အာလ်-အိမရာန် · 135/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
وَالَّذِينَ إِذَا فَعَلُوا فَاحِشَةً أَوْ ظَلَمُوا أَنفُسَهُمْ ذَكَرُوا اللَّهَ فَاسْتَغْفَرُوا لِذُنُوبِهِمْ وَمَن يَغْفِرُ الذُّنُوبَ إِلَّا اللَّهُ وَلَمْ يُصِرُّوا عَلَىٰ مَا فَعَلُوا وَهُمْ يَعْلَمُونَ ۝١٣٥
Wallazeena izaa fa`aloo faahishatan aw zalamooo anfusahum zakarul laaha fastaghfaroo lizunoobihim; wa mai yaghfiruz zunooba illal laahu wa lam yusirroo `alaa maa fa`aloo wa hum ya`lamooo
📖 မြန်မာဘာသာ
ထို့ပြင်တဝ ယင်းသူတော်စင်များသည် ညစ်ညမ်းသော ကိစ္စတရပ်ရပ်ကို ပြုလုပ်မိကြသည် ဖြစ်စေ၊ မိမိတို့ကိုယ်ကို နှိပ်စက်ညှင်းပန်းမိကြ သည်ဖြစ်စေ (ပြုမိလျှင်ပြုမိခြင်း) အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသ သတိရကြကုန်၏။ ထို့နောက် မိမိတို့အပြစ်များမှ ချမ်းသာရန်အလို့ငှါ(အလ္လာဟ်အရှင်မြတ် အထံတော်၌) အသနားခံ တောင်းပန်ကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်မှတစ်ပါးအပြစ်များမှ ချမ်းသာခွင့် ပေးနိုင်သောသူ သည်အဘယ်သူနည်း။ တဖန် ယင်းသူတို့သည် မိမိတို့ ပြုလုပ်မိကြသော (ပြစ်မှုဒုစရိုက်များကို) ဇွတ်တိုး၍ မိမိတို့ကိုယ်တိုင်သိနားလည်ကြပါလျက် နှင့် လက်မလျှော့ဘဲ ပြုမြဲပြုနေခဲ့ကြသည်လည်း မဟုတ်ချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • ဖာဟိရှဟ် (فَاحِشَةً) — အလွန်ဆိုးရွားသော၊ ကုသိုလ်တရားနှင့် ဝေးကွာသော၊ အရှက်တရားကင်းမဲ့သော ပြင်းထန်သည့် အပြစ်များ (ဥပမာ — ဇိနာ၊ အတိုးစားခြင်း စသည်)။
  • ဇလမု အန်ဖုစဟုမ် (ظَلَمُوا أَنفُسَهُمْ) — မိမိတို့ကိုယ်ကို မိမိတို့ နစ်နာစေခြင်း၊ ဆိုလိုသည်မှာ ဖာဟိရှဟ်ထက် သေးငယ်သော အပြစ်များကို ကျူးလွန်ခြင်းဖြင့် မိမိတို့၏ ကောင်းမှုအခွင့်အလမ်းများကို လျော့နည်းစေခြင်း။
  • သတဲဂ်္ဖရူ (فَاسْتَغْفَرُوا) — အလ္လာဟ်အရှင်မြတ်ထံ အပြစ်ခွင့်လွှတ်မှု တောင်းခံခြင်း။
  • ယုဆိရ်ရူ (يُصِرُّوا) — အပြစ်ပေါ်တွင် ဆက်လက်ရပ်တည်နေခြင်း၊ ဇွဲလုံ့လနှင့် ဆက်လုပ်နေခြင်း။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သော မုအ်မင်န်တို့၏ ဂုဏ်သတ္တိတစ်ရပ်ကို ဖော်ပြထားသည်။ သူတို့သည် ကြီးမားသော အပြစ်တစ်ခုခုကို ကျူးလွန်မိသည်ဖြစ်စေ၊ သို့မဟုတ် ထိုထက်သေးငယ်သော အပြစ်များဖြင့် မိမိတို့ကိုယ်ကို နစ်နာစေမိသည်ဖြစ်စေ၊ ချက်ချင်းပင် အလ္လာဟ်အရှင်မြတ်ကို သတိရကြသည်။ အရှင်မြတ်၏ သတိပေးချက်နှင့် ကတိဝန်ခံချက်ကို ပြန်လည်အောက်မေ့ကြပြီး နောင်တရစိတ်ဖြင့် အရှင်မြတ်ထံ ပြန်လှည့်ကာ မိမိတို့၏ အပြစ်များအတွက် ခွင့်လွှတ်မှု တောင်းခံကြသည်။ အပြစ်များကို ခွင့်လွှတ်နိုင်သူသည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာ ဖြစ်တော်မူကြောင်းကို သူတို့ အပြည့်အဝ ယုံကြည်ကြသည်။ ထို့ကြောင့် သူတို့သည် ကျူးလွန်မိသော အပြစ်ပေါ်တွင် ဆက်လက်ရပ်တည်နေခြင်းမပြုကြပါ။ မိမိတို့သည် အမှန်တကယ် အပြစ်ရှိကြောင်းကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည် အပြစ်အားလုံးကို ခွင့်လွှတ်နိုင်တော်မူကြောင်းကိုလည်းကောင်း သိရှိလျက် နောင်တရကြသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာသို့ ဆွဲဆောင်မှုဖြစ်စေသော သင်ခန်းစာများ

  • အစ္စလာမ်ဘာသာသည် အပြစ်ကျူးလွန်သူများကို မျှော်လင့်ချက်ကင်းမဲ့စေသော ဘာသာမဟုတ်ပါ။ အပြစ်ကျူးလွန်မိပြီးနောက် နောင်တရ၍ အလ္လာဟ်အရှင်မြတ်ထံ ပြန်လှည့်ပါက အရှင်မြတ်သည် ခွင့်လွှတ်တော်မူကြောင်း ဤအာယသ်တ


📜 အာယာသ် 133-137 — စူရာ အာလ်-အိမရာန်

133۞ وَسَارِعُوا إِلَىٰ مَغْفِرَةٍ مِّن رَّبِّكُمْ وَجَنَّةٍ عَرْضُهَا السَّمَاوَاتُ وَالْأَرْضُ أُعِدَّتْ لِلْمُتَّقِينَ
ထိုပြင်တဝ အသင်တို့သည် မိမိတို့၏ အရှင်မြတ်၏အထံတော်မှဖြစ်သာ အပြစ်မှ ချမ်းသာ ပေးသနားတော်မူရာသို့လည်းကောင်း၊ ဂျန္နတ် အမတ သုခဘုံသို့လည်းကောင်း၊သူ့ထက်ငါသာအောင် လျင်မြန်စွာ ပြေးလာကြကုန်လော့။ ထိုဂျန္နတ် အမတသုခဘုံ၏ အကျယ်အဝန်းကား မိုးကောင်ကင်များနှင့် ပထဝီမြေပြင်(တမျှ) ဖြစ်၏။ ထို ဂျန္နတ် အမတသုခဘုံသည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင် ကြကုန်သောမွတ္တကီ သူတော်စင်များအဖို့ အသင့်ပြင်ဆင်ထားပြီးဖြစ်လေသတည်း။
134الَّذِينَ يُنفِقُونَ فِي السَّرَّاءِ وَالضَّرَّاءِ وَالْكَاظِمِينَ الْغَيْظَ وَالْعَافِينَ عَنِ النَّاسِ ۗ وَاللَّهُ يُحِبُّ الْمُحْسِنِينَ
ထိုသူတော်စင်များသည် စီးပွားတိုးတက်ချောင်လည်စွာရှိသော အချိန်အခါများ၌လည်းကောင်း၊ ဆင်းရဲဒုက္ခရောက်ရှိသောအခါများ၌လည်းကောင်း (အချိန်အခါမရွေး)ပေးကမ်းစွန့်ကြဲ လှူဒါန်းကြကုန်၏။ (ထိုသူတော်စင်များသည်)အမျက်ဒေါသကို ချုပ်တည်းမျိုသိပ်သောသူများလည်းဖြစ်ကြကုန်၏။ လူသားတို့အား ခွင့်လွှတ်သူများလည်း ဖြစ်ကြကုန်၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ယင်းသို့)ကောင်းမှုပြုလုပ်သောသူများအား နှစ်သက်တော်မူချေသတည်း။
135وَالَّذِينَ إِذَا فَعَلُوا فَاحِشَةً أَوْ ظَلَمُوا أَنفُسَهُمْ ذَكَرُوا اللَّهَ فَاسْتَغْفَرُوا لِذُنُوبِهِمْ وَمَن يَغْفِرُ الذُّنُوبَ إِلَّا اللَّهُ وَلَمْ يُصِرُّوا عَلَىٰ مَا فَعَلُوا وَهُمْ يَعْلَمُونَ
ထို့ပြင်တဝ ယင်းသူတော်စင်များသည် ညစ်ညမ်းသော ကိစ္စတရပ်ရပ်ကို ပြုလုပ်မိကြသည် ဖြစ်စေ၊ မိမိတို့ကိုယ်ကို နှိပ်စက်ညှင်းပန်းမိကြ သည်ဖြစ်စေ (ပြုမိလျှင်ပြုမိခြင်း) အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသ သတိရကြကုန်၏။ ထို့နောက် မိမိတို့အပြစ်များမှ ချမ်းသာရန်အလို့ငှါ(အလ္လာဟ်အရှင်မြတ် အထံတော်၌) အသနားခံ တောင်းပန်ကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်မှတစ်ပါးအပြစ်များမှ ချမ်းသာခွင့် ပေးနိုင်သောသူ သည်အဘယ်သူနည်း။ တဖန် ယင်းသူတို့သည် မိမိတို့ ပြုလုပ်မိကြသော (ပြစ်မှုဒုစရိုက်များကို) ဇွတ်တိုး၍ မိမိတို့ကိုယ်တိုင်သိနားလည်ကြပါလျက် နှင့် လက်မလျှော့ဘဲ ပြုမြဲပြုနေခဲ့ကြသည်လည်း မဟုတ်ချေ။
136أُولَٰئِكَ جَزَاؤُهُم مَّغْفِرَةٌ مِّن رَّبِّهِمْ وَجَنَّاتٌ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ وَنِعْمَ أَجْرُ الْعَامِلِينَ
ထိုသူတော်စင်တို့၏အကျိုးကား ယင်းသူတို့ အားမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ အပြစ်ချမ်းသာပေးသနားတော်မူခြင်းနှင့် ဥယျာဉ်များ ဖြစ်၏။ ထိုဥယျာဉ်များ၏အောက်တွင် စမ်းရေချောင်း များစီးဆင်းလျက်ရှိ၏။ (ထိုသူတော်စင်များသည်)ထို ဥယျာဉ်များ၌ ထာဝစဉ် စံမြန်းနေထိုင်လျက်ရှိကြကုန်အံ့။ စင်စစ် ကောင်းမှုပြုလုပ်သောသူတို့၏ကုသိုလ် အကျိုးသည် အလွန်ကောင်းမြတ်လှပေသတည်း။
137قَدْ خَلَتْ مِن قَبْلِكُمْ سُنَنٌ فَسِيرُوا فِي الْأَرْضِ فَانظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ
ဧကန်ဆတ်ဆတ် အသင်တို့အလျင် အမျိုးမျိုးသော (အယူဝါဒ) ထုံးတမ်းဓလေ့များကို (လိုက်စားသူများ)လွန်လေခဲ့ကြချေပြီ။ သို့ဖြစ်ရာ အသင်တို့သည် မ္ဘာမြေပြင်ဝယ် သွားလာလှည့်ပတ်၍ (အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော်ကို) မဟုတ်မမှန် မုသားဟု ပြောဆိုငြင်းပယ်ကြသောသူတို့၏ နောက်ဆုံးအဖြစ်အပျက်သည် မည်သို့ ဖြစ်ခဲ့သည်ကို၊ကြည့်ရှုဆင်ခြင်ကြလေကုန်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
135အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 135

စူရာ အာလ်-အိမရာန် အာယာသ် 135 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ ယင်းသူတော်စင်များသည် ညစ်ညမ်းသော ကိစ္စတရပ်ရပ်ကို ပြုလုပ်မိကြသည် ဖြစ်စေ၊ မိမိတို့ကိုယ်ကို နှိပ်စက်ညှင်းပန်းမိကြ သည်ဖြစ်စေ (ပြုမိလျှင်ပြုမိခြင်း)…

စူရာ အာယာသ် 135/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 133–137. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers