အာလ်-အိမရာန် · 53/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
رَبَّنَا آمَنَّا بِمَا أَنزَلْتَ وَاتَّبَعْنَا الرَّسُولَ فَاكْتُبْنَا مَعَ الشَّاهِدِينَ ۝٥٣
Rabbanaaa aamannaa bimaaa anzalta wattaba`nar Rasoola faktubnaa ma`ash shaahideen
📖 မြန်မာဘာသာ
(ထို့နောက် ယင်းဟဝါရီတို့က) အို-ကျွန်တော်မျိုးတို့၏ အရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထုတ်ပြန် ပို့ချတော်မူသော အမိန့်တော်များကို ယုံကြည်၍(အရှင်မြတ် စေလွှတ်တော်မူသော) ရစူလ်တမန်တော် [အီစာ(အလိုင် ဟစ္စလာမ်)၏ ဩဝါဒများကို(လည်း တသွေမတိမ်း)]လိုက်နာ ကြပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ် သည် ကျွန်တော်မျိုးတို့အား သက်သေခံသူအပေါင်း နှင့်အတူ ရေးမှတ်တော်မူပါ (ဟု အလ္လာဟ်အရှင်မြတ် အထံတော်၌ ဆက်လက်၍ ဆုတောင်း ပတ္ထနာပြုကြကုန်သတည်း)။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 51-55 — စူရာ အာလ်-အိမရာန်

51إِنَّ اللَّهَ رَبِّي وَرَبُّكُمْ فَاعْبُدُوهُ ۗ هَٰذَا صِرَاطٌ مُّسْتَقِيمٌ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အကျွန်ုပ်ကို မွေးမြူတော်မူသော အရှင်လည်း ဖြစ်တော်မူ၏။အသင်တို့ကို မွေးမြူတော်မူသော အရှင်မြတ်လည်း ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်ကိုသာလျှင်ခဝပ် ကိုးကွယ်ကြကုန်။ ဤကား ဖြောင့်မတ်မှန်ကန်သောတရားလမ်းပင် ဖြစ်ချေသတည်း။
52۞ فَلَمَّا أَحَسَّ عِيسَىٰ مِنْهُمُ الْكُفْرَ قَالَ مَنْ أَنصَارِي إِلَى اللَّهِ ۖ قَالَ الْحَوَارِيُّونَ نَحْنُ أَنصَارُ اللَّهِ آمَنَّا بِاللَّهِ وَاشْهَدْ بِأَنَّا مُسْلِمُونَ
တဖန် (နဗီတမန်တော်) အီစာ (အလိုင် ဟစ္စလာမ်)သည် ယင်း (အစ္စရာအီလီမျိုးနွယ်) များဘက်မှ သွေဖည်ငြင်းဆန်မှုကို တွေ့သိရသော အခါ အကျွန်ုပ်အားအလ္လာဟ်အသျှင်မြတ်၏ လမ်းစဉ်၌ ကူညီစောင်မမည့်သူမည်သူများ ရှိကြပါသနည်း ဟု မေးမြန်းလေသည်။(ထိုရောကာလ) ဟဝါရီများက ကျွန်�ာ်မျိုးတို့သည် အလ္လာဟ်အရှင်(၏သာသနာတော်ကို) ကူညီသော သူများဖြစ်ကြပါသည်။ ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကြပါပြီ။ သို့ဖြစ် ပါ၍ အသင်(နဗီတမန်တော်ကိုယ်တိုင်)ပင်ကျွန်တော် မျိုးတို့သည် အမိန့်နာခံသောသူများဖြစ်ကြောင်းသက်သေခံတော်မူပါဟု ပြောဆိုကြကုန်၏။
53رَبَّنَا آمَنَّا بِمَا أَنزَلْتَ وَاتَّبَعْنَا الرَّسُولَ فَاكْتُبْنَا مَعَ الشَّاهِدِينَ
(ထို့နောက် ယင်းဟဝါရီတို့က) အို-ကျွန်တော်မျိုးတို့၏ အရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထုတ်ပြန် ပို့ချတော်မူသော အမိန့်တော်များကို ယုံကြည်၍(အရှင်မြတ် စေလွှတ်တော်မူသော) ရစူလ်တမန်တော် [အီစာ(အလိုင် ဟစ္စလာမ်)၏ ဩဝါဒများကို(လည်း တသွေမတိမ်း)]လိုက်နာ ကြပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ် သည် ကျွန်တော်မျိုးတို့အား သက်သေခံသူအပေါင်း နှင့်အတူ ရေးမှတ်တော်မူပါ (ဟု အလ္လာဟ်အရှင်မြတ် အထံတော်၌ ဆက်လက်၍ ဆုတောင်း ပတ္ထနာပြုကြကုန်သတည်း)။
54وَمَكَرُوا وَمَكَرَ اللَّهُ ۖ وَاللَّهُ خَيْرُ الْمَاكِرِينَ
ယင်း (အစ္စရာအီလီ မျိုးနွယ်တို့အနက် တမန်တော်အီစာအား မယုံကြည်သော) သူတို့သည် လည်း [နဗီတမန်တော်အီစာ(အလိုင်ဟစ္စလာမ်)ကို သတ်ဖြတ်ကြရန်အလို့ငှာ ပရိယာယ်မာယာ ဝေဝုစ်အားဖြင့်] လိမ္မာပါးနပ်စွာကြံစည်ခဲ့ကြ၏။ အလ္လာဟ်အရှင်မြတ်သည်လည်း [နဗီတမန်တော် အီစာ(အလိုင်ဟစ္စလာမ်)အား ယင်းသူတို့၏ ဘေးရန်ခပ်သိမ်းတို့မှ ကင်းလွတ်စေတော်မူခြင်းငှာ] ပရိယာယ်ဝေဝုစ်ဖြင့်ပင် ကြံဆောင်တော်မူခဲ့လေသည်။ အမှန် သော်ကားအလ္လာဟ်အရှင်မြတ်သည် ပရိယာယ် ဝေဝုစ်ဖြင့် ကြံဆောင်သူများထက် အကောင်းဆုံး ကြံဆောင်တော်မူနိုင်သောအသျှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
55إِذْ قَالَ اللَّهُ يَا عِيسَىٰ إِنِّي مُتَوَفِّيكَ وَرَافِعُكَ إِلَيَّ وَمُطَهِّرُكَ مِنَ الَّذِينَ كَفَرُوا وَجَاعِلُ الَّذِينَ اتَّبَعُوكَ فَوْقَ الَّذِينَ كَفَرُوا إِلَىٰ يَوْمِ الْقِيَامَةِ ۖ ثُمَّ إِلَيَّ مَرْجِعُكُمْ فَأَحْكُمُ بَيْنَكُمْ فِيمَا كُنتُمْ فِيهِ تَخْتَلِفُونَ
တရံရောအခါဝယ် အလ္လာဟ်အရှင်မြတ်က အိုအီစာ(အသင်သည် မည်သို့မျှစိုးရိမ်ကြောင့်ကြခြင်း မရှိလေနှင့်)မုချဧကန် ငါအရှင်မြတ်သည် အသင့်ကို သတ်မှတ်ထားသောအချိန်၌)သေစေတော်မူအံ့။ ၎င်းပြင် အသင့်အားမိမိအထံတော် (ကောင်းကင်ဘုံ) သို့ပင့်မယူတော်မူအံ့။ ၎င်းပြင်မယုံမကြည်သွေဖည် ငြင်းပယ်သော ကာဖိရ်တို့(၏ စွပ်စွဲချက်တို့)မှ သန့်ရှင်းစင်ကြယ်၍ လွတ်ကင်းစေတော်မူအံ့။ ၎င်းပြင်အသင်၏ဩဝါဒကို လိုက်နာသူတို့အား (အသင့်ကို) မယုံမကြည်ငြင်းဆန်သောကာဖိရ်တို့အထက်ဝယ် ကိယာမတ်နေ့အထိ လွှမ်းမိုးစေတော်မူအံ့။ ပြီးနောက်တဖန် အသင်တို့၏(နောက်ဆုံး) ပြန်လည်ရာစခန်းသည် ငါအရှင်မြတ်၏အထံတော်တွင်ရှိနေပေရာ ငါအရှင်မြတ်သည် အသင်တို့ အချင်းချင်း အကွဲအလွဲ ရှိခဲ့သောကိစ္စများနှင့် စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော်မူအံ့။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
53အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 53

စူရာ အာလ်-အိမရာန် အာယာသ် 53 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထို့နောက် ယင်းဟဝါရီတို့က) အို-ကျွန်တော်မျိုးတို့၏ အရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထုတ်ပြန် ပို့ချတော်မူသော အမိန့်တော်များကို ယုံကြည်၍(အရှင်မြတ် စေလွှတ်တော်မူသော)…

စူရာ အာယာသ် 53/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 51–55. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers