အာလ်-အိမရာန် · 57/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
وَأَمَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَيُوَفِّيهِمْ أُجُورَهُمْ ۗ وَاللَّهُ لَا يُحِبُّ الظَّالِمِينَ ۝٥٧
Wa ammal lazeena aamanoo wa `amilus saalihaati fa yuwaffeehim ujoorahum; wallaahu laa yuhibbuz zaalimeen
📖 မြန်မာဘာသာ
သို့ရာတွင် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြ၍ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြကုန်သော သူတို့မှာမူကား ထို အရှင်မြတ်သည် ယင်းသူတို့အား(ယင်းသူတို့ ပြုလုပ်ဆောက်တည်ခဲ့ကြသော အကျင့်သီလများ၏) အကျိုးကျေးဇူးများကို ပြည့်စုံစွာ ပေးသနား�ော်မူလတ္တံ့။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မတော်မတရားကျူးလွန်စော်ကားသူတို့ အား နှစ်သက်တော်မူသည် မဟုတ်ချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 55-59 — စူရာ အာလ်-အိမရာန်

55إِذْ قَالَ اللَّهُ يَا عِيسَىٰ إِنِّي مُتَوَفِّيكَ وَرَافِعُكَ إِلَيَّ وَمُطَهِّرُكَ مِنَ الَّذِينَ كَفَرُوا وَجَاعِلُ الَّذِينَ اتَّبَعُوكَ فَوْقَ الَّذِينَ كَفَرُوا إِلَىٰ يَوْمِ الْقِيَامَةِ ۖ ثُمَّ إِلَيَّ مَرْجِعُكُمْ فَأَحْكُمُ بَيْنَكُمْ فِيمَا كُنتُمْ فِيهِ تَخْتَلِفُونَ
တရံရောအခါဝယ် အလ္လာဟ်အရှင်မြတ်က အိုအီစာ(အသင်သည် မည်သို့မျှစိုးရိမ်ကြောင့်ကြခြင်း မရှိလေနှင့်)မုချဧကန် ငါအရှင်မြတ်သည် အသင့်ကို သတ်မှတ်ထားသောအချိန်၌)သေစေတော်မူအံ့။ ၎င်းပြင် အသင့်အားမိမိအထံတော် (ကောင်းကင်ဘုံ) သို့ပင့်မယူတော်မူအံ့။ ၎င်းပြင်မယုံမကြည်သွေဖည် ငြင်းပယ်သော ကာဖိရ်တို့(၏ စွပ်စွဲချက်တို့)မှ သန့်ရှင်းစင်ကြယ်၍ လွတ်ကင်းစေတော်မူအံ့။ ၎င်းပြင်အသင်၏ဩဝါဒကို လိုက်နာသူတို့အား (အသင့်ကို) မယုံမကြည်ငြင်းဆန်သောကာဖိရ်တို့အထက်ဝယ် ကိယာမတ်နေ့အထိ လွှမ်းမိုးစေတော်မူအံ့။ ပြီးနောက်တဖန် အသင်တို့၏(နောက်ဆုံး) ပြန်လည်ရာစခန်းသည် ငါအရှင်မြတ်၏အထံတော်တွင်ရှိနေပေရာ ငါအရှင်မြတ်သည် အသင်တို့ အချင်းချင်း အကွဲအလွဲ ရှိခဲ့သောကိစ္စများနှင့် စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော်မူအံ့။
56فَأَمَّا الَّذِينَ كَفَرُوا فَأُعَذِّبُهُمْ عَذَابًا شَدِيدًا فِي الدُّنْيَا وَالْآخِرَةِ وَمَا لَهُم مِّن نَّاصِرِينَ
သို့ဖြစ်လေရာ မယုံမကြည် သွေဖည်ငြင်းပယ်သော ကာဖိရ်တို့ကိုမူကား ငါအရှင်မြတ်သည် ယင်းသူတို့အားပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ နောင် တမလွန်ဘဝ၌လည်းကောင်း၊ ပြင်းထန်စွာသော ပြစ်ဒဏ်ကို ခတ်တော်မူအံ့။ထိုမှတစ်ပါးတုံ ယင်းသူတို့အား ကူညီမိုင်းမမည့်သူဟူ၍လည်းတစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။
57وَأَمَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَيُوَفِّيهِمْ أُجُورَهُمْ ۗ وَاللَّهُ لَا يُحِبُّ الظَّالِمِينَ
သို့ရာတွင် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြ၍ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြကုန်သော သူတို့မှာမူကား ထို အရှင်မြတ်သည် ယင်းသူတို့အား(ယင်းသူတို့ ပြုလုပ်ဆောက်တည်ခဲ့ကြသော အကျင့်သီလများ၏) အကျိုးကျေးဇူးများကို ပြည့်စုံစွာ ပေးသနား�ော်မူလတ္တံ့။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မတော်မတရားကျူးလွန်စော်ကားသူတို့ အား နှစ်သက်တော်မူသည် မဟုတ်ချေ။
58ذَٰلِكَ نَتْلُوهُ عَلَيْكَ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ
ဤ(အတ္ထုပ္ပတ္တိများ)သည် (အသင်နဗီဖြစ်ခြင်း၏) သက်သေလက္ခဏာများ အနက်မှလည်း ဖြစ်၏။ ဉာဏ်ပညာနှင့်ပြည့်စုံသော အကြောင်းအရာ များအနက်မှလည်းဖြစ်ပေ၏။ ထိုအကြောင်းအရာများကို ငါအရှင်သည်အသင့်အား (ဝဟီဖြင့်) ရွတ်ဘတ်ကြားနာ ပြောပြတော်မူသည်။
59إِنَّ مَثَلَ عِيسَىٰ عِندَ اللَّهِ كَمَثَلِ آدَمَ ۖ خَلَقَهُ مِن تُرَابٍ ثُمَّ قَالَ لَهُ كُن فَيَكُونُ
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏အထံတော်၌ (နဗီတမန်တော်)အီစာ၏ (ထူးဆန်းသော) အဖြစ်ကား(နဗီတမန်တော်) အာဒမ်၏ (ထူးဆန်း သော) အဖြစ်ကဲ့သို့ပင်တည်း။ ထိုအရှင်မြတ်သည် (ဦးစွာပဌမ) ထို (နဗီတမန်တော်အာဒမ်)အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်၊ ပြီးနောက် ထိုအရှင်မြတ်သည် ထိုတမန်တော်အာဒမ်(၏ပုံ သဏ္ဌာန်)ကို ဖြစ်စေဟုမိန့်ကြားတော်မူခဲ့ရာ ထိုတမန်တော်အာဒမ်(၏ပုံသဏ္ဌာန်)သည် (အသက် ထင်ရှားရှိသောလူသတ္တဝါ)ဖြစ်လာခဲ့ရလေသတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
57အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 57

စူရာ အာလ်-အိမရာန် အာယာသ် 57 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြ၍ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြကုန်သော သူတို့မှာမူကား ထို အရှင်မြတ်သည် ယင်းသူတို့အား(ယင်းသူတို့…

စူရာ အာယာသ် 57/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 55–59. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers