အာလ်-အိမရာန် · 133/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
۞ وَسَارِعُوا إِلَىٰ مَغْفِرَةٍ مِّن رَّبِّكُمْ وَجَنَّةٍ عَرْضُهَا السَّمَاوَاتُ وَالْأَرْضُ أُعِدَّتْ لِلْمُتَّقِينَ ۝١٣٣
Wa saari`ooo ilaa maghfiratim mir Rabbikum wa Jannatin arduhassamaawaatu wal ardu u`iddat lilmuttaqeen
📖 မြန်မာဘာသာ
ထိုပြင်တဝ အသင်တို့သည် မိမိတို့၏ အရှင်မြတ်၏အထံတော်မှဖြစ်သာ အပြစ်မှ ချမ်းသာ ပေးသနားတော်မူရာသို့လည်းကောင်း၊ ဂျန္နတ် အမတ သုခဘုံသို့လည်းကောင်း၊သူ့ထက်ငါသာအောင် လျင်မြန်စွာ ပြေးလာကြကုန်လော့။ ထိုဂျန္နတ် အမတသုခဘုံ၏ အကျယ်အဝန်းကား မိုးကောင်ကင်များနှင့် ပထဝီမြေပြင်(တမျှ) ဖြစ်၏။ ထို ဂျန္နတ် အမတသုခဘုံသည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင် ကြကုန်သောမွတ္တကီ သူတော်စင်များအဖို့ အသင့်ပြင်ဆင်ထားပြီးဖြစ်လေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ဝေါဟာရအနက်ဖွင့်ဆိုချက်များ
  • ဝစာရိအူ (وَسَارِعُوا): အလျင်အမြန်လုပ်ဆောင်ကြပါ၊ အမြန်ဆုံးသွားကြပါ။
  • မဂ်ဖိရသ် (مَغْفِرَةٍ): ခွင့်လွှတ်ခြင်း၊ အပြစ်ဖြေလွှတ်ခြင်း။
  • ဂျန္နသ် (جَنَّةٍ): သုခဥယျာဉ်၊ ကောင်းကင်ဘုံ။
  • အိရ်ွဒုဟာ (عَرْضُهَا): ၎င်း၏အကျယ်အဝန်း။
  • မုသ္တကီးန် (لِلْمُتَّقِينَ): အလ္လာဟ်ကို ကြောက်ရွံ့အရှက်တရားထားရှိသူများ၊ သူတော်စင်များ။
  1. အာယသ်တော်၏အနက်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အီမာန်ရှင်များအား အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်မှုနှင့် သုခဥယျာဉ်ကို ရရှိရန်အတွက် အလျင်အမြန် ကြိုးပမ်းဆောင်ရွက်ရန် ညွှန်ကြားထားပါသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များအား ကောင်းမှုကုသိုလ်များကို အမြန်ဆုံးလုပ်ဆောင်ကြရန်၊ အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်စေသော နည်းလမ်းအမျိုးမျိုးဖြင့် ချဉ်းကပ်ကြရန် ဖိတ်ခေါ်ထားပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်ထံမှ ကြီးမားသော ခွင့်လွှတ်မှုကို ရရှိမည်ဖြစ်ပြီး၊ အကျယ်အဝန်းသည် မိုးကောင်းကင်များနှင့် မြေကြီးတို့၏ အကျယ်အဝန်းမျှရှိသော သုခဥယျာဉ်ထဲသို့ ဝင်ရောက်ခွင့်ရမည်ဖြစ်ပါသည်။ ထိုသုခဥယျာဉ်ကို အလ္လာဟ်အရှင်မြတ်သည် မိမိအား ကြောက်ရွံ့အရှက်တရားထားရှိသူများအတွက် အသင့်ပြင်ဆင်ထားပေးထားပါသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များအား ခွင့်လွှတ်မှုနှင့် သုခဥယျာဉ်ကို ရရှိရန် အလျင်အမြန် ကြိုးပမ်းရန် ဖိတ်ခေါ်ထားခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ကြီးမားသော ကရုဏာတော်ကို ဖော်ပြပါသည်။
  • ကောင်းမှုကုသိုလ်များကို အမြန်ဆုံးလုပ်ဆောင်ခြင်းသည် အီမာန်ရှင်တစ်ဦး၏ စိတ်အားထက်သန်မှုနှင့် အလ္လာဟ်အရှင်မြတ်အပေါ် ချစ်ခင်မှုကို ပြသပါသည်။
  • သုခဥယျာဉ်၏ အကျယ်အဝန်းသည် မိုးကောင်းကင်များနှင့် မြေကြီးတို့၏ အကျယ်အဝန်းမျှရှိခြင်းသည် အလ္လာဟ်အရှင်မြတ်၏ စွမ်းအားတော်နှင့် ကရုဏာတော်ကို ထင်ရှားစေပါသည်။
  • ထိုသုခဥယျာဉ်သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့အရှက်တရားထားရှိသူများအတွက် အသင့်ပြင်ဆင်ထားခြင်းသည် တက္ကဝါ (အလ္လာဟ်ကိုကြောက်ရွံ့ခြင်း) ၏ အရေးပါမှုကို သွန်သင်ပေးပါသည်။
  • ဤအာယ


📜 အာယာသ် 131-135 — စူရာ အာလ်-အိမရာန်

131وَاتَّقُوا النَّارَ الَّتِي أُعِدَّتْ لِلْكَافِرِينَ
ထိုမှတစ်ပါးတုံ အသင်တို့သည် ကာဖိရ် မယုံကြည် သွေဖယ်ငြင်းပယ်ကြကုန်သော သူတို့ အဖို့ အသင့်ပြင်ဆင်ထားရှိပြီးဖြစ်သော (ငရဲ)မီး ဘေးမှ(လည်း) ကြဉ်ရှောင်ကြလေကုန်။
132وَأَطِيعُوا اللَّهَ وَالرَّسُولَ لَعَلَّكُمْ تُرْحَمُونَ
ထို့ပြင်တဝ အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်များကို၎င်း၊ ရစူလ် တမန်တော်၏ဩဝါဒများကိုလည်းကောင်း၊ လိုက်နာကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် သနားကြင်နာ ညှာတာ တော်မူခြင်းကို ခံကြရလတ္တံ့။
133۞ وَسَارِعُوا إِلَىٰ مَغْفِرَةٍ مِّن رَّبِّكُمْ وَجَنَّةٍ عَرْضُهَا السَّمَاوَاتُ وَالْأَرْضُ أُعِدَّتْ لِلْمُتَّقِينَ
ထိုပြင်တဝ အသင်တို့သည် မိမိတို့၏ အရှင်မြတ်၏အထံတော်မှဖြစ်သာ အပြစ်မှ ချမ်းသာ ပေးသနားတော်မူရာသို့လည်းကောင်း၊ ဂျန္နတ် အမတ သုခဘုံသို့လည်းကောင်း၊သူ့ထက်ငါသာအောင် လျင်မြန်စွာ ပြေးလာကြကုန်လော့။ ထိုဂျန္နတ် အမတသုခဘုံ၏ အကျယ်အဝန်းကား မိုးကောင်ကင်များနှင့် ပထဝီမြေပြင်(တမျှ) ဖြစ်၏။ ထို ဂျန္နတ် အမတသုခဘုံသည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင် ကြကုန်သောမွတ္တကီ သူတော်စင်များအဖို့ အသင့်ပြင်ဆင်ထားပြီးဖြစ်လေသတည်း။
134الَّذِينَ يُنفِقُونَ فِي السَّرَّاءِ وَالضَّرَّاءِ وَالْكَاظِمِينَ الْغَيْظَ وَالْعَافِينَ عَنِ النَّاسِ ۗ وَاللَّهُ يُحِبُّ الْمُحْسِنِينَ
ထိုသူတော်စင်များသည် စီးပွားတိုးတက်ချောင်လည်စွာရှိသော အချိန်အခါများ၌လည်းကောင်း၊ ဆင်းရဲဒုက္ခရောက်ရှိသောအခါများ၌လည်းကောင်း (အချိန်အခါမရွေး)ပေးကမ်းစွန့်ကြဲ လှူဒါန်းကြကုန်၏။ (ထိုသူတော်စင်များသည်)အမျက်ဒေါသကို ချုပ်တည်းမျိုသိပ်သောသူများလည်းဖြစ်ကြကုန်၏။ လူသားတို့အား ခွင့်လွှတ်သူများလည်း ဖြစ်ကြကုန်၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ယင်းသို့)ကောင်းမှုပြုလုပ်သောသူများအား နှစ်သက်တော်မူချေသတည်း။
135وَالَّذِينَ إِذَا فَعَلُوا فَاحِشَةً أَوْ ظَلَمُوا أَنفُسَهُمْ ذَكَرُوا اللَّهَ فَاسْتَغْفَرُوا لِذُنُوبِهِمْ وَمَن يَغْفِرُ الذُّنُوبَ إِلَّا اللَّهُ وَلَمْ يُصِرُّوا عَلَىٰ مَا فَعَلُوا وَهُمْ يَعْلَمُونَ
ထို့ပြင်တဝ ယင်းသူတော်စင်များသည် ညစ်ညမ်းသော ကိစ္စတရပ်ရပ်ကို ပြုလုပ်မိကြသည် ဖြစ်စေ၊ မိမိတို့ကိုယ်ကို နှိပ်စက်ညှင်းပန်းမိကြ သည်ဖြစ်စေ (ပြုမိလျှင်ပြုမိခြင်း) အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသ သတိရကြကုန်၏။ ထို့နောက် မိမိတို့အပြစ်များမှ ချမ်းသာရန်အလို့ငှါ(အလ္လာဟ်အရှင်မြတ် အထံတော်၌) အသနားခံ တောင်းပန်ကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်မှတစ်ပါးအပြစ်များမှ ချမ်းသာခွင့် ပေးနိုင်သောသူ သည်အဘယ်သူနည်း။ တဖန် ယင်းသူတို့သည် မိမိတို့ ပြုလုပ်မိကြသော (ပြစ်မှုဒုစရိုက်များကို) ဇွတ်တိုး၍ မိမိတို့ကိုယ်တိုင်သိနားလည်ကြပါလျက် နှင့် လက်မလျှော့ဘဲ ပြုမြဲပြုနေခဲ့ကြသည်လည်း မဟုတ်ချေ။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
133အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 133

စူရာ အာလ်-အိမရာန် အာယာသ် 133 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုပြင်တဝ အသင်တို့သည် မိမိတို့၏ အရှင်မြတ်၏အထံတော်မှဖြစ်သာ အပြစ်မှ ချမ်းသာ ပေးသနားတော်မူရာသို့လည်းကောင်း၊ ဂျန္နတ် အမတ သုခဘုံသို့လည်းကောင်း၊သူ့ထက်ငါသာအောင်…

စူရာ အာယာသ် 133/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 131–135. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers