အလ်-အန်ကာဘူတ် · 63/69
ဘာသာပြန် အသံနိုင်ငံ — အလ်-အန်ကာဘူတ်
وَلَئِن سَأَلْتَهُم مَّن نَّزَّلَ مِنَ السَّمَاءِ مَاءً فَأَحْيَا بِهِ الْأَرْضَ مِن بَعْدِ مَوْتِهَا لَيَقُولُنَّ اللَّهُ ۚ قُلِ الْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْقِلُونَ ۝٦٣
Wa la`in sa altahum man nazzala minas samaaa`e maaa`an fa ahyaa bihil arda mim ba`di mawtihaa la yaqoolunnal laah; qulil hamdu lillah; bal aksaruhum laa ya`qiloon
📖 မြန်မာဘာသာ
ထိုမှတစ်ပါး အကယ်၍ အသင်သည် ၎င်းတို့အား မည်သူသည် မိုးကောင်းကင်မှမိုးရေကို ရွာသွန်းစေသနည်း၊ တဖန် သေပြီးသော(ဝါ)ခြောက်သွေ့ လျက်ရှိပြီးနောက် ပထဝီမြေကို ထိုမိုးမြေဖြင့် မည်သူရှင်စေခဲ့သနည်း၊ (ဝါ) စိမ်းလန်းစိုပြေစေခဲ့သနည်း၊ ဟု မေးမြန်းခဲ့ပါလျှင်လည်း ၎င်းတို့သည် "အလ္လာဟ်အရှင်မြတ်" ဟူ၍ပင် ဧကန်မလွဲ ပြောဆိုကြပေမည်။ အို-နဗီတမန်တော် အသင်သည်ပြောပါလေ (အချင်းတို့၊) ချီးမွမ်းထောပနာအပေါင်းတို့ကို အလ္လာဟ်အရှင်မြတ်သာလျှင် ခံယူထိုက်တော်မူ၏။ သို့ရာတွင် ၎င်းတို့အနက် အများဆုံးသော သူတို့မှာမူကား အသိဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ကြသည် မဟုတ်ပေ။

🎧 နားထောင်


📜 အာယာသ် 61-65 — အလ်-အန်ကာဘူတ်

61وَلَئِن سَأَلْتَهُم مَّنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَسَخَّرَ الشَّمْسَ وَالْقَمَرَ لَيَقُولُنَّ اللَّهُ ۖ فَأَنَّىٰ يُؤْفَكُونَ
စင်စစ်သော်ကား အကယ်၍ အသင်သည် ထိုသူတို့အား "မည်သူသည် မိုးကောင်းကင်များကို လည်းကောင်း၊ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းခဲ့သနည်း၊ ထိုနည်းတူစွာ မည်သူသည် လေကိုလည်းကောင်း၊ လကိုလည်းကောင်း၊ ပိုင်နိုင်စွာ ခိုင်းစေသနည်း"ဟု မေးမြန်းခဲ့ပါလျှင် ၎င်းတို့သည် ‘အလ္လာဟ်အရှင်မြတ်’ဟူ၍ပင် ဧကန်မလွဲ ပြောဆိုကြပေမည်။ သို့ပါလျက် ၎င်းတို့သည် (အလ္လာဟ်အရှင်မြတ် တစ်ဆူတည်း ဖြစ်တော်မူကြောင်းကို ယုံကြည်လက်ခံခြင်းမပြုဘဲ) အဘယ်သို့ လှည့်သွားကုန်ကြသနည်း။
62اللَّهُ يَبْسُطُ الرِّزْقَ لِمَن يَشَاءُ مِنْ عِبَادِهِ وَيَقْدِرُ لَهُ ۚ إِنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ
အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ဝန်းစွာ ချီးမြှင့် ပေးသနားတော်မူ၏။ ထိုနည်းတူစွာ ထိုအလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား တိုင်းထွာ၍ပေးတော်မူ၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည်။
63وَلَئِن سَأَلْتَهُم مَّن نَّزَّلَ مِنَ السَّمَاءِ مَاءً فَأَحْيَا بِهِ الْأَرْضَ مِن بَعْدِ مَوْتِهَا لَيَقُولُنَّ اللَّهُ ۚ قُلِ الْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْقِلُونَ
ထိုမှတစ်ပါး အကယ်၍ အသင်သည် ၎င်းတို့အား မည်သူသည် မိုးကောင်းကင်မှမိုးရေကို ရွာသွန်းစေသနည်း၊ တဖန် သေပြီးသော(ဝါ)ခြောက်သွေ့ လျက်ရှိပြီးနောက် ပထဝီမြေကို ထိုမိုးမြေဖြင့် မည်သူရှင်စေခဲ့သနည်း၊ (ဝါ) စိမ်းလန်းစိုပြေစေခဲ့သနည်း၊ ဟု မေးမြန်းခဲ့ပါလျှင်လည်း ၎င်းတို့သည် "အလ္လာဟ်အရှင်မြတ်" ဟူ၍ပင် ဧကန်မလွဲ ပြောဆိုကြပေမည်။ အို-နဗီတမန်တော် အသင်သည်ပြောပါလေ (အချင်းတို့၊) ချီးမွမ်းထောပနာအပေါင်းတို့ကို အလ္လာဟ်အရှင်မြတ်သာလျှင် ခံယူထိုက်တော်မူ၏။ သို့ရာတွင် ၎င်းတို့အနက် အများဆုံးသော သူတို့မှာမူကား အသိဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ကြသည် မဟုတ်ပေ။
64وَمَا هَٰذِهِ الْحَيَاةُ الدُّنْيَا إِلَّا لَهْوٌ وَلَعِبٌ ۚ وَإِنَّ الدَّارَ الْآخِرَةَ لَهِيَ الْحَيَوَانُ ۚ لَوْ كَانُوا يَعْلَمُونَ
စင်စစ် ဤမျက်မှောက် လောကီဘဝသည် ပျော်မြူးဖွယ်ရာနှင့် ကစားခုန်စားဖွယ်ရာမှတပါး အခြားမဟုတ်ပြီ။အမှန်မှာ နောင်တမလွန် ဘဝသည်သာလျှင် စစ်မှန်သော အစဉ်ထာဝရရှင်ခြင်း ဖြစ်ပေသည်။ (ဤ သည်ကို)၎င်းတို့သိရှိကြလျှင် ကောင်းလေစွတကား။
65فَإِذَا رَكِبُوا فِي الْفُلْكِ دَعَوُا اللَّهَ مُخْلِصِينَ لَهُ الدِّينَ فَلَمَّا نَجَّاهُمْ إِلَى الْبَرِّ إِذَا هُمْ يُشْرِكُونَ
စင်စစ် ၎င်းတို့သည် သင်္ဘော၌ စီးနင်းကြလေသောအခါ အလ္လာဟ်အရှင်မြတ်အားသာလျှင် စေတနာ သဒ္ဓါဖြူစင်စွာနှင့် ဟစ်ခေါ်တသ ကြကုန်၏။ သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့အား ကယ်တင်၍ ကုန်းမြေသို့ ဆောင်ကြဉ်းတော်မူသောအခါ ၎င်းတို့သည် ရုတ်တရက် ချက်ချင်းပင်လျှင်(အခြားအရာများကို ထိုအရှင်မြတ်နှင့်) တွဲဖက် နှိုင်းယှဉ်ကိုးကွယ်ကြကုန်၏။
အလ်-အန်ကာဘူတ်ကုရ်အာန် ညွှန်းကိန်း
69အာယာသ်
MeccanRevelation
63အာယာသ်

ဘာသာပြန် — အလ်-အန်ကာဘူတ် 63

စူရာ အလ်-အန်ကာဘူတ် အာယာသ် 63 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး အကယ်၍ အသင်သည် ၎င်းတို့အား မည်သူသည် မိုးကောင်းကင်မှမိုးရေကို ရွာသွန်းစေသနည်း၊ တဖန် သေပြီးသော(ဝါ)ခြောက်သွေ့ လျက်ရှိပြီးနောက်…

စူရာ အာယာသ် 63/69 — အလ်-အန်ကာဘူတ် العنكبوت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အန်ကာဘူတ် နားထောင်, အလ်-အန်ကာဘူတ် ဘာသာပြန်, အလ်-အန်ကာဘူတ် mp3, အလ်-အန်ကာဘူတ် pdf. အာယာသ် 61–65. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers