အာလ်-အိမရာန် · 115/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
وَمَا يَفْعَلُوا مِنْ خَيْرٍ فَلَن يُكْفَرُوهُ ۗ وَاللَّهُ عَلِيمٌ بِالْمُتَّقِينَ ۝١١٥
Wa maa yaf`aloo min khairin falai yukfarooh; wallaahu `aleemun bilmuttaqeen
📖 မြန်မာဘာသာ
ထို့ပြင်တဝ၊ ယင်းသူတို့သည် မည်သည့် ကောင်းမှုကုသိုလ်ကိုမဆို ပြုလုပ်ကြပါမူ၊ ထိုသူတို့သည် ထိုကောင်းမှုကုသိုလ်(၏အကျိုး)ကို လက်လွတ်စေခြင်း အလျင်းခံကြရမည်မဟုတ်ပေ။ အကြောင်းတမူကား အလ္လာဟ်အရှင်မြတ်သည်ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်အပေါင်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 113-117 — စူရာ အာလ်-အိမရာန်

113۞ لَيْسُوا سَوَاءً ۗ مِّنْ أَهْلِ الْكِتَابِ أُمَّةٌ قَائِمَةٌ يَتْلُونَ آيَاتِ اللَّهِ آنَاءَ اللَّيْلِ وَهُمْ يَسْجُدُونَ
ယင်း (အထက်ကျမ်းဂန်ရရှိသော) သူတို့သည်အားလုံးမတူကြချေ။ (အမှန်စင်စစ် ထိုအထက်) ကျမ်းဂန်ရရှိသူတို့အနက်မှပင် (မှန်ကန်သော တရားလမ်းစဉ်၌) ဖြောင့်မတ်စွာ တည်တံ့နေသော လူစုတစ်စုသည်လည်း ရှိနေကြကုန်၏။ယင်းသူတို့သည် ညဉ့်ယံများ၌ အလ္လာဟ်အရှင်မြတ်၏ မုခပါဌ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြကုန်၏။ 4င်းပြင်(အလ္လာဟ် အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ်) ‘စဂျ်ဒဟ်’ ဦးချကြကုန်၏။
114يُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَيَأْمُرُونَ بِالْمَعْرُوفِ وَيَنْهَوْنَ عَنِ الْمُنكَرِ وَيُسَارِعُونَ فِي الْخَيْرَاتِ وَأُولَٰئِكَ مِنَ الصَّالِحِينَ
(ထိုမျှမကသေးချေ၊) ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ယုံကြည်ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ကောင်းရာကောင်းကြောင်းများကိုလည်း ညွှန်ကြားကြကုန်၏။ ထိုနည်းတူစွာပင်ယင်းသူတို့သည် ဒုစရိုက်မှု (အရပ်ရပ်တို့)မှလည်း တားမြစ်ကြကုန်၏။ တဖန် ထိုသူတို့သည် (မိမိတို့ကိုယ်တိုင်လည်း) ကောင်းမှုကုသိုလ်များ ပြုလုပ်ရာတွင် သူ့ထက်ငါသာအောင် (အပတ်တကုတ်ကြိုးစားအားထုတ်၍) အဆောတလျင် ပြုလုပ်ကြကုန်၏။ စင်စစ်သော်ကား ဤသူများသည် ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည် ကြကုန်သော သူမွန်သူမြတ်များ အနက်မှပင် ဖြစ်ကြကုန်၏။
115وَمَا يَفْعَلُوا مِنْ خَيْرٍ فَلَن يُكْفَرُوهُ ۗ وَاللَّهُ عَلِيمٌ بِالْمُتَّقِينَ
ထို့ပြင်တဝ၊ ယင်းသူတို့သည် မည်သည့် ကောင်းမှုကုသိုလ်ကိုမဆို ပြုလုပ်ကြပါမူ၊ ထိုသူတို့သည် ထိုကောင်းမှုကုသိုလ်(၏အကျိုး)ကို လက်လွတ်စေခြင်း အလျင်းခံကြရမည်မဟုတ်ပေ။ အကြောင်းတမူကား အလ္လာဟ်အရှင်မြတ်သည်ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်အပေါင်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
116إِنَّ الَّذِينَ كَفَرُوا لَن تُغْنِيَ عَنْهُمْ أَمْوَالُهُمْ وَلَا أَوْلَادُهُم مِّنَ اللَّهِ شَيْئًا ۖ وَأُولَٰئِكَ أَصْحَابُ النَّارِ ۚ هُمْ فِيهَا خَالِدُونَ
ဧကန်အမှန် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ ပစ္စည်းဥစ္စာ ရတနာများသည်လည်းကောင်း၊ယင်းသူတို့၏ သားသမီး ရတနာများသည်လည်းကောင်း(ရှင်ပြန်ထမည့်နေ့တွင်) အလ္လာဟ်အရှင်မြတ် (၏ ပြစ်ဒဏ်တော်)မှ ကာကွယ်ရန် အနည်းငယ် စိုးစဉ်းမျှပင် အလျင်းအသုံးဝင်မည် မဟုတ်ပေ။ စင်စစ် ဤသူတို့သည် ငရဲသားများပင် ဖြစ်ကြ၏။ ယင်းသူတို့သည် ထိုငရဲ၌ပင် ထာဝစဉ်နေထိုင်ခံစားကြရမည့် သူများပင်တည်း။
117مَثَلُ مَا يُنفِقُونَ فِي هَٰذِهِ الْحَيَاةِ الدُّنْيَا كَمَثَلِ رِيحٍ فِيهَا صِرٌّ أَصَابَتْ حَرْثَ قَوْمٍ ظَلَمُوا أَنفُسَهُمْ فَأَهْلَكَتْهُ ۚ وَمَا ظَلَمَهُمُ اللَّهُ وَلَٰكِنْ أَنفُسَهُمْ يَظْلِمُونَ
ဤပစ္စုပ္ပန်ဘဝတွင် ယုံကြည်ခြင်းသဒ္ဓါတရားကင်းမဲ့ကြကုန်သော ထို(ကာဖိရ်) တို့၏ လှူဒါန်းစွန့်ကြဲခြင်း၏ဥပမာ ပုံဆောင်ချက်ကား အကြင်လေနှင့်အလားတူ၏။ ထိုလေ၌ အလွန်ပြင်းထန်သော အအေးဓါတ်သည်ရှိ၏။ ထိုလေသည် မိမိတို့ကိုယ်ကို နှိပ်စက်ကလူ ပြုကြကုန်သော အကြင်လူစုတစ်စု၏ လယ်ယာကို တိုက်ခတ်၍ ထိုလယ်ယာကိုင်းကျွန်းကို(ဆွေးမြေ့)ပျက်စီးစေခဲ့၏။ (ထိုနည်းပမာ ယုံကြည်ခြင်းသဒ္ဓါတရား ကင်းမဲ့သောသူတို့၏ အလှူဒါနများသည်လည်း နောင်တမလွန်ဘဝ၌ အချည်းနှီးပင် ဖြစ်ပေမည်)။ အမှန် သော်ကားအလ္လာဟ်အရှင်မြတ်သည် ယင်းသူတို့အား နှိပ်စက်ညှဉ်းပန်းတော်မူသည် မဟုတ်ပေ။ သို့ရာတွင် ယင်းသူတို့သည် မိမိတို့ကိုယ်ကို မိမိတို့ကိုယ်တိုင်ပင် နှိပ်စက်ကလူ ပြုကြကုန်သတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
115အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 115

စူရာ အာလ်-အိမရာန် အာယာသ် 115 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ၊ ယင်းသူတို့သည် မည်သည့် ကောင်းမှုကုသိုလ်ကိုမဆို ပြုလုပ်ကြပါမူ၊ ထိုသူတို့သည် ထိုကောင်းမှုကုသိုလ်(၏အကျိုး)ကို လက်လွတ်စေခြင်း အလျင်းခံကြရမည်မဟုတ်ပေ။ အကြောင်းတမူကား…

စူရာ အာယာသ် 115/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 113–117. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers