အလ်-ကစာစ် · 68/88
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကစာစ်
وَرَبُّكَ يَخْلُقُ مَا يَشَاءُ وَيَخْتَارُ ۗ مَا كَانَ لَهُمُ الْخِيَرَةُ ۚ سُبْحَانَ اللَّهِ وَتَعَالَىٰ عَمَّا يُشْرِكُونَ ۝٦٨
Wa Rabbuka yakhuluqu maa yashaaa`u wa yakhtaar; maa kaana lahumul khiyarah; Subhannal laahi wa Ta`aalaa `ammmaa yushrikoon
📖 မြန်မာဘာသာ
စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအလိုရှိတော်မူသော အရာကိုဖန်ဆင်းတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်(မိမိအလိုရှိတော်မူသည်ကို) ရွေးချယ်တော်မူ၏။ ၎င်း(မုရှ်ရစ်က်)တို့၌ ရွေးချယ်ခွင့်ကား အလျှင်းမရှိချေ။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့မှ (လုံးဝ) စင်ကြယ်သန့်ရှင်းတော်မူသည့်ပြင်၊ (ထိုအရာတို့ထက် အတိုင်းမရှိ) မြင့်မြတ်လှတော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မသဒ္ဒါများ၏ အဓိပ္ပာယ်များ
  • ဝရဗ္ဗုက (وَرَبُّكَ): သင်၏အရှင်သခင်။
  • ယခ်လုကု (يَخْلُقُ): ဖန်ဆင်းသည်။
  • မာ ယရှာအု (مَا يَشَاءُ): အရှင်လိုလားတော်မူသည်ကို။
  • ဝယခ်တာရု (وَيَخْتَارُ): ရွေးချယ်တော်မူသည်။
  • မာ ကာန လဟုမုလ်ခိယရဟ် (مَا كَانَ لَهُمُ الْخِيَرَةُ): သူတို့အတွက် ရွေးချယ်ပိုင်ခွင့် မရှိပါ။
  • သုဗ္ဗဟာနလ္လာဟိ (سُبْحَانَ اللَّهِ): အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုလုံးဝ ကင်းရှင်းတော်မူသည်။
  • ဝသအာလာ (وَتَعَالَىٰ): မြင့်မြတ်တော်မူသည်။
  • အမ�မာ ယုရှ်ရိကုန (عَمَّا يُشْرِكُونَ): သူတို့တွဲဖက်ကိုးကွယ်နေသည့်အရာများထက်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ်၊ သင်၏အရှင်သခင်သည် မိမိလိုလားတော်မူသည့်အရာကို ဖန်ဆင်းတော်မူသည်။ မိမိအလိုတော်ရှိသည့် သူ့ကို တမန်တော်အဖြစ်လည်းကောင်း၊ မိမိအား နာခံကိုးကွယ်ရန်အတွက်လည်းကောင်း ရွေးချယ်တော်မူသည်။ ဖန်ဆင်းခြင်းနှင့် ရွေးချယ်ခြင်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အခွင့်အာဏာတော်သာ ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ မိမိတို့၏ ဆန္ဒအတိုင်း ရွေးချယ်ပိုင်ခွင့် မရှိပါ။ အထူးသဖြင့် အလ္လာဟ်အရှင်မြတ်က ရွေးချယ်တော်မူသည့် ကိစ္စများတွင် မယုံကြည်သူများက ကန့်ကွက်ဝေဖန်ပိုင်ခွင့် လုံးဝမရှိပါ။ သူတို့က "ဤကုရ်အာန်သည် မြို့နှစ်မြို့မှ ကြီးမြတ်သူတစ်ဦးအပေါ် ကျရောက်သင့်သည်" ဟု ဆိုခဲ့ကြသည်။ သို့သော် ရွေးချယ်ခြင်းသည် အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်တော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့တွဲဖက်ကိုးကွယ်နေသည့် ရုပ်တုများ၊ ဆင်းတုများနှင့် အခြားသော တွဲဖက်များထက် အလွန်မြင့်မြတ်တော်မူသည်။ ချို့တဲ့မှုအပေါင်းမှ ကင်းရှင်းတော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသည့် အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခြင်းနှင့် ရွေးချယ်ခြင်းတွင် တစ်ဦးတည်းသော အခွင့်အာဏာရှင်ဖြစ်ကြောင်း သိရှိရသည်။
  • လူသားများသည် မိမိတို့၏ ဆန္ဒအတိုင်း အရှင်မြတ်ကို ဆန့်ကျင်ဝေဖန်ပိုင်ခွင့် မရှိကြောင်း နားလည်ရသည်။
  • အလ္လာဟ်အရှင်မြတ်သည် တွဲဖက်ကိုးကွယ်မှုအပေါင်းမှ ကင်းရှင်းမြင့်မြတ်တော်မူကြောင်း သိရှိရသည်။
  • အရှင်မြတ်ကို ယုံကြည်ကိုးကွယ်ခြင်းသည် လူသားတို့အတွက် ဂုဏ်သိက္ခာနှင့် လမ်းညွှန်မှု၏ အရ


📜 အာယာသ် 66-70 — စူရာ အလ်-ကစာစ်

66فَعَمِيَتْ عَلَيْهِمُ الْأَنبَاءُ يَوْمَئِذٍ فَهُمْ لَا يَتَسَاءَلُونَ
ထိုအခါ ၎င်းတို့အပေါ်၌ ထိုနေ့တွင် အလုံးစုံသော သတင်းစကားများသည် ဖုံးအုပ်ပျောက်ကွယ် သွားပေမည်။ ၎င်းတို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး စုံစမ်းမေးမြန်းခြင်းကိုပင် ပြုနိုင်ကြမည်မဟုတ်ပေ။
67فَأَمَّا مَن تَابَ وَآمَنَ وَعَمِلَ صَالِحًا فَعَسَىٰ أَن يَكُونَ مِنَ الْمُفْلِحِينَ
သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည် ဝန်ချတောင်းပန်ပြီးနောက် ‘အီမာန်’ သက်ဝင်ယုံကြည်ခဲ့သည်ရှိသော်၊ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့သည်ရှိသော် ထိုသူသည် အောင်မြင်မှုကို ရရှိကြကုန်သောသူတို့တွင် အပါအဝင်ဖြစ်နိုင်ရန် မျှော်လင့်ရာချေသတည်း။
68وَرَبُّكَ يَخْلُقُ مَا يَشَاءُ وَيَخْتَارُ ۗ مَا كَانَ لَهُمُ الْخِيَرَةُ ۚ سُبْحَانَ اللَّهِ وَتَعَالَىٰ عَمَّا يُشْرِكُونَ
စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအလိုရှိတော်မူသော အရာကိုဖန်ဆင်းတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်(မိမိအလိုရှိတော်မူသည်ကို) ရွေးချယ်တော်မူ၏။ ၎င်း(မုရှ်ရစ်က်)တို့၌ ရွေးချယ်ခွင့်ကား အလျှင်းမရှိချေ။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့မှ (လုံးဝ) စင်ကြယ်သန့်ရှင်းတော်မူသည့်ပြင်၊ (ထိုအရာတို့ထက် အတိုင်းမရှိ) မြင့်မြတ်လှတော်မူ၏။
69وَرَبُّكَ يَعْلَمُ مَا تُكِنُّ صُدُورُهُمْ وَمَا يُعْلِنُونَ
ထိုမှတစ်ပါး အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထိုသူတို့၏ စိတ်နှလုံးများ၌ ကိန်းအောင်းလျက်ရှိသည် တို့ကိုလည်းကောင်း၊ ထိုသူတို့ ထင်ရှားစေကြသည်တို့ကိုလည်းကောင်း၊ (အလုံးစုံ)သိရှိတော်မူ၏။
70وَهُوَ اللَّهُ لَا إِلَٰهَ إِلَّا هُوَ ۖ لَهُ الْحَمْدُ فِي الْأُولَىٰ وَالْآخِرَةِ ۖ وَلَهُ الْحُكْمُ وَإِلَيْهِ تُرْجَعُونَ
စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် (တစ်ဆူတည်း)သော ဆည်းကပ်ကိုးကွယ်ရာ အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ် မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ကား အလျှင်းမရှိပြီ။ ဤမျက်မှောက် လောကီဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ ထိုအရှင်မြတ်သည်သာလျှင် ချီးမွမ်းထောပနာအပေါင်းတို့ကို ခံယူထိုက်တော်မူ၏။ ၎င်းပြင် စိုးမိုးအုပ်ချုပ်မှုအာဏာသည်လည်း ထိုအရှင်မြတ်၌သာရှိ၏။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လည်သွားကြရကုန် အံ့သတည်း။
အလ်-ကစာစ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
68အာယာသ်

ဘာသာပြန် — အလ်-ကစာစ် 68

စူရာ အလ်-ကစာစ် အာယာသ် 68 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအလိုရှိတော်မူသော အရာကိုဖန်ဆင်းတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်(မိမိအလိုရှိတော်မူသည်ကို) ရွေးချယ်တော်မူ၏။ ၎င်း(မုရှ်ရစ်က်)တို့၌…

စူရာ အာယာသ် 68/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 66–70. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers