျက်ဆီးတော်မူခဲ့၏။ သို့ဖြစ်ပေရာ ဤသည်တို့ကား ၎င်းတို့၏ နေအိမ်များပင်။ ထိုနေအိမ်များမှာ ၎င်းတို့မရှိကြသည့်နောက်တွင် အနည်းငယ်မျှသော အချိန်ကာလမှအပ စည်ပင်သာယာခဲ့သည် မရှိချေ။ စင်စစ် ငါအရှင်မြတ်သည်ပင်လျှင် (၎င်းတို့၏အမွေပစ္စည်းတို့ကို) ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူခဲ့ပေသည်။
59وَمَا كَانَ رَبُّكَ مُهْلِكَ الْقُرَىٰ حَتَّىٰ يَبْعَثَ فِي أُمِّهَا رَسُولًا يَتْلُو عَلَيْهِمْ آيَاتِنَا ۚ وَمَا كُنَّا مُهْلِكِي الْقُرَىٰ إِلَّا وَأَهْلُهَا ظَالِمُونَ
စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မြို့ရွာများကို ထိုမြို့ရွာများ၏ရာဇဌာနေတွင် ငါအရှင်မြတ်၏ အာယတ်တော်များကို ၎င်းတို့ရှေ့၌ ဖတ်ကြားအံ့သော ရစူလ်တမန်တော်တစ်ပါးပါးကို ပွင့်စေတော်မူခြင်း မရှိသမျှကာလပတ်လုံး ဖျက်ဆီးတော်မူသည့် အရှင်မဟုတ်ပေ။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် မြို့ရွာများကို ထိုမြို့ရွာများ၌ နေထိုင်ကြသောသူတို့သည် (လွန်စွာ) မတရားသောသူများ မဖြစ်ကြသမျှ ကာလပတ်လုံး ဖျက်ဆီးတော်မူသောအရှင် မဟုတ်ပေ။
60وَمَا أُوتِيتُم مِّن شَيْءٍ فَمَتَاعُ الْحَيَاةِ الدُّنْيَا وَزِينَتُهَا ۚ وَمَا عِندَ اللَّهِ خَيْرٌ وَأَبْقَىٰ ۚ أَفَلَا تَعْقِلُونَ
စင်စစ် အသင်တို့ပေးသနားတော်မူခြင်း ခံကြရသောအရာများမှာ ဤပစ္စုပ္ပန်လောကီဘဝ၏ အသုံးအဆောင်နှင့် ဤပစ္စုပ္ပန်လောကီဘဝ၏ တင့်တယ်မှုမျှသာ ဖြစ်ကြပေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ် အထံတော်၌ ရှိသောအရာများမှာမူကား အကောင်းဆုံး ဖြစ်ကြသည့်ပြင် အခိုင်အမြဲဆုံးလည်းဖြစ်ကြကုန်၏။ သို့ပါလျက် အသင်တို့သည် (ဤမျှပင်)မသိ နားမလည်ကြလေသလော။
61أَفَمَن وَعَدْنَاهُ وَعْدًا حَسَنًا فَهُوَ لَاقِيهِ كَمَن مَّتَّعْنَاهُ مَتَاعَ الْحَيَاةِ الدُّنْيَا ثُمَّ هُوَ يَوْمَ الْقِيَامَةِ مِنَ الْمُحْضَرِينَ
သို့ဖြစ်ပေရာ အကြင်သူအား ငါအရှင်မြတ်သည် ကောင်းမြတ်သောကတိ ပေးတော်မူခဲ့၏။ တစ်ဖန် ထိုသူသည် ယင်းကတိပေးချက်အတိုင်း တွေ့ကြုံ(ခံစား)ရမည့်သူလည်းဖြစ်၏။ ထိုသူသည် အကြင်သူကဲ့သို့ ဖြစ်နိုင်မည်လော။ ငါအရှင်မြတ်သည် ထိုသူအား ဤမျက်မှောက် လောကီဘဝ၏ အကျိုးခံစားခွင့်ကို ပေးတော်မူခဲ့၏။ ထို့နောက် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင် ထိုသူမှာ ဖမ်းဆီး၍ ရှေ့တော်မှောက် သွင်းခြင်းကို ခံကြရသောသူတို့အနက်မှ ဖြစ်ချေမည်။
အလ်-ကစာစ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
59အာယာသ်

ဘာသာပြန် — အလ်-ကစာစ် 59

စူရာ အလ်-ကစာစ် အာယာသ် 59 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မြို့ရွာများကို ထိုမြို့ရွာများ၏ရာဇဌာနေတွင် ငါအရှင်မြတ်၏ အာယတ်တော်များကို ၎င်းတို့ရှေ့၌ ဖတ်ကြားအံ့သော…

စူရာ အာယာသ် 59/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 57–61. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers