قَالَتْ رَبِّ أَنَّىٰ يَكُونُ لِي وَلَدٌ وَلَمْ يَمْسَسْنِي بَشَرٌ ۖ قَالَ كَذَٰلِكِ اللَّهُ يَخْلُقُ مَا يَشَاءُ ۚ إِذَا قَضَىٰ أَمْرًا فَإِنَّمَا يَقُولُ لَهُ كُن فَيَكُونُ ٤٧
🔤 Transliteration
Qaalat Rabbi annaa yakoonu ee waladunw wa lam yamsasnee basharun qaala kazaalikil laahu yakhluqu maa yashaaa`; izaa qadaaa amran fa innamaa yaqoolu lahoo kun fayakoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုသူမ (မရ်ယမ်သခင်မ)သည် (အပါးတော်စေတမန်များ၏ စကားများကို ကြားရလျှင် အလ္လာဟ်အရှင်မြတ်၏ အထံတော်၌ ဤသို့ လျှောက်ထားခဲ့လေသည်)အို-ကျွန်တော်မ၏အရှင်၊ ကျွန်တော်မျိုးမ၌ မည်သည့်နည်းဖြင့်သာ သားရတနာရှိနိုင်ပါအံ့နည်း။ အမှန်စင်စစ်သော်ကားမည်သည့်ယောက်ျားတဦးတယောက်ကမျှ ကျွန်တော် မျိုးမအားထိတွေ့ဘူးခဲ့သည်မရှိပါ။ (ထိုအခါ) အလ္လာဟ်အရှင်မြတ်က(အို-မရ်ယမ်၊ အသင်၌ မည်သူတဦးတယောက်ကမျှ ထိတွေ့ခြင်းမရှိဘဲလျက်) ဤနည်းအတိုင်းပင် (သားကောင်းရတနာတစ်ပါးရရှိအံ့။ အကြောင်းတမူ ကား) အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိရာ ဖန်ဆင်း တော်မူ၏။ ထိုအရှင်မြတ်သည် တစုံတခုသော အရေး ကိစ္စကို စီရင် ပြဋ္ဌာန်းတော်မူသောအခါ ထိုအရေး ကိစ္စကို ဖြစ်စေဟူ၍ မိန့်ကြားတော်မူရုံမျှဖြင့်ထိုအရေးကိစ္စသည် (တမုဟုတ်ခြင်းပင်) ဖြစ်လာ လေသတည်း။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ် رَبِّ (ရဗ္ဗိ) — အို ကျွန်ုပ်၏ အရှင်သခင် أَنَّىٰ (အန္နာ) — မည်သို့ဖြစ်နိုင်မည်နည်း၊ မည်သည့်နည်းဖြင့်နည်း يَكُونُ (ယကూఔန်) — ဖြစ်ပေါ်လာမည်၊ ရှိလာမည် وَلَدٌ (ဝလဒွန်) — သားသမီး يَمْسَسْنِي (ယမ်စပ်စနီ) — ကျွန်ုပ်ကို ထိတွေ့သည် (ဤနေရာတွင် အိမ်ထောင်ဖက် ဆက်ဆံခြင်းကို ရည်ညွှန်းသည်) بَشَرٌ (ဗရှရွန်) — လူသား၊ အိမ်ထောင်ဖက် كَذَٰلِكِ (က ဇာလိကိ) — ထို့ကြောင့်၊ ဤသို့ပင် يَخْلُقُ (ယခ္လုကု) — ဖန်ဆင်းသည် مَا يَشَاءُ (မာ ယရှာအု) — အလိုရှိသမျှကို قَضَىٰ أَمْرًا (ကဒွာ အမ်ရန်) — အမှုတစ်ခုကို ဆုံးဖြတ်ပြီးလျှင် كُن (ကုန်) — ဖြစ်စေ فَيَكُونُ (ဖ ယကూఔန်) — ထို့နောက် ဖြစ်ပေါ်လာသည် အာယသ်တော်၏ အဓိပ္ပာယ် ဖွင့်ဆိုချက် မရ်ယမ် (အလိုင်ဟိစ္စလာမ်) သည် မိမိထံ သားတစ်ဦး ဖွားမြင်လာမည်ဟု ကောင်းကင်တမန်ထံမှ သတင်းရရှိသောအခါ အံ့အားသင့်စွာဖြင့် “အို ကျွန်ုပ်၏ အရှင်သခင်၊ ကျွန်ုပ်ကို မည်သည့်လူသားမျှ ထိတွေ့ခဲ့ခြင်းမရှိဘဲ ကျွန်ုပ်ထံ သားသမီး မည်သို့ ဖြစ်ပေါ်လာနိုင်မည်နည်း” ဟု လျှောက်ထားခဲ့သည်။ ဤတွင် သူမသည် အိမ်ထောင်ဖက် မရှိဘဲ၊ တရားဝင်သော သို့မဟုတ် တရားမဝင်သော ဆက်ဆံမှုမျိုးလည်း မရှိဘဲ သားတစ်ဦး ဖွားမြင်လာမည်ဆိုသည်ကို အံ့အားသင့်နေခြင်း ဖြစ်သည်။
ထိုအခါ ကောင်းကင်တမန်က သူမအား “ဤအရာသည် အလ္လာဟ်အရှင်မြတ်အတွက် လုံးဝမခက်ခဲပါ။ အရှင်မြတ်သည် အလိုရှိသမျှကို ဖန်ဆင်းနိုင်သည်။ အရှင်မြတ်သည် အမှုတစ်ခုကို ဆုံးဖြတ်ပြီးလျှင် ထိုအမှုအား ‘ဖြစ်စေ’ ဟု မိန့်တော်မူရုံဖြင့် ချက်ချင်း ဖြစ်ပေါ်လာသည်” ဟု ဖြေကြားခဲ့သည်။
ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်သည် သဘာဝနိယာမများကို ကျော်လွန်၍ ဖန်ဆင်းနိုင်သည်။ ဖခင်မရှိဘဲ သားတစ်ဦး ဖွားမြင်စေခြင်းသည် အရှင်မြတ်အတွက် လွယ်ကူလှသည်။ အရှင်မြတ်သည် ဖန်ဆင်းလိုသောအခါ “ကုန်” (ဖြစ်စေ) ဟု မိန့်တော်မူရုံဖြင့် ဖြစ်ပေါ်လာသည်။ မည်သည့်အရာမျှ အရှင်မြတ်ကို မတားဆီးနိုင်ပါ။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာကို ချစ်မြတ်နိုးစေသော သင်ခ
قَالَتۡ رَبِّ أَنَّىٰ يَكُونُ لِي وَلَدٌ وَلَمۡ يَمۡسَسۡنِي بَشَرٌۖ قَالَ كَذَٰلِكِ ٱللَّهُ يَخۡلُقُ مَا يَشَآءُۚ إِذَا قَضَىٰٓ أَمۡرًا فَإِنَّمَا يَقُولُ لَهُۥ كُن فَيَكُونُ ٤٧
ထိုသူမ (မရ်ယမ်သခင်မ)သည် (အပါးတော်စေတမန်များ၏ စကားများကို ကြားရလျှင် အလ္လာဟ်အရှင်မြတ်၏ အထံတော်၌ ဤသို့ လျှောက်ထားခဲ့လေသည်)အို-ကျွန်တော်မ၏အရှင်၊ ကျွန်တော်မျိုးမ၌ မည်သည့်နည်းဖြင့်သာ သားရတနာရှိနိုင်ပါအံ့နည်း။ အမှန်စင်စစ်သော်ကားမည်သည့်ယောက်ျားတဦးတယောက်ကမျှ ကျွန်တော် မျိုးမအားထိတွေ့ဘူးခဲ့သည်မရှိပါ။ (ထိုအခါ) အလ္လာဟ်အရှင်မြတ်က(အို-မရ်ယမ်၊ အသင်၌ မည်သူတဦးတယောက်ကမျှ ထိတွေ့ခြင်းမရှိဘဲလျက်) ဤနည်းအတိုင်းပင် (သားကောင်းရတနာတစ်ပါးရရှိအံ့။ အကြောင်းတမူ ကား) အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိရာ ဖန်ဆင်း တော်မူ၏။ ထိုအရှင်မြတ်သည် တစုံတခုသော အရေး ကိစ္စကို စီရင် ပြဋ္ဌာန်းတော်မူသောအခါ ထိုအရေး ကိစ္စကို ဖြစ်စေဟူ၍ မိန့်ကြားတော်မူရုံမျှဖြင့်ထိုအရေးကိစ္စသည် (တမုဟုတ်ခြင်းပင်) ဖြစ်လာ လေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 45-49 — စူရာ အာလ်-အိမရာန်
45 إِذْ قَالَتِ الْمَلَائِكَةُ يَا مَرْيَمُ إِنَّ اللَّهَ يُبَشِّرُكِ بِكَلِمَةٍ مِّنْهُ اسْمُهُ الْمَسِيحُ عِيسَى ابْنُ مَرْيَمَ وَجِيهًا فِي الدُّنْيَا وَالْآخِرَةِ وَمِنَ الْمُقَرَّبِينَ
(ပြန်လည်အောက်မေ့ သတိရရှိကြကုန်)၊ အခါတစ်ပါး၌ မလာအိကဟ် ကောင်းကင်တမန်များ က (မရ်ယမ်အား) ဤသို့ပြောဆိုကြကုန်၏။ အို-မရ်ယမ်၊ အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ မိမိထံတော်မှ မုက္ခပါဌ်တော် [(ဝါ)အလ္လာဟ်၏ မုက္ခပါဌ်တော်ဟူသော ဘွဲ့နာမဖြင့် ကျော်ကြားမည့် သားတော်တပါး ရရှိမည့်အကြောင်း] နှင့် ပတ်သက်၍ဝမ်းမြောက်ဘွယ်ရာ မင်္ဂလာသတင်းကို အသင့်ထံသို့ပို့တော်မူ၏။ ယင်း(သားကောင်းရတနာ)၏ အမည် နာမ(နှင့်ဘွဲ့)မှာ မရ်ယမ်၏သား အီစာ၊ မစီဟ် ဟူ၍ဖြစ်အံ့၊ ယင်းအီစာသည် မျက်မှောက်ဘဝ၌၎င်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ဂုဏ်အသရေ ရှိသူလည်းဖြစ်အံ့။ အလ္လာဟ် အရှင်မြတ်နှင့် ီးစပ်သောသူတို့ဘောင်တွင် အပါအဝင်လည်းဖြစ်အံ့။
46 وَيُكَلِّمُ النَّاسَ فِي الْمَهْدِ وَكَهْلًا وَمِنَ الصَّالِحِينَ
၎င်းပြင် ယင်းအီစာသည် (အလ္လာဟ်အရှင်မြတ်အထံတော်မှ တန်ခိုးပြာဋိဟာများရရှိခြင်းကြောင့်) ပုခက်တွင်း၌လည်းကောင်း၊ အရွယ်ရောက်သော အခါ၌လည်းကောင်း၊ လူခပင်းတို့နှင့်စကားစမြည်ပြောဆိုအံ့။ ၎င်းပြင်ယင်းအီစာသည် သူတော်စင်သူတော် ကောင်းတို့ဘောင်တွင်အပါအဝင်လည်း ဖြစ်အံ့။
47 قَالَتْ رَبِّ أَنَّىٰ يَكُونُ لِي وَلَدٌ وَلَمْ يَمْسَسْنِي بَشَرٌ ۖ قَالَ كَذَٰلِكِ اللَّهُ يَخْلُقُ مَا يَشَاءُ ۚ إِذَا قَضَىٰ أَمْرًا فَإِنَّمَا يَقُولُ لَهُ كُن فَيَكُونُ
ထိုသူမ (မရ်ယမ်သခင်မ)သည် (အပါးတော်စေတမန်များ၏ စကားများကို ကြားရလျှင် အလ္လာဟ်အရှင်မြတ်၏ အထံတော်၌ ဤသို့ လျှောက်ထားခဲ့လေသည်)အို-ကျွန်တော်မ၏အရှင်၊ ကျွန်တော်မျိုးမ၌ မည်သည့်နည်းဖြင့်သာ သားရတနာရှိနိုင်ပါအံ့နည်း။ အမှန်စင်စစ်သော်ကားမည်သည့်ယောက်ျားတဦးတယောက်ကမျှ ကျွန်တော် မျိုးမအားထိတွေ့ဘူးခဲ့သည်မရှိပါ။ (ထိုအခါ) အလ္လာဟ်အရှင်မြတ်က(အို-မရ်ယမ်၊ အသင်၌ မည်သူတဦးတယောက်ကမျှ ထိတွေ့ခြင်းမရှိဘဲလျက်) ဤနည်းအတိုင်းပင် (သားကောင်းရတနာတစ်ပါးရရှိအံ့။ အကြောင်းတမူ ကား) အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိရာ ဖန်ဆင်း တော်မူ၏။ ထိုအရှင်မြတ်သည် တစုံတခုသော အရေး ကိစ္စကို စီရင် ပြဋ္ဌာန်းတော်မူသောအခါ ထိုအရေး ကိစ္စကို ဖြစ်စေဟူ၍ မိန့်ကြားတော်မူရုံမျှဖြင့်ထိုအရေးကိစ္စသည် (တမုဟုတ်ခြင်းပင်) ဖြစ်လာ လေသတည်း။
48 وَيُعَلِّمُهُ الْكِتَابَ وَالْحِكْمَةَ وَالتَّوْرَاةَ وَالْإِنجِيلَ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ယင်း (သားတော်)အား ကျမ်းဂန်ကိုလည်းကောင်း၊ ဉာဏ်ပညာ အမြော်အမြင်ကိုလည်းကောင်း၊ တော်ရာတ် ကျမ်းမြတ်ကို လည်းကောင်း၊ အီန်ဂျီလ် ကျမ်းမြတ်ကိုလည်းကောင်း သင်ကြားပြသတော် မူလ�္တံ့။
49 وَرَسُولًا إِلَىٰ بَنِي إِسْرَائِيلَ أَنِّي قَدْ جِئْتُكُم بِآيَةٍ مِّن رَّبِّكُمْ ۖ أَنِّي أَخْلُقُ لَكُم مِّنَ الطِّينِ كَهَيْئَةِ الطَّيْرِ فَأَنفُخُ فِيهِ فَيَكُونُ طَيْرًا بِإِذْنِ اللَّهِ ۖ وَأُبْرِئُ الْأَكْمَهَ وَالْأَبْرَصَ وَأُحْيِي الْمَوْتَىٰ بِإِذْنِ اللَّهِ ۖ وَأُنَبِّئُكُم بِمَا تَأْكُلُونَ وَمَا تَدَّخِرُونَ فِي بُيُوتِكُمْ ۚ إِنَّ فِي ذَٰلِكَ لَآيَةً لَّكُمْ إِن كُنتُم مُّؤْمِنِينَ
ထို့ပြင်တဝ (ယင်းသားတော်) အားအစ္စရာအီလီ မျိုးနွယ်အပေါင်းတို့ထံသို့ ရစူလ် တမန်တော်အဖြစ်စေလွှတ်တော်မူအံ့။ (ထိုအခါယင်းသားတော်က ဣစ်ရာအီလီမျိုးနွယ်တို့အားဤုသို့ပြောကြားအံ့)။ (အို-အချင်းတို့)အကျွန်ုပ်သည် ဧကန်မုချ အသင်တို့ထံသို့ အသင်တို့၏အရှင်မြတ်အထံတော်မှ သက်သေလက္ခဏာ တန်ခိုးပြာဋိဟာများကို အမှန်ပင်ဆောင်ယူခဲ့ပါသည်။ အကျွန်ုပ်သည် မုချဧကန် အသင်တို့ (ယုံကြည်အံ့သောငှာ) ရွှံ့မြေဖြင့် ငှက်တိရစ္ဆာန်၏ ပုံသဏ္ဌာန်ကဲ့သို့ ငှက်ရုပ်ပြုလုပ်ပြီးနောက် ထို ပုံသဏ္ဌာန်အတွင်းသို့ မန်းမှုတ်မည်၊ ထိုအခါ ထို ငှက်ရုပ်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့် (အသက်ရှင်၍ပျံသန်းနိုင်သောပကတိ)ငှက်တိရိစ္ဆာန် ဖြစ်လာအံ့။၎င်းပြင် အကျွန်ုပ်သည် အမိဝမ်းတွင်းမှ စက္ခုအလင်းမရရှိခဲ့သူကိုလည်းကောင်း၊ (ခရုသင်းစသော)ကုဋ္ဌနူနာစွဲကပ်သူကို လည်းကောင်း၊ ရောဂါဘယပျောက်ကင်း (၍ပြကတေ့ လူကောင်းများဖြစ်လာ)နိုင်စေအံ့။ ထိုနည်း တူစွာအကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့် သူသေများကိုလည်း ရှင်စေနိုင်အံ့။ ထိုမှတပါးတုံ အကျွန်ုပ်သည်အသင်တို့ မိမိတို့အိမ်များတွင် စားသုံးခဲ့သော အရာများကိုလည်းကောင်း၊ အသင်တို့ (မိမိတို့အိမ်များ၌) သိမ်း ဆည်းသိုမှီးထားခဲ့သော အရာများကိုလည်းကောင်း၊ အသင်တို့အားထုတ်ဖော်ပြောကြားနိုင်အံ့။ အကယ်၍သာ အသင်တို့သည်ယုံကြည်သူ များဖြစ်ကြပါမူ မလွဲဧကန် ဤအချက်၌ အသင်တို့အဘို့အရာလုံလောက်စွာသော သက်သေလက္ခဏာ တန်ခိုးပြာဋိဟာ မုချရှိပေသည်။
ဘာသာပြန် — အာလ်-အိမရာန် 47 စူရာ အာလ်-အိမရာန် အာယာသ် 47 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုသူမ (မရ်ယမ်သခင်မ)သည် (အပါးတော်စေတမန်များ၏ စကားများကို ကြားရလျှင် အလ္လာဟ်အရှင်မြတ်၏ အထံတော်၌ ဤသို့ လျှောက်ထားခဲ့လေသည်)အို-ကျွန်တော်မ၏အရှင်၊ ကျွန်တော်မျိုးမ၌…
စူရာ အာယာသ် 47/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 45–49. မြန်မာဘာသာ: ภาษาไทย.