အာလ်-အိမရာန် · 58/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
ذَٰلِكَ نَتْلُوهُ عَلَيْكَ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ ۝٥٨
Zaalika natloohu `alaika minal Aayaati wa Zikril Hakeem
📖 မြန်မာဘာသာ
ဤ(အတ္ထုပ္ပတ္တိများ)သည် (အသင်နဗီဖြစ်ခြင်း၏) သက်သေလက္ခဏာများ အနက်မှလည်း ဖြစ်၏။ ဉာဏ်ပညာနှင့်ပြည့်စုံသော အကြောင်းအရာ များအနက်မှလည်းဖြစ်ပေ၏။ ထိုအကြောင်းအရာများကို ငါအရှင်သည်အသင့်အား (ဝဟီဖြင့်) ရွတ်ဘတ်ကြားနာ ပြောပြတော်မူသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 56-60 — စူရာ အာလ်-အိမရာန်

56فَأَمَّا الَّذِينَ كَفَرُوا فَأُعَذِّبُهُمْ عَذَابًا شَدِيدًا فِي الدُّنْيَا وَالْآخِرَةِ وَمَا لَهُم مِّن نَّاصِرِينَ
သို့ဖြစ်လေရာ မယုံမကြည် သွေဖည်ငြင်းပယ်သော ကာဖိရ်တို့ကိုမူကား ငါအရှင်မြတ်သည် ယင်းသူတို့အားပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ နောင် တမလွန်ဘဝ၌လည်းကောင်း၊ ပြင်းထန်စွာသော ပြစ်ဒဏ်ကို ခတ်တော်မူအံ့။ထိုမှတစ်ပါးတုံ ယင်းသူတို့အား ကူညီမိုင်းမမည့်သူဟူ၍လည်းတစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။
57وَأَمَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَيُوَفِّيهِمْ أُجُورَهُمْ ۗ وَاللَّهُ لَا يُحِبُّ الظَّالِمِينَ
သို့ရာတွင် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြ၍ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြကုန်သော သူတို့မှာမူကား ထို အရှင်မြတ်သည် ယင်းသူတို့အား(ယင်းသူတို့ ပြုလုပ်ဆောက်တည်ခဲ့ကြသော အကျင့်သီလများ၏) အကျိုးကျေးဇူးများကို ပြည့်စုံစွာ ပေးသနား�ော်မူလတ္တံ့။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မတော်မတရားကျူးလွန်စော်ကားသူတို့ အား နှစ်သက်တော်မူသည် မဟုတ်ချေ။
58ذَٰلِكَ نَتْلُوهُ عَلَيْكَ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ
ဤ(အတ္ထုပ္ပတ္တိများ)သည် (အသင်နဗီဖြစ်ခြင်း၏) သက်သေလက္ခဏာများ အနက်မှလည်း ဖြစ်၏။ ဉာဏ်ပညာနှင့်ပြည့်စုံသော အကြောင်းအရာ များအနက်မှလည်းဖြစ်ပေ၏။ ထိုအကြောင်းအရာများကို ငါအရှင်သည်အသင့်အား (ဝဟီဖြင့်) ရွတ်ဘတ်ကြားနာ ပြောပြတော်မူသည်။
59إِنَّ مَثَلَ عِيسَىٰ عِندَ اللَّهِ كَمَثَلِ آدَمَ ۖ خَلَقَهُ مِن تُرَابٍ ثُمَّ قَالَ لَهُ كُن فَيَكُونُ
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏အထံတော်၌ (နဗီတမန်တော်)အီစာ၏ (ထူးဆန်းသော) အဖြစ်ကား(နဗီတမန်တော်) အာဒမ်၏ (ထူးဆန်း သော) အဖြစ်ကဲ့သို့ပင်တည်း။ ထိုအရှင်မြတ်သည် (ဦးစွာပဌမ) ထို (နဗီတမန်တော်အာဒမ်)အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်၊ ပြီးနောက် ထိုအရှင်မြတ်သည် ထိုတမန်တော်အာဒမ်(၏ပုံ သဏ္ဌာန်)ကို ဖြစ်စေဟုမိန့်ကြားတော်မူခဲ့ရာ ထိုတမန်တော်အာဒမ်(၏ပုံသဏ္ဌာန်)သည် (အသက် ထင်ရှားရှိသောလူသတ္တဝါ)ဖြစ်လာခဲ့ရလေသတည်း။
60الْحَقُّ مِن رَّبِّكَ فَلَا تَكُن مِّنَ الْمُمْتَرِينَ
(အို-နဗီတမန်တော် ဤအဆိုပါ နဗီတမန်တော်အီစာ၏) အတ္ထုပ္ပတ္တိ အကြောင်းအရာများသည် အသင့်အား မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ (ထုတ်ပြန်မိန့်ကြားတော် မူသော) အတ္ထုပ္ပတ္တိ အကြောင်းအရာများပင်ဖြစ်ပေရာ အသင်သည် ဒွိဟသံသယရှိသူတို့အနက် အပါအဝင် မဖြစ်လေနှင့်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
58အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 58

စူရာ အာလ်-အိမရာန် အာယာသ် 58 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤ(အတ္ထုပ္ပတ္တိများ)သည် (အသင်နဗီဖြစ်ခြင်း၏) သက်သေလက္ခဏာများ အနက်မှလည်း ဖြစ်၏။ ဉာဏ်ပညာနှင့်ပြည့်စုံသော အကြောင်းအရာ များအနက်မှလည်းဖြစ်ပေ၏။ ထိုအကြောင်းအရာများကို ငါအရှင်သည်အသင့်အား…

စူရာ အာယာသ် 58/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 56–60. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers